ေ႐ႊနဒီအျမန္ယာဥ္ေပၚကေန ဖမ္းသြားသူေတြ ထဲက ၂၅ ဦး ျပန္လြတ္

 ေ႐ႊနဒီ အျမန္ေရယာဥ္ေပၚကေန ၅၈ ဦးအဖမ္းခံခဲ့ရ
(Zawgyi)⤵⤵⤵

ၿပီးခဲ့တဲ့ေအာက္တိုဘာလ ၂၆ ရက္ေန႔၊ စစ္ေတြ ဘူးသီးေတာင္ၿမိဳ႕ကို ေျပးဆြဲေနတဲ့ ေ႐ႊနဒီ အျမန္ေရယာဥ္ေပၚ ဖမ္းဆီးခံလိုက္ရသူေတြ အနက္က အရပ္သား ၂၅ ဦး ႏိုဝင္ဘာ ၅ ရက္ေန႔မွာ ျပန္လြတ္လာၿပီ ျဖစ္ပါတယ္။

ေ႐ႊနဒီ အျမန္ေရယာဥ္ေပၚကေနအခုလႊတ္ေပးလိုက္တဲ့ ၂၅ ဦးဟာ ေအာက္တိုဘာလ ၂၆ ရက္ေန႔ က ဖမ္းဆီးခဲ့တဲ့ အရပ္သားေတြျဖစ္တယ္လို႔ ရကၡိဳင့္တပ္ေတာ္ ေအေအရဲ႕ေျပာခြင့္ရသူ ခိုင္သုခက ဘီဘီစီကို အတည္ျပဳေျပာၾကားခဲ့ပါတယ္။

အဲ့ဒီလူေတြကို ရကၡိဳင့္တပ္ေတာ္ေအေအကေနၿပီးေတာ့ ၁၀ ရက္အၾကာ ထိန္းသိမ္းထားခဲ့ၿပီး ႏိုဝင္ဘာ ၅ ရက္ေန႔ မနက္၆ နာရီေလာက္က ဘူးသီးေတာင္ၿမိဳ႕နယ္ ေငြေတာင္႐ြာဘုန္းႀကီးေက်ာင္းမွာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးရဲ႕လက္ထဲကို ေကာင္းမြန္စြာ လႊဲေျပာင္းေပးခဲ့တာျဖစ္တယ္လို႔ သူကေျပာပါတယ္။

"ေအာက္တိုဘာ ၂၆ ရက္ေန႔ ေ႐ႊနဒီျဖစ္စဥ္မွာ စစ္သားေတြနဲ႔ အရပ္သားေတြကို စက္ေလွေပၚခြဲၿပီး တင္ေနတဲ့အခ်ိန္ တပ္မေတာ္က ရဟတ္ယာဥ္ေတြနဲ႔ လာပစ္ခတ္တဲ့အတြက္ ကယ္လာခဲ့တဲ့ အရပ္သားစစ္စစ္ ၂၅ ဦးရွိတယ္ဗ်။ အခု အဲ့ဒီလူေတြကို ေငြေတာင္အုပ္ခ်ဳပ္ေရးမႉးရဲ႕လက္ထဲကို လႊဲေျပင္းေပးခဲ့တာပါ ။"လို႔ ခိုင္သုခက ေျပာပါတယ္။

အခုလႊတ္ေပးလိုက္သူေတြထဲမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ တပ္မေတာ္နဲ႔ ဆက္စပ္သူေတြ ပါဝင္မႈရွိမရွိကို အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ပထမတန္း ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို ဆက္သြယ္ေမးျမန္းခဲ့ရာမွာေတာ့ သူ႔အေနနဲ႔ မသိရွိရေသးေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အရပ္သားေတြကို လႊတ္ေပးတဲ့အခါမွာ သူတို႔ကိုဖမ္းဆီးစဥ္က ပါလာခဲ့တဲ့ ဖုန္းနဲ႔ တျခားပစၥည္းေတြကို ျပန္လည္ေပးအပ္လိုက္ၿပီး ခရီးစရိတ္အျဖစ္လည္း လူတစ္ဦးကို ေငြက်ပ္ ၁၅၀၀၀ စီ ေပးၿပီး ျပန္လည္လႊတ္ေပးခဲ့တာျဖစ္တယ္လို႔ ခိုင္သုခက ေျပာပါတယ္။

"ေလာေလာဆယ္မွာေတာ့ သူတို႔ကို ကြၽန္ေတာ္တို႔ သြားေခၚေနတုန္းပါ။ အက်ိဳးအေၾကာင္းေတြကိုေတာ့ ဘူးသီးေတာင္ကိုေရာက္မွပဲ ေျပာျပႏိုင္မွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ေခၚလာတာက စုစုေပါင္း ၂၁ ေယာက္ပါ။ က်န္တဲ့ေလးေယာက္က သူတို႔ေနအိမ္ေတြနဲ႔ နီးစပ္တဲ့ေနရာေတြမွာ က်န္ေနခဲ့ၾကပါတယ္။"လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းေအာင္သိန္းက ေျပာပါတယ္။

ေအေအ ဖမ္းဆီးခဲ့စဥ္ က တပ္မေတာ္သား၊ ရဲတပ္ဖြဲ႕ဝင္၊ အရပ္သားေတြနဲ႔ တျခားဌာနဆိုင္ရာဝန္ထမ္းေတြပါဝင္တဲ့ စုစုေပါင္းလူဦးေရ ၅၈ ေယာက္ကို ဖမ္းဆီးခဲ့တာျဖစ္ၿပီး ၊တပ္မေတာ္ပစ္ခတ္ခဲ့တဲ့အတြက္ တခ်ိဳ႕ေသဆုံးခဲ့ရသလို တခ်ိဳ႕လည္း ထြက္ေျပးလြတ္ေျမာက္သြားခဲ့တာရွိၿပီး ဘယ္ေလာက္ေသဆုံးခဲ့တယ္၊ ဘယ္ေလာက္ လႊတ္ေျမာက္သြားတယ္ဆိုတာကို ဆက္လက္စိစစ္ေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ စစ္ဘက္နဲ႔ပတ္သက္ေနသူေတြတခ်ိဳ႕ကို ဆက္လက္ဖမ္းဆီးထားဆဲျဖစ္ေၾကာင္းနဲ႔ စစ္ဘက္ဆိုင္ရာ ကိစၥရပ္ေတြျဖစ္တဲ့အတြက္ ဘယ္လိုလူေတြက်န္ေနေသးတယ္ဆိုတာကို ေလာေလာဆယ္မွာ ထုတ္ေဖာ္ေျပာဆိုဖို႔ မရွိေသးဘူးလို႔လည္း ေအေအ ဘက္ကေျပာ ပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵

ရွှေနဒီအမြန်ယာဉ်ပေါ်ကနေ ဖမ်းသွားသူတွေ ထဲက ၂၅ ဦး ပြန်လွတ်

Image caption ရွှေနဒီ အမြန်ရေယာဉ်ပေါ်ကနေ ၅၈ ဦးအဖမ်းခံခဲ့ရ

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၆ ရက်နေ့၊ စစ်တွေ ဘူးသီးတောင်မြို့ကို ပြေးဆွဲနေတဲ့ ရွှေနဒီ အမြန်ရေယာဉ်ပေါ် ဖမ်းဆီးခံလိုက်ရသူတွေ အနက်က အရပ်သား ၂၅ ဦး နိုဝင်ဘာ ၅ ရက်နေ့မှာ ပြန်လွတ်လာပြီ ဖြစ်ပါတယ်။

ရွှေနဒီ အမြန်ရေယာဉ်ပေါ်ကနေအခုလွှတ်ပေးလိုက်တဲ့ ၂၅ ဦးဟာ အောက်တိုဘာလ ၂၆ ရက်နေ့ က ဖမ်းဆီးခဲ့တဲ့ အရပ်သားတွေဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို အတည်ပြုပြောကြားခဲ့ပါတယ်။

အဲ့ဒီလူတွေကို ရက္ခိုင့်တပ်တော်အေအေကနေပြီးတော့ ၁၀ ရက်အကြာ ထိန်းသိမ်းထားခဲ့ပြီး နိုဝင်ဘာ ၅ ရက်နေ့ မနက်၆ နာရီလောက်က ဘူးသီးတောင်မြို့နယ် ငွေတောင်ရွာဘုန်းကြီးကျောင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့လက်ထဲကို ကောင်းမွန်စွာ လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

"အောက်တိုဘာ ၂၆ ရက်နေ့ ရွှေနဒီဖြစ်စဉ်မှာ စစ်သားတွေနဲ့ အရပ်သားတွေကို စက်လှေပေါ်ခွဲပြီး တင်နေတဲ့အချိန် တပ်မတော်က ရဟတ်ယာဉ်တွေနဲ့ လာပစ်ခတ်တဲ့အတွက် ကယ်လာခဲ့တဲ့ အရပ်သားစစ်စစ် ၂၅ ဦးရှိတယ်ဗျ။ အခု အဲ့ဒီလူတွေကို ငွေတောင်အုပ်ချုပ်ရေးမှူးရဲ့လက်ထဲကို လွှဲပြေင်းပေးခဲ့တာပါ ။"လို့ ခိုင်သုခက ပြောပါတယ်။

အခုလွှတ်ပေးလိုက်သူတွေထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်နဲ့ ဆက်စပ်သူတွေ ပါဝင်မှုရှိမရှိကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ သူ့အနေနဲ့ မသိရှိရသေးကြောင်း ပြောဆိုခဲ့ပါတယ်။

အရပ်သားတွေကို လွှတ်ပေးတဲ့အခါမှာ သူတို့ကိုဖမ်းဆီးစဉ်က ပါလာခဲ့တဲ့ ဖုန်းနဲ့ တခြားပစ္စည်းတွေကို ပြန်လည်ပေးအပ်လိုက်ပြီး ခရီးစရိတ်အဖြစ်လည်း လူတစ်ဦးကို ငွေကျပ် ၁၅၀၀၀ စီ ပေးပြီး ပြန်လည်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။

"လောလောဆယ်မှာတော့ သူတို့ကို ကျွန်တော်တို့ သွားခေါ်နေတုန်းပါ။ အကျိုးအကြောင်းတွေကိုတော့ ဘူးသီးတောင်ကိုရောက်မှပဲ ပြောပြနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ခေါ်လာတာက စုစုပေါင်း ၂၁ ယောက်ပါ။ ကျန်တဲ့လေးယောက်က သူတို့နေအိမ်တွေနဲ့ နီးစပ်တဲ့နေရာတွေမှာ ကျန်နေခဲ့ကြပါတယ်။"လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

အေအေ ဖမ်းဆီးခဲ့စဉ် က တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ အရပ်သားတွေနဲ့ တခြားဌာနဆိုင်ရာဝန်ထမ်းတွေပါဝင်တဲ့ စုစုပေါင်းလူဦးရေ ၅၈ ယောက်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ၊တပ်မတော်ပစ်ခတ်ခဲ့တဲ့အတွက် တချို့သေဆုံးခဲ့ရသလို တချို့လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့တာရှိပြီး ဘယ်လောက်သေဆုံးခဲ့တယ်၊ ဘယ်လောက် လွှတ်မြောက်သွားတယ်ဆိုတာကို ဆက်လက်စိစစ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ဘက်နဲ့ပတ်သက်နေသူတွေတချို့ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်းနဲ့ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေဖြစ်တဲ့အတွက် ဘယ်လိုလူတွေကျန်နေသေးတယ်ဆိုတာကို လောလောဆယ်မှာ ထုတ်ဖော်ပြောဆိုဖို့ မရှိသေးဘူးလို့လည်း အေအေ ဘက်ကပြော ပါတယ်။

BBC Burmese
https://www.bbc.com
ေ႐ႊနဒီအျမန္ယာဥ္ေပၚကေန ဖမ္းသြားသူေတြ ထဲက ၂၅ ဦး ျပန္လြတ္ ေ႐ႊနဒီအျမန္ယာဥ္ေပၚကေန ဖမ္းသြားသူေတြ ထဲက ၂၅ ဦး ျပန္လြတ္ Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.