ေမြးရာပါအမွတ္ေတြအေၾကာင္း သိထားသင့္သမွ်

(Zawgyi)⤵⤵⤵
ကေလးမွာေမြးရာပါအမွတ္ေလးပါလာတယ္ေနာ္။ လူဝင္စားတာထင္တယ္ဆိုတဲ့ အေလ့အထ ျမန္မာလူမ်ိဳးေတြမွာရွိပါတယ္။ ဒီအမွတ္ေလးေတြအေၾကာင္းနဲ႔ ပတ္သက္လို႔ ဒါ့ထက္ပိုမသိခ်င္ဘူးလား။ အမွတ္ကေလးေတြအေၾကာင္း ေသေသခ်ာခ်ာသိခ်င္ရင္ ဒီေဆာင္းပါးေလးထဲမွာဖတ္ၾကည့္ေပးပါေနာ္။

ေမြးရာပါအမွတ္ဆိုတာဘာမ်ားလဲ………..
ေမြးရာပါအမွတ္ဆိုတာ ေမေမ့ဗိုက္ထဲက ေမြးလာကတည္းက ေဘဘီေလးရဲ႕ ခႏၶာကိုယ္မွာပါလာတဲ့ ပုံမွန္ အသားအေရာင္မဟုတ္တဲ့ အရာေလးေတြပါ။ အခ်ိဳ႕အမွတ္ကေလးေတြကေတာ့ ေမြးဖြားၿပီးေနာက္ သိပ္မၾကာခင္မွာ ျဖစ္လာတတ္ၾကပါတယ္။ အမွတ္ေတြက အေရာင္အမ်ိဳးမ်ိဳးနဲ႔ျဖစ္ႏိုင္သလို ပုံစံကလည္း အမ်ိဳးမ်ိဳးျဖစ္ႏိုင္ပါတယ္။ အခ်ိဳ႕အမွတ္ေလးေတြက ေဘဘီေလး အသက္အ႐ြယ္ႀကီးလာတာနဲ႔အမွ် ႀကီးလာတတ္ၾကၿပီး အခ်ိဳ႕အမွတ္ေလးေတြကေတာ့ ပုံစံမေျပာင္းဘဲရွိေနတတ္ပါတယ္။

ဘာေၾကာင့္အမွတ္ျဖစ္ရတာလဲ……
အခုခ်ိန္ထိ အမွတ္ျဖစ္ရတဲ့ အေၾကာင္းအရင္းကို ေသေသခ်ာခ်ာ မသိရေသးပါဘူး။ လူေတာ္ေတာ္မ်ားမ်ား ထင္ေနသလိုမ်ိဳး အမွတ္ေတြက မိဘမ်ိဳး႐ိုးေၾကာင့္ ျဖစ္တာမဟုတ္ပါဘူး။ အမွတ္နဲ႔ပတ္သက္ၿပီး အယူအဆ အမ်ိဳးမ်ိဳးေတြရွိေနေပမယ့္လည္း အခုခ်ိန္ထိ ဘယ္အခ်က္က မွန္လဲဆိုတာကို တိတိက်က် သက္ေသအေထာက္အထား ျပႏိုင္တာမ်ိဳး မရွိေသးပါဘူး။

အမွတ္ေၾကာင့္ ေနာက္ဆက္တြဲက်န္းမာေရးျပႆနာေတြျဖစ္လာႏိုင္လား……..
အမွတ္အမ်ားစုကေတာ့ က်န္းမာေရးျပႆနာမျဖစ္ေစႏိုင္ပါဘူး။ အခ်ိဳ႕အမွတ္ေတြဆို အ႐ြယ္ေရာက္လာတာနဲ႔အမွ် သူ႔အလိုလိုေပ်ာက္သြားတတ္ၾကပါတယ္။ ဒါေပမယ့္ အမွတ္တိုင္းက ေနာက္ဆက္တြဲက်န္းမာေရးျပႆနာမရွိႏိုင္တာေတာ့မဟုတ္ပါဘူး။ အခ်ိဳ႕ဆံခ်ည္မွ်င္ေသြးေၾကာေလးေတြပါဝင္ေနတဲ့ အမွတ္ေတြဆိုရင္ မအီမသာျဖစ္တာမ်ိဳး၊ ထိမိရင္ေသြးထြက္တာကေနတဆင့္ အနာျဖစ္ၿပီးပိုးဝင္တာနဲ႔ ေနာက္ဆက္တြဲက်န္းမာေရးျပႆနာေတြျဖစ္တာမ်ိဳးခံစားရႏိုင္ပါတယ္။

ဘယ္လိုအေျခအေနမ်ိဳးမွာ ကုသမႈခံယူဖို႔လိုမလဲ……….
အမွတ္ကသူ႔အလိုလိုေပ်ာက္သြားတာမ်ိဳးမဟုတ္ဘဲ အခုလိုအေနအထားမ်ိဳးေတြျဖစ္လာမယ္ဆိုရင္ ကုသမႈအျမန္ဆုံးခံယူေစခ်င္ပါတယ္။

အမွတ္က ပုံစံေျပာင္းလာမယ္ဆိုရင္
တျဖည္းျဖည္းႀကီးလာမယ္
မအီမသာျဖစ္မယ္ (အမွတ္ေနရာက နာတာမ်ိဳးျဖစ္မယ္)
မ်က္ခြံေပၚမွာျဖစ္မယ္ (အမွတ္ကလည္းတျဖည္းျဖည္းႀကီးလာမယ္)
အမွတ္ေၾကာင့္ မ်က္လုံး၊ ဦးေႏွာက္နဲ႔အ ေရျပားကေသြးေၾကာေလးေတြကို ထိခိုက္မႈရွိလာမယ္ဆိုရင္ေတာ့ ခ်က္ခ်င္းကုသမႈခံယူဖို႔လိုပါမယ္။

ဘယ္လိုကုထုံးေတြရွိလဲ…………….
ေမြးရာပါအမွတ္ေတြအတြက္ ကုထုံးေတြက တစ္ခုမကရွိေနႏိုင္ပါတယ္။ တကယ္လို႔ အမွတ္က အျမင္အာ႐ုံ၊ စားတာေသာက္တာ၊ အၾကားအာ႐ုံ နဲ႔ အျခားဆိုးဆိုး႐ြား႐ြား ထိခိုက္ေစတာမ်ိဳးမရွိရင္ ဒါမွမဟုတ္ က်န္းမာေရးျပႆနာတစ္ခုခုမျဖစ္ဘူးဆိုရင္ ဒီအတိုင္းထားလိုက္တာက အဆင္အေျပဆုံးပါ။ ေနာက္ဆက္တြဲျပႆနာေတြရွိလာမယ္။ ၾကည့္ရဆိုးမယ္ဆိုရင္ အခုလိုကုထုံးေတြကို သုံးၿပီး ေမြးရာပါအမွတ္ေတြကို ကုသလို႔ရပါတယ္။ အမွတ္အမ်ိဳးအစား၊ အ႐ြယ္အစားနဲ႔ ျဖစ္တဲ့ေနရာကိုလိုက္ၿပီးေတာ့ေတာ့ ကုထုံးအမ်ိဳးအစားကြာျခားႏိုင္ပါတယ္။
ေဆးေသာက္တဲ့ကုထုံး– အမွတ္ကို ထပ္ပြားမလာေစဖို႔ အေကာင္းဆုံးေထာက္ပံ့ေပးႏိုင္ပါတယ္။ ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္း ေဆးကို ပုံမွန္ေသာက္ေပး႐ုံပါ။ ဆရာဝန္က အမွတ္အေနအထားကို ၾကည့္ၿပီး ေပးတဲ့ ေဆးအမ်ိဳးအစားကေတာ့ ကြာျခားမႈရွိႏိုင္ပါတယ္။
ေဆးထိုးတဲ့ကုထုံး – ေဆးထိုးၿပီး အမွတ္ထပ္ပြားမလာေအာင္လုပ္ေပးတာပါ။ ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္း ပုံမွန္ေဆးထိုးေပးဖို႔ေတာ့လိုပါမယ္။
ေလဆာကုထုံး– အေရျပားအေပၚယံလႊာမွာရွိတဲ့ အမွတ္ေတြကို အထိေရာက္ဆုံး ဖယ္ရွားကုသေပးႏိုင္တဲ့ နည္းလမ္းပါ။ အေပၚကနည္းလမ္းေတြနဲ႔ အဆင္မေျပဘူးဆိုရင္ ေလဆာေရာင္ျခည္ကိုသုံးၿပီး အမွတ္ေတြကိုဖယ္ရွားပါလိမ့္မယ္။
ခြဲစိတ္ကုထုံး – အျခားနည္းလမ္းေတြကို စမ္းၾကည့္ေပမယ့္ လုံးဝအဆင္မေျပဘူးဆိုခဲ့ရင္ေတာ့ ခြဲစိတ္ကုသမႈ နည္းလမ္းကို အသုံးျပဳၿပီး အမွတ္ကို ဖယ္ရွားပါလိမ့္မယ္။ ခြဲစိတ္ကုသဖို႔လိုမလားဆိုတာကိုေတာ့ ဆရာဝန္ကဆုံးျဖတ္ေပးပါလိမ့္မယ္။

ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
---------------
(Unicode)⤵⤵⤵
မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ

ကလေးမှာမွေးရာပါအမှတ်လေးပါလာတယ်နော်။ လူဝင်စားတာထင်တယ်ဆိုတဲ့ အလေ့အထ မြန်မာလူမျိုးတွေမှာရှိပါတယ်။ ဒီအမှတ်လေးတွေအကြောင်းနဲ့ ပတ်သက်လို့ ဒါ့ထက်ပိုမသိချင်ဘူးလား။ အမှတ်ကလေးတွေအကြောင်း သေသေချာချာသိချင်ရင် ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်ပေးပါနော်။

မွေးရာပါအမှတ်ဆိုတာဘာများလဲ………..
မွေးရာပါအမှတ်ဆိုတာ မေမေ့ဗိုက်ထဲက မွေးလာကတည်းက ဘေဘီလေးရဲ့ ခန္ဓာကိုယ်မှာပါလာတဲ့ ပုံမှန် အသားအရောင်မဟုတ်တဲ့ အရာလေးတွေပါ။ အချို့အမှတ်ကလေးတွေကတော့ မွေးဖွားပြီးနောက် သိပ်မကြာခင်မှာ ဖြစ်လာတတ်ကြပါတယ်။ အမှတ်တွေက အရောင်အမျိုးမျိုးနဲ့ဖြစ်နိုင်သလို ပုံစံကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အချို့အမှတ်လေးတွေက ဘေဘီလေး အသက်အရွယ်ကြီးလာတာနဲ့အမျှ ကြီးလာတတ်ကြပြီး အချို့အမှတ်လေးတွေကတော့ ပုံစံမပြောင်းဘဲရှိနေတတ်ပါတယ်။

ဘာကြောင့်အမှတ်ဖြစ်ရတာလဲ……
အခုချိန်ထိ အမှတ်ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိရသေးပါဘူး။ လူတော်တော်များများ ထင်နေသလိုမျိုး အမှတ်တွေက မိဘမျိုးရိုးကြောင့် ဖြစ်တာမဟုတ်ပါဘူး။ အမှတ်နဲ့ပတ်သက်ပြီး အယူအဆ အမျိုးမျိုးတွေရှိနေပေမယ့်လည်း အခုချိန်ထိ ဘယ်အချက်က မှန်လဲဆိုတာကို တိတိကျကျ သက်သေအထောက်အထား ပြနိုင်တာမျိုး မရှိသေးပါဘူး။

အမှတ်ကြောင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်လား……..
အမှတ်အများစုကတော့ ကျန်းမာရေးပြဿနာမဖြစ်စေနိုင်ပါဘူး။ အချို့အမှတ်တွေဆို အရွယ်ရောက်လာတာနဲ့အမျှ သူ့အလိုလိုပျောက်သွားတတ်ကြပါတယ်။ ဒါပေမယ့် အမှတ်တိုင်းက နောက်ဆက်တွဲကျန်းမာရေးပြဿနာမရှိနိုင်တာတော့မဟုတ်ပါဘူး။ အချို့ဆံချည်မျှင်သွေးကြောလေးတွေပါဝင်နေတဲ့ အမှတ်တွေဆိုရင် မအီမသာဖြစ်တာမျိုး၊ ထိမိရင်သွေးထွက်တာကနေတဆင့် အနာဖြစ်ပြီးပိုးဝင်တာနဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်တာမျိုးခံစားရနိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာ ကုသမှုခံယူဖို့လိုမလဲ……….
အမှတ်ကသူ့အလိုလိုပျောက်သွားတာမျိုးမဟုတ်ဘဲ အခုလိုအနေအထားမျိုးတွေဖြစ်လာမယ်ဆိုရင် ကုသမှုအမြန်ဆုံးခံယူစေချင်ပါတယ်။
အမှတ်က ပုံစံပြောင်းလာမယ်ဆိုရင်
တဖြည်းဖြည်းကြီးလာမယ်
မအီမသာဖြစ်မယ် (အမှတ်နေရာက နာတာမျိုးဖြစ်မယ်)
မျက်ခွံပေါ်မှာဖြစ်မယ် (အမှတ်ကလည်းတဖြည်းဖြည်းကြီးလာမယ်)
အမှတ်ကြောင့် မျက်လုံး၊ ဦးနှောက်နဲ့အ ရေပြားကသွေးကြောလေးတွေကို ထိခိုက်မှုရှိလာမယ်ဆိုရင်တော့ ချက်ချင်းကုသမှုခံယူဖို့လိုပါမယ်။

ဘယ်လိုကုထုံးတွေရှိလဲ…………….
မွေးရာပါအမှတ်တွေအတွက် ကုထုံးတွေက တစ်ခုမကရှိနေနိုင်ပါတယ်။ တကယ်လို့ အမှတ်က အမြင်အာရုံ၊ စားတာသောက်တာ၊ အကြားအာရုံ နဲ့ အခြားဆိုးဆိုးရွားရွား ထိခိုက်စေတာမျိုးမရှိရင် ဒါမှမဟုတ် ကျန်းမာရေးပြဿနာတစ်ခုခုမဖြစ်ဘူးဆိုရင် ဒီအတိုင်းထားလိုက်တာက အဆင်အပြေဆုံးပါ။ နောက်ဆက်တွဲပြဿနာတွေရှိလာမယ်။ ကြည့်ရဆိုးမယ်ဆိုရင် အခုလိုကုထုံးတွေကို သုံးပြီး မွေးရာပါအမှတ်တွေကို ကုသလို့ရပါတယ်။ အမှတ်အမျိုးအစား၊ အရွယ်အစားနဲ့ ဖြစ်တဲ့နေရာကိုလိုက်ပြီးတော့တော့ ကုထုံးအမျိုးအစားကွာခြားနိုင်ပါတယ်။
ဆေးသောက်တဲ့ကုထုံး– အမှတ်ကို ထပ်ပွားမလာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကို ပုံမှန်သောက်ပေးရုံပါ။ ဆရာဝန်က အမှတ်အနေအထားကို ကြည့်ပြီး ပေးတဲ့ ဆေးအမျိုးအစားကတော့ ကွာခြားမှုရှိနိုင်ပါတယ်။

ဆေးထိုးတဲ့ကုထုံး – ဆေးထိုးပြီး အမှတ်ထပ်ပွားမလာအောင်လုပ်ပေးတာပါ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပုံမှန်ဆေးထိုးပေးဖို့တော့လိုပါမယ်။

လေဆာကုထုံး– အရေပြားအပေါ်ယံလွှာမှာရှိတဲ့ အမှတ်တွေကို အထိရောက်ဆုံး ဖယ်ရှားကုသပေးနိုင်တဲ့ နည်းလမ်းပါ။ အပေါ်ကနည်းလမ်းတွေနဲ့ အဆင်မပြေဘူးဆိုရင် လေဆာရောင်ခြည်ကိုသုံးပြီး အမှတ်တွေကိုဖယ်ရှားပါလိမ့်မယ်။

ခွဲစိတ်ကုထုံး – အခြားနည်းလမ်းတွေကို စမ်းကြည့်ပေမယ့် လုံးဝအဆင်မပြေဘူးဆိုခဲ့ရင်တော့ ခွဲစိတ်ကုသမှု နည်းလမ်းကို အသုံးပြုပြီး အမှတ်ကို ဖယ်ရှားပါလိမ့်မယ်။ ခွဲစိတ်ကုသဖို့လိုမလားဆိုတာကိုတော့ ဆရာဝန်ကဆုံးဖြတ်ပေးပါလိမ့်မယ်။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ေမြးရာပါအမွတ္ေတြအေၾကာင္း သိထားသင့္သမွ် ေမြးရာပါအမွတ္ေတြအေၾကာင္း သိထားသင့္သမွ် Reviewed by THITHTOOLWIN on 02:10 Rating: 5
Powered by Blogger.