အခ်က္ႏွစ္ခ်က္ ေသခ်ာရင္ ေျမာက္ပိုင္းေလးဖြဲ႕နဲ႔ ေတြ႕မယ္လို႔ အစိုးရေျပာ

မေတြ႕ဆုံခင္ အခ်က္ႏွစ္ခ်က္ကို အစိုးရဘက္က အဓိက လုပ္ေနတယ္လို႔ ေျပာ
(Zawgyi)⤵⤵⤵
အပစ္ရပ္ လက္မွတ္မထိုးရေသးတဲ့ ေျမာက္ပိုင္းေလးဖြဲ႕ အေနနဲ႔ အစိုးရ၊ တပ္မေတာ္တို႔နဲ႔ ေဆြးေႏြးဖို႔ အခ်က္ ႏွစ္ခ်က္ ေသခ်ာရင္ ေတြ႕ဆုံေဆြးေႏြးမယ္လို႔ သမၼတ႐ုံး ေျပာခြင့္ရသူက ေျပာၾကားလိုက္ပါတယ္။

ၿငိမ္းခ်မ္းေရးလမ္းေၾကာင္း အမွန္တကယ္ေလွ်ာက္မွာလား ဆိုတာနဲ႔ ပဏာမအပစ္ရပ္ေရး လက္မွတ္ထိုးၿပီးေနာက္ ဆက္လုပ္မယ့္ လုပ္ငန္းစဥ္ေတြကို ခ်မွတ္ႏိုင္မယ္ဆိုရင္ အစိုးရက ေတြ႕ဆုံမယ္လို႔ သမၼတ႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာတာ ျဖစ္ပါတယ္။

ေနျပည္ေတာ္မွာ ႏိုဝင္ဘာ ၁၅ ရက္က လုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ မီဒီယာေတြကို အခုလို ထုတ္ေျပာတာ ျဖစ္ပါတယ္။

ေျမာက္ပိုင္းေလးဖြဲ႕နဲ႔ အစိုးရ၊ တပ္မေတာ္တို႔ ေဆြးေႏြးမယ္လို႔ သတ္မွတ္ထားတဲ့ ႏိုဝင္ဘာ ၅ ရက္ကေန ၁၀ ရက္ကို ေက်ာ္လြန္လာေပမဲ့ အခုထိ ေတြ႕ဆုံေဆြးေႏြးပြဲ မလုပ္ႏိုင္ေသးဘဲ ျဖစ္ေနပါတယ္။

ဒါေပမဲ့ ဒီၾကားကာလမွာ "လက္မွတ္မထိုးရေသးတဲ့ ေျမာက္ပိုင္းေလးဖြဲ႕နဲ႔ အလြတ္သေဘာ ေတြ႕ဆုံမႈေတြရွိပါတယ္" လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

ဒါ့အျပင္ "သူတို႔ဘက္ကလည္း အဆိုျပဳခ်က္နဲ႔ ညႇိႏႈိင္းမႈေတြ ရွိတယ္။ အခုေလာေလာဆယ္ အေနအထားမွာ မၾကာခင္မွာလည္း ေတြ႕ဆုံဖို႔ရွိတယ္" လို႔ေျပာပါတယ္။

ဒါေပမဲ့ အစိုးရဘက္က မေတြ႕ဆုံခင္ အခ်က္ႏွစ္ခ်က္ကို အဓိက လုပ္ေနတယ္လို႔ ေျပာပါတယ္။

"နံပါတ္ ၁ အခ်က္က ေျမာက္ပိုင္းေလးဖြဲ႕အေနနဲ႔ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္ လိုလားသလား။ အမွန္တကယ္ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းကို ေလွ်ာက္ခ်င္တာလား ေသခ်ာဖို႔ လိုတယ္"

"နံပါတ္ ၂ အခ်က္က ပဏာမ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး Preliminary Bilateral Ceasefire Agreement လုပ္ဖို႔ လုပ္တယ္။ အဲဒါလည္း က်ိဳင္းတုံေဆြးေႏြးပြဲမွာ ေဆြးေႏြးထားတယ္။ ေတာ္ေတာ္မ်ားမ်ားလည္း သူ႔သေဘာထား ကိုယ့္သေဘာထား သိၿပီးသားျဖစ္တယ္။ အဲဒီမွာ အစိုးရအေနနဲ႔ လက္မခံႏိုင္တဲ့ အပိုင္းေတြ သူတို႔ကိုလည္း ပြင့္ပြင့္လင္းလင္း ေျပာထားတယ္။ သူတို႔ဘက္ကလည္း သူတို႔လိုလားခ်က္ေတြ ပြင့္ပြင့္လင္းလင္း ေျပာထားတယ္" လို႔ ဆိုပါတယ္။

"Bilateral Ceasefire Agreement ၿပီးရင္ ေနာက္တစ္ဆင့္ ေနာက္လမ္းေၾကာင္း ဘယ္သြားမွာလဲ ေသခ်ာဖို႔လိုတယ္။ ေသခ်ာေအာင္လည္း ေမးထားၿပီးၿပီ။ ေမးထားတဲ့အေပၚမွာလည္း ထပ္ဆင့္ေသခ်ာေအာင္ လုပ္ဖို႔လိုတယ္" လို႔ သူက ေျပာပါတယ္။

"ဒီႏွစ္ခ်က္ရရင္ ေတြ႕ဆုံပြဲလုပ္မယ္" လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

 ၾသဂုတ္လ ၃၁ ရက္ ေဆြးေႏြးပြဲ တက္လာတဲ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕
ဒါ့အျပင္ ပဏာမ အပစ္ရပ္ လက္မွတ္ထိုးၿပီးရင္ ရပ္ေနလို႔ မရဘူးလို႔လည္း ဆိုပါတယ္။

"ဒီကာလအတြင္းမွာ ဒီေလးဖြဲ႕ရဲ႕ေဆာင္႐ြက္ခ်က္ေတြကို ကြၽန္ေတာ္တို႔ သုံးသပ္ပါတယ္။ လႈပ္ရွားမႈေတြကိုလည္း သုံးသပ္တယ္။ သူတို႔ရဲ႕ သေဘာထားေတြကိုလည္း သုံးသပ္တယ္။ ေနာက္ဆုံးလႊတ္ေတာ္ကိုယ္စားလွယ္ အဖမ္းခံရတဲ့အထိ သုံးသပ္ပါတယ္" လို႔ ေျပာပါတယ္။
RCSS နဲ႔ေရာ ဘယ္ေန႔ျပန္ေတြ႕မွာလဲ

အပစ္ရပ္ လက္မွတ္ထိုး NCA ေလးႏွစ္ျပည့္ပြဲကို ေနျပည္ေတာ္ကို လာတက္ဖို႔ စီစဥ္ထားၿပီးမွ ခရီးလမ္းေၾကာင္း တပ္မေတာ္နဲ႔ ညႇိႏႈိင္းမရခဲ့လို႔ ခရီးစဥ္ဖ်က္ခဲ့တဲ့ RCSS နဲ႔ အစိုးရ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖြဲ႕ လာမယ့္ သီတင္းပတ္မွာ ေတြ႕မယ္လို႔လည္း ဦးေဇာ္ေဌးက ထုတ္ေျပာလိုက္ပါတယ္။
ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ ရွမ္းျပည္ေတာင္ပိုင္းတပ္မေတာ္ RCSS/SSA ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ဦးေဆာင္တဲ့အဖြဲ႕နဲ႔ ေဒါက္တာ တင္မ်ိဳးဝင္း ဦးေဆာင္တဲ့ အစိုးရ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖြဲ႕တို႔ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ ေတြ႕မယ္လို႔ ေျပာပါတယ္။

ဒီေတြ႕ဆုံမႈမွာ တပ္မေတာ္ကိုယ္စားလွယ္ အျဖစ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္နဲ႔ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မင္းေနာင္တို႔ ပါမယ္လို႔လည္း သိရပါတယ္။

ဒီခရီးစဥ္မွာ RCSS ဥကၠ႒နဲ႔ ေတြ႕ဆုံဖို႔အျပင္ NCA လက္မွတ္ထိုးထားတဲ့ ၁၀ ဖြဲ႕နဲ႔ေတြ႕မယ္လို႔လည္း အဆိုျပဳထားတဲ့အေၾကာင္းလည္း ေျပာခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
အချက်နှစ်ချက် သေချာရင် မြောက်ပိုင်းလေးဖွဲ့နဲ့ တွေ့မယ်လို့ အစိုးရပြော

Image caption မတွေ့ဆုံခင် အချက်နှစ်ချက်ကို အစိုးရဘက်က အဓိက လုပ်နေတယ်လို့ ပြော

အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းလေးဖွဲ့ အနေနဲ့ အစိုးရ၊ တပ်မတော်တို့နဲ့ ဆွေးနွေးဖို့ အချက် နှစ်ချက် သေချာရင် တွေ့ဆုံဆွေးနွေးမယ်လို့ သမ္မတရုံး ပြောခွင့်ရသူက ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းရေးလမ်းကြောင်း အမှန်တကယ်လျှောက်မှာလား ဆိုတာနဲ့ ပဏာမအပစ်ရပ်ရေး လက်မှတ်ထိုးပြီးနောက် ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်မယ်ဆိုရင် အစိုးရက တွေ့ဆုံမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောတာ ဖြစ်ပါတယ်။

နေပြည်တော်မှာ နိုဝင်ဘာ ၁၅ ရက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို အခုလို ထုတ်ပြောတာ ဖြစ်ပါတယ်။

မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရ၊ တပ်မတော်တို့ ဆွေးနွေးမယ်လို့ သတ်မှတ်ထားတဲ့ နိုဝင်ဘာ ၅ ရက်ကနေ ၁၀ ရက်ကို ကျော်လွန်လာပေမဲ့ အခုထိ တွေ့ဆုံဆွေးနွေးပွဲ မလုပ်နိုင်သေးဘဲ ဖြစ်နေပါတယ်။

ဒါပေမဲ့ ဒီကြားကာလမှာ "လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းလေးဖွဲ့နဲ့ အလွတ်သဘော တွေ့ဆုံမှုတွေရှိပါတယ်" လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့အပြင် "သူတို့ဘက်ကလည်း အဆိုပြုချက်နဲ့ ညှိနှိုင်းမှုတွေ ရှိတယ်။ အခုလောလောဆယ် အနေအထားမှာ မကြာခင်မှာလည်း တွေ့ဆုံဖို့ရှိတယ်" လို့ပြောပါတယ်။

ဒါပေမဲ့ အစိုးရဘက်က မတွေ့ဆုံခင် အချက်နှစ်ချက်ကို အဓိက လုပ်နေတယ်လို့ ပြောပါတယ်။

"နံပါတ် ၁ အချက်က မြောက်ပိုင်းလေးဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသလား။ အမှန်တကယ် ငြိမ်းချမ်းရေးလမ်းကြောင်းကို လျှောက်ချင်တာလား သေချာဖို့ လိုတယ်"

"နံပါတ် ၂ အချက်က ပဏာမ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး Preliminary Bilateral Ceasefire Agreement လုပ်ဖို့ လုပ်တယ်။ အဲဒါလည်း ကျိုင်းတုံဆွေးနွေးပွဲမှာ ဆွေးနွေးထားတယ်။ တော်တော်များများလည်း သူ့သဘောထား ကိုယ့်သဘောထား သိပြီးသားဖြစ်တယ်။ အဲဒီမှာ အစိုးရအနေနဲ့ လက်မခံနိုင်တဲ့ အပိုင်းတွေ သူတို့ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောထားတယ်။ သူတို့ဘက်ကလည်း သူတို့လိုလားချက်တွေ ပွင့်ပွင့်လင်းလင်း ပြောထားတယ်" လို့ ဆိုပါတယ်။

"Bilateral Ceasefire Agreement ပြီးရင် နောက်တစ်ဆင့် နောက်လမ်းကြောင်း ဘယ်သွားမှာလဲ သေချာဖို့လိုတယ်။ သေချာအောင်လည်း မေးထားပြီးပြီ။ မေးထားတဲ့အပေါ်မှာလည်း ထပ်ဆင့်သေချာအောင် လုပ်ဖို့လိုတယ်" လို့ သူက ပြောပါတယ်။

"ဒီနှစ်ချက်ရရင် တွေ့ဆုံပွဲလုပ်မယ်" လို့ ဦးဇော်ဌေးက ပြောပါတယ်။
Image caption သြဂုတ်လ ၃၁ ရက် ဆွေးနွေးပွဲ တက်လာတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့

ဒါ့အပြင် ပဏာမ အပစ်ရပ် လက်မှတ်ထိုးပြီးရင် ရပ်နေလို့ မရဘူးလို့လည်း ဆိုပါတယ်။

"ဒီကာလအတွင်းမှာ ဒီလေးဖွဲ့ရဲ့ဆောင်ရွက်ချက်တွေကို ကျွန်တော်တို့ သုံးသပ်ပါတယ်။ လှုပ်ရှားမှုတွေကိုလည်း သုံးသပ်တယ်။ သူတို့ရဲ့ သဘောထားတွေကိုလည်း သုံးသပ်တယ်။ နောက်ဆုံးလွှတ်တော်ကိုယ်စားလှယ် အဖမ်းခံရတဲ့အထိ သုံးသပ်ပါတယ်" လို့ ပြောပါတယ်။
RCSS နဲ့ရော ဘယ်နေ့ပြန်တွေ့မှာလဲ

အပစ်ရပ် လက်မှတ်ထိုး NCA လေးနှစ်ပြည့်ပွဲကို နေပြည်တော်ကို လာတက်ဖို့ စီစဉ်ထားပြီးမှ ခရီးလမ်းကြောင်း တပ်မတော်နဲ့ ညှိနှိုင်းမရခဲ့လို့ ခရီးစဉ်ဖျက်ခဲ့တဲ့ RCSS နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ လာမယ့် သီတင်းပတ်မှာ တွေ့မယ်လို့လည်း ဦးဇော်ဌေးက ထုတ်ပြောလိုက်ပါတယ်။
ဓာတ်ပုံ မူပိုင် AMM
Image caption ဗိုလ်ချုပ်ကြီး ယွက်စစ်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့အဖွဲ့နဲ့ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့မယ်လို့ ပြောပါတယ်။

ဒီတွေ့ဆုံမှုမှာ တပ်မတော်ကိုယ်စားလှယ် အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်တို့ ပါမယ်လို့လည်း သိရပါတယ်။

ဒီခရီးစဉ်မှာ RCSS ဥက္ကဋ္ဌနဲ့ တွေ့ဆုံဖို့အပြင် NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့နဲ့တွေ့မယ်လို့လည်း အဆိုပြုထားတဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
အခ်က္ႏွစ္ခ်က္ ေသခ်ာရင္ ေျမာက္ပိုင္းေလးဖြဲ႕နဲ႔ ေတြ႕မယ္လို႔ အစိုးရေျပာ အခ်က္ႏွစ္ခ်က္ ေသခ်ာရင္ ေျမာက္ပိုင္းေလးဖြဲ႕နဲ႔ ေတြ႕မယ္လို႔ အစိုးရေျပာ Reviewed by THITHTOOLWIN on 00:38 Rating: 5
Powered by Blogger.