ICJ အမႈကိုပဲ ေျဖရွင္းမယ္ဆိုတဲ့ အစိုးရတုံ႔ျပန္ခ်က္အေပၚ ေဝဖန္မႈေတြရွိ

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္၊ သမၼတေဟာင္းမ်ား ျဖစ္ၾကတဲ့ ဦးထင္ေက်ာ္နဲ႔ ဦးသိန္းစိန္
(Zawgyi)⤵⤵⤵
႐ိုဟင္ဂ်ာေတြကို ေမာင္းထုတ္ခဲ့မႈ၊ လူမ်ိဳးတုံးသတ္ျဖတ္မႈ၊ ၿခိမ္းေျခာက္မႈဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ျမန္မာႏိုင္ငံကို ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး (ICC)၊ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) နဲ႔ အာဂ်င္တီးနား ႏိုင္ငံတရား႐ုံးေတြမွာ တရားစြဲဆိုထားတဲ့အေပၚ ျမန္မာအစိုးရက ICJ တစ္ခုတည္းကိုပဲ ႏိုင္ငံတကာ ဥပေဒလမ္းေၾကာင္းအရ ေျဖရွင္းမယ္ဆိုတာ မျဖစ္သင့္ေၾကာင္း ႏိုင္ငံေရးေလ့လာသူေတြနဲ႔ ဥပေဒပညာရွင္ေတြက ေဝဖန္ေထာက္ျပၾကပါတယ္။

ႏိုင္ငံတကာတရား႐ုံးေတြမွာ ျမန္မာအေပၚတရားစြဲဆိုမႈေတြကို မေျဖရွင္းဘူးဆိုရင္ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရး ပုံရိပ္ က်ဆင္းလာၿပီး ႏိုင္ငံတကာဆက္ဆံေရး၊ စီးပြားေရး၊ လူမႈေရး၊ ပညာေရး အစစအရာရာ ထိခိုက္မႈ ေတြရွိႏိုင္တဲ့အတြက္ မတုံ႔ျပန္ဘူးလို႔ ေျပာေနတာထက္ ဥပေဒေၾကာင္းအရ တုံ႔ျပန္ေဆာင္႐ြက္ဖို႔ လိုအပ္တယ္လို႔ ဥပေဒပညာရွင္ေတြက ေျပာၾကပါတယ္။

ႏိုင္ငံတကာတရား႐ုံးေတြက ဆုံးျဖတ္ခ်က္ေတြကို ဥပေဒအေၾကာင္းအရ မေျဖရွင္းရင္ ႏိုင္ငံတကာနဲ႔ ဆက္သြယ္ေဆာင္႐ြက္မႈတိုင္းမွာ အခက္အခဲေတြျဖစ္လာလိမ့္မယ္လို႔ ဥပေဒပညာရွင္တစ္ဦးျဖစ္တဲ့ ေဒါက္တာ ဆလိုင္းငြန္က်ဳံးလ်န္က ေျပာပါတယ္။

“က်ေနာ္တို႔ေတြက တရား႐ုံးက ဆုံးျဖတ္ခ်က္ကို ႏိုင္ငံေရး တုံ႔ျပန္ခ်က္နဲ႔ လုပ္ေနတဲ့ဟာက ေရာမသေဘာတူ စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့ ႏိုင္ငံေတြကို က်ေနာ္တို႔ သြားတဲ့အခါ ခင္ဗ်ားမွာ ICC တရား႐ုံးက ဝရမ္းထုတ္ထားတာရွိတယ္လို႔ လာေျပာတဲ့အခါ က်ေနာ္တို႔က ႏိုင္ငံေရးအရ ငါနဲ႔ မဆိုင္ဘူးသြားေျပာလို႔ မရဘူး”

သူက “က်ေနာ္တို႔ ျမန္မာႏိုင္ငံက သူေဌးေတြက ႏိုင္ငံျခားသြားရင္းႏွီးျမႇဳပ္ႏွံမႈေတြလုပ္ခ်င္တယ္။ စီးပြားေရး လုပ္ခ်င္တယ္။ ပညာသင္ခ်င္တယ္။ တစ္ခုခု လုပ္ခ်င္တယ္ဆိုတာနဲ႔ ဘယ္ကလာလဲ ျမန္မာႏိုင္ငံ။ ခင္ဗ်ားတို႔မွာ အမႈ သုံးခုရွိတယ္။ ICC မွာရွိတယ္။ ICJ မွာရွိတယ္။ အာဂ်င္တီးနားမွာရွိတယ္။ က်ေနာ္တို႔ ျပန္စဥ္းစားဦး မယ္ဆိုတာေတြက ရွိတယ္။ က်ေနာ္တို႔နဲ႔ မဆိုင္ဘူးလို႔ ေျပာေနတာက သိပ္ၿပီးေတာ့ အႏွစ္သာရမရွိတဲ့ ေျဖရွင္းခ်က္မ်ိဳးလို႔ ယူဆပါတယ္။ အစိုးရကို မေကာင္းေျပာေနတာ မဟုတ္ပါဘူး” လို႔ ဆက္ေျပာပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ႐ိုဟင္ဂ်ာ ခုနစ္သိန္းေက်ာ္ကို ေမာင္းထုတ္ခဲ့မႈ၊ လူမ်ိဳးတုံးသတ္ျဖတ္မႈ၊ ႐ိုဟင္ဂ်ာျဖစ္တည္မႈကို ၿခိမ္းေျခာက္မႈ စတဲ့ စြဲဆိုခ်က္ေတြနဲ႔ ICC ၊ ICJ နဲ႔ အာဂ်င္တီးနားတရား႐ုံး သုံးခုမွာ ျမန္မာ့တပ္မေတာ္ ထိပ္ပိုင္းေခါင္းေဆာင္ေတြ အပါအဝင္၊ ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတေဟာင္း ႏွစ္ဦးျဖစ္တဲ့ ဦးသိန္းစိန္၊ ဦးထင္ေက်ာ္နဲ႔ လက္ရွိ သမၼတ ဦးဝင္းျမင့္တို႔ကို တရားစြဲ ဆိုထားတာပါ။

ႏိုင္ငံေတာ္ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က ႏိုင္ငံတကာတရား႐ုံး ICJ ထံ တိုင္တန္းခံထားရတဲ့ အမႈအတြက္ ႏိုင္ငံတကာဥပေဒအရ တုံျပန္ဖို႔ စီစဥ္ေနတယ္လို႔ မေန႔က သမၼတအိမ္ေတာ္မွာ က်င္းပခဲ့တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး ICC ထံ ဘဂၤလားေဒ့ရွ္က တရားလိုျပဳလုပ္ တိုင္တန္းထားတဲ့ ကိစၥကိုေတာ့ ျမန္မာဟာ ICC အဖြဲ႕ဝင္ႏိုင္ငံမဟုတ္တာေၾကာင့္ ေျဖရွင္းဖို႔မလိုေၾကာင္း ျမန္မာအစိုးရက တရားဝင္ေျပာထားၿပီး ျဖစ္ပါတယ္။

ဒါ့အျပင္ ႐ိုဟင္ဂ်ာလူ႔အခြင့္ေရးအဖြဲ႕နဲ႔ ေသာမတ္စ္အိုေဟးကင္တားနားတို႔ ဦးေဆာင္ၿပီး အာဂ်င္တီးနား တရား ႐ုံးမွာ တရားစြဲတင္ထားတဲ့ ကိစၥနဲ႔ပတ္သက္ၿပီးလည္း အခ်ဳပ္အျခာအာဏာပိုင္ အခ်င္းခ်င္းထိပါးတဲ့ ကိစၥျဖစ္လို႔ ေျဖရွင္းဖို႔ မရွိဘူးလို႔ ဦးေဇာ္ေဌး က မေန႔က တုန႔္ျပန္ခဲ့ပါတယ္။

ICC နဲ႔ အာဂ်င္တီးနားတရား႐ုံးေတြမွာ တရားစြဲဆိုခံထားရမႈေတြကို မေျဖရွင္းရင္ စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈေတြအေပၚ သက္ေရာက္မႈေတြ ရွိလာႏိုင္မယ္လို႔ သုံးသပ္သူက တရားလႊတ္ေတာ္ေရွ႕ေန ဦးေအာင္သိန္း ပါ။

“စီးပြားေရး လုပ္ကိုင္မယ့္သူေတြ မလုပ္ကိုင္ေတာ့မယ့္ အေျခအေနမ်ိဳးျဖစ္ေအာင္ ဖန္တီးလာႏိုင္တဲ့ အေျခအေန ေတြ ျဖစ္လာႏိုင္တာက အဓိကက်တယ္လို႔ က်ေနာ္ ျမင္ပါတယ္။ ႏိုင္ငံတကာက လာၿပီး ရင္းႏွီးျမႇဳပ္ႏွံမယ့္သူေတြကို ေရွာင္ဖယ္ေအာင္လုပ္တဲ့ ဗ်ဴဟာတစ္ခုလို႔ က်ေနာ္က ျမင္တယ္ဗ်။ ႏိုင္ငံတကာနဲ႔ ဆက္ဆံတဲ့ ႏိုင္ငံေရး အခင္းအက်င္းက အနည္းငယ္ တုံ႔ဆိုင္းသြားမယ္လို႔ ျမင္ပါတယ္”

ဦးေအာင္သိန္းဟာ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးလည္း ျဖစ္ပါတယ္။

ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး ICC မွာ တရားစြဲတင္ခံထားရမႈနဲ႔ ပတ္သက္လို႔ ေနာက္ဆုံးအေျခအေနက ICC ရဲ႕ သုံးပါးထိုင္ တရားသူႀကီး သုံးဦးက ျမန္မာနဲ႔ဘဂၤလားေဒ့ရွ္ ႏိုင္ငံေတြမွာ ျဖစ္ပြားတဲ့ ႐ိုဟင္ဂ်ာနဲ႔ ပတ္သက္တဲ့ သက္ေသအေထာက္အထားေတြကို တရားဝင္စုံစမ္းစစ္ေဆးခြင့္ျပဳထားလိုက္ပါၿပီ။

လုံေလာက္တဲ့ သက္ေသအေထာက္အထားေတြ စုေဆာင္းၿပီးရင္ သက္ဆိုင္တယ္လို႔ စြပ္စြဲထားတဲ့ ပုဂၢိဳလ္ေတြကို ICC တရား႐ုံးကို ဆင့္ေခၚတာ ေနာက္ဆက္တြဲအေနနဲ႔ ဝရမ္းထုတ္လာႏိုင္တယ္လို႔ ဥပေဒပညာရွင္ ေဒါက္တာ ဆလိုင္းငြန္က်ဳံးလ်န္ က ေျပာပါတယ္။

ဒီအေျခအေနေတြအေပၚ အစိုးရတစ္ခုတည္း ႀကိတ္ေျဖရွင္းတာမ်ိဳးမဟုတ္ဘဲ ပညာရွင္ေတြရဲ႕ အႀကံဉာဏ္ ရယူသင့္တယ္လို႔ ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ဦးေအာင္သူၿငိမ္း က ေျပာပါတယ္။

“တျဖည္းျဖည္းနဲ႔ဖိအားေတြက တစ္စတစ္စမ်ားလာတယ္။ အကုန္လုံး မ်က္စိစုံမွိတ္ျငင္းေနလို႔ေတာ့ မရေတာ့ဘူး။ ျပည္တြင္းထဲကေန အေရးယူမယ္။ ႏိုင္ငံတကာက ပါစရာမလိုေတာ့ဘူးဆိုတဲ့ အေနအထားလည္း မလုံေလာက္ေတာ့ဘူး။ ဒီကိစၥနဲ႔ ပက္သက္လို႔ အစိုးရတစ္ခုတည္း ေခါင္းသုံးၿပီး စဥ္းစားတာထက္စာရင္ ပိုၿပီးေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္ အလုပ္႐ုံေဆြးေႏြးပြဲေတြ၊ အစည္းအေဝးေတြ ေခၚၿပီးေတာ့မွ ေဆြးေႏြးတိုင္ပင္ဖို႔လိုမယ္။ အစိုးရ တစ္ခုတည္း ႀကိတ္ေျဖရွင္းေနတာ အေျဖထြက္ဖို႔ခက္မယ္ ထင္တယ္”

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ႏွစ္လယ္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ျမန္မာကို ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး ICC မွာ တရားစြဲတင္ခဲ့တာျဖစ္ပါတယ္။

ျမန္မာဟာ ICC အဖြဲ႕ဝင္ႏိုင္ငံမဟုတ္တဲ့အတြက္ ခုံ႐ုံးရဲ႕ တရားစီရင္မႈကို လက္မခံႏိုင္ဘူးလို႔ ျမန္မာအစိုးရက ျငင္းပယ္ခဲ့တဲ့အတြက္ ျမန္မာကို ဖိအားေပးဖို႔ ႀကိဳးပမ္းလာမႈေတြအေနနဲ႔ ICJ နဲ႔ အာဂ်င္တီးနားႏိုင္ငံေတြမွာ တရားစြဲဆိုမႈေတြ ထပ္မံေပၚေပါက္လာတာမို႔ အစိုးရအေနနဲ႔ ဥပေဒေၾကာင္းအရ တရားစြဲဆိုမႈေတြကို ေျဖရွင္းဖို႔ လိုအပ္တယ္လို႔ ေလ့လာသူေတြက ေျပာၾကတာပါ။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ICJ အမှုကိုပဲ ဖြေရှင်းမယ်ဆိုတဲ့ အစိုးရတုံ့ပြန်ချက်အပေါ် ဝေဖန်မှုတွေရှိ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ သမ္မတဟောင်းများ ဖြစ်ကြတဲ့ ဦးထင်ကျော်နဲ့ ဦးသိန်းစိန်
Photo: RFA

ရိုဟင်ဂျာတွေကို မောင်းထုတ်ခဲ့မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ ခြိမ်းခြောက်မှုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ အာဂျင်တီးနား နိုင်ငံတရားရုံးတွေမှာ တရားစွဲဆိုထားတဲ့အပေါ် မြန်မာအစိုးရက ICJ တစ်ခုတည်းကိုပဲ နိုင်ငံတကာ ဥပဒေလမ်းကြောင်းအရ ဖြေရှင်းမယ်ဆိုတာ မဖြစ်သင့်ကြောင်း နိုင်ငံရေးလေ့လာသူတွေနဲ့ ဥပဒေပညာရှင်တွေက ဝေဖန်ထောက်ပြကြပါတယ်။

နိုင်ငံတကာတရားရုံးတွေမှာ မြန်မာအပေါ်တရားစွဲဆိုမှုတွေကို မဖြေရှင်းဘူးဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပုံရိပ် ကျဆင်းလာပြီး နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစစအရာရာ ထိခိုက်မှု တွေရှိနိုင်တဲ့အတွက် မတုံ့ပြန်ဘူးလို့ ပြောနေတာထက် ဥပဒေကြောင်းအရ တုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဥပဒေပညာရှင်တွေက ပြောကြပါတယ်။

နိုင်ငံတကာတရားရုံးတွေက ဆုံးဖြတ်ချက်တွေကို ဥပဒေအကြောင်းအရ မဖြေရှင်းရင် နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်မှုတိုင်းမှာ အခက်အခဲတွေဖြစ်လာလိမ့်မယ်လို့ ဥပဒေပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ပြောပါတယ်။

“ကျနော်တို့တွေက တရားရုံးက ဆုံးဖြတ်ချက်ကို နိုင်ငံရေး တုံ့ပြန်ချက်နဲ့ လုပ်နေတဲ့ဟာက ရောမသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေကို ကျနော်တို့ သွားတဲ့အခါ ခင်ဗျားမှာ ICC တရားရုံးက ဝရမ်းထုတ်ထားတာရှိတယ်လို့ လာပြောတဲ့အခါ ကျနော်တို့က နိုင်ငံရေးအရ ငါနဲ့ မဆိုင်ဘူးသွားပြောလို့ မရဘူး”

သူက “ကျနော်တို့ မြန်မာနိုင်ငံက သူဌေးတွေက နိုင်ငံခြားသွားရင်းနှီးမြှုပ်နှံမှုတွေလုပ်ချင်တယ်။ စီးပွားရေး လုပ်ချင်တယ်။ ပညာသင်ချင်တယ်။ တစ်ခုခု လုပ်ချင်တယ်ဆိုတာနဲ့ ဘယ်ကလာလဲ မြန်မာနိုင်ငံ။ ခင်ဗျားတို့မှာ အမှု သုံးခုရှိတယ်။ ICC မှာရှိတယ်။ ICJ မှာရှိတယ်။ အာဂျင်တီးနားမှာရှိတယ်။ ကျနော်တို့ ပြန်စဉ်းစားဦး မယ်ဆိုတာတွေက ရှိတယ်။ ကျနော်တို့နဲ့ မဆိုင်ဘူးလို့ ပြောနေတာက သိပ်ပြီးတော့ အနှစ်သာရမရှိတဲ့ ဖြေရှင်းချက်မျိုးလို့ ယူဆပါတယ်။ အစိုးရကို မကောင်းပြောနေတာ မဟုတ်ပါဘူး” လို့ ဆက်ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ ခုနစ်သိန်းကျော်ကို မောင်းထုတ်ခဲ့မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ ရိုဟင်ဂျာဖြစ်တည်မှုကို ခြိမ်းခြောက်မှု စတဲ့ စွဲဆိုချက်တွေနဲ့ ICC ၊ ICJ နဲ့ အာဂျင်တီးနားတရားရုံး သုံးခုမှာ မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင်၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း နှစ်ဦးဖြစ်တဲ့ ဦးသိန်းစိန်၊ ဦးထင်ကျော်နဲ့ လက်ရှိ သမ္မတ ဦးဝင်းမြင့်တို့ကို တရားစွဲ ဆိုထားတာပါ။

နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က နိုင်ငံတကာတရားရုံး ICJ ထံ တိုင်တန်းခံထားရတဲ့ အမှုအတွက် နိုင်ငံတကာဥပဒေအရ တုံပြန်ဖို့ စီစဉ်နေတယ်လို့ မနေ့က သမ္မတအိမ်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ထံ ဘင်္ဂလားဒေ့ရှ်က တရားလိုပြုလုပ် တိုင်တန်းထားတဲ့ ကိစ္စကိုတော့ မြန်မာဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် ဖြေရှင်းဖို့မလိုကြောင်း မြန်မာအစိုးရက တရားဝင်ပြောထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာလူ့အခွင့်ရေးအဖွဲ့နဲ့ သောမတ်စ်အိုဟေးကင်တားနားတို့ ဦးဆောင်ပြီး အာဂျင်တီးနား တရား ရုံးမှာ တရားစွဲတင်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးလည်း အချုပ်အခြာအာဏာပိုင် အချင်းချင်းထိပါးတဲ့ ကိစ္စဖြစ်လို့ ဖြေရှင်းဖို့ မရှိဘူးလို့ ဦးဇော်ဌေး က မနေ့က တုန့်ပြန်ခဲ့ပါတယ်။

ICC နဲ့ အာဂျင်တီးနားတရားရုံးတွေမှာ တရားစွဲဆိုခံထားရမှုတွေကို မဖြေရှင်းရင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်မယ်လို့ သုံးသပ်သူက တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ပါ။

“စီးပွားရေး လုပ်ကိုင်မယ့်သူတွေ မလုပ်ကိုင်တော့မယ့် အခြေအနေမျိုးဖြစ်အောင် ဖန်တီးလာနိုင်တဲ့ အခြေအနေ တွေ ဖြစ်လာနိုင်တာက အဓိကကျတယ်လို့ ကျနော် မြင်ပါတယ်။ နိုင်ငံတကာက လာပြီး ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ရှောင်ဖယ်အောင်လုပ်တဲ့ ဗျူဟာတစ်ခုလို့ ကျနော်က မြင်တယ်ဗျ။ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ နိုင်ငံရေး အခင်းအကျင်းက အနည်းငယ် တုံ့ဆိုင်းသွားမယ်လို့ မြင်ပါတယ်”

ဦးအောင်သိန်းဟာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။

နိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာ တရားစွဲတင်ခံထားရမှုနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေက ICC ရဲ့ သုံးပါးထိုင် တရားသူကြီး သုံးဦးက မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ဖြစ်ပွားတဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို တရားဝင်စုံစမ်းစစ်ဆေးခွင့်ပြုထားလိုက်ပါပြီ။

လုံလောက်တဲ့ သက်သေအထောက်အထားတွေ စုဆောင်းပြီးရင် သက်ဆိုင်တယ်လို့ စွပ်စွဲထားတဲ့ ပုဂ္ဂိုလ်တွေကို ICC တရားရုံးကို ဆင့်ခေါ်တာ နောက်ဆက်တွဲအနေနဲ့ ဝရမ်းထုတ်လာနိုင်တယ်လို့ ဥပဒေပညာရှင် ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် က ပြောပါတယ်။

ဒီအခြေအနေတွေအပေါ် အစိုးရတစ်ခုတည်း ကြိတ်ဖြေရှင်းတာမျိုးမဟုတ်ဘဲ ပညာရှင်တွေရဲ့ အကြံဉာဏ် ရယူသင့်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်း က ပြောပါတယ်။

“တဖြည်းဖြည်းနဲ့ဖိအားတွေက တစ်စတစ်စများလာတယ်။ အကုန်လုံး မျက်စိစုံမှိတ်ငြင်းနေလို့တော့ မရတော့ဘူး။ ပြည်တွင်းထဲကနေ အရေးယူမယ်။ နိုင်ငံတကာက ပါစရာမလိုတော့ဘူးဆိုတဲ့ အနေအထားလည်း မလုံလောက်တော့ဘူး။ ဒီကိစ္စနဲ့ ပက်သက်လို့ အစိုးရတစ်ခုတည်း ခေါင်းသုံးပြီး စဉ်းစားတာထက်စာရင် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် အလုပ်ရုံဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေ ခေါ်ပြီးတော့မှ ဆွေးနွေးတိုင်ပင်ဖို့လိုမယ်။ အစိုးရ တစ်ခုတည်း ကြိတ်ဖြေရှင်းနေတာ အဖြေထွက်ဖို့ခက်မယ် ထင်တယ်”

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နှစ်လယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ တရားစွဲတင်ခဲ့တာဖြစ်ပါတယ်။

မြန်မာဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် ခုံရုံးရဲ့ တရားစီရင်မှုကို လက်မခံနိုင်ဘူးလို့ မြန်မာအစိုးရက ငြင်းပယ်ခဲ့တဲ့အတွက် မြန်မာကို ဖိအားပေးဖို့ ကြိုးပမ်းလာမှုတွေအနေနဲ့ ICJ နဲ့ အာဂျင်တီးနားနိုင်ငံတွေမှာ တရားစွဲဆိုမှုတွေ ထပ်မံပေါ်ပေါက်လာတာမို့ အစိုးရအနေနဲ့ ဥပဒေကြောင်းအရ တရားစွဲဆိုမှုတွေကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ လေ့လာသူတွေက ပြောကြတာပါ။

RFA Burmese
https://www.rfa.org
ICJ အမႈကိုပဲ ေျဖရွင္းမယ္ဆိုတဲ့ အစိုးရတုံ႔ျပန္ခ်က္အေပၚ ေဝဖန္မႈေတြရွိ ICJ အမႈကိုပဲ ေျဖရွင္းမယ္ဆိုတဲ့ အစိုးရတုံ႔ျပန္ခ်က္အေပၚ ေဝဖန္မႈေတြရွိ Reviewed by THITHTOOLWIN on 02:33 Rating: 5
Powered by Blogger.