ဗစ္တိုးရီးယားအမႈ အဓိကသက္ေသ စီစီတီဗီ မွတ္တမ္း မူရင္းဗီဒီယို ဖိုင္ေတြ ဘယ္ေရာက္သြားလဲ

Wisdom hill မူႀကိဳေက်ာင္းဝင္းအတြင္း ကိုေအာင္ႀကီး ဝင္ေရာက္ေနပုံ
(Zawgyi)⤵⤵⤵
ေနျပည္ေတာ္ မူႀကိဳေက်ာင္းတစ္ေက်ာင္းက မိန္းကေလးငယ္တစ္ဦး လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရတယ္ ဆိုမႈမွာ တရား႐ုံးကို သက္ေသတင္သြင္းထားတဲ့ စီစီတီဗီ မွတ္တမ္း မူရင္းဗီဒီယို ဖိုင္ေတြဟာ ေပ်ာက္ဆုံးေနတယ္လို႔ တရား႐ုံးကို လာေရာက္ထြက္ဆိုေပးခဲ့တဲ အိုင္တီ နည္းပညာ ကြၽမ္းက်င္သူ ကိုမိုးက ဒီေန႔ တရား႐ုံးမွာ ထြက္ဆိုခဲ့ပါတယ္။

တရား႐ုံးကို မူႀကိဳေက်ာင္းက သက္ေသတင္ထားတဲ့ စီစီတီဗီမွတ္တမ္းေတြကို သိမ္းထားတဲ့ Hard Diskက မူရင္း ဟုတ္မဟုတ္ နဲ႔ ဒီအထဲ မွာ စီစီတီဗီ မွတ္တမ္းေတြ ရွိမရွိ တရား႐ုံးက ဥပေဒ အရာရွိကို အဲ့ဒီအိုင္တီ နည္းပညာ ကြၽမ္းက်င္သူက လာၿပီး ရွင္းျပတာလည္း ျဖစ္ပါတယ္။

"သက္ေသခံ ပစၥည္းထဲ မွာ ဘာမွ မပါဘူး။ ဖိုင္အလြတ္ ႀကီးျဖစ္ေနတယ္။ ဘာဖိုင္မွ လည္းမရွိဘူး။ စီစီတီဗီ မွတ္တမ္းနဲ႔ လည္း ခ်ိတ္ထားတာ မေတြ႕ ရဘူးလို႔ ထြက္ဆိုခဲ့တယ္" လို႔ ကိုမိုးက ဘီဘီစီကို ေျပာပါတယ္။

နည္းပညာ သေဘာအရ ဒီအထဲ ကဖိုင္ေတြ ဟာ Hard Diskပ်က္မွ သာ ဖိုင္ေတြပ်က္ဖို႔ ရွိၿပီး Hard Disk မပ်က္ဘဲ ဖိုင္ေတြ ဟာ သူ႔ဘာသာသူ အလိုအေလ်ာက္ ပ်က္သြားႏိုင္တဲ့ သေဘာမရွိေၾကာင္းလည္း သူကေျပာပါတယ္။

အသက္ ၃ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ ဗစ္တိုးရီးယား ေက်ာင္းတက္ခဲ့တဲ့ ေနျပည္ေတာ္ Wisdom Hill

အဲဒီဖိုင္ေတြျပန္ရႏိုင္လား

ဒီအထဲမွာ ရွိတဲ့ မူရင္းဗီဒီယို ဖိုင္ေတြကို ျပန္ရဖို႔ ဆိုတာက အခုတရား႐ုံးတင္သြင္းတဲ့ Hard Disk ဟာ စီစီတီဗီ မွတ္တမ္းေတြ သိမ္းတဲ့ မူရင္း ျဖစ္ဖို႔ လို ၿပီး မူရင္း မဟုတ္ရင္ေတာ့ ျပန္ရဖို႔ မလြယ္ဘူးလို႔ လည္း သူကေျပာပါတယ္။

ဒီစီစီတီဗီ Hard Diskထဲ က ဖိုင္ေတြကို ရဲတပ္ဖြဲ႕ကို ေက်ာင္းကေပးခဲ့တာျဖစ္ၿပီး စီအိုင္ဒီက ျပန္ေပးတဲ့ အခါ မွာ ဖိုင္ေတြ ပါမပါ မသိဘူးလို႔လည္း မူႀကိဳ ေက်ာင္းက စီစီတီဗီတာဝန္ခံက တရား႐ုံးမွာေျပာခဲ့ တယ္လို႔ ကိုေအာင္ႀကီးေရွ႕ေန ေဒၚစုဒါလီေအာင္ကေျပာပါတယ္။

အခုလို မူရင္းဗီဒီယို ဖိုင္ေတြ ေပ်ာက္ဆုံးတာကို ျပန္ရဖို႔ အတြက္ ရဲအရာရွိ တစ္ဦး အိုင္တီ ကြၽမ္းက်င္သူနဲ႔ စီစီတီဗီ ကြၽမ္းက်င္သူ တို႔ကို သင့္ေတာ္တဲ့ အခ်ိန္မွာ တာဝန္သတ္မွတ္ေပးမယ္လို႔ ႐ုံးေတာ္ က အမိန႔္ခ်မွတ္ခဲ့တယ္လို႔ လည္း ေဒၚစုဒါလီေအာင္ ကေျပာပါတယ္။

ဒါေပမယ့္ တရား႐ုံး ကသင့္ေတာ္ တဲ့ အခ်ိန္နဲ႔ ပတ္သက္လို႔ ဘယ္အခ်ိန္ဆိုတာကို ေျပာမသြားေၾကာင္းလည္းေဒၚစုဒါလီေအာင္ ကေျပာပါတယ္။

သတင္းမီဒီယာေတြ အပါအဝင္ ရဲတပ္ဖြဲ႕ ကရရွိခဲ့တယ္ဆိုတာ စီစီတီဗီ ဗီဒီယို ဖိုင္ေတြ ဟာ အခု Hard Disk မူရင္းကေန ကူးယူရရွိခဲ့ၾကတာလည္း ျဖစ္ပါတယ္ ။

 ေဒၚစုဒါလီေအာင္ရဲ႕ မီဒီယာကို ေျပာဆိုခ်က္ တခ်ိဳ႕က ကေလးသူငယ္ အေပၚ ထိခိုက္ နစ္နာေစဆိုၿပီး ေဒၚဥမၼာလႈိင္ဘက္က စတင္ အမႈဖြင့္ခဲ့

မူႀကိဳေက်ာင္းက စီစီတီဗီ မွတ္တမ္းထိန္းသိမ္းသူက ဘာေျပာလဲ

ေက်ာင္းက သက္ေသ တင္ထားတဲ့ ဗီဒီယို ဖိုင္ ဟာ ၁၁ ဖိုင္ျဖစ္ၿပီးေတာ့ ကိုရန္ေနာင္ ေဌး က Hard Disk ထဲ ကဖိုင္ေတြကို ကူးၿပီး ရဲကိုေပးခဲ့တယ္ လို႔ ဒီေန႔ တရား႐ုံးမွာ ထြက္ဆိုပါတယ္ ။

ဖိုင္ေတြ ဘာေၾကာင့္ပ်က္ေန သလဲလို႔ ဥပေဒအရာရွိ က ေမးရာမွာေတာ ကို ရန္ေနာင္ေဌး က မသိပါဘူးလို႔လည္း ထြက္ဆို ခဲ့ ပါတယ္ ။

ေက်ာင္းက စီစီတီဗီ မွတ္တမ္းထိမ္းသီမ္းသူ ကိုရန္ေနာင္ေဌးဟာ ေက်ာင္းမွာ ေငြကိုင္နဲ႔ စာရင္းကိုင္တာဝန္ယူထားတာျဖစ္ၿပီးေတာ့ အိုင္တီကြၽမ္းက်င္သူမဟုတ္ေၾကာင္းလည္း ကိုေအာင္ႀကီးေရွ႕ေန႔ ေဒၚစုဒါလီေအာင္ကေျပာပါတယ္။

ဗစ္တိုးရီးယား အမႈ ငါးႀကိမ္ေျမာက္ ႐ုံးခ်ိန္း ေနျပည္ေတာ္ ဒကၡိဏ ခ႐ိုင္ တရား႐ုံးမွာ ၾသဂုတ္လ ၂၈ ရက္က စစ္ေဆးခဲ့စဥ္မွာ အမႈ အတြက္ အေရးပါတဲ့ သက္ေသတစ္ခုျဖစ္တဲ့ ေက်ာင္းက မူရင္း စီစီတီဗီ မွတ္တမ္း Hard Disk ကို ေနာက္႐ုံးခ်ိန္းမွာ တင္ဖို႔ တရား႐ုံးက အမိန႔္ခ်ခဲ့တာျဖစ္ပါတယ္။
 ေနာင္တစ္ပတ္႐ုံးခ်ိန္း ႏိုဝင္ဘာလ ၂၀ ရက္ေန႔

ဘာလို႔ Hard Disk စစ္ဖို႔ျဖစ္လာတာလဲ

ၾသဂုတ္လ ၂၈ ရက္ ႐ုံးခ်ိန္းမွာ ေက်ာင္းက စီစီတီဗီမွတ္တမ္းေတြ သိမ္းထားတဲ့ ကြန္ပ်ဴတာ သမားကို စစ္ေဆးဖို႔ ေဆာင္႐ြက္ခဲ့ေပမယ့္ သူက မူရင္း စီစီတီဗီ မွတ္တမ္းေတြပါတဲ့ Hard Disk မပါရွိဘဲ အဲဒါကို ကူးယူထည့္ထားတဲ့ ကြန္ပ်ဴတာ system ပုံးကိုပဲ ယူလာခဲ့တဲ့ အတြက္ အခုတင္ျပလာတဲ့ စီစီတီဗီမွတ္တမ္းကို မစစ္ေဆးေတာ့ဘဲ ေနာက္တစ္ပတ္႐ုံးခ်ိန္းမွာမွ စီစီတီဗီ မွတ္တမ္း မူလသိမ္းထားတဲ့ Hard disk ကိုယူလာၿပီး တရား႐ုံးကို တင္ဖို႔ ေျပာတာ ျဖစ္ပါတယ္။

ကြန္ပ်ဴတာ သမားတင္သြင္းတဲ့ ကြန္ပ်ဴတာပုံးဟာ မူရင္း စီစီတီဗီ မွတ္တမ္းရွိတဲ့ ဆီကေန ကူးယူးထားတာသာ ျဖစ္လို႔ အထဲက ဖိုင္နာမည္ေတြနဲ႔ ဖိုင္ေတြကို ထည့္သြင္းတဲ့ ရက္စြဲ စတဲ့ ကြာျခားခ်က္ေတြ ရွိႏိုင္တယ္ဆိုတာ ကြန္ပ်ဴတာ နဲ႔ အိုင္တီ ပညာရွင္ေတြက ေျပာခဲ့ပါတယ္။ အဲဒီလို ေျပာဆိုတာကို ဥပေဒ အရာရွိနဲ႔ တရားလို ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္က လည္း တရား႐ုံးကို တင္ျပတဲ့ အတြက္ ကြန္ပ်ဴတာသမားယူလာတဲ့ ကြန္ပ်ဴတာကို လက္မခံဘဲ မူရင္း စီစီတီဗီ မွတ္တမ္းပါတဲ့ Hard Disk ကိုသာ တင္ဖို႔ တရား႐ုံးက ေျပာပါတယ္။

ေပ်ာက္သြားတဲ့ဖိုင္ေတြက ေတာ့ အခု Hard Disk သာ မူရင္းစီစီတီဗီ Hard Disk သာမွန္ရင္ ရွာလို႔ရေၾကာင္း ဘယ္ေလာက္ၾကာမယ္ဆိုတာကို ခန္႔မွန္းေျပာဖို႔ခက္တယ္လို႔လည္း အိုင္တီကြၽမ္းက်င္သူ ကိုမိုးကေျပာပါတယ္။
ေနာက္တစ္ပတ္ဘယ္သူ႔ကိုစစ္မလဲ

ေနာင္တစ္ပတ္႐ုံးခ်ိန္းကိုေတာ့ ႏိုဝင္ဘာလ ၂၀ ရက္ေန႔ ကို ျပန္လည္ခ်ိန္းဆိုခဲ့ၿပီးေတာ့ မႈခင္းဆရာဝန္ႀကီးနဲ႔ ေက်ာင္းႀကီးၾကပ္ေရးမႉးေဒၚဥမၼာလႈိင္ ကို တရား႐ုံးကစစ္ေဆးဖို႔ရွိေနပါတယ္ ။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ဗစ်တိုးရီးယားအမှု အဓိကသက်သေ စီစီတီဗီ မှတ်တမ်း မူရင်းဗီဒီယို ဖိုင်တွေ ဘယ်ရောက်သွားလဲ

Image caption Wisdom hill မူကြိုကျောင်းဝင်းအတွင်း ကိုအောင်ကြီး ဝင်ရောက်နေပုံ

နေပြည်တော် မူကြိုကျောင်းတစ်ကျောင်းက မိန်းကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ် ဆိုမှုမှာ တရားရုံးကို သက်သေတင်သွင်းထားတဲ့ စီစီတီဗီ မှတ်တမ်း မူရင်းဗီဒီယို ဖိုင်တွေဟာ ပျောက်ဆုံးနေတယ်လို့ တရားရုံးကို လာရောက်ထွက်ဆိုပေးခဲ့တဲ အိုင်တီ နည်းပညာ ကျွမ်းကျင်သူ ကိုမိုးက ဒီနေ့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

တရားရုံးကို မူကြိုကျောင်းက သက်သေတင်ထားတဲ့ စီစီတီဗီမှတ်တမ်းတွေကို သိမ်းထားတဲ့ Hard Diskက မူရင်း ဟုတ်မဟုတ် နဲ့ ဒီအထဲ မှာ စီစီတီဗီ မှတ်တမ်းတွေ ရှိမရှိ တရားရုံးက ဥပဒေ အရာရှိကို အဲ့ဒီအိုင်တီ နည်းပညာ ကျွမ်းကျင်သူက လာပြီး ရှင်းပြတာလည်း ဖြစ်ပါတယ်။

"သက်သေခံ ပစ္စည်းထဲ မှာ ဘာမှ မပါဘူး။ ဖိုင်အလွတ် ကြီးဖြစ်နေတယ်။ ဘာဖိုင်မှ လည်းမရှိဘူး။ စီစီတီဗီ မှတ်တမ်းနဲ့ လည်း ချိတ်ထားတာ မတွေ့ ရဘူးလို့ ထွက်ဆိုခဲ့တယ်" လို့ ကိုမိုးက ဘီဘီစီကို ပြောပါတယ်။

နည်းပညာ သဘောအရ ဒီအထဲ ကဖိုင်တွေ ဟာ Hard Diskပျက်မှ သာ ဖိုင်တွေပျက်ဖို့ ရှိပြီး Hard Disk မပျက်ဘဲ ဖိုင်တွေ ဟာ သူ့ဘာသာသူ အလိုအလျောက် ပျက်သွားနိုင်တဲ့ သဘောမရှိကြောင်းလည်း သူကပြောပါတယ်။

Image caption အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယား ကျောင်းတက်ခဲ့တဲ့ နေပြည်တော် Wisdom Hill
အဲဒီဖိုင်တွေပြန်ရနိုင်လား

ဒီအထဲမှာ ရှိတဲ့ မူရင်းဗီဒီယို ဖိုင်တွေကို ပြန်ရဖို့ ဆိုတာက အခုတရားရုံးတင်သွင်းတဲ့ Hard Disk ဟာ စီစီတီဗီ မှတ်တမ်းတွေ သိမ်းတဲ့ မူရင်း ဖြစ်ဖို့ လို ပြီး မူရင်း မဟုတ်ရင်တော့ ပြန်ရဖို့ မလွယ်ဘူးလို့ လည်း သူကပြောပါတယ်။

ဒီစီစီတီဗီ Hard Diskထဲ က ဖိုင်တွေကို ရဲတပ်ဖွဲ့ကို ကျောင်းကပေးခဲ့တာဖြစ်ပြီး စီအိုင်ဒီက ပြန်ပေးတဲ့ အခါ မှာ ဖိုင်တွေ ပါမပါ မသိဘူးလို့လည်း မူကြို ကျောင်းက စီစီတီဗီတာဝန်ခံက တရားရုံးမှာပြောခဲ့ တယ်လို့ ကိုအောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင်ကပြောပါတယ်။

အခုလို မူရင်းဗီဒီယို ဖိုင်တွေ ပျောက်ဆုံးတာကို ပြန်ရဖို့ အတွက် ရဲအရာရှိ တစ်ဦး အိုင်တီ ကျွမ်းကျင်သူနဲ့ စီစီတီဗီ ကျွမ်းကျင်သူ တို့ကို သင့်တော်တဲ့ အချိန်မှာ တာဝန်သတ်မှတ်ပေးမယ်လို့ ရုံးတော် က အမိန့်ချမှတ်ခဲ့တယ်လို့ လည်း ဒေါ်စုဒါလီအောင် ကပြောပါတယ်။

ဒါပေမယ့် တရားရုံး ကသင့်တော် တဲ့ အချိန်နဲ့ ပတ်သက်လို့ ဘယ်အချိန်ဆိုတာကို ပြောမသွားကြောင်းလည်းဒေါ်စုဒါလီအောင် ကပြောပါတယ်။

သတင်းမီဒီယာတွေ အပါအဝင် ရဲတပ်ဖွဲ့ ကရရှိခဲ့တယ်ဆိုတာ စီစီတီဗီ ဗီဒီယို ဖိုင်တွေ ဟာ အခု Hard Disk မူရင်းကနေ ကူးယူရရှိခဲ့ကြတာလည်း ဖြစ်ပါတယ် ။
Image caption ဒေါ်စုဒါလီအောင်ရဲ့ မီဒီယာကို ပြောဆိုချက် တချို့က ကလေးသူငယ် အပေါ် ထိခိုက် နစ်နာစေဆိုပြီး ဒေါ်ဥမ္မာလှိုင်ဘက်က စတင် အမှုဖွင့်ခဲ့

မူကြိုကျောင်းက စီစီတီဗီ မှတ်တမ်းထိန်းသိမ်းသူက ဘာပြောလဲ

ကျောင်းက သက်သေ တင်ထားတဲ့ ဗီဒီယို ဖိုင် ဟာ ၁၁ ဖိုင်ဖြစ်ပြီးတော့ ကိုရန်နောင် ဌေး က Hard Disk ထဲ ကဖိုင်တွေကို ကူးပြီး ရဲကိုပေးခဲ့တယ် လို့ ဒီနေ့ တရားရုံးမှာ ထွက်ဆိုပါတယ် ။

ဖိုင်တွေ ဘာကြောင့်ပျက်နေ သလဲလို့ ဥပဒေအရာရှိ က မေးရာမှာတော ကို ရန်နောင်ဌေး က မသိပါဘူးလို့လည်း ထွက်ဆို ခဲ့ ပါတယ် ။

ကျောင်းက စီစီတီဗီ မှတ်တမ်းထိမ်းသီမ်းသူ ကိုရန်နောင်ဌေးဟာ ကျောင်းမှာ ငွေကိုင်နဲ့ စာရင်းကိုင်တာဝန်ယူထားတာဖြစ်ပြီးတော့ အိုင်တီကျွမ်းကျင်သူမဟုတ်ကြောင်းလည်း ကိုအောင်ကြီးရှေ့နေ့ ဒေါ်စုဒါလီအောင်ကပြောပါတယ်။

ဗစ်တိုးရီးယား အမှု ငါးကြိမ်မြောက် ရုံးချိန်း နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးမှာ သြဂုတ်လ ၂၈ ရက်က စစ်ဆေးခဲ့စဉ်မှာ အမှု အတွက် အရေးပါတဲ့ သက်သေတစ်ခုဖြစ်တဲ့ ကျောင်းက မူရင်း စီစီတီဗီ မှတ်တမ်း Hard Disk ကို နောက်ရုံးချိန်းမှာ တင်ဖို့ တရားရုံးက အမိန့်ချခဲ့တာဖြစ်ပါတယ်။
Image caption နောင်တစ်ပတ်ရုံးချိန်း နိုဝင်ဘာလ ၂၀ ရက်နေ့
ဘာလို့ Hard Disk စစ်ဖို့ဖြစ်လာတာလဲ

သြဂုတ်လ ၂၈ ရက် ရုံးချိန်းမှာ ကျောင်းက စီစီတီဗီမှတ်တမ်းတွေ သိမ်းထားတဲ့ ကွန်ပျူတာ သမားကို စစ်ဆေးဖို့ ဆောင်ရွက်ခဲ့ပေမယ့် သူက မူရင်း စီစီတီဗီ မှတ်တမ်းတွေပါတဲ့ Hard Disk မပါရှိဘဲ အဲဒါကို ကူးယူထည့်ထားတဲ့ ကွန်ပျူတာ system ပုံးကိုပဲ ယူလာခဲ့တဲ့ အတွက် အခုတင်ပြလာတဲ့ စီစီတီဗီမှတ်တမ်းကို မစစ်ဆေးတော့ဘဲ နောက်တစ်ပတ်ရုံးချိန်းမှာမှ စီစီတီဗီ မှတ်တမ်း မူလသိမ်းထားတဲ့ Hard disk ကိုယူလာပြီး တရားရုံးကို တင်ဖို့ ပြောတာ ဖြစ်ပါတယ်။

ကွန်ပျူတာ သမားတင်သွင်းတဲ့ ကွန်ပျူတာပုံးဟာ မူရင်း စီစီတီဗီ မှတ်တမ်းရှိတဲ့ ဆီကနေ ကူးယူးထားတာသာ ဖြစ်လို့ အထဲက ဖိုင်နာမည်တွေနဲ့ ဖိုင်တွေကို ထည့်သွင်းတဲ့ ရက်စွဲ စတဲ့ ကွာခြားချက်တွေ ရှိနိုင်တယ်ဆိုတာ ကွန်ပျူတာ နဲ့ အိုင်တီ ပညာရှင်တွေက ပြောခဲ့ပါတယ်။ အဲဒီလို ပြောဆိုတာကို ဥပဒေ အရာရှိနဲ့ တရားလို ရှေ့နေ ဒေါ်ရွက်နုအောင်က လည်း တရားရုံးကို တင်ပြတဲ့ အတွက် ကွန်ပျူတာသမားယူလာတဲ့ ကွန်ပျူတာကို လက်မခံဘဲ မူရင်း စီစီတီဗီ မှတ်တမ်းပါတဲ့ Hard Disk ကိုသာ တင်ဖို့ တရားရုံးက ပြောပါတယ်။

ပျောက်သွားတဲ့ဖိုင်တွေက တော့ အခု Hard Disk သာ မူရင်းစီစီတီဗီ Hard Disk သာမှန်ရင် ရှာလို့ရကြောင်း ဘယ်လောက်ကြာမယ်ဆိုတာကို ခန့်မှန်းပြောဖို့ခက်တယ်လို့လည်း အိုင်တီကျွမ်းကျင်သူ ကိုမိုးကပြောပါတယ်။
နောက်တစ်ပတ်ဘယ်သူ့ကိုစစ်မလဲ

နောင်တစ်ပတ်ရုံးချိန်းကိုတော့ နိုဝင်ဘာလ ၂၀ ရက်နေ့ ကို ပြန်လည်ချိန်းဆိုခဲ့ပြီးတော့ မှုခင်းဆရာဝန်ကြီးနဲ့ ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင် ကို တရားရုံးကစစ်ဆေးဖို့ရှိနေပါတယ် ။

BBC Burmese
https://www.bbc.com
ဗစ္တိုးရီးယားအမႈ အဓိကသက္ေသ စီစီတီဗီ မွတ္တမ္း မူရင္းဗီဒီယို ဖိုင္ေတြ ဘယ္ေရာက္သြားလဲ ဗစ္တိုးရီးယားအမႈ အဓိကသက္ေသ စီစီတီဗီ မွတ္တမ္း မူရင္းဗီဒီယို ဖိုင္ေတြ ဘယ္ေရာက္သြားလဲ Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.