လားရႈိးတိုက္ခိုက္ခံရမႈ ေလယာဥ္ခရီးေတြ ဖ်က္သိမ္း

 ၾသဂုတ္လ တိုက္ခိုက္မႈေတြအၿပီး လားရႈိးၿမိဳ႕ေပၚမွာ ပ်ံဝဲေနတဲ့ ေလတပ္ Mi-35 ရဟတ္ယာဥ္တစ္စင္း
(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္ေျမာက္ပိုင္း လာရႈိးၿမိဳ႕မွာ ႏိုဝင္ဘာ ၁၆ ရက္ စေနေန႔ မနက္မွာ ေလဆိပ္ အပါအဝင္ လူေနအိမ္တခ်ိဳ႕ ေရွာ့ခ္တိုက္ဒုံးေတြနဲ႔ တိုက္ခိုက္ခံရတဲ့အတြက္ အမ်ိဳးသမီး တစ္ဦး ဒဏ္ရာ ရၿပီး အေဆာက္အအုံတခ်ိဳ႕ ပ်က္စီးသြားခဲ့တဲ့အျပင္ ေလဆိပ္အတက္အဆင္း ေလယာဥ္ခရီးစဥ္ေတြကိုလည္း ဖ်က္သိမ္းလိုက္ရပါတယ္။

မနက္ ၁၀ နာရီေက်ာ္ေလာက္မွာ လားရႈိးၿမိဳ႕ေပၚက ေလယာဥ္ကြင္း ေျပးလမ္းမေပၚနဲ႔ လူေနအိမ္တခ်ိဳ႕ေပၚကို ေရွာ့ခ္တိုက္ဒုံး ၇ လုံး နဲ႔ တိုက္ခိုက္ခံရတာ ျဖစ္ပါတယ္။

ဒီပစ္ခတ္မႈေတြေၾကာင့္ လားရႈိးေလဆိပ္ကိုလည္း ပိတ္ထားရၿပီး ၿမိဳ႕ေပၚမွာ လုံၿခဳံေရးတိုးခ်ထားပါတယ္။

အဲဒီပစ္ခတ္မႈကို လားရႈိးၿမိဳ႕ အေနာက္ဘက္ ၁ မိုင္ေက်ာ္ေလာက္က ျဗဳန္းေတာင္ဆိုတဲ့ ေနရာကေန လုပ္ခဲ့တာျဖစ္ၿပီး က်ေရာက္ခဲ့တဲ့ ေရွာ့ခ္တိုက္ဒုံး ၇ လုံးမွာ ၃ လုံး ေပါက္ကြဲခဲ့ပါတယ္။

ဒီေပါက္ကြဲမႈေၾကာင့္ ေနအိမ္ထဲမွာ ေနတဲ့ အမ်ိဳးသမီး ၁ ဦး ထိခိုက္ဒဏ္ရခဲ့သလို ေနအိမ္အမိုး၊ ၿခံဝင္းနဲ႔ ကားတစ္စီး ထိခိုက္ပ်က္စီးခဲ့ပါတယ္။

နယ္ေျမခံတပ္ရင္းနားကို က်ခဲ့တဲ့ ဒုံး၂ လုံးက လုံးဝမကြဲခဲ့သလို က်န္တဲ့ ၁ လုံးကိုလည္း ရွာမေတြ႕ေသးဘူးလို႔ ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕ ဒုတိယရဲမႉးႀကီး ဗညားဦးက ေျပာပါတယ္။

"ပစ္တဲ့ေနရာမွာေတာ့ မကြဲတဲ့ ဒုံးႏွစ္လုံး၊ ကြဲတာကေတာ့ သုံးေနရာေပါ့။ လုံးဝကြဲတာ။ ေခါင္းပဲကြဲတာ တစ္ေနရာ။ ရွာမေတြ႕တာက တစ္လုံး။ လုံးဝမကြဲတာက တစ္လုံး။ အားလုံးေပါင္း ခုနစ္လုံး" လို႔ ဒုတိယရဲမႉးႀကီး ဗညားဦးက ေျပာပါတယ္။

ဒီလို ေရွာ့ခ္တိုက္ဒုံးေတြနဲ႔ ပစ္ခတ္တာမ်ိဳးကို တပ္မေတာ္နည္းပညာတကၠသိုလ္နဲ႔ ရွမ္းျပည္နယ္ ေနာင္ခ်ိဳမွာရွိတဲ့ အေဆာက္အအုံတခ်ိဳ႕ကို တအာင္း TNLA အပါအဝင္ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕က ၾသဂုတ္လတုန္းက လုပ္ခဲ့ဖူးပါတယ္။

ၾသဂုတ္လ တိုက္ခိုက္မႈမွာ ဂုတ္တြင္းတံတားကို မိုင္းခြဲခံခဲ့ရသလို ေနာက္ထပ္ တံတားေတြ မိုင္းေဖာက္ဖ်က္ဆီးခံရ ပါတယ္။
ဒီတိုက္ခိုက္မႈကို ဒီနယ္ေျမအတြင္း လႈပ္ရွားေနတဲ့ လက္နက္ကိုင္အဖြဲ႕ေတြက လုပ္တာျဖစ္ႏိုင္တယ္လို႔ေျပာၿပီး ဘယ္အဖြဲ႕ဆိုတာကိုေတာ့ ဒုတိယရဲမႉးႀကီး ဗညားဦးက မေျပာပါဘူး။

TNLA ေျပာခြင့္ရသူ မိုင္အိုက္ေက်ာ္ကလည္း ပစ္ခတ္မႈကို သူမသိရွိရေသးေၾကာင္းနဲ႔ ဘယ္အဖြဲ႕က လုပ္သလဲ ဆိုတာကိုလည္း မေျပာႏိုင္ေသးေၾကာင္း ဘီဘီစီကို ေျပာပါတယ္။

ဒါေပမဲ့ ဒီတိုက္ခိုက္မႈေတြဟာ TNLA ရဲ႕ တိုက္ခိုက္မႈ ျဖစ္တယ္လို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးက ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

ေပါက္ကြဲမႈေတြျဖစ္ခဲ့တဲ့ လားရႈိးမွာေတာ့ လုံၿခဳံေရးအေျခအေနကို တပ္မေတာ္က စီမံေဆာင္႐ြက္ေနတယ္လို႔ ဒုတိယရဲမႉးႀကီး ဗညားဦးက ေျပာပါတယ္။

လမ္းဆုံေနရာတိုင္း တပ္လုံၿခဳံေရးေတြ တိုးခ်ထားတဲ့အေၾကာင္းကို ေပါက္ကြဲမႈျဖစ္ခဲ့တဲ့ ရပ္ကြက္ထဲမွာ ေနထိုင္သူတစ္ဦးက "သူတို႔လည္း ေစာင့္ေနၾကတာပဲ။ သူတို႔မွာ လက္နက္ အျပည့္အစုံေတြနဲ႔ ေန႔မအိပ္၊ညမအိပ္နဲ႔။ အခုလို ျဖစ္လိုက္ေတာ့ ပိုေတာင္ ဆိုးေသးတယ္။ အခုဆိုရင္ လမ္းဆုံေတြမွာဆိုရင္ လုံၿခဳံေရးေတြ ေတာ္ေတာ္ေလးကို ယူထားၾကတယ္။ အမ်ားႀကီးပဲ" လို႔ ေျပာပါတယ္။

လားရႈိးေလယာဥ္ကြင္းမွာေတာ့ ေရွာ့ခ္တိုက္ဒုံး က်ေရာက္ ေပါက္ကြဲခဲ့ၿပီးေနာက္ လားရႈိးေလယာဥ္ခရီးစဥ္အားလုံး ဖ်က္သိမ္းလိုက္တယ္လို႔ Air Thanlwin ေလေၾကာင္းလိုင္းက ထုတ္ျပန္ပါတယ္။

ေရွာ့ခ္တိုက္ဒုံးေတြ ပစ္ခတ္ခဲ့တယ္လို႔ဆိုတဲ့ ျဗဳန္းေတာင္ေနရာဟာ တပ္မေတာ္နဲ႔ TNLA ၾကား တိုက္ပြဲေတြျဖစ္ေနတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းနဲ႔ သိပ္မေဝးတဲ့ေနရာေတြျဖစ္ၿပီး လက္နက္ကိုင္ေတြလည္း လႈပ္ရွားမႈရွိေနပါတယ္။

TNLA ေျပာခြင့္ရသူ မိုင္အိုက္ေက်ာ္ကေတာ့ ရွမ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲနဲ႔ ကြတ္ခိုင္မွာ TNLA နဲ႔ တပ္မေတာ္ၾကား ႏိုဝင္ဘာ ၁၁ ရက္ေန႔ကတည္းက တိုက္ပြဲေတြျဖစ္ေနၿပီး ႏိုဝင္ဘာလ ၁၆ ရက္ ေန႔လယ္ပိုင္းအထိ ပစ္ခတ္မႈေတြ ဆက္ရွိေနတယ္လို႔ ေျပာပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
လားရှိုးတိုက်ခိုက်ခံရမှု လေယာဉ်ခရီးတွေ ဖျက်သိမ်း

Image caption သြဂုတ်လ တိုက်ခိုက်မှုတွေအပြီး လားရှိုးမြို့ပေါ်မှာ ပျံဝဲနေတဲ့ လေတပ် Mi-35 ရဟတ်ယာဉ်တစ်စင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့မှာ နိုဝင်ဘာ ၁၆ ရက် စနေနေ့ မနက်မှာ လေဆိပ် အပါအဝင် လူနေအိမ်တချို့ ရှော့ခ်တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရတဲ့အတွက် အမျိုးသမီး တစ်ဦး ဒဏ်ရာ ရပြီး အဆောက်အအုံတချို့ ပျက်စီးသွားခဲ့တဲ့အပြင် လေဆိပ်အတက်အဆင်း လေယာဉ်ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းလိုက်ရပါတယ်။

မနက် ၁၀ နာရီကျော်လောက်မှာ လားရှိုးမြို့ပေါ်က လေယာဉ်ကွင်း ပြေးလမ်းမပေါ်နဲ့ လူနေအိမ်တချို့ပေါ်ကို ရှော့ခ်တိုက်ဒုံး ၇ လုံး နဲ့ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ဒီပစ်ခတ်မှုတွေကြောင့် လားရှိုးလေဆိပ်ကိုလည်း ပိတ်ထားရပြီး မြို့ပေါ်မှာ လုံခြုံရေးတိုးချထားပါတယ်။

အဲဒီပစ်ခတ်မှုကို လားရှိုးမြို့ အနောက်ဘက် ၁ မိုင်ကျော်လောက်က ဗြုန်းတောင်ဆိုတဲ့ နေရာကနေ လုပ်ခဲ့တာဖြစ်ပြီး ကျရောက်ခဲ့တဲ့ ရှော့ခ်တိုက်ဒုံး ၇ လုံးမှာ ၃ လုံး ပေါက်ကွဲခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် နေအိမ်ထဲမှာ နေတဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရခဲ့သလို နေအိမ်အမိုး၊ ခြံဝင်းနဲ့ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။

နယ်မြေခံတပ်ရင်းနားကို ကျခဲ့တဲ့ ဒုံး၂ လုံးက လုံးဝမကွဲခဲ့သလို ကျန်တဲ့ ၁ လုံးကိုလည်း ရှာမတွေ့သေးဘူးလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဗညားဦးက ပြောပါတယ်။

"ပစ်တဲ့နေရာမှာတော့ မကွဲတဲ့ ဒုံးနှစ်လုံး၊ ကွဲတာကတော့ သုံးနေရာပေါ့။ လုံးဝကွဲတာ။ ခေါင်းပဲကွဲတာ တစ်နေရာ။ ရှာမတွေ့တာက တစ်လုံး။ လုံးဝမကွဲတာက တစ်လုံး။ အားလုံးပေါင်း ခုနစ်လုံး" လို့ ဒုတိယရဲမှူးကြီး ဗညားဦးက ပြောပါတယ်။

ဒီလို ရှော့ခ်တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာမျိုးကို တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ ရှမ်းပြည်နယ် နောင်ချိုမှာရှိတဲ့ အဆောက်အအုံတချို့ကို တအာင်း TNLA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့က သြဂုတ်လတုန်းက လုပ်ခဲ့ဖူးပါတယ်။
ဓာတ်ပုံ မူပိုင် Yan Moe Naing
Image caption သြဂုတ်လ တိုက်ခိုက်မှုမှာ ဂုတ်တွင်းတံတားကို မိုင်းခွဲခံခဲ့ရသလို နောက်ထပ် တံတားတွေ မိုင်းဖောက်ဖျက်ဆီးခံရ ပါတယ်။

ဒီတိုက်ခိုက်မှုကို ဒီနယ်မြေအတွင်း လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေက လုပ်တာဖြစ်နိုင်တယ်လို့ပြောပြီး ဘယ်အဖွဲ့ဆိုတာကိုတော့ ဒုတိယရဲမှူးကြီး ဗညားဦးက မပြောပါဘူး။

TNLA ပြောခွင့်ရသူ မိုင်အိုက်ကျော်ကလည်း ပစ်ခတ်မှုကို သူမသိရှိရသေးကြောင်းနဲ့ ဘယ်အဖွဲ့က လုပ်သလဲ ဆိုတာကိုလည်း မပြောနိုင်သေးကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ဒီတိုက်ခိုက်မှုတွေဟာ TNLA ရဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့ လားရှိုးမှာတော့ လုံခြုံရေးအခြေအနေကို တပ်မတော်က စီမံဆောင်ရွက်နေတယ်လို့ ဒုတိယရဲမှူးကြီး ဗညားဦးက ပြောပါတယ်။

လမ်းဆုံနေရာတိုင်း တပ်လုံခြုံရေးတွေ တိုးချထားတဲ့အကြောင်းကို ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ရပ်ကွက်ထဲမှာ နေထိုင်သူတစ်ဦးက "သူတို့လည်း စောင့်နေကြတာပဲ။ သူတို့မှာ လက်နက် အပြည့်အစုံတွေနဲ့ နေ့မအိပ်၊ညမအိပ်နဲ့။ အခုလို ဖြစ်လိုက်တော့ ပိုတောင် ဆိုးသေးတယ်။ အခုဆိုရင် လမ်းဆုံတွေမှာဆိုရင် လုံခြုံရေးတွေ တော်တော်လေးကို ယူထားကြတယ်။ အများကြီးပဲ" လို့ ပြောပါတယ်။

လားရှိုးလေယာဉ်ကွင်းမှာတော့ ရှော့ခ်တိုက်ဒုံး ကျရောက် ပေါက်ကွဲခဲ့ပြီးနောက် လားရှိုးလေယာဉ်ခရီးစဉ်အားလုံး ဖျက်သိမ်းလိုက်တယ်လို့ Air Thanlwin လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။

ရှော့ခ်တိုက်ဒုံးတွေ ပစ်ခတ်ခဲ့တယ်လို့ဆိုတဲ့ ဗြုန်းတောင်နေရာဟာ တပ်မတော်နဲ့ TNLA ကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ သိပ်မဝေးတဲ့နေရာတွေဖြစ်ပြီး လက်နက်ကိုင်တွေလည်း လှုပ်ရှားမှုရှိနေပါတယ်။

TNLA ပြောခွင့်ရသူ မိုင်အိုက်ကျော်ကတော့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့ ကွတ်ခိုင်မှာ TNLA နဲ့ တပ်မတော်ကြား နိုဝင်ဘာ ၁၁ ရက်နေ့ကတည်းက တိုက်ပွဲတွေဖြစ်နေပြီး နိုဝင်ဘာလ ၁၆ ရက် နေ့လယ်ပိုင်းအထိ ပစ်ခတ်မှုတွေ ဆက်ရှိနေတယ်လို့ ပြောပါတယ်။

BBC Burmese
https://www.bbc.com
လားရႈိးတိုက္ခိုက္ခံရမႈ ေလယာဥ္ခရီးေတြ ဖ်က္သိမ္း လားရႈိးတိုက္ခိုက္ခံရမႈ ေလယာဥ္ခရီးေတြ ဖ်က္သိမ္း Reviewed by THITHTOOLWIN on 02:06 Rating: 5
Powered by Blogger.