လန္ဒန္တံတားေပၚ တိုက္ခိုက္မႈ ႏွစ္ဦး ေသဆံုး


(Zawgyi/Unicode)

ၿဗိတိန္ႏုိင္ငံက လန္ဒန္တံတားေပၚမွာ ေသာၾကာေန႔လယ္ပိုင္းက ဆိုးရြားတဲ့တိုက္ခိုက္မႈလို႔ သူေခၚဆိုတဲ့ျဖစ္ရပ္ကို လန္ဒန္ၿမိဳ႕ေတာ္ ဝန္ Sadiq Khan က ျပစ္တင္႐ႈတ္ခ်လိုက္ပါတယ္။ အဲဒီျဖစ္ရပ္မွာ ေဖာက္ခြဲေရးပစၥည္းအတုေတြပါတဲ့အက်ႌကို ဝတ္ထားတဲ့ လူ တေယာက္က ဓားတေခ်ာင္းနဲ႔ လူေတြကို တိုက္ခိုက္ခဲ့ၿပီးေတာ့ အဲဒီလူကို ရဲတပ္ဖြဲ႔က ပစ္သတ္လိုက္ပါတယ္။

ဒီျဖစ္ရပ္အတြင္း တိုက္ခိုက္ခံရသူႏွစ္ဦး ေသဆံုးၿပီး တျခားလူအေတာ္မ်ားမ်ား ဒဏ္ရာရသြားတယ္လုိ႔ တာဝန္ရွိသူေတြကေျပာပါ တယ္။ ဒါကို အၾကမ္းဖက္ဝါဒစြဲ တိုက္ခုိက္မႈအျဖစ္ သတ္မွတ္ၿပီးေတာ့ စံုစမ္းစစ္ေဆးေနပါတယ္။

အခင္းျဖစ္တဲ့ေနရာကို ရဲေတြေရာက္မလာခင္မွာ အနားမွာရွိတဲ့လူေတြက တိုက္ခိုက္သူကို ဝိုင္းဖမ္းလိုက္တယ္ဆိုတာ ၿမိဳ႕ေတာ္ဝန္ Khan က အတည္ျပဳပါတယ္။

တိုက္ခိုက္သူကို ရဲက ပစ္သတ္လိုက္တယ္ဆိုတာ လန္ဒန္ရဲတပ္ဖြဲ႔ လက္ေထာက္ေကာ္မရွင္နာမင္းႀကီး Neil Basu အတည္ျပဳေပမယ့္ တုိက္ခိုက္ရတဲ့ ရည္ရြယ္ခ်က္ကိုေတာ့ ခန္႔မွန္းေျပာဆိုမသြားပါဘူး။

အခင္းျဖစ္ရပ္ကို အေရးေပၚ တုံ႔ျပန္လုပ္ေဆာင္ၾကသူေတြကို ဝန္ႀကီးခ်ဳပ္ Boris Johnson ကေရာ၊ အတိုက္အခံ ေလဘာပါတီ ေခါင္းေဆာင္ Jeremy Corbyn ကပါ ခ်ီးက်ဴးေျပာဆိုပါတယ္။

အေမရိကန္သမၼတအိမ္ျဖဴေတာ္ကလည္း အျပစ္မဲ့လူထုအေပၚ ဒီလိုဆိုးရြားတဲ့ တိုက္ခိုက္မႈမ်ဳိးကို အျပင္းအထန္ ႐ႈတ္ခ်ေၾကာင္းနဲ႔ ၿဗိတိန္ႏုိင္ငံကို ကူညီမယ့္အေၾကာင္း ကတိေပးသလို သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ကို ဒီျဖစ္ရပ္နဲ႔ပတ္သက္လို႔ အစီရင္ခံထားၿပီး ေတာ့ အေျခအေနကို မျပတ္ေစာင့္ၾကည့္ေနတယ္လုိ႔ ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။

................

လန်ဒန်တံတားပေါ် တိုက်ခိုက်မှု နှစ်ဦး သေဆုံး
(Unicode)


ဗြိတိန်နိုင်ငံက လန်ဒန်တံတားပေါ်မှာ သောကြာနေ့လယ်ပိုင်းက ဆိုးရွားတဲ့တိုက်ခိုက်မှုလို့ သူခေါ်ဆိုတဲ့ဖြစ်ရပ်ကို လန်ဒန်မြို့တော် ဝန် Sadiq Khan က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အဲဒီဖြစ်ရပ်မှာ ဖောက်ခွဲရေးပစ္စည်းအတုတွေပါတဲ့အင်္ကျီကို ဝတ်ထားတဲ့ လူ တယောက်က ဓားတချောင်းနဲ့ လူတွေကို တိုက်ခိုက်ခဲ့ပြီးတော့ အဲဒီလူကို ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ပါတယ်။

ဒီဖြစ်ရပ်အတွင်း တိုက်ခိုက်ခံရသူနှစ်ဦး သေဆုံးပြီး တခြားလူအတော်များများ ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါ တယ်။ ဒါကို အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုအဖြစ် သတ်မှတ်ပြီးတော့ စုံစမ်းစစ်ဆေးနေပါတယ်။

အခင်းဖြစ်တဲ့နေရာကို ရဲတွေရောက်မလာခင်မှာ အနားမှာရှိတဲ့လူတွေက တိုက်ခိုက်သူကို ဝိုင်းဖမ်းလိုက်တယ်ဆိုတာ မြို့တော်ဝန် Khan က အတည်ပြုပါတယ်။

တိုက်ခိုက်သူကို ရဲက ပစ်သတ်လိုက်တယ်ဆိုတာ လန်ဒန်ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာမင်းကြီး Neil Basu အတည်ပြုပေမယ့် တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ကိုတော့ ခန့်မှန်းပြောဆိုမသွားပါဘူး။

အခင်းဖြစ်ရပ်ကို အရေးပေါ် တုံ့ပြန်လုပ်ဆောင်ကြသူတွေကို ဝန်ကြီးချုပ် Boris Johnson ကရော၊ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် Jeremy Corbyn ကပါ ချီးကျူးပြောဆိုပါတယ်။

အမေရိကန်သမ္မတအိမ်ဖြူတော်ကလည်း အပြစ်မဲ့လူထုအပေါ် ဒီလိုဆိုးရွားတဲ့ တိုက်ခိုက်မှုမျိုးကို အပြင်းအထန် ရှုတ်ချကြောင်းနဲ့ ဗြိတိန်နိုင်ငံကို ကူညီမယ့်အကြောင်း ကတိပေးသလို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အစီရင်ခံထားပြီး တော့ အခြေအနေကို မပြတ်စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

VOA Burmese
https://burmese.voanews.com
လန္ဒန္တံတားေပၚ တိုက္ခိုက္မႈ ႏွစ္ဦး ေသဆံုး လန္ဒန္တံတားေပၚ တိုက္ခိုက္မႈ ႏွစ္ဦး ေသဆံုး Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.