ျမစ္ႀကီးနား၌ ကရိန္းတပ္ဆင္ထားသည့္ယာဥ္ျဖင့္ ပစၥည္းခ်စဥ္ လွ်ပ္စစ္ဝါယာႀကိဳးျဖင့္ထိမိ၍ ယာဥ္ေခါင္းခန္းမီးေလာင္ ယာဥ္ေမာင္းေသဆုံး

(Zawgyi)⤵⤵⤵

ျမစ္ႀကီးနား ၃ ႏိုဝင္ဘာ

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ ေ႐ႊစက္ရပ္ကြက္ရွိ ျမစ္ႀကီးနား-ဆြမ္ပရာဘြမ္ ကားလမ္း၌ ႏိုဝင္ဘာ ၃ ရက္ နံနက္ပိုင္းက ကရိန္းတပ္ဆင္ထားသည့္ယာဥ္ျဖင့္ ပစၥည္းခ်စဥ္ (11-KV)လွ်ပ္စစ္ဝါယာႀကိဳးျဖင့္ထိမိ၍ လွ်ပ္စစ္စီးဆင္းၿပီး ယာဥ္ေခါင္းခန္းမီးေလာင္ကာ ယာဥ္ေမာင္းသူေသဆုံးခဲ့ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔နံနက္ ၁၁ နာရီ ၅၅ မိနစ္က ျမစ္ႀကီးနားၿမိဳ႕၊ ေ႐ႊစက္ရပ္ကြက္ရွိ ျမစ္ႀကီးနား-ဆြမ္ပရာဘြမ္ ကားလမ္း၌ ေမာ္ေတာ္ယာဥ္တစ္စီးမီးေလာင္ကြၽမ္းေနေၾကာင္း တာဝန္သိျပည္သာတစ္ဦးမွ မီးသတ္ဦးစီးဌာနသို႔ တယ္လီဖုန္းျဖင့္ ဆက္သြယ္အေၾကာင္းၾကားခဲ့၍ ျမစ္ႀကီးနားၿမိဳ႕နယ္မီးသတ္စခန္းမွ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေအာင္သူထြန္း ဦးေဆာင္သည့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက မီးၿငိမ္းသတ္ယာဥ္ႏွစ္စီး၊ ေရသယ္ယာဥ္တစ္စီး၊ လူနာတင္ယာဥ္တစ္စီးတို႔ျဖင့္ မီးေလာင္ကြၽမ္းသည့္ယာဥ္အား ၿငိမ္းသတ္ခဲ့၍ မြန္းတည့္ ၁၂ နာရီ ၁၀ မိနစ္တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့သည္။


မီးေလာင္ကြၽမ္းမႈျဖစ္စဥ္မွာ ျမစ္ႀကီးနားၿမိဳ႕၊ ဘြန္ေဘာေက်း႐ြာေန ယာဥ္ေမာင္း မ်ိဳးထြန္းႏိုင္(ခ)က်န္ေက်ာင္း(၂၂ ႏွစ္)ေမာင္းႏွင္သည့္ ယာဥ္အမွတ္ MDY 3B/----CANTER အမ်ိဳးအစား ကရိန္းပါပစၥည္းသယ္ယာဥ္ေပၚမွ ပစၥည္မ်ားအား ကရိန္းျဖင့္ခ်ေနစဥ္ (11-KV)လွ်ပ္စစ္ဝါယာႀကိဳးႏွင့္ထိရာမွ လွ်ပ္စစ္ဓါတ္စီးဆင္းၿပီး အပူလြန္ကဲ၍ ယာဥ္ေခါင္းခန္းသို႔ မီးစတင္ေလာင္ကြၽမ္းခဲ့ရာမွ ယာဥ္ေမာင္းျဖစ္သူမွာ လွ်ပ္စစ္ဓါတ္လိုက္ၿပီး မီးေလာင္ေသဆုံးခဲ့ျခင္းျဖစ္ေကာင္း သိရသည္။

ျဖစ္စဥ္ႏွင္ပတ္သက္၍ ျမစ္ႀကီးနားၿမိဳ႕မရဲစခန္းမွ ေသမႈေသခင္းေရးဖြင့္ထားေၾကာင္း သိရသည္။

ဝင္းႏိုင္(ကခ်င္ေျမ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-----------------
(Unicode)⤵⤵⤵

မြစ်ကြီးနား၌ ကရိန်းတပ်ဆင်ထားသည့်ယာဉ်ဖြင့် ပစ္စည်းချစဉ် လျှပ်စစ်ဝါယာကြိုးဖြင့်ထိမိ၍ ယာဉ်ခေါင်းခန်းမီးလောင် ယာဉ်မောင်းသေဆုံး

မြစ်ကြီးနား ၃ နိုဝင်ဘာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်း၌ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ကရိန်းတပ်ဆင်ထားသည့်ယာဉ်ဖြင့် ပစ္စည်းချစဉ် (11-KV)လျှပ်စစ်ဝါယာကြိုးဖြင့်ထိမိ၍ လျှပ်စစ်စီးဆင်းပြီး ယာဉ်ခေါင်းခန်းမီးလောင်ကာ ယာဉ်မောင်းသူသေဆုံးခဲ့ကြောင်း မြစ်ကြီးနားမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၁၁ နာရီ ၅၅ မိနစ်က မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်း၌ မော်တော်ယာဉ်တစ်စီးမီးလောင်ကျွမ်းနေကြောင်း တာဝန်သိပြည်သာတစ်ဦးမှ မီးသတ်ဦးစီးဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့၍ မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူထွန်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ လူနာတင်ယာဉ်တစ်စီးတို့ဖြင့် မီးလောင်ကျွမ်းသည့်ယာဉ်အား ငြိမ်းသတ်ခဲ့၍ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊ ဘွန်ဘောကျေးရွာနေ ယာဉ်မောင်း မျိုးထွန်းနိုင်(ခ)ကျန်ကျောင်း(၂၂ နှစ်)မောင်းနှင်သည့် ယာဉ်အမှတ် MDY 3B/----CANTER အမျိုးအစား ကရိန်းပါပစ္စည်းသယ်ယာဉ်ပေါ်မှ ပစ္စည်များအား ကရိန်းဖြင့်ချနေစဉ် (11-KV)လျှပ်စစ်ဝါယာကြိုးနှင့်ထိရာမှ လျှပ်စစ်ဓါတ်စီးဆင်းပြီး အပူလွန်ကဲ၍ ယာဉ်ခေါင်းခန်းသို့ မီးစတင်လောင်ကျွမ်းခဲ့ရာမှ ယာဉ်မောင်းဖြစ်သူမှာ လျှပ်စစ်ဓါတ်လိုက်ပြီး မီးလောင်သေဆုံးခဲ့ခြင်းဖြစ်ကောင်း သိရသည်။

ဖြစ်စဉ်နှင်ပတ်သက်၍ မြစ်ကြီးနားမြို့မရဲစခန်းမှ သေမှုသေခင်းရေးဖွင့်ထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ျမစ္ႀကီးနား၌ ကရိန္းတပ္ဆင္ထားသည့္ယာဥ္ျဖင့္ ပစၥည္းခ်စဥ္ လွ်ပ္စစ္ဝါယာႀကိဳးျဖင့္ထိမိ၍ ယာဥ္ေခါင္းခန္းမီးေလာင္ ယာဥ္ေမာင္းေသဆုံး ျမစ္ႀကီးနား၌ ကရိန္းတပ္ဆင္ထားသည့္ယာဥ္ျဖင့္ ပစၥည္းခ်စဥ္ လွ်ပ္စစ္ဝါယာႀကိဳးျဖင့္ထိမိ၍  ယာဥ္ေခါင္းခန္းမီးေလာင္ ယာဥ္ေမာင္းေသဆုံး Reviewed by THITHTOOLWIN on 09:54 Rating: 5
Powered by Blogger.