ICJ မွာ ရွင္းလင္းခ်က္ မွန္ကန္မႈမရွိရင္ ဂုဏ္သိကၡာထိခိုက္ႏုိင္တယ္လုိ႔ သတိေပး

ICJ တြင္ အမႈရင္ဆုိင္ႏုိင္ေရး ရွင္းလင္းပြဲသုိ႔ တက္ေရာက္လာသည့္ အစုိးရႏွင့္ စစ္တပ္ ထိပ္တန္းေခါင္းေဆာင္မ်ား။ (ဓာတ္ပုံ - Myanmar State Counsellor Office, Nov 23, 2019)
(Zawgyi / Unicode)

ICJ ႏုိင္ငံတကာ တရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ခုခံေခ်ပတာမွာ တာ၀န္ခံမႈ၊ တာ၀န္ယူမႈအပိုင္းျဖစ္တဲ့ အစိုးရနဲ႔ စစ္တပ္တို႔ရဲ႕ စံုစမ္းေရး ေကာ္မရွင္ေတြဘက္က အခ်က္အလက္ေတြ ဘယ္ေလာက္ထိ ရွာေဖြေတြ႔ရွိထားသလဲဆိုတာ မွန္မွန္ကန္ကန္ ခ်ျပမႈမရွိရင္ ဂုဏ္သိကၡာ ထိခိုက္မယ့္အႏၲရာယ္ ရွိေနတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံး အႀကီးအကဲေဟာင္းတဦးက သတိေပး ေျပာဆိုလိုက္ပါတယ္။ ICJ တရား႐ုံးမွာ ဂမ္ဘီယာက ျမန္မာကို လူမ်ဳိးတုံးသတ္ျဖတ္မႈ စဲြခ်က္နဲ႔ တရားစဲြထားတဲ့ ကိစၥအေပၚ ႏို၀င္ဘာလ ၂၃ ရက္ စေနေန႔က ေနျပည္ေတာ္ သမၼတအိမ္ေတာ္မွာ အစိုးရနဲ႔ တပ္မေတာ္ ထိပ္တန္းေခါင္းေဆာင္ေတြ ေတြ႔ဆံု ေဆြးေႏြးခဲ့ၾကတဲ့အေပၚ သေဘာထား အျမင္တခ်ဳိ႕ကို မအင္ၾကင္းႏိုင္က စုစည္းတင္ျပထားပါတယ္။

ICJ ႏိုင္ငံတကာတရား႐ုံးမွာ ဂမ္ဘီယာက ျမန္မာကို တရားစဲြထားတဲ့ကိစၥကို မေန႔က သမၼတအိမ္ေတာ္မွာ အဓိက ရွင္းလင္းေျပာသြားသူႏွစ္ဦးကေတာ့ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး၀န္ႀကီး ဦးေက်ာ္တင္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး၀န္ႀကီး ဦးေက်ာ္တင့္ေဆြတို႔ပဲ ျဖစ္ပါတယ္။

ဦးေက်ာ္တင္က အရင္ဆံုး ရွင္းလင္းရာမွာ ၂၀၁၆-၂၀၁၇ ခုႏွစ္က ရခိုင္ျပည္နယ္မွာ လံုၿခံဳေရးတပ္ေတြရဲ႕ နယ္ေျမရွင္းလင္းေရးမွာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔ တာ၀န္ခံမႈ ရွိေစေရးအတြက္ ဒီလအတြင္း ႏိုင္ငံတကာကေန နည္းလမ္းမ်ဳိးစံုနဲ႔ အရွိန္ျမႇင့္ ေဆာင္ရြက္လာတာနဲ႔ ပတ္သက္လို႔ အခ်က္အလက္ေတြနဲ႔ ေျပာဆိုသြားပါတယ္။ ဒါ့အျပင္ FFM ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးမစ္ရွင္၊ IIMM လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးေရးယႏၱရား၊ အတြင္းေရးမွဴးခ်ဳပ္ အထူးကုိယ္စားလွယ္၊ အေထြေထြညီလာခံရဲ႕ တတိယေကာ္မတီ၊ လံုၿခံဳေရးေကာင္စီ စတဲ့ ကုလသမဂၢယႏၱရား ၇ ခုက ျမန္မာႏိုင္ငံကို ေလ့လာေစာင့္ၾကည့္ေနတယ္လို႔ ဦးေက်ာ္တင္က ေျပာပါတယ္။

တာ၀န္ခံမႈရွိေစေရးအပိုင္းမွာ ဆိုရင္လည္း အစိုးရအေနနဲ႔ လ်စ္လ်ဴျပဳထားျခင္းမရွိဘဲ ဒုသမၼတ ဦးေဆာင္တဲ့ ရခိုင္စံုစမ္းေရးေကာ္မရွင္၊ ဒီႏွစ္မကုန္ခင္ အစီရင္ခံစာ တင္သြင္းေတာ့မယ့္ ဖိလစ္ပိုင္သံအမတ္ႀကီး Rosario Manalo ဦးေဆာင္တဲ့ စံုစမ္းစစ္ေဆးေရးေကာ္မရွင္ အပါအ၀င္ တပ္မေတာ္ဘက္ကလည္း စံုစမ္းေရးေကာ္မရွင္ ဖဲြ႔စည္းၿပီး စစ္ေဆးမႈေတြ ျပဳလုပ္ေနေၾကာင္း ဦးေက်ာ္တင္က ေျပာသြားပါတယ္။

အခု ICJ တရား႐ုံးမွာ ျမန္မာႏိုင္ငံျခားေရး၀န္ႀကီးအျဖစ္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ခုခံေခ်ပရာမွာ ျမန္မာက ဖဲြ႔စည္းထားတဲ့ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္ေတြရဲ႕ ေတြ႔ရွိခ်က္ေတြကို ပြင့္လင္းျမင္သာမႈရွိရွိ ထုတ္ေဖာ္ေျပာဆိုဖို႔ လိုအပ္ေနေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံး အႀကီးအကဲေဟာင္း Priscilla Clapp က ဗီြအိုေအကို ေျပာပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္အတြက္ အႏၱရာယ္အလြန္ႀကီးတယ္လို႔ က်မထင္ပါတယ္။ ျမန္မာကဖဲြ႔ထားတဲ့ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္ရဲ႕ ေတြ႔ရွိခ်က္ေတြကို တင္ျပေဆြးေႏြးဖို႔ သူ႔အေနနဲ႔ ျပင္ဆင္ထားမႈ မရွိဘူးဆိုရင္ ယံုၾကည္မႈရွိၾကမွာ လံုး၀မဟုတ္ပါဘူး။ ဒီေကာ္မရွင္ေတြ ဖဲြ႔စည္းထားတဲ့ ကိစၥမွာ ႏိုင္ငံတကာ စံုစမ္းေရးေကာ္မရွင္ေတြကို ျမန္မာဘက္က ျငင္းဆိုထားၿပီး ျဖစ္တဲ့အတြက္ ပိုၿပီး ပြင့္လင္းျမင္သာမႈရွိဖို႔ လိုအပ္ေနပါတယ္။”

ဂမ္ဘီယာရဲ႕စဲြခ်က္ကို ၾကည့္ရင္ လူမ်ဳိးတုံးသတ္ျဖတ္မႈကို ျမန္မာအစိုးရက အားေပးအားေျမႇာက္ ျပဳခဲ့တယ္ဆိုတဲ့ အခ်က္ျဖစ္ၿပီး ဒါကို ခုခံေခ်ပတဲ့ေနရာမွာ ၀န္ႀကီး ဦးေက်ာ္တင္ ေျပာသြားတဲ့ ျမန္မာဘက္က တာ၀န္ခံမႈ၊ တာ၀န္ယူမႈအပိုင္းနဲ႔ ပတ္သက္ရင္ ေမးခြန္းေတြ အမ်ားႀကီးရွိေနေၾကာင္း ဂ်ာမနီအေျခစိုက္ တိုင္းရင္းသားနဲ႔ ဖက္ဒရယ္အေရး ေလ့လာသံုးသပ္သူ စိုင္း၀မ္စိုင္းက ဗီြအိုေအကို ေျပာပါတယ္။

“အစုိးရအေနနဲ႔ ဒါ အားေပးအားေျမႇာက္ျပဳၿပီးလုပ္တာ မဟုတ္ပါဘူးဆုိတဲ့ဟာကို သူတို႔ သက္ေသျပဖုိ႔အတြက္ အေသးအမႊားေလးေတြကို လုိက္ၿပီး ထုေခ်မယ္လို႔ အဲလုိယူဆရတာေပါ့။ ဒါေပမယ့္ တကယ့္အေရးႀကီးတဲ့အခ်က္က တကယ္တမ္း ျဖစ္လာတဲ့ကိစၥကုိ တာဝန္ခံမႈ၊ တာဝန္ယူမႈ အစိုးရဘက္က ယူမလား၊ မယူဘူးလား၊ အဲဒီအေပၚမွာ အမ်ားႀကီး ေျဖေလွ်ာ့မႈနဲ႔ တင္းမာမႈ သြားျဖစ္ႏုိင္တယ္။ အဲဒါကို အစိုးရအေနနဲ႔ ဘယ္လိုနည္းနဲ႔ ကိုင္တြယ္မလဲဆုိတာေတာ့ က်ေနာ္တုိ႔လည္း မသိႏုိင္ဘူး၊ အခုေလာေလာဆယ္။ အႏွစ္ခ်ဳပ္လုိက္ရင္ စဥ္းစားရမွာက မွားသြားတဲ့ဟာကို ကုိယ္ဝန္ခံမလား။ အတင္းဘူးခံျငင္းၿပီး မဟုတ္ဘူး၊ ဟုတ္တယ္ပဲ အဲလိုဆက္သြားမလား ဆုိတာေတာ့ က်ေနာ္တုိ႔ ေစာင့္ၾကည့္ရမွာေပါ့။”

အခုလို ICJ တရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သြားေရာက္ရင္ဆိုင္မယ့္ ကိစၥကို ျမန္မာတပ္မေတာ္က အျပည့္အ၀ ကူညီေဆာင္ရြက္မွာျဖစ္တယ္လို႔ တပ္မေတာ္ဘက္က ေျပာလာတဲ့အခ်က္ကို သူ႔အေနနဲ႔ႀကိဳဆိုေၾကာင္း Priscilla Clapp က ေျပာပါတယ္။

“သူတို႔ အဲဒီလိုေျပာတဲ့အတြက္ က်မ အလြန္ပဲ ေက်နပ္ပါတယ္။ အစိုးရႏွစ္ရပ္လိုျဖစ္ေနတဲ့ အေနအထားကေန အခုေနာက္ဆံုးမွာေတာ့ အတူတကြ ေပါင္းစည္းမိၾကၿပီး ဂမ္ဘီယာရဲ႕စဲြခ်က္ဟာ တကယ့္ကို အေရးႀကီးတယ္ဆိုတာ သူတို႔ သေဘာေပါက္ၾကၿပီ ျဖစ္ပါတယ္။ ဒါ အလြန္ေကာင္းတဲ့အခ်က္ပါ။ ဒီလိုပူးေပါင္းေဆာင္ရြက္မႈဟာ အကူအညီကိုပဲျဖစ္ေစၿပီး ထိခိုက္နစ္နာတာမ်ဳိးမျဖစ္ဖို႔ က်မေမွ်ာ္လင့္ပါတယ္။”

ICJ တရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ၿပီး ျမန္မာႏိုင္ငံကိုယ္စား ေျဖရွင္းမယ့္ ကိစၥအေပၚ လူထုေထာက္ခံပဲြေတြကို ျပည္တြင္းမွာ ျပဳလုပ္သြားဖို႔ စီစဥ္ေနေၾကာင္း အာဏာရ NLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ဳိးညြန္႔က သတင္းဌာနေတြကို ေျပာၾကားခဲ့ပါတယ္။ အလားတူ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံတဲ့ ဆႏၵျပပဲြေတြကို ႏို၀င္ဘာလ ၂၆ ရက္ေန႔မွာ ၿဗိတိန္ႏိုင္ငံက ဂမ္ဘီယာနဲ႔ အာဂ်င္တီးနား သံ႐ုံးေတြေရွ႕မွာ ျပဳလုပ္ဖို႔ ၿဗိတိန္ေရာက္ ျမန္မာမိသားစုေတြက ျပင္ဆင္ေနၾကပါတယ္။

-----------------------------

(Unicode)

ICJ မှာ ရှင်းလင်းချက် မှန်ကန်မှုမရှိရင် ဂုဏ်သိက္ခာထိခိုက်နိုင်တယ်လို့ သတိပေး

ICJ နိုင်ငံတကာ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခုခံချေပတာမှာ တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းဖြစ်တဲ့ အစိုးရနဲ့ စစ်တပ်တို့ရဲ့ စုံစမ်းရေး ကော်မရှင်တွေဘက်က အချက်အလက်တွေ ဘယ်လောက်ထိရှာဖွေတွေ့ရှိထားသလဲဆိုတာ မှန်မှန်ကန်ကန် ချပြမှုမရှိရင် ဂုဏ်သိက္ခာ ထိခိုက်မယ့်အန္တရာယ် ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲဟောင်းတဦးက သတိပေး ပြောဆိုလိုက်ပါတယ်။ ICJ တရားရုံးမှာ ဂမ်ဘီယာက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ တရားစွဲထားတဲ့ ကိစ္စအပေါ် နိုဝင်ဘာလ ၂၃ ရက် စနေနေ့က နေပြည်တော် သမ္မတအိမ်တော်မှာ အစိုးရနဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့အပေါ် သဘောထား အမြင်တချို့ကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာက မြန်မာကို တရားစွဲထားတဲ့ကိစ္စကို မနေ့က သမ္မတအိမ်တော်မှာ အဓိက ရှင်းလင်းပြောသွားသူနှစ်ဦးကတော့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေတို့ပဲ ဖြစ်ပါတယ်။

ဦးကျော်တင်က အရင်ဆုံး ရှင်းလင်းရာမှာ ၂၀၁၆-၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ခံမှု ရှိစေရေးအတွက် ဒီလအတွင်း နိုင်ငံတကာကနေ နည်းလမ်းမျိုးစုံနဲ့ အရှိန်မြှင့် ဆောင်ရွက်လာတာနဲ့ ပတ်သက်လို့ အချက်အလက်တွေနဲ့ ပြောဆိုသွားပါတယ်။ ဒါ့အပြင် FFM မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၊ IIMM လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား၊ အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်၊ အထွေထွေညီလာခံရဲ့ တတိယကော်မတီ၊ လုံခြုံရေးကောင်စီ စတဲ့ ကုလသမဂ္ဂယန္တရား ၇ ခုက မြန်မာနိုင်ငံကို လေ့လာစောင့်ကြည့်နေတယ်လို့ ဦးကျော်တင်က ပြောပါတယ်။

တာဝန်ခံမှုရှိစေရေးအပိုင်းမှာ ဆိုရင်လည်း အစိုးရအနေနဲ့ လျစ်လျူပြုထားခြင်းမရှိဘဲ ဒုသမ္မတ ဦးဆောင်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင်၊ ဒီနှစ်မကုန်ခင် အစီရင်ခံစာ တင်သွင်းတော့မယ့် ဖိလစ်ပိုင်သံအမတ်ကြီး Rosario Manalo ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အပါအဝင် တပ်မတော်ဘက်ကလည်း စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပြီး စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဦးကျော်တင်က ပြောသွားပါတယ်။

အခု ICJ တရားရုံးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခုခံချေပရာမှာ မြန်မာက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေရဲ့ တွေ့ရှိချက်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ဖော်ပြောဆိုဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲဟောင်း Priscilla Clapp က ဗွီအိုအေကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အတွက် အန္တရာယ်အလွန်ကြီးတယ်လို့ ကျမထင်ပါတယ်။ မြန်မာကဖွဲ့ထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို တင်ပြဆွေးနွေးဖို့ သူ့အနေနဲ့ ပြင်ဆင်ထားမှု မရှိဘူးဆိုရင် ယုံကြည်မှုရှိကြမှာ လုံးဝမဟုတ်ပါဘူး။ ဒီကော်မရှင်တွေ ဖွဲ့စည်းထားတဲ့ ကိစ္စမှာ နိုင်ငံတကာ စုံစမ်းရေးကော်မရှင်တွေကို မြန်မာဘက်က ငြင်းဆိုထားပြီး ဖြစ်တဲ့အတွက် ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်နေပါတယ်။”

ဂမ်ဘီယာရဲ့စွဲချက်ကို ကြည့်ရင် လူမျိုးတုံးသတ်ဖြတ်မှုကို မြန်မာအစိုးရက အားပေးအားမြှောက် ပြုခဲ့တယ်ဆိုတဲ့ အချက်ဖြစ်ပြီး ဒါကို ခုခံချေပတဲ့နေရာမှာ ဝန်ကြီး ဦးကျော်တင် ပြောသွားတဲ့ မြန်မာဘက်က တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းနဲ့ ပတ်သက်ရင် မေးခွန်းတွေ အများကြီးရှိနေကြောင်း ဂျာမနီအခြေစိုက် တိုင်းရင်းသားနဲ့ ဖက်ဒရယ်အရေး လေ့လာသုံးသပ်သူ စိုင်းဝမ်စိုင်းက ဗွီအိုအေကို ပြောပါတယ်။

“အစိုးရအနေနဲ့ ဒါ အားပေးအားမြှောက်ပြုပြီးလုပ်တာ မဟုတ်ပါဘူးဆိုတဲ့ဟာကို သူတို့ သက်သေပြဖို့အတွက် အသေးအမွှားလေးတွေကို လိုက်ပြီး ထုချေမယ်လို့ အဲလိုယူဆရတာပေါ့။ ဒါပေမယ့် တကယ့်အရေးကြီးတဲ့အချက်က တကယ်တမ်း ဖြစ်လာတဲ့ကိစ္စကို တာဝန်ခံမှု၊ တာဝန်ယူမှု အစိုးရဘက်က ယူမလား၊ မယူဘူးလား၊ အဲဒီအပေါ်မှာ အများကြီး ဖြေလျှော့မှုနဲ့ တင်းမာမှု သွားဖြစ်နိုင်တယ်။ အဲဒါကို အစိုးရအနေနဲ့ ဘယ်လိုနည်းနဲ့ ကိုင်တွယ်မလဲဆိုတာတော့ ကျနော်တို့လည်း မသိနိုင်ဘူး၊ အခုလောလောဆယ်။ အနှစ်ချုပ်လိုက်ရင် စဉ်းစားရမှာက မှားသွားတဲ့ဟာကို ကိုယ်ဝန်ခံမလား။ အတင်းဘူးခံငြင်းပြီး မဟုတ်ဘူး၊ ဟုတ်တယ်ပဲ အဲလိုဆက်သွားမလား ဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။”

အခုလို ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်မယ့် ကိစ္စကို မြန်မာတပ်မတော်က အပြည့်အ၀ ကူညီဆောင်ရွက်မှာဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောလာတဲ့အချက်ကို သူ့အနေနဲ့ကြိုဆိုကြောင်း Priscilla Clapp က ပြောပါတယ်။

“သူတို့ အဲဒီလိုပြောတဲ့အတွက် ကျမ အလွန်ပဲ ကျေနပ်ပါတယ်။ အစိုးရနှစ်ရပ်လိုဖြစ်နေတဲ့ အနေအထားကနေ အခုနောက်ဆုံးမှာတော့ အတူတကွ ပေါင်းစည်းမိကြပြီး ဂမ်ဘီယာရဲ့စွဲချက်ဟာ တကယ့်ကို အရေးကြီးတယ်ဆိုတာ သူတို့ သဘောပေါက်ကြပြီ ဖြစ်ပါတယ်။ ဒါ အလွန်ကောင်းတဲ့အချက်ပါ။ ဒီလိုပူးပေါင်းဆောင်ရွက်မှုဟာ အကူအညီကိုပဲဖြစ်စေပြီး ထိခိုက်နစ်နာတာမျိုးမဖြစ်ဖို့ ကျမမျှော်လင့်ပါတယ်။”

ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး မြန်မာနိုင်ငံကိုယ်စား ဖြေရှင်းမယ့် ကိစ္စအပေါ် လူထုထောက်ခံပွဲတွေကို ပြည်တွင်းမှာ ပြုလုပ်သွားဖို့ စီစဉ်နေကြောင်း အာဏာရ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က သတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဗြိတိန်နိုင်ငံက ဂမ်ဘီယာနဲ့ အာဂျင်တီးနား သံရုံးတွေရှေ့မှာ ပြုလုပ်ဖို့ ဗြိတိန်ရောက် မြန်မာမိသားစုတွေက ပြင်ဆင်နေကြပါတယ်။

အင္ၾကင္းႏိုင္/ VOA Burmese
https://burmese.voanews.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား