ယန္စီကုမၸဏီနဲ႔ ယင္းမာပင္ေဒသခံတို႔ၾကား ေျပလည္မႈမရေသး

ယင္းမာပင္ၿမိဳ႕နယ္ ေ႐ႊပန္းခိုင္ေက်း႐ြာအနီးက ေျမေတြကို ျမန္မာယန္စီကုမၸဏီက ၿခံစည္း႐ိုးခတ္ထားတာကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ျမန္မာယန္စီကုမၸဏီ ၿခံစည္း႐ိုးခတ္ေနတဲ့ ယင္းမာပင္ၿမိဳ႕နယ္ ေ႐ႊပန္းခိုင္ေက်း႐ြာအနီးက ေ႐ႊႏွင္းဆီေတာင္မွာ ေက်း႐ြာပိုင္ စားက်က္ေျမနဲ႔ ပလပ္ေျမေတြ ပါဝင္ေနတယ္ဆိုၿပီး ေဒသခံေတြက ဒီေန႔မနက္က တားျမစ္ၾကတာပါ။

အဲဒီေတာင္မွာ ဧက ၆၀၀၀ ကို စီမံကိန္းနယ္ေျမအျဖစ္ ျမန္မာယန္စီကုမၸဏီက ၂၀၁၆ ခုႏွစ္ထဲက လုပ္ကိုင္ခြင့္ရရွိထားတာျဖစ္ပါတယ္။

ကုမၸဏီက ၿခံစည္႐ိုးခတ္တဲ့ေနရာေတြဟာ မူလက ေက်း႐ြာနဲ႔ သေဘာတူသတ္မွတ္ထားတဲ့ေနရာနဲ႔ မတူညီတဲ့အတြက္ ကန႔္ကြက္ခံေနရတာလို႔ ယင္းမာပင္မဲဆႏၵနယ္ အမွတ္ ၁ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ႏွင္းရီက ေျပာပါတယ္။

“ယန္စီကုမၸဏီက အေစာပိုင္းထဲက ဧက ၆၀၀၀ ေက်ာ္ေလာက္ ဧရိယာသတ္မွတ္ထားတာရွိတယ္။ ဒါေပမဲ့လို႔ သူတို႔က ၿခံစည္း႐ိုးရဲ႕ အတြင္းပိုင္း၊ အျပင္ပိုင္းဆိုၿပီး ကြဲျပားေနတာရွိတယ္။ မူလေဆာင္႐ြက္တုန္းက ၿခံစည္း႐ိုးက တစ္မ်ိဳးေပါ့။ အခုက်ေတာ့ ဧရိယာထဲမွာ ပါၿပီးေတာ့ အသုံးမျပဳတဲ့ ေနရာေတြရွိတယ္ အဲဒီဧရိယာေတြကို စြန႔္ပစ္ေျမစာပုံဖို႔ဆိုၿပီး ကုမၸဏီက ထပ္ၿပီး ရခ်င္တာ”

စီမံကိန္းဧရိယာအတြင္း ပါဝင္တဲ့ လယ္ယာေျမဧက ၂၀၀ ေက်ာ္အတြက္ ေျမယာေလ်ာ္ေၾကးေပးဖို႔ ေက်း႐ြာသားေတြနဲ႔ သေဘာတူညီမႈ ရရွိထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။ တစ္ဧကကို က်ပ္သိန္း ၃၀ ေပးဖို႔၊ ေဒသခံတို႔ကို အလုပ္အကိုင္ေပးဖို႔ သေဘာတူထားတာ ျဖစ္ပါတယ္။

ေျမယာေလ်ာ္ေၾကးကို ၿပီးခဲ့တဲ့လက တစ္ႀကိမ္၊ ဒီလမွာတစ္ႀကိမ္ ၁၀ သိန္းစီ ေပးထားၿပီး ၿခံစည္း႐ိုးခတ္ၿပီးရင္ ေနာက္ဆုံးအႀကိမ္အျဖစ္ ၁၀ သိန္းထပ္ေပးဖို႔ သေဘာတူထားၾကတာပါ။

ဒီေန႔မနက္မွာ ကုမၸဏီက ရဲတပ္ဖြဲ႕လုံၿခဳံေရးနဲ႔ ၿခံစည္း႐ိုးလာခတ္ရာမွာ ေဒသခံေတြက တားျမစ္တာေၾကာင့္ ခဏရပ္ထားၿပီး ႏွစ္ဘက္ေစာင့္ၾကည့္ေနတဲ့ အေျခအေနရွိတယ္လို႔ ေ႐ႊပန္းခိုင္ေက်း႐ြာသား ကိုဝင္းမင္းေဌးက ေျပာပါတယ္။

စီမံကိန္းဧရိယာဆိုၿပီး ကုမၸဏီက ၿခံစည္း႐ိုးခတ္ရာမွာ မူလသေဘာတူညီခ်က္မွာ မပါဝင္တဲ့ ေက်း႐ြာရဲ႕ စားက်က္ေျမဧက ၆၀၀ ေလာက္ ပါဝင္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေဒသခံေတြရဲ႕ စားက်က္ေျမကို စီမံကိန္းဧရိယာထဲ ထည့္မယ္ဆိုရင္ ေဒသဖြံ႕ၿဖိဳးေရးအေဆာက္အဦးေတြ ေဆာက္ေပးဖို႔ဆိုၿပီး ကုမၸဏီဘက္ကို ေတာင္းဆိုထားတယ္လို႔ ေ႐ႊပန္းခိုင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္ေဌးကေျပာပါတယ္။

“ရပ္႐ြာဖြံ႕ၿဖိဳးေရးကိစၥေပါ့ အခုသူတို႔လုပ္တာက ေတာင္သူေတြကိုသိမ္းၿပီး ဖြံ႕ၿဖိဳးေရးနဲ႔ ပတ္သက္တာ ကုမၸဏီနဲ႔ ညႇိတာပဲရွိေသးတယ္ ႐ြာအတြက္အသုံးက်မယ့္ဟာ ေဆးခန္းတို႔ ဘာတို႔ေပါ့ အဲ့ဒါေတြ ညႇိႏႈိင္းေနတယ္ ညႇိႏႈိင္းဆဲကို မေျပလည္ေသးဘူး”

ေဒသခံေတြဘက္က ေတာင္းဆိုခ်က္ကို တစ္စုံတရာ အေၾကာင္းမျပန္ေသးဘဲ အခု ဒုတိယအႀကိမ္ လာတဲ့အေပၚ ထပ္ကန႔္ကြက္တာလို႔  ကိုဝင္းမင္းေဌးကေျပာပါတယ္။

“ပထမတစ္သုတ္ခတ္တုန္းက သံပိုက္လုံးနဲ႔ခတ္တယ္ဗ်။ သံပိုက္လုံးနဲ႔ခတ္တုန္းက ရပ္႐ြာက သြားၿပီးေတာ့ ပြင့္လင္းျမင္သာမႈ ခ်ျပဖို႔ ရပ္႐ြာနဲ႔ ညႇိႏႈိင္းၿပီးမွ ခတ္ဖို႔ တစ္ခါသြားေျပာထားတယ္။ အဲ့ဒါကို ရပ္႐ြာကို ညႇိႏႈိင္း တိုင္ပင္တာ မရွိဘဲ အခု ကြန္ကရစ္တိုင္ေတြနဲ႔ပါ ခတ္ေနတာ”

လက္ရွိအေျခအေနကို စီမံကိန္းေျမယာေလ်ာ္ေၾကးေပးအပ္ေရးေကာ္မတီဥကၠ႒ စစ္ကိုင္းတိုင္းေဒသႀကီး စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီး ဦးကမ္ဇာမုံကို အေၾကာင္းၾကားထားတယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ႏွင္းရီက ေျပာပါတယ္။

ဝန္ႀကီးဦးကမ္ဇာမုံနဲ႔ ျမန္မာယန္စီကုမၸဏီ မန္ေနဂ်ာကို RFA က ဒီကေန႔ ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ လက္ခံေျဖၾကားတာ မရွိပါဘူး။

ေ႐ႊႏွင္းဆီေတာင္ဟာ ေၾကးစင္ေတာင္နဲ႔ ေတာင္ခေမာက္တို႔အနီးမွာရွိတာျဖစ္ၿပီး ေၾကးနီ ထြက္ရွိတယ္လို႔ သိရပါတယ္။

တ႐ုတ္ကုမၸဏီျဖစ္တဲ့ ျမန္မာယန္စီကုမၸဏီဟာ ေၾကးစင္ေတာင္နဲ႔ စံပယ္ေတာင္ေတြမွာ သတၱဳတူးေဖာ္ေရးလုပ္ငန္း လုပ္ကိုင္ေနၿပီး ဝါးစိမ္းေတာင္မွာလည္း သတၱဳတူးေဖာ္ေရးစမ္းသပ္မႈေတြ လုပ္ေဆာင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
ယန်စီကုမ္ပဏီနဲ့ ယင်းမာပင်ဒေသခံတို့ကြား ပြေလည်မှုမရသေး

ယင်းမာပင်မြို့နယ် ရွှေပန်းခိုင်ကျေးရွာအနီးက မြေတွေကို မြန်မာယန်စီကုမ္ပဏီက ခြံစည်းရိုးခတ်ထားတာကို တွေ့ရစဉ်
Photo: Aung Thu Ra

မြန်မာယန်စီကုမ္ပဏီ ခြံစည်းရိုးခတ်နေတဲ့ ယင်းမာပင်မြို့နယ် ရွှေပန်းခိုင်ကျေးရွာအနီးက ရွှေနှင်းဆီတောင်မှာ ကျေးရွာပိုင် စားကျက်မြေနဲ့ ပလပ်မြေတွေ ပါဝင်နေတယ်ဆိုပြီး ဒေသခံတွေက ဒီနေ့မနက်က တားမြစ်ကြတာပါ။

အဲဒီတောင်မှာ ဧက ၆၀၀၀ ကို စီမံကိန်းနယ်မြေအဖြစ် မြန်မာယန်စီကုမ္ပဏီက ၂၀၁၆ ခုနှစ်ထဲက လုပ်ကိုင်ခွင့်ရရှိထားတာဖြစ်ပါတယ်။

ကုမ္ပဏီက ခြံစည်ရိုးခတ်တဲ့နေရာတွေဟာ မူလက ကျေးရွာနဲ့ သဘောတူသတ်မှတ်ထားတဲ့နေရာနဲ့ မတူညီတဲ့အတွက် ကန့်ကွက်ခံနေရတာလို့ ယင်းမာပင်မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက ပြောပါတယ်။

“ယန်စီကုမ္ပဏီက အစောပိုင်းထဲက ဧက ၆၀၀၀ ကျော်လောက် ဧရိယာသတ်မှတ်ထားတာရှိတယ်။ ဒါပေမဲ့လို့ သူတို့က ခြံစည်းရိုးရဲ့ အတွင်းပိုင်း၊ အပြင်ပိုင်းဆိုပြီး ကွဲပြားနေတာရှိတယ်။ မူလဆောင်ရွက်တုန်းက ခြံစည်းရိုးက တစ်မျိုးပေါ့။ အခုကျတော့ ဧရိယာထဲမှာ ပါပြီးတော့ အသုံးမပြုတဲ့ နေရာတွေရှိတယ် အဲဒီဧရိယာတွေကို စွန့်ပစ်မြေစာပုံဖို့ဆိုပြီး ကုမ္ပဏီက ထပ်ပြီး ရချင်တာ”

စီမံကိန်းဧရိယာအတွင်း ပါဝင်တဲ့ လယ်ယာမြေဧက ၂၀၀ ကျော်အတွက် မြေယာလျော်ကြေးပေးဖို့ ကျေးရွာသားတွေနဲ့ သဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။ တစ်ဧကကို ကျပ်သိန်း ၃၀ ပေးဖို့၊ ဒေသခံတို့ကို အလုပ်အကိုင်ပေးဖို့ သဘောတူထားတာ ဖြစ်ပါတယ်။

မြေယာလျော်ကြေးကို ပြီးခဲ့တဲ့လက တစ်ကြိမ်၊ ဒီလမှာတစ်ကြိမ် ၁၀ သိန်းစီ ပေးထားပြီး ခြံစည်းရိုးခတ်ပြီးရင် နောက်ဆုံးအကြိမ်အဖြစ် ၁၀ သိန်းထပ်ပေးဖို့ သဘောတူထားကြတာပါ။

ဒီနေ့မနက်မှာ ကုမ္ပဏီက ရဲတပ်ဖွဲ့လုံခြုံရေးနဲ့ ခြံစည်းရိုးလာခတ်ရာမှာ ဒေသခံတွေက တားမြစ်တာကြောင့် ခဏရပ်ထားပြီး နှစ်ဘက်စောင့်ကြည့်နေတဲ့ အခြေအနေရှိတယ်လို့ ရွှေပန်းခိုင်ကျေးရွာသား ကိုဝင်းမင်းဌေးက ပြောပါတယ်။

စီမံကိန်းဧရိယာဆိုပြီး ကုမ္ပဏီက ခြံစည်းရိုးခတ်ရာမှာ မူလသဘောတူညီချက်မှာ မပါဝင်တဲ့ ကျေးရွာရဲ့ စားကျက်မြေဧက ၆၀၀ လောက် ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ စားကျက်မြေကို စီမံကိန်းဧရိယာထဲ ထည့်မယ်ဆိုရင် ဒေသဖွံ့ဖြိုးရေးအဆောက်အဦးတွေ ဆောက်ပေးဖို့ဆိုပြီး ကုမ္ပဏီဘက်ကို တောင်းဆိုထားတယ်လို့ ရွှေပန်းခိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဌေးကပြောပါတယ်။

“ရပ်ရွာဖွံ့ဖြိုးရေးကိစ္စပေါ့ အခုသူတို့လုပ်တာက တောင်သူတွေကိုသိမ်းပြီး ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တာ ကုမ္ပဏီနဲ့ ညှိတာပဲရှိသေးတယ် ရွာအတွက်အသုံးကျမယ့်ဟာ ဆေးခန်းတို့ ဘာတို့ပေါ့ အဲ့ဒါတွေ ညှိနှိုင်းနေတယ် ညှိနှိုင်းဆဲကို မပြေလည်သေးဘူး”

ဒေသခံတွေဘက်က တောင်းဆိုချက်ကို တစ်စုံတရာ အကြောင်းမပြန်သေးဘဲ အခု ဒုတိယအကြိမ် လာတဲ့အပေါ် ထပ်ကန့်ကွက်တာလို့  ကိုဝင်းမင်းဌေးကပြောပါတယ်။

“ပထမတစ်သုတ်ခတ်တုန်းက သံပိုက်လုံးနဲ့ခတ်တယ်ဗျ။ သံပိုက်လုံးနဲ့ခတ်တုန်းက ရပ်ရွာက သွားပြီးတော့ ပွင့်လင်းမြင်သာမှု ချပြဖို့ ရပ်ရွာနဲ့ ညှိနှိုင်းပြီးမှ ခတ်ဖို့ တစ်ခါသွားပြောထားတယ်။ အဲ့ဒါကို ရပ်ရွာကို ညှိနှိုင်း တိုင်ပင်တာ မရှိဘဲ အခု ကွန်ကရစ်တိုင်တွေနဲ့ပါ ခတ်နေတာ”

လက်ရှိအခြေအနေကို စီမံကိန်းမြေယာလျော်ကြေးပေးအပ်ရေးကော်မတီဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံကို အကြောင်းကြားထားတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက ပြောပါတယ်။

ဝန်ကြီးဦးကမ်ဇာမုံနဲ့ မြန်မာယန်စီကုမ္ပဏီ မန်နေဂျာကို RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ရွှေနှင်းဆီတောင်ဟာ ကြေးစင်တောင်နဲ့ တောင်ခမောက်တို့အနီးမှာရှိတာဖြစ်ပြီး ကြေးနီ ထွက်ရှိတယ်လို့ သိရပါတယ်။

တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာယန်စီကုမ္ပဏီဟာ ကြေးစင်တောင်နဲ့ စံပယ်တောင်တွေမှာ သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေပြီး ဝါးစိမ်းတောင်မှာလည်း သတ္တုတူးဖော်ရေးစမ်းသပ်မှုတွေ လုပ်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ယန္စီကုမၸဏီနဲ႔ ယင္းမာပင္ေဒသခံတို႔ၾကား ေျပလည္မႈမရေသး ယန္စီကုမၸဏီနဲ႔ ယင္းမာပင္ေဒသခံတို႔ၾကား ေျပလည္မႈမရေသး Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.