ေႂကြလြင့္သြားတဲ့ ဂူဟားရား ဟာ တေလာတုန္းက ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ခဲ့တဲ့ ဆူလီရဲ႕ ရင္းႏွီးတဲ့မိတ္ေဆြ

အေႂကြေစာတဲ့ ေကေပါ့ပ္စတား ေနာက္တစ္ေယာက္ ထပ္မံဆုံးရႈံးရ
(Zawgyi)⤵⤵⤵
ေတာင္ကိုရီးယား ေကေပါ့ပ္ အဆိုေတာ္ ဂူဟားရား ဟာ ဆိုးလ္ၿမိဳ႕က ေနအိမ္မွာ ေသဆုံးေနတာကို ရဲက ေတြ႕ရွိခဲ့ပါတယ္။

အသက္၂၈ႏွစ္အ႐ြယ္ ေက်ာ္ၾကားသူ အဆိုေတာ္ ဟားရာ တေယာက္ ဘာေၾကာင့္ ေသဆုံးရသလဲ ဆိုတာကို စုံစမ္း ေန ၾကၿပီး လြန္ခဲ့တဲ့ ၆လ ေလာက္တုန္းကေတာ့ ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံမႈ သံသယနဲ႔ သူ႔ကို ေမ့ေမ်ာလ်က္ ေတြ႕ခဲ့ရပါတယ္။

အဲဒီတုန္းကေတာ့ သူ႔ခ်စ္ပရိသတ္ကို သူက ျပန္လည္ ေတာင္းပန္ခဲ့ပါတယ္။

သူအေလာင္းကို ႏို၀င္ဘာ ၂၄ရက္ တနဂၤေႏြေန႔ ေဒသစံေတာ္ခ်ိန္ ညေန ၆ နာရီမွာ သူ႔ေနအိမ္မွာ ေတြ႕ရွိခဲ့တယ္လို႔ ယုံဟတ္ သတင္းကို အေျခခံၿပီး ဂမ္နမ္ ရဲ ဌာနက ေျပာပါတယ္။

သူ႔ရဲ႕ အင္စတာဂရမ္မွာ ပရိသတ္ တစ္သန္းခြဲ ရွိၿပီး ေနာက္ဆုံး ႏို၀င္ဘာ ၂၃ရက္ မေန႔က တင္ခဲ့တဲ့ ဓါတ္ပုံရဲ႕ ေအာက္မွာ "Good night" လို႔ ေရးသားထားပါတယ္။

၂၀၁၆မွာ ၿပိဳကြဲသြားတဲ့ ခါရာ အဖြဲ႕ (ဂူဟားရာ - ယာ - ဒုတိယ)
သူဟာ နာမယ္ေက်ာ္ အမ်ိဳးသမီး ဂီတအဖြဲ႕ Kara ခါရာ ရဲ႕ အဖြဲ႕၀င္ေဟာင္း တေယာက္ ျဖစ္ၿပီး အဲဒီအဖြဲ႕ကို ၂၀၀ဂ ခုႏွစ္တုန္းက စတင္ ဝင္ေရာက္ခဲ့သူ ျဖစ္ပါတယ္။

သူတို႔အဖြဲ႕ဟာ ႏိုင္ငံတကာ စင္ျမင့္မွာ အႀကီးအက်ယ္ ေအာင္ျမင္ခဲ့တဲ့ ဂီတ အဖြဲ႕လည္း ျဖစ္ပါတယ္။

ဂူဟားရားဟာ လတ္တေလာ တကိုယ္ေတာ္ အေခြ ထုတ္ထားၿပီး ဂ်ပန္ကို သြားေရာက္ ေဖ်ာ္ေျဖခဲ့ဖူးပါတယ္။

သူရဲ႕ အေခြကို ၂၀၁၅ တုန္းက ထုတ္ခဲ့ၿပီး အေရာင္းရဆုံး စာရင္းမွာ နံပါတ္ ၅ ေနရာမွာ ရွိခဲ့ပါတယ္။

အခုလ အေစာပိုင္းတုန္းကလည္း Midnight Queen သန္းေခါင္ယံ ဘုရင္မလို႔ အမည္ရတဲ့ သီခ်င္းတပုဒ္ သူ ထုတ္လႊင့္ခဲ့ဖူးပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္အတြင္း သူဟာ အႏုပညာ ရပ္၀န္းကေန ခပ္ခြာခြာ ေနခဲ့တဲ့ အျပင္ ၂၀၁၈ စက္တင္ဘာမွာ လူထုၾကား ခ်ျပလို႔ မသင့္တဲ့ သူ႔ဗီဒီယိုေတြကို သူ႔ရည္းစားေဟာင္းက ခ်ျပ အရွက္ခြဲမယ္ ဆိုတဲ့ ၿခိမ္းေျခာက္မႈေၾကာင့္ သူက တရားစြဲဆို ခဲ့ပါတယ္။

ဒါ့အျပင္ သူ႔လက္တြဲေဖာ္ေဟာင္း တေယာက္က သူ႔အေပၚ ႐ုပ္ပိုင္းဆိုင္ရာ အရ ႏွိပ္စက္ ခဲ့သလို သူ႔အေပၚ ၿခိမ္းေျခာက္မႈေတြ လုပ္ခဲ့မႈနဲ႔ ေထာင္က်ခံရ ေနရာက ၿပီးခဲ့တဲ့ ၾသဂုတ္လ တုန္းက အဲဒီျပစ္ဒဏ္ကို ဆိုင္းငံ့ထားတဲ့ ျဖစ္ရပ္လည္း ေပၚေပါက္ခဲ့ပါေသးတယ္။

 လူေတြ အားလုံးကို ႏႈတ္ဆက္ခဲ့တဲ့ ဓါတ္ပုံ ေအာက္မွာ "Good night" လို႔ ေရးသားထား
သူဟာ ၿပီးခဲ့တဲ့ လတုန္းက ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ ေသဆုံးသြားတဲ့ ေနာက္ထပ္ ေကေပါ့ပ္ အဆိုေတာ္တေယာက္ ျဖစ္တဲ့ ဆူလီ နဲ႔ အလြန္အမင္း ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြ ျဖစ္ပါတယ္။

သူငယ္ခ်င္း ျဖစ္သူ ႐ုတ္တရက္ ေသဆုံးသြားတဲ့ အေပၚ တုန္လႈပ္ခဲ့သူလည္း ျဖစ္ပါတယ္။

ဆူလီ ေသဆုံးမႈနဲ႔ ပတ္သက္လို႔ အြန္လိုင္းေပၚကေန ႏိုင္ထက္ စီးနင္း ျပဳမႈ ဆက္ဆံမႈေတြေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သြားတာ ဆိုတဲ့ သံသယေတြလည္း ထြက္ေပၚခဲ့ပါတယ္။

အခုေတာ့ ဂူဟားရား ေသဆုံးမႈနဲ႔ ပတ္သက္လို႔ သူ႔ပရိသတ္ေတြက တုန္လႈပ္ေနၾကၿပီး သူတို႔ၾကား ဟားရာ ရဲ႕ ပုံေတြကို ေဝငွ ေနၾကပါတယ္။

ကမာၻက်န္းမာေရး အဖြဲ႕ အစီရင္ခံစာ အရ ေတာင္ကိုရီးယား ႏိုင္ငံဟာ ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္း ႀကံစည္မႈႏႈန္း အျမင့္ဆုံး တိုင္းျပည္ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ကြွေလွင့်သွားတဲ့ ဂူဟားရား ဟာ တလောတုန်းက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ ဆူလီရဲ့ ရင်းနှီးတဲ့မိတ်ဆွေ

 
Image caption အကြွေစောတဲ့ ကေပေါ့ပ်စတား နောက်တစ်ယောက် ထပ်မံဆုံးရှုံးရ

တောင်ကိုရီးယား ကေပေါ့ပ် အဆိုတော် ဂူဟားရား ဟာ ဆိုးလ်မြို့က နေအိမ်မှာ သေဆုံးနေတာကို ရဲက တွေ့ရှိခဲ့ပါတယ်။

အသက်၂၈နှစ်အရွယ် ကျော်ကြားသူ အဆိုတော် ဟားရာ တယောက် ဘာကြောင့် သေဆုံးရသလဲ ဆိုတာကို စုံစမ်း နေ ကြပြီး လွန်ခဲ့တဲ့ ၆လ လောက်တုန်းကတော့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှု သံသယနဲ့ သူ့ကို မေ့မျောလျက် တွေ့ခဲ့ရပါတယ်။

အဲဒီတုန်းကတော့ သူ့ချစ်ပရိသတ်ကို သူက ပြန်လည် တောင်းပန်ခဲ့ပါတယ်။

သူအလောင်းကို နိုဝင်ဘာ ၂၄ရက် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ သူ့နေအိမ်မှာ တွေ့ရှိခဲ့တယ်လို့ ယုံဟတ် သတင်းကို အခြေခံပြီး ဂမ်နမ် ရဲ ဌာနက ပြောပါတယ်။

သူ့ရဲ့ အင်စတာဂရမ်မှာ ပရိသတ် တစ်သန်းခွဲ ရှိပြီး နောက်ဆုံး နိုဝင်ဘာ ၂၃ရက် မနေ့က တင်ခဲ့တဲ့ ဓါတ်ပုံရဲ့ အောက်မှာ "Good night" လို့ ရေးသားထားပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၆မှာ ပြိုကွဲသွားတဲ့ ခါရာ အဖွဲ့ (ဂူဟားရာ - ယာ - ဒုတိယ)

သူဟာ နာမယ်ကျော် အမျိုးသမီး ဂီတအဖွဲ့ Kara ခါရာ ရဲ့ အဖွဲ့ဝင်ဟောင်း တယောက် ဖြစ်ပြီး အဲဒီအဖွဲ့ကို ၂၀၀ဂ ခုနှစ်တုန်းက စတင် ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ နိုင်ငံတကာ စင်မြင့်မှာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ ဂီတ အဖွဲ့လည်း ဖြစ်ပါတယ်။

ဂူဟားရားဟာ လတ်တလော တကိုယ်တော် အခွေ ထုတ်ထားပြီး ဂျပန်ကို သွားရောက် ဖျော်ဖြေခဲ့ဖူးပါတယ်။

သူရဲ့ အခွေကို ၂၀၁၅ တုန်းက ထုတ်ခဲ့ပြီး အရောင်းရဆုံး စာရင်းမှာ နံပါတ် ၅ နေရာမှာ ရှိခဲ့ပါတယ်။

အခုလ အစောပိုင်းတုန်းကလည်း Midnight Queen သန်းခေါင်ယံ ဘုရင်မလို့ အမည်ရတဲ့ သီချင်းတပုဒ် သူ ထုတ်လွှင့်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း သူဟာ အနုပညာ ရပ်ဝန်းကနေ ခပ်ခွာခွာ နေခဲ့တဲ့ အပြင် ၂၀၁၈ စက်တင်ဘာမှာ လူထုကြား ချပြလို့ မသင့်တဲ့ သူ့ဗီဒီယိုတွေကို သူ့ရည်းစားဟောင်းက ချပြ အရှက်ခွဲမယ် ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် သူက တရားစွဲဆို ခဲ့ပါတယ်။

ဒါ့အပြင် သူ့လက်တွဲဖော်ဟောင်း တယောက်က သူ့အပေါ် ရုပ်ပိုင်းဆိုင်ရာ အရ နှိပ်စက် ခဲ့သလို သူ့အပေါ် ခြိမ်းခြောက်မှုတွေ လုပ်ခဲ့မှုနဲ့ ထောင်ကျခံရ နေရာက ပြီးခဲ့တဲ့ သြဂုတ်လ တုန်းက အဲဒီပြစ်ဒဏ်ကို ဆိုင်းငံ့ထားတဲ့ ဖြစ်ရပ်လည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။
ဓာတ်ပုံ မူပိုင် Instagram
Image caption လူတွေ အားလုံးကို နှုတ်ဆက်ခဲ့တဲ့ ဓါတ်ပုံ အောက်မှာ "Good night" လို့ ရေးသားထား

သူဟာ ပြီးခဲ့တဲ့ လတုန်းက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သေဆုံးသွားတဲ့ နောက်ထပ် ကေပေါ့ပ် အဆိုတော်တယောက် ဖြစ်တဲ့ ဆူလီ နဲ့ အလွန်အမင်း ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။

သူငယ်ချင်း ဖြစ်သူ ရုတ်တရက် သေဆုံးသွားတဲ့ အပေါ် တုန်လှုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဆူလီ သေဆုံးမှုနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်ကနေ နိုင်ထက် စီးနင်း ပြုမှု ဆက်ဆံမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာ ဆိုတဲ့ သံသယတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အခုတော့ ဂူဟားရား သေဆုံးမှုနဲ့ ပတ်သက်လို့ သူ့ပရိသတ်တွေက တုန်လှုပ်နေကြပြီး သူတို့ကြား ဟားရာ ရဲ့ ပုံတွေကို ဝေငှ နေကြပါတယ်။

ကမ္ဘာကျန်းမာရေး အဖွဲ့ အစီရင်ခံစာ အရ တောင်ကိုရီးယား နိုင်ငံဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုနှုန်း အမြင့်ဆုံး တိုင်းပြည်ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ေႂကြလြင့္သြားတဲ့ ဂူဟားရား ဟာ တေလာတုန္းက ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ခဲ့တဲ့ ဆူလီရဲ႕ ရင္းႏွီးတဲ့မိတ္ေဆြ ေႂကြလြင့္သြားတဲ့ ဂူဟားရား ဟာ တေလာတုန္းက ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ခဲ့တဲ့ ဆူလီရဲ႕ ရင္းႏွီးတဲ့မိတ္ေဆြ Reviewed by THITHTOOLWIN on 11:15 Rating: 5
Powered by Blogger.