ဧရာ၀တီကမ္းလြန္မွာ ICE မူးယစ္ေဆး ထပ္မံေတြ႔ရွိ

ဧရာ၀တီကမ္းလြန္မွာ ICE မူးယစ္ေဆး ထပ္မံေတြ႔ရွိ (Ministry of Home Affairs, Myanmar)

(Zawgyi/Unicode)

ဧရာ၀တီတုိင္း၊ ဟိုင္းၾကီးကြ်န္းၿမိဳ႔နယ္ ကမ္းလြန္ပင္လယ္ျပင္မွာ ICE မူးယစ္ေဆး၀ါးေတြကုိ ထပ္မံေတြ႔ရွိခဲ့တဲ့အတြက္ ေဒသခံ ရဲတပ္ဖဲြ႔က စုံစမ္းစစ္ေဆးေနပါတယ္။ ဒါဟာဆုိရင္ ဧရာ၀တီတုိင္း ကမ္းလြန္ပင္လယ္ျပင္မွာ ICE မူးယစ္ေဆး၀ါးေတြ ဒုတိယအႀကိမ္ ဖမ္းဆီးမိခဲ့တာပါ။

ျမန္မာ့ပင္လယ္ျပင္မွာ ပုိင္ရွင္မဲ့ မူးယစ္ေဆးေတြ မၾကာခဏ ဖမ္းဆီးမိေနတဲ့ ေနာက္ဆုံး အေျခအေနနဲ႔ ပတ္သက္လုိ႔ ဆက္သြယ္စုံစမ္းထားတဲ့ ဗြီအုိေအျမန္မာပိုင္း သတင္းေထာက္ ကိုမုိးေဇာ္က အျပည့္အစုံ ေျပာျပေပးမွာ ျဖစ္ပါတယ္။

ျမန္မာျပည္အႏွံအျပားမွာ ဘိန္း၊ ဘိန္းျဖဴ။ စိတ္ၾကြေဆးျပားစတဲ့ မူးယစ္ေဆးေတြကို ေန႔စဥ္ရက္ဆက္ဆိုသလို ဖမ္းဆီးရမိတာ၊ ပိုင္ရွင္မဲ့ သိမ္းဆည္းရမိတာေတြ ရိွခဲ့ရာက ၿပီးခဲ့တဲ့ေအာက္တုိဘာလ အတြင္းမွာဆုိရင္ ျမန္မာ့ ပင္လယ္ျပင္အတြင္းကပါ ပိုင္ရွင္မဲ့ သိမ္းဆည္းရမိတာေတြ ရိွလာခဲ့ပါတယ္။

ဒီရက္ပိုင္းအတြင္းမွာေတာ့ ဧရာ၀တီတုိင္းေဒသၾကီး ဟိုင္းၾကီးကြ်န္းၿမိဳ႔နယ္အတြင္းမွာ Ice လို႔ခဲ့တဲ့ မူးယစ္ေဆး၀ါး ပံုေဆာင္ခဲေတြကို ေရထဲမွာ ေမ်ာပါလာတဲ့ ပီနန္အိတ္ေတြထဲကေန သိမ္းဆည္းရမိတာေတြ ရိွခဲ့ပါတယ္။

ဒီလို သိမ္းဆည္းရမိတဲ့အေျခအေနကို ဟိုင္းၾကီးကြ်န္းၿမိဳ႔နယ္ ၿမိဳ႔နယ္အုပ္ခ်ဳပ္ေရးမႈးက အခုလုိ ေျပာပါတယ္။

“ ပင္လယ္ထဲမွာ ေမ်ာလာတာပါ။ ကံခ်ိဳင္ရြာက ငါးေျခာက္ေတြဘာေတြလုပ္တဲ့ စက္ေလွတစ္စီးကေနၿပီးေတာ့ ငါးေျခာက္၀ယ္ဖုိ႔ သြားရင္းနဲ႔ အဲဟိုလိပ္ကြ်န္းနဲ႔ဆုိ ၇မိုင္ေလာက္ေတာ့ ကြာမွာေပါ့။ သူက ပီနန္အိတ္နဲ႔ အထုပ္တစ္ထုပ္ေတြ႔လို႔ ဆယ္ၿပီးၾကည့္လုိက္ေတာ့ အထဲမွာ ေက်ာက္ခ်ဥ္လိုလိုဘာလုိဆုိၿပီးေတာ့ သူတုိ႔ကေတာ့ ယူဆၾကတာေပါ့။ သူတုိ႔ကလည္း ဘုမသိ ဘမသိနဲ႔ ဆယ္လာလုိက္တယ္။ ဒီေရာက္ေတာ့ လူၾကီးသူမေတြ ျပတဲ့အခါက်ေတာ့ ဒါ ေက်ာက္ခ်ဥ္မဟုတ္ဘူး။ တစ္ခုခုျဖစ္ႏိုင္တယ္ဆုိၿပီးေတာ့ အုပ္ခ်ဳပ္ေရးမႈးကို အပ္တယ္။ အုပ္ခ်ဳပ္ေရးမႈးကေန တဆင့္ ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔ကို အပ္တာေပါ့။ အဲဒါကေတာ့ ၂၉- ၃၀ ေလာက္ကေပါ့။ အဂၤလိပ္စာတန္းနဲ႔ အထုပ္ေတြပါတယ္။ တရုတ္စာတမ္းနဲ႔ အထုပ္ပါတယ္။”

ျပည္ထဲေရး၀န္ၾကီးဌာန သတင္းစာမ်က္ႏွာမွာေတာ့ ေအာက္တိုဘာလ ၂၉ရက္ေန႔က ဟိုင္းႀကီးကြၽန္း ၿမိဳ႕ရဲ့ အေနာက္ေတာင္ဘက္ ေရမိုင္ ၁၆.၅ မိုင္ခန႔္အကြာ ပင္လယ္ျပင္မွာ ေမ်ာပါေနတဲ့ ဆာလာ အိတ္ ၁ လုံး အတြင္းကေန Guan Yin Wang Refined Chinese Tea/တ႐ုတ္ စာတမ္းပါ အစိမ္းေရာင္ ပလပ္စတစ္အိတ္ ၁၉ အိတ္နဲ႔ ထည့္ထားတဲ့ ICE ၁၉ ကီလိုကို ငပုေတာၿမိဳ႔နယ္ ဘန႔္ေဘြး ေက်း႐ြာသား ၃ဦးက ေတြ႕ရွိခဲ့ၿပီး ကံခ်ိဳင္ေက်း႐ြာ အုပ္ခ်ဳပ္ ေရးမႉး ဦးထံ အပ္ႏွံခဲ့ေၾကာင္းနဲ႔ ဟိုင္းႀကီးကြၽန္းနယ္ေျမရဲစခန္းမွာ မူးယစ္ဥပေဒအရ အမႈဖြင့္စုံစမ္းလ်က္ ရွိေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ဒီကေန႔ ေန႔ခင္းပိုင္းကလည္းေအာက္တိုဘာ ၃၁ရက္ေန႔က ငပုေတာၿမိဳ႔နယ္ ျမတ္ေမာ္တင္ရြာသားတစ္ဦးက ေက်ာက္ခ်ိဳင္ရြာ ပင္လယ္ကမ္းစပ္မွာ ၾကြပ္ၾကြပ္အိတ္တစ္ထုပ္ေတြ႔လုိ႔ ျမတ္ေမာ္တင္ေက်းရြာအုပ္ခ်ဳပ္ေရးမႈးထံ အပ္ႏွံခဲ့ေၾကာင္းနဲ႔ Guan Yin Wang Refined Chinese Tea/တ႐ုတ္ စာတမ္းပါ အစိမ္းေရာင္ ပလပ္စတစ္အိတ္ ၂အိတ္အတြင္းက ICE ၂ကီလိုဂရ္ေတြ႔ရိွၿပီး ဟိုင္းၾကီးကြ်န္းနယ္ေျမရဲစခန္းမွာပဲအမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း ျပည္ထဲေရး၀န္ၾကီးဌာန သတင္းစာမ်က္ႏွာမွာ ေဖာ္ျပပါတယ္။

ဒီလ ၁၆ရက္ေန႔ကေတာ့ ဖ်ာပံုၿမိဳ႔နယ္ အေရွ႔ဖ်ားေက်းရြာနဲ႔ ေရမိုင္ ၁၅မိုင္အကြာ ပင္လယ္ျပင္ကေန ဆာလာအိတ္ ၂၃အိတ္အတြင္းက Guan Yin Wang စာသားပါ ပလပ္ စတစ္အထုပ္ငယ္ ၆၅၅ အိတ္ျဖင့္ထည့္လ်က္ ICE ၆၄၉ ကီလိုဂရမ္ သိမ္းဆည္းရမိၿပီး အမာနယ္ေျမရဲစခန္းမွာ အမႈဖြင့္ထားပါတယ္။

ဖ်ာပံုၿမိဳ႔နယ္အတြင္းသိမ္းဆည္းရမိခဲ့တာနဲ႔ပတ္သက္လုိ႔ ဖ်ာပံုၿမိဳ႔နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦး ၀င္းထြဋ္က

“ ဒါနဲ႔ ပတ္သက္လုိ႔ က်ေနာ္တုိ႔က ေတာ္ေတာ္ေလး ေျပာရခက္တယ္။ စံုစမ္းေနဆဲပဲ ျဖစ္ပါတယ္။ က်ေနာ္တုိ႔ ကိုယ္ႏိႈက္လည္း ဒီဟာရဲ့ အရင္းအျမစ္ကို ခုခ်ိန္ထိ မသိႏိုင္ေသးပါဘူး။ မသိႏိုင္ဘူးဆုိတာက ပင္လယ္ထဲမွာ ေမ်ာလာတယ္ဆုိတာက ဥပမာ ေလွ၊ သေဘၤာေမွာက္လုိ႔ပဲ ေမ်ာတာလား။ ပင္လယ္ထဲကို ပစ္ခ်ခဲ့လုိ႔ပဲ ေမ်ာေနတာလား။ ဒါလည္း မသဲကြဲဘူးဗ်။ က်ေနာ္အေနနဲ႔လည္း ဒါနဲ႔ပတ္သက္တဲ့ဟာကို ေဖာ္ျပပါ သတင္းေပါ့။ အားလံုး သိထားတဲ့သတင္းေလာက္ပဲ သိရေသးတယ္။ ဒါေတြနဲ႔ပတ္သက္လုိ႔ကေတာ့ အေသးစိတ္ကေတာ့ မူးယစ္က လုပ္မွာ ျဖစ္ပါတယ္။ ”

ပင္လယ္ျပင္မွာ မူးယစ္ေဆးေတြ ေတြ႔ရိွတာဟာ ဧရာ၀တီတုိင္းအတြင္းမွာသာမက ေအာက္တုိဘာလ ၂၀ရက္ေန႔ကလည္း တနသၤာရီတုိင္းေဒသၾကီး ေရးၿမိဳ႔နယ္ ပင္လယ္ကမ္းစပ္မွာ Ice ၆ကီလို ဂရမ္ သိမ္းဆည္းရမိခဲ့ပါတယ္။

ပင္လယ္ျပင္မွာ အခုလုိ မူးယစ္ေဆးေတြ ေတြ႔ရိွတာနဲ႔ပတ္သက္လို႔ ဟိုင္းၾကီးကြ်န္း၊ ဖ်ာပံု၊ ပုသိမ္ရဲတပ္ဖဲြ႔ရံုးေတြနဲ႔ ေနျပည္ေတာ္ မူးယစ္(ဗဟုိ) ရံုးကို ဆက္သြယ္ခဲ့ေပမဲ့ ေျပာေရးဆုိခြင့္ရိွသူနဲ႔ အဆက္အသြယ္မရခဲ့ပါဘူး။

ဒီႏွစ္ မတ္လ ၂၄ရက္ေန႔က တနသၤလာရီတုိင္းေဒသၾကီး ေကာ့ေသာင္းၿမိဳ႔အနီး ပင္လယ္ျပင္မွာ စက္ေလွတစ္စင္းေပၚကေန Ice ကီလိုဂရမ္ ၁၇၀၀ေက်ာ္ ကို ေလွေပၚပါသူ ၇ဦးနဲ႔အတူ ေရတပ္ကေန ဖမ္းဆီးရမိခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးကေန သတင္းထုတ္ျပန္ခဲ့ပါတယ္။

.............

ဧရာဝတီကမ်းလွန်မှာ ICE မူးယစ်ဆေး ထပ်မံတွေ့ရှိ

(Unicode)

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နယ် ကမ်းလွန်ပင်လယ်ပြင်မှာ ICE မူးယစ်ဆေးဝါးတွေကို ထပ်မံတွေ့ရှိခဲ့တဲ့အတွက် ဒေသခံ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ ဒါဟာဆိုရင် ဧရာဝတီတိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ICE မူးယစ်ဆေးဝါးတွေ ဒုတိယအကြိမ် ဖမ်းဆီးမိခဲ့တာပါ။ မြန်မာ့ပင်လယ်ပြင်မှာ ပိုင်ရှင်မဲ့ မူးယစ်ဆေးတွေ မကြာခဏ ဖမ်းဆီးမိနေတဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က အပြည့်အစုံ ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာပြည်အနှံအပြားမှာ ဘိန်း၊ ဘိန်းဖြူ။ စိတ်ကြွဆေးပြားစတဲ့ မူးယစ်ဆေးတွေကို နေ့စဉ်ရက်ဆက်ဆိုသလို ဖမ်းဆီးရမိတာ၊ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိတာတွေ ရှိခဲ့ရာက ပြီးခဲ့တဲ့အောက်တိုဘာလ အတွင်းမှာဆိုရင် မြန်မာ့ ပင်လယ်ပြင်အတွင်းကပါ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိတာတွေ ရှိလာခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းမှာ Ice လို့ခဲ့တဲ့ မူးယစ်ဆေးဝါး ပုံဆောင်ခဲတွေကို ရေထဲမှာ မျောပါလာတဲ့ ပီနန်အိတ်တွေထဲကနေ သိမ်းဆည်းရမိတာတွေ ရှိခဲ့ပါတယ်။

ဒီလို သိမ်းဆည်းရမိတဲ့အခြေအနေကို ဟိုင်းကြီးကျွန်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှုးက အခုလို ပြောပါတယ်။

“ ပင်လယ်ထဲမှာ မျောလာတာပါ။ ကံချိုင်ရွာက ငါးခြောက်တွေဘာတွေလုပ်တဲ့ စက်လှေတစ်စီးကနေပြီးတော့ ငါးခြောက်ဝယ်ဖို့ သွားရင်းနဲ့ အဲဟိုလိပ်ကျွန်းနဲ့ဆို ၇မိုင်လောက်တော့ ကွာမှာပေါ့။ သူက ပီနန်အိတ်နဲ့ အထုပ်တစ်ထုပ်တွေ့လို့ ဆယ်ပြီးကြည့်လိုက်တော့ အထဲမှာ ကျောက်ချဉ်လိုလိုဘာလိုဆိုပြီးတော့ သူတို့ကတော့ ယူဆကြတာပေါ့။ သူတို့ကလည်း ဘုမသိ ဘမသိနဲ့ ဆယ်လာလိုက်တယ်။ ဒီရောက်တော့ လူကြီးသူမတွေ ပြတဲ့အခါကျတော့ ဒါ ကျောက်ချဉ်မဟုတ်ဘူး။ တစ်ခုခုဖြစ်နိုင်တယ်ဆိုပြီးတော့ အုပ်ချုပ်ရေးမှုးကို အပ်တယ်။ အုပ်ချုပ်ရေးမှုးကနေ တဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အပ်တာပေါ့။ အဲဒါကတော့ ၂၉- ၃၀ လောက်ကပေါ့။ အင်္ဂလိပ်စာတန်းနဲ့ အထုပ်တွေပါတယ်။ တရုတ်စာတမ်းနဲ့ အထုပ်ပါတယ်။”

ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာမျက်နှာမှာတော့ အောက်တိုဘာလ ၂၉ရက်နေ့က ဟိုင်းကြီးကျွန်း မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၆.၅ မိုင်ခန့်အကွာ ပင်လယ်ပြင်မှာ မျောပါနေတဲ့ ဆာလာ အိတ် ၁ လုံး အတွင်းကနေ Guan Yin Wang Refined Chinese Tea/တရုတ် စာတမ်းပါ အစိမ်းရောင် ပလပ်စတစ်အိတ် ၁၉ အိတ်နဲ့ ထည့်ထားတဲ့ ICE ၁၉ ကီလိုကို ငပုတောမြို့နယ် ဘန့်ဘွေး ကျေးရွာသား ၃ဦးက တွေ့ရှိခဲ့ပြီး ကံချိုင်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးထံ အပ်နှံခဲ့ကြောင်းနဲ့ ဟိုင်းကြီးကျွန်းနယ်မြေရဲစခန်းမှာ မူးယစ်ဥပဒေအရ အမှုဖွင့်စုံစမ်းလျက် ရှိကြောင်း ဖော်ပြခဲ့ပါတယ်။

ဒီကနေ့ နေ့ခင်းပိုင်းကလည်းအောက်တိုဘာ ၃၁ရက်နေ့က ငပုတောမြို့နယ် မြတ်မော်တင်ရွာသားတစ်ဦးက ကျောက်ချိုင်ရွာ ပင်လယ်ကမ်းစပ်မှာ ကြွပ်ကြွပ်အိတ်တစ်ထုပ်တွေ့လို့ မြတ်မော်တင်ကျေးရွာအုပ်ချုပ်ရေးမှုးထံ အပ်နှံခဲ့ကြောင်းနဲ့ Guan Yin Wang Refined Chinese Tea/တရုတ် စာတမ်းပါ အစိမ်းရောင် ပလပ်စတစ်အိတ် ၂အိတ်အတွင်းက ICE ၂ကီလိုဂရ်တွေ့ရှိပြီး ဟိုင်းကြီးကျွန်းနယ်မြေရဲစခန်းမှာပဲအမှုဖွင့်ဆောင်ရွက်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာမျက်နှာမှာ ဖော်ပြပါတယ်။

ဒီလ ၁၆ရက်နေ့ကတော့ ဖျာပုံမြို့နယ် အရှေ့ဖျားကျေးရွာနဲ့ ရေမိုင် ၁၅မိုင်အကွာ ပင်လယ်ပြင်ကနေ ဆာလာအိတ် ၂၃အိတ်အတွင်းက Guan Yin Wang စာသားပါ ပလပ် စတစ်အထုပ်ငယ် ၆၅၅ အိတ်ဖြင့်ထည့်လျက် ICE ၆၄၉ ကီလိုဂရမ် သိမ်းဆည်းရမိပြီး အမာနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ဖျာပုံမြို့နယ်အတွင်းသိမ်းဆည်းရမိခဲ့တာနဲ့ပတ်သက်လို့ ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဝင်းထွဋ်က

“ ဒါနဲ့ ပတ်သက်လို့ ကျနော်တို့က တော်တော်လေး ပြောရခက်တယ်။ စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။ ကျနော်တို့ ကိုယ်နှိုက်လည်း ဒီဟာရဲ့ အရင်းအမြစ်ကို ခုချိန်ထိ မသိနိုင်သေးပါဘူး။ မသိနိုင်ဘူးဆိုတာက ပင်လယ်ထဲမှာ မျောလာတယ်ဆိုတာက ဥပမာ လှေ၊ သင်္ဘောမှောက်လို့ပဲ မျောတာလား။ ပင်လယ်ထဲကို ပစ်ချခဲ့လို့ပဲ မျောနေတာလား။ ဒါလည်း မသဲကွဲဘူးဗျ။ ကျနော်အနေနဲ့လည်း ဒါနဲ့ပတ်သက်တဲ့ဟာကို ဖော်ပြပါ သတင်းပေါ့။ အားလုံး သိထားတဲ့သတင်းလောက်ပဲ သိရသေးတယ်။ ဒါတွေနဲ့ပတ်သက်လို့ကတော့ အသေးစိတ်ကတော့ မူးယစ်က လုပ်မှာ ဖြစ်ပါတယ်။ ”

ပင်လယ်ပြင်မှာ မူးယစ်ဆေးတွေ တွေ့ရှိတာဟာ ဧရာဝတီတိုင်းအတွင်းမှာသာမက အောက်တိုဘာလ ၂၀ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး ရေးမြို့နယ် ပင်လယ်ကမ်းစပ်မှာ Ice ၆ကီလို ဂရမ် သိမ်းဆည်းရမိခဲ့ပါတယ်။

ပင်လယ်ပြင်မှာ အခုလို မူးယစ်ဆေးတွေ တွေ့ရှိတာနဲ့ပတ်သက်လို့ ဟိုင်းကြီးကျွန်း၊ ဖျာပုံ၊ ပုသိမ်ရဲတပ်ဖွဲ့ရုံးတွေနဲ့ နေပြည်တော် မူးယစ်(ဗဟို) ရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

ဒီနှစ် မတ်လ ၂၄ရက်နေ့က တနင်္သလာရီတိုင်းဒေသကြီး ကော့သောင်းမြို့အနီး ပင်လယ်ပြင်မှာ စက်လှေတစ်စင်းပေါ်ကနေ Ice ကီလိုဂရမ် ၁၇၀၀ကျော် ကို လှေပေါ်ပါသူ ၇ဦးနဲ့အတူ ရေတပ်ကနေ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုမိုးေဇာ္  / VOA Burmese
https://burmese.voanews.com
ဧရာ၀တီကမ္းလြန္မွာ ICE မူးယစ္ေဆး ထပ္မံေတြ႔ရွိ ဧရာ၀တီကမ္းလြန္မွာ ICE မူးယစ္ေဆး ထပ္မံေတြ႔ရွိ Reviewed by THITHTOOLWIN on 20:20 Rating: 5
Powered by Blogger.