ပါေမာကၡခ်ဳပ္ဆရာေတာ္ အသည္းအႀကိတ္ ေဆးကုသမႈ အတြက္ အနားယူတာလို႔ သာသနာေရးက ထုတ္ျပန္

ႏိုဝင္ဘာလ၁၃ ရက္ ၂၀၁၉ ရက္ေန႔ထိ ပါေမာကၡခ်ဳပ္အျဖစ္ ၁၄ႏွစ္ၾကာတာဝန္ထမ္းေဆာင္ခဲ့
(Zawgyi)⤵⤵⤵
ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေထရဝါဒ သာသနာျပဳ တကၠသိုလ္ ပါေမာကၡခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာေတာ္ ေဒါက္တာနႏၵမာလာ ဘိဝံသဟာ အသည္းမွာျဖစ္ေနတဲ့ အႀကိတ္အတြက္ ေဆးကုမႈ ခံယူဖို႔ ရာထူးကေန အနားယူလိုက္တာလို႔ သာသနာေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္ ။

ေနျပည္ေတာ္မွာ ႏိုဝင္ဘာလ ၁၄ ရက္ေန႔က ျပဳလုပ္တဲ့ ဘာသာေပါင္းစုံ ၿငိမ္းခ်မ္းေရး ေဆြးေႏြးႏွီးေႏွာဖလွယ္ပြဲ မွာ ပါခ်ဳပ္ဆရာေတာ္ ႀကီး အနားယူမယ့္အေၾကာင္း သာသနာေရးနဲ႔ ယဥ္ေက်းမႈ ဝန္ႀကီး သူရဦးေအာင္ကိုကလည္း သတင္းေထာက္ေတြကို အတည္ျပဳ ေျပာခဲ့ပါတယ္ ။

နိဝင္ဘာလ ၁၃ ရက္ေန႔ ညေနပိုင္းကစၿပီး ရာထူးက အနားယူလိုက္တာလို႔လည္း သာသနာေရးနဲ႔ ယဥ္ေက်းမႈ ဝန္ႀကီးဌာနတရားဝင္ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ပါေမာကၡခ်ဳပ္ဆရာေတာ္ အသစ္ ခန႔္အပ္မႈနဲ႔ ပတ္သက္လို႔ေတာ့ ဘယ္လိုခန႔္အပ္မယ္၊ ဘယ္သူ႔ကို ခန႔္အပ္မယ္ ဆိုတာေတာ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာ မရွိပါဘူး။
အသည္းအႀကိတ္ကိုေဆးကုသမႈခံယူေန

ပါေမာကၡခ်ဳပ္ဆရာေတာ္လို႔ လူသိမ်ားတဲ့ ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲနႏၵမာလာဘိဝံသ ဟာ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေထရဝါဒသာသနာျပဳ တကၠသိုလ္မွာ ၁၉၉၉ ကေန ၂၀၀၅ခုႏွစ္ အထိ ဧည့္ပါေမာကၡနဲ႔ ဒုတိယပါေမာကၡခ်ဳပ္ တာဝန္ေတြ ယူခဲ့ၿပီးေတာ့ ၂၀၀၅ ႏိုဝင္ဘာလ ၁၄ ရက္ေန႔ ကေန ႏိုဝင္ဘာလ၁၃ ရက္ ၂၀၁၉ ရက္ေန႔ထိ ပါေမာကၡခ်ဳပ္အျဖစ္ ၁၄ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

ပါေမာကၡခ်ဳပ္ဆရာေတာ္ဟာ မတ္လ ၂၂ ရက္က သက္ေတာ္ (၇၉) ႏွစ္ျပည့္ ခဲ့ပါတယ္။ ဆရာေတာ္ဟာ သီတဂူ ကမာၻ႔ဗုဒၶတကၠသိုလ္ ပါေမာကၡခ်ဳပ္နဲ႔ အျပည္ျပည္ဆိုင္ရာ အဘိဓမၼာ မဟာသိပၸံ ပါေမာကၡခ်ဳပ္အျဖစ္လည္း တာဝန္ထမ္းေဆာင္ေနပါတယ္။

ဆရာေတာ္ႀကီးရဲ႕ လက္ရွိ က်န္းမာေရး အေျခအေနအရ စင္ကာပူႏိုင္ငံကို မၾကာခဏ ႂကြေရာက္ၿပီး ေဆးကုသမႈခံယူေနရသလို ေဆးစစ္ခ်က္ မွတ္တမ္းအရလည္း အသည္းအႀကိတ္ကို Radio Frequency Ablation(RFA)နည္းစနစ္နဲ႔ ေဆးကုသမႈ ခံယူေနရတယ္လို႔လည္း သာသနာေရးဘက္က ထုတ္ျပန္ပါတယ္။

ဆရာေတာ္ကို စစ္ေဆးကုသေပးေနတဲ့ ဆရာဝန္ႀကီးေတြက လက္ရွိ အေျခအေနမွာ အနားယူဖို႔လိုအပ္ၿပီး ခရီးေဝးႂကြေရာက္ဖို႔ မသင့္ေလ်ာ္ေၾကာင္း၊ တရားဓမၼ ေဟာေျပာတာေတြကို အခ်ိန္ကာလတစ္ခုအထိ လုံးဝရပ္နားထားဖို႔ လိုအပ္ေၾကာင္း ၫႊန္ၾကားထားတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။
မဟနၫႊန္ၾကားခ်က္ႏွင့္အညီ အနားယူခြင့္ျပဳ

ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲနႏၵမာလာဘိဝံသ ပါေမာကၡခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခ်ိန္မွာ ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေထရဝါဒ သာသနာျပဳ တကၠသိုလ္ ဒုတိယပါေမာကၡခ်ဳပ္(သင္ၾကား)ဆရာေတာ္က ေဒါက္တာ ဘဒၵႏၲစႏၵာဝရာဘိဝံသ ျဖစ္ပါတယ္။

ဆရာေတာ္ႀကီးရဲ႕ က်န္းမာေရးအေျခအေနအရ ႏိုင္ငံေတာ္သံဃ မဟာနာယကအဖြဲ႕ ၫႊန္ၾကားခ်က္နဲ႔အညီ စက္တင္ဘာလ ၂၅ ရက္မွာ က်င္းပျပဳလုပ္တဲ့ ဝန္ႀကီးဌာန စီမံခန႔္ခြဲေရးရာ ေကာ္မတီအစည္းအေဝး အမွတ္စဥ္(၉/၂၀၁၉) ဆုံးျဖတ္ခ်က္အရ တစ္ႏွစ္တစ္ႀကိမ္ သက္တမ္းတိုးနဲ႔ ၁၄ ႀကိမ္ေျမာက္ ပါခ်ဳပ္သက္တမ္းျပည့္တဲ့ ႏိုဝင္ဘာလ ၁၃ ရက္ ညေနပိုင္းကစၿပီး တာဝန္ကေန အနားယူခြင့္ ျပဳတာျဖစ္တယ္လို႔ လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ပါမောက္ခချုပ်ဆရာတော် အသည်းအကြိတ် ဆေးကုသမှု အတွက် အနားယူတာလို့ သာသနာရေးက ထုတ်ပြန်

Image caption နိုဝင်ဘာလ၁၃ ရက် ၂၀၁၉ ရက်နေ့ထိ ပါမောက္ခချုပ်အဖြစ် ၁၄နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့

ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ သာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာတော် ဒေါက်တာနန္ဒမာလာ ဘိဝံသဟာ အသည်းမှာဖြစ်နေတဲ့ အကြိတ်အတွက် ဆေးကုမှု ခံယူဖို့ ရာထူးကနေ အနားယူလိုက်တာလို့ သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ် ။

နေပြည်တော်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးနှီးနှောဖလှယ်ပွဲ မှာ ပါချုပ်ဆရာတော် ကြီး အနားယူမယ့်အကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုကလည်း သတင်းထောက်တွေကို အတည်ပြု ပြောခဲ့ပါတယ် ။

နိဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းကစပြီး ရာထူးက အနားယူလိုက်တာလို့လည်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနတရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပါမောက္ခချုပ်ဆရာတော် အသစ် ခန့်အပ်မှုနဲ့ ပတ်သက်လို့တော့ ဘယ်လိုခန့်အပ်မယ်၊ ဘယ်သူ့ကို ခန့်အပ်မယ် ဆိုတာတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိပါဘူး။
အသည်းအကြိတ်ကိုဆေးကုသမှုခံယူနေ

ပါမောက္ခချုပ်ဆရာတော်လို့ လူသိများတဲ့ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြု တက္ကသိုလ်မှာ ၁၉၉၉ ကနေ ၂၀၀၅ခုနှစ် အထိ ဧည့်ပါမောက္ခနဲ့ ဒုတိယပါမောက္ခချုပ် တာဝန်တွေ ယူခဲ့ပြီးတော့ ၂၀၀၅ နိုဝင်ဘာလ ၁၄ ရက်နေ့ ကနေ နိုဝင်ဘာလ၁၃ ရက် ၂၀၁၉ ရက်နေ့ထိ ပါမောက္ခချုပ်အဖြစ် ၁၄နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ပါမောက္ခချုပ်ဆရာတော်ဟာ မတ်လ ၂၂ ရက်က သက်တော် (၇၉) နှစ်ပြည့် ခဲ့ပါတယ်။ ဆရာတော်ဟာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်နဲ့ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ မဟာသိပ္ပံ ပါမောက္ခချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်နေပါတယ်။

ဆရာတော်ကြီးရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေအရ စင်ကာပူနိုင်ငံကို မကြာခဏ ကြွရောက်ပြီး ဆေးကုသမှုခံယူနေရသလို ဆေးစစ်ချက် မှတ်တမ်းအရလည်း အသည်းအကြိတ်ကို Radio Frequency Ablation(RFA)နည်းစနစ်နဲ့ ဆေးကုသမှု ခံယူနေရတယ်လို့လည်း သာသနာရေးဘက်က ထုတ်ပြန်ပါတယ်။

ဆရာတော်ကို စစ်ဆေးကုသပေးနေတဲ့ ဆရာဝန်ကြီးတွေက လက်ရှိ အခြေအနေမှာ အနားယူဖို့လိုအပ်ပြီး ခရီးဝေးကြွရောက်ဖို့ မသင့်လျော်ကြောင်း၊ တရားဓမ္မ ဟောပြောတာတွေကို အချိန်ကာလတစ်ခုအထိ လုံးဝရပ်နားထားဖို့ လိုအပ်ကြောင်း ညွှန်ကြားထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မဟနညွှန်ကြားချက်နှင့်အညီ အနားယူခွင့်ပြု

ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ သာသနာပြု တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(သင်ကြား)ဆရာတော်က ဒေါက်တာ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ ဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ ကျန်းမာရေးအခြေအနေအရ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ညွှန်ကြားချက်နဲ့အညီ စက်တင်ဘာလ ၂၅ ရက်မှာ ကျင်းပပြုလုပ်တဲ့ ဝန်ကြီးဌာန စီမံခန့်ခွဲရေးရာ ကော်မတီအစည်းအဝေး အမှတ်စဉ်(၉/၂၀၁၉) ဆုံးဖြတ်ချက်အရ တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးနဲ့ ၁၄ ကြိမ်မြောက် ပါချုပ်သက်တမ်းပြည့်တဲ့ နိုဝင်ဘာလ ၁၃ ရက် ညနေပိုင်းကစပြီး တာဝန်ကနေ အနားယူခွင့် ပြုတာဖြစ်တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

BBC Burmese
https://www.bbc.com
ပါေမာကၡခ်ဳပ္ဆရာေတာ္ အသည္းအႀကိတ္ ေဆးကုသမႈ အတြက္ အနားယူတာလို႔ သာသနာေရးက ထုတ္ျပန္ ပါေမာကၡခ်ဳပ္ဆရာေတာ္ အသည္းအႀကိတ္ ေဆးကုသမႈ အတြက္ အနားယူတာလို႔ သာသနာေရးက ထုတ္ျပန္ Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.