ICJ အမႈကလြဲၿပီး ICC နဲ႔ အာဂ်င္တီးနားအမႈကို ျမန္မာေျဖရွင္းမည္မဟုတ္

နယ္သာလန္ႏိုင္ငံ သဟိတ္ၿမိဳ႕က အျပည္ျပည္ဆိုင္ရာ ရာဇဝတ္ခုံ႐ုံးကို ၂ဝ၁၈ ခုႏွစ္ ဧၿပီလ ၉ ရက္ေန႔က ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံကို ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး (ICC)၊ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) နဲ႔ ႏိုင္ငံတကာတရားစီရင္ပိုင္ခြင့္မူအရ အာဂ်င္တီးနားႏိုင္ငံ (international jurisdiction) သုံးခုနဲ႔ တရားစြဲဆိုထားေပမယ့္ အစိုးရက ICJ တစ္ခုတည္းကိုပဲ ႏိုင္ငံတကာဥပေဒလမ္းေၾကာင္းအရ ေျဖရွင္းဖို႔စီစဥ္ေနတယ္လို႔ သမၼတ႐ုံးေျပာခြင့္ရ ဦးေဇာ္ေဌးက ဒီကေန႔ ေနျပည္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာ ခုနစ္သိန္းေက်ာ္ကို ေမာင္းထုတ္ခဲ့မႈ၊ လူမ်ိဳးတုံးသတ္ျဖတ္မႈ၊ ႐ိုဟင္ဂ်ာျဖစ္တည္မႈကို ၿခိမ္းေျခာက္မႈ စတဲ့ စြဲဆိုခ်က္ေတြနဲ႔ ICC၊ ICJ၊ အာဂ်င္တီးနားတရား႐ုံး သုံးခုမွာ ျမန္မာ့တပ္မေတာ္ ထိပ္ပိုင္းေခါင္းေဆာင္ေတြ အပါအဝင္၊ ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတေဟာင္း ၂ ဦးနဲ႔ လက္ရွိသမၼတတို႔ကိုပါ စြဲဆိုထားၾကတာပါ။

ICC မွာေတာ့ ဘဂၤလားေဒ့ရွ္က တရားလိုျပဳလုပ္ တိုင္တန္းထားတာျဖစ္ပါတယ္။ ICJ မွာေတာ့ အစၥလာမ္မစ္ ႏိုင္ငံေပါင္း ၅၇ ႏိုင္ငံရဲ႕ ေထာက္ခံခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံက ဦးေဆာင္ၿပီးေတာ့ စြဲဆိုထားတာပါ။ အာဂ်င္တီးနားမွာေတာ့ ႐ိုဟင္ဂ်ာလူ႔အခြင့္ေရးအဖြဲ႕နဲ႔ ေသာမတ္စ္ အိုေဟး ကင္တားနားတို႔ ဦးေဆာင္ၿပီးေတာ့ စြဲဆိုထားတာျဖစ္ပါတယ္။

ICC နဲ႔ပတ္သတ္ၿပီးေတာ့ သမၼတ႐ုံးေျပာခြင့္ရ ဦးေဇာ္ေဌးက ျမန္မာဟာ Rome Statue ကို လက္မွတ္ေရးထိုးထားတာ မဟုတ္လို႔၊ လက္ခံတဲ့အေၾကာင္း အရင္က ထုတ္ျပန္တဲ့သေဘာထားအတိုင္းပဲ ေျဖရွင္းမွာမဟုတ္ဘူးလို႔ ေျဖပါတယ္။ ICJ အမႈကိုေတာ့ ျမန္မာႏိုင္ငံ ႏိုင္ငံတကာ ဥပေဒနဲ႔ အညီတုံံ့ျပန္သြားဖို႔ စီစဥ္ေနေၾကာင္းေျဖပါတယ္။ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံျဖစ္တဲ့ ျမန္မာႏိုင္ငံဟာ ဂမ္ဘီယာက ဦးေဆာင္စြဲဆိုတဲ့ ICJ က အမႈ ကိစၥကို တုံ႔ျပန္ရမွာျဖစ္ပါတယ္။

ဒါေပမယ့္ သမၼတ႐ုံးေျပာခြင့္ရ ဦးေဇာ္ေဌးက ဘယ္လိုနည္းနဲ႔ ေျဖရွင္းဖို႔ ရွိတယ္ဆိုတာ က်ယ္ျပန႔္လြန္းတဲ့အတြက္ အေသးစိတ္ မေျပာဆိုလိုေၾကာင္းေျပာပါတယ္။

“အာဂ်င္တီးနားကိစၥကို အထူးတလည္ ေျဖရွင္းဖို႔မရွိပါဘူး။ ဒါက အခ်ဳပ္အျခာကို ထိတဲ့ ကိစၥျဖစ္ပါတယ္။ (ကိုယ္စားလွယ္လႊတ္) ရင္ဆိုင္ဖို႔လည္း မရွိပါဘူး” လို႔ ဦးေဇာ္ေဌးက RFA ရဲ႕ ေမးျမန္းခ်က္ကို ေျဖၾကားခဲ့ပါတယ္။

ဒီအမႈသုံးခုလုံးအတြက္ ဥပေဒပညာရွင္ေတြ၊ ေရွ႕ေနေတြ ငွားရမ္းၿပီးေတာ့၊ ကိုယ္စားလွယ္လႊတ္ေျဖရွင္းဖို႔ ရွိ၊ မရွိေမးျမန္းခ်က္ကို ျပန္လည္ေျဖဆိုခဲ့တာပါ။ ဒါ့အျပင္ ဦးေဇာ္ေဌးက မြတ္စလင္ဒုကၡသည္ေတြ ဘဂၤလားေဒ့ရွ္ကေန ေနရပ္ျပန္လာေရးကိစၥမွာ ဘဂၤလားေဒ့ရွ္ဘက္က ပူးေပါင္းေဆာင္႐ြက္ျခင္း လုံးဝမရွိဘူးလို႔ ျပစ္တင္ပါတယ္။ ပူးေပါင္းမယ့္အစား ျမန္မာကို ICC နဲ႔ ICJ ရင္ဆိုင္ရေအာင္ ရည္႐ြယ္ခ်က္ရွိရွိ တြန္းပို႔ေနတယ္လို႔လည္း ဆိုပါတယ္။

“အိမ္နီးခ်င္းေကာင္းအေနနဲ႔ ဒါမ်ိဳးမလုပ္သင့္ဘူး” လို႔  ဦးေဇာ္ေဌးက ေျပာပါတယ္။

ႏွစ္ဖက္ညႇိႏႈိင္းလို႔ မရတဲ့အတြက္ တ႐ုတ္အစိုးရ ကိုယ္စားလွယ္ကို သက္ေသထားၿပီး သုံးပြင့္ဆိုင္ ညႇိႏႈိင္းေနရတယ္လို႔လည္း ဦးေဇာ္ေဌးက ရွင္းျပပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ICJ အမှုကလွဲပြီး ICC နဲ့ အာဂျင်တီးနားအမှုကို မြန်မာဖြေရှင်းမည်မဟုတ်

နယ်သာလန်နိုင်ငံ သဟိတ်မြို့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်

မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနားနိုင်ငံ (international jurisdiction) သုံးခုနဲ့ တရားစွဲဆိုထားပေမယ့် အစိုးရက ICJ တစ်ခုတည်းကိုပဲ နိုင်ငံတကာဥပဒေလမ်းကြောင်းအရ ဖြေရှင်းဖို့စီစဉ်နေတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ ခုနစ်သိန်းကျော်ကို မောင်းထုတ်ခဲ့မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ ရိုဟင်ဂျာဖြစ်တည်မှုကို ခြိမ်းခြောက်မှု စတဲ့ စွဲဆိုချက်တွေနဲ့ ICC၊ ICJ၊ အာဂျင်တီးနားတရားရုံး သုံးခုမှာ မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင်၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ၂ ဦးနဲ့ လက်ရှိသမ္မတတို့ကိုပါ စွဲဆိုထားကြတာပါ။



ICC မှာတော့ ဘင်္ဂလားဒေ့ရှ်က တရားလိုပြုလုပ် တိုင်တန်းထားတာဖြစ်ပါတယ်။ ICJ မှာတော့ အစ္စလာမ်မစ် နိုင်ငံပေါင်း ၅၇ နိုင်ငံရဲ့ ထောက်ခံချက်နဲ့ ဂမ်ဘီယာနိုင်ငံက ဦးဆောင်ပြီးတော့ စွဲဆိုထားတာပါ။ အာဂျင်တီးနားမှာတော့ ရိုဟင်ဂျာလူ့အခွင့်ရေးအဖွဲ့နဲ့ သောမတ်စ် အိုဟေး ကင်တားနားတို့ ဦးဆောင်ပြီးတော့ စွဲဆိုထားတာဖြစ်ပါတယ်။

ICC နဲ့ပတ်သတ်ပြီးတော့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက မြန်မာဟာ Rome Statue ကို လက်မှတ်ရေးထိုးထားတာ မဟုတ်လို့၊ လက်ခံတဲ့အကြောင်း အရင်က ထုတ်ပြန်တဲ့သဘောထားအတိုင်းပဲ ဖြေရှင်းမှာမဟုတ်ဘူးလို့ ဖြေပါတယ်။ ICJ အမှုကိုတော့ မြန်မာနိုင်ငံ နိုင်ငံတကာ ဥပဒေနဲ့ အညီတုံံ့ပြန်သွားဖို့ စီစဉ်နေကြောင်းဖြေပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ဂမ်ဘီယာက ဦးဆောင်စွဲဆိုတဲ့ ICJ က အမှု ကိစ္စကို တုံ့ပြန်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဘယ်လိုနည်းနဲ့ ဖြေရှင်းဖို့ ရှိတယ်ဆိုတာ ကျယ်ပြန့်လွန်းတဲ့အတွက် အသေးစိတ် မပြောဆိုလိုကြောင်းပြောပါတယ်။

“အာဂျင်တီးနားကိစ္စကို အထူးတလည် ဖြေရှင်းဖို့မရှိပါဘူး။ ဒါက အချုပ်အခြာကို ထိတဲ့ ကိစ္စဖြစ်ပါတယ်။ (ကိုယ်စားလှယ်လွှတ်) ရင်ဆိုင်ဖို့လည်း မရှိပါဘူး” လို့ ဦးဇော်ဌေးက RFA ရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

ဒီအမှုသုံးခုလုံးအတွက် ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေ ငှားရမ်းပြီးတော့၊ ကိုယ်စားလှယ်လွှတ်ဖြေရှင်းဖို့ ရှိ၊ မရှိမေးမြန်းချက်ကို ပြန်လည်ဖြေဆိုခဲ့တာပါ။ ဒါ့အပြင် ဦးဇော်ဌေးက မွတ်စလင်ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကနေ နေရပ်ပြန်လာရေးကိစ္စမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝမရှိဘူးလို့ ပြစ်တင်ပါတယ်။ ပူးပေါင်းမယ့်အစား မြန်မာကို ICC နဲ့ ICJ ရင်ဆိုင်ရအောင် ရည်ရွယ်ချက်ရှိရှိ တွန်းပို့နေတယ်လို့လည်း ဆိုပါတယ်။

“အိမ်နီးချင်းကောင်းအနေနဲ့ ဒါမျိုးမလုပ်သင့်ဘူး” လို့  ဦးဇော်ဌေးက ပြောပါတယ်။

နှစ်ဖက်ညှိနှိုင်းလို့ မရတဲ့အတွက် တရုတ်အစိုးရ ကိုယ်စားလှယ်ကို သက်သေထားပြီး သုံးပွင့်ဆိုင် ညှိနှိုင်းနေရတယ်လို့လည်း ဦးဇော်ဌေးက ရှင်းပြပါတယ်။

RFA Burmese
https://www.rfa.org
ICJ အမႈကလြဲၿပီး ICC နဲ႔ အာဂ်င္တီးနားအမႈကို ျမန္မာေျဖရွင္းမည္မဟုတ္ ICJ အမႈကလြဲၿပီး ICC နဲ႔ အာဂ်င္တီးနားအမႈကို ျမန္မာေျဖရွင္းမည္မဟုတ္ Reviewed by THITHTOOLWIN on 00:38 Rating: 5
Powered by Blogger.