ဝန္ႀကီးခ်ဳပ္ထြက္မယ္ဆိုေပမယ့္ အီရတ္ဆႏၵျပပြဲ ျပင္းထန္ဆဲ

အီရတ္ဆႏၵျပသူမ်ားႏွင့္ ရဲတပ္ဖြဲ႔ ထိပ္တုိက္ေတြ႔မႈျမင္ကြင္း။ (ႏုိဝင္ဘာ ၂၉၊ ၂၀၁၉)

(Zawgyi / Unicode)

အီရတ္ေတာင္ပိုင္းၿမိဳ႕ Nasiriyah က တံတား ၃ စင္းေပၚမွာ ဆႏၵျပသူေတြက ဒီကေန႔ တာယာေတြကို မီးရႈိ႕ခဲ့ၾကပါတယ္။

အီရတ္ႏုိင္ငံမွာ ေသြးထြက္သံယို ဆႏၵျပပြဲေတြ သီတင္းပတ္ေတြနဲ႔ခ်ီ ေပၚေပါက္ေနခ်ိန္မွာပဲ အီရတ္၀န္ႀကီးခ်ဳပ္က သူ႔ရဲ႕အလုပ္ထြက္စာကို လႊတ္ေတာ္ကို တင္သြင္းမယ္လုိ႔ ေျပာပါတယ္။

လူ႔အခြင့္အေရး အဖြဲ႔ေတြကေတာ့ သတ္ျဖတ္ခံရမႈေတြနဲ႔ ပတ္သက္ၿပီး ဒီအမႈက်ဴးလြန္သူေတြကို ဥပေဒေၾကာင္းအရ အျပစ္ေပးဖို႔ ေတာင္းဆိုၾကပါတယ္။

ႏုိင္ငံေခါင္းေဆာင္ပိုင္းမွာ အေျပာင္းအလဲေတြလုပ္ဖို႔ အီရတ္ ထိပ္တန္း Shiite ဘာသာေရးေခါင္းေဆာင္တဦးက ေတာင္းဆိုခ်က္ ထြက္ေပၚလာၿပီးတဲ့ေနာက္မွာပဲ ၀န္ႀကီးခ်ဳပ္ Abdul-Mahdi ရဲ႕ ေၾကညာခ်က္ ေသာၾကာေန႔က ထြက္ေပၚလာတာပါ။

ေအာက္တုိဘာလ ၁ ရက္ေန႔ကတည္းက ေပၚေပါက္လာတဲ့ အစိုးရဆန္႔က်င္ ဆႏၵျပပြဲေတြမွာ လူ ၄၀၀ ထက္မနည္း ေသဆုံးခဲ့ရၿပီးျဖစ္သလို ေထာင္နဲ႔ခ်ိီ ဒဏ္ရာရခဲ့ၾကတာပါ။

အီရတ္ ထိပ္တန္းဘာသာေရးေခါင္းေဆာင္ Ayatollah Ali Al-Sistani ရဲ႕ ေတာင္းဆိုခ်က္ကို တုံ႔ျပန္ခဲ့တဲ့ ၀န္ႀကီးခ်ဳပ္ Abdul-Mahdi က လက္ရွိရာထူးကေန တရာ၀င္ႏုတ္ထြက္စာကို လႊတ္ေတာ္ကို တင္သြင္းမယ္လို႔ ေျပာဆုိခဲ့ေပမယ့္ ဘယ္ေတာ့ ႏုတ္ထြက္မလဲ ဆိုတာကိုေတာ့ ေျပာမသြားပါဘူး။

ၿမိဳ႕ေတာ္ ဘဂၢဒက္က တီဟီရီရင္ျပင္မွာ ဆႏၵျပေနၾကတဲ့လူေတြ ဒီေၾကညာခ်က္အေပၚ ေအာင္ပြဲခံခဲ့ၾကေပမယ့္ ထုိင္သပိတ္ ဆႏၵျပပြဲေတြကိုေတာ့ ဆင္ႏႊဲမယ္လို႔ ေျပာပါတယ္။

လက္ရွိ အက်ပ္အတည္းေတြနဲ႔ ပတ္သက္ၿပီး အီရတ္လႊတ္ေတာ္က တနဂၤေႏြေန႔မွာ အေရးေပၚအစည္းအေ၀း ေခၚယူဖို႔ စီစဥ္ထားပါတယ္။

ႏုိင္ငံတြင္း အၾကမ္းဖက္မႈေတြ တိုးလာေနတဲ့အခိ်န္မွာ ၀န္ႀကီးခ်ဳပ္ Abdul-Mahdi အစိုးရကို ဆက္ၿပီးေထာက္ခံေရး လႊတ္ေတာ္အေနနဲ႔ စဥ္းစားသုံးသပ္သင့္တယ္လို႔ အီရတ္ဘာသာေရးေခါင္းေဆာင္ Ayatollah Ali Al-Sistani က သူ႔ရဲ႕ အပတ္စဥ္ တရားပြဲမွာ ေသာၾကာေန႔အေစာပိုင္းက ထည့္သြင္းေျပာၾကားသြားတာ ျဖစ္ပါတယ္။

-----------------------------

(Unicode)

ဝန်ကြီးချုပ်ထွက်မယ်ဆိုပေမယ့် အီရတ်ဆန္ဒပြပွဲ ပြင်းထန်ဆဲ

အီရတ်တောင်ပိုင်းမြို့ Nasiriyah က တံတား ၃ စင်းပေါ်မှာ ဆန္ဒပြသူတွေက ဒီကနေ့ တာယာတွေကို မီးရှို့ခဲ့ကြပါတယ်။

အီရတ်နိုင်ငံမှာ သွေးထွက်သံယို ဆန္ဒပြပွဲတွေ သီတင်းပတ်တွေနဲ့ချီ ပေါ်ပေါက်နေချိန်မှာပဲ အီရတ်ဝန်ကြီးချုပ်က သူ့ရဲ့အလုပ်ထွက်စာကို လွှတ်တော်ကို တင်သွင်းမယ်လို့ ပြောပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေကတော့ သတ်ဖြတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ဒီအမှုကျူးလွန်သူတွေကို ဥပဒေကြောင်းအရ အပြစ်ပေးဖို့ တောင်းဆိုကြပါတယ်။

နိုင်ငံခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲတွေလုပ်ဖို့ အီရတ် ထိပ်တန်း Shiite ဘာသာရေးခေါင်းဆောင်တဦးက တောင်းဆိုချက် ထွက်ပေါ်လာပြီးတဲ့နောက်မှာပဲ ဝန်ကြီးချုပ် Abdul-Mahdi ရဲ့ ကြေညာချက် သောကြာနေ့က ထွက်ပေါ်လာတာပါ။

အောက်တိုဘာလ ၁ ရက်နေ့ကတည်းက ပေါ်ပေါက်လာတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေမှာ လူ ၄၀၀ ထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်သလို ထောင်နဲ့ချီ ဒဏ်ရာရခဲ့ကြတာပါ။

အီရတ် ထိပ်တန်းဘာသာရေးခေါင်းဆောင် Ayatollah Ali Al-Sistani ရဲ့ တောင်းဆိုချက်ကို တုံ့ပြန်ခဲ့တဲ့ ဝန်ကြီးချုပ် Abdul-Mahdi က လက်ရှိရာထူးကနေ တရာဝင်နုတ်ထွက်စာကို လွှတ်တော်ကို တင်သွင်းမယ်လို့ ပြောဆိုခဲ့ပေမယ့် ဘယ်တော့ နုတ်ထွက်မလဲ ဆိုတာကိုတော့ ပြောမသွားပါဘူး။

မြို့တော် ဘဂ္ဂဒက်က တီဟီရီရင်ပြင်မှာ ဆန္ဒပြနေကြတဲ့လူတွေ ဒီကြေညာချက်အပေါ် အောင်ပွဲခံခဲ့ကြပေမယ့် ထိုင်သပိတ် ဆန္ဒပြပွဲတွေကိုတော့ ဆင်နွှဲမယ်လို့ ပြောပါတယ်။

လက်ရှိ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး အီရတ်လွှတ်တော်က တနင်္ဂနွေနေ့မှာ အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

နိုင်ငံတွင်း အကြမ်းဖက်မှုတွေ တိုးလာနေတဲ့အချိန်မှာ ဝန်ကြီးချုပ် Abdul-Mahdi အစိုးရကို ဆက်ပြီးထောက်ခံရေး လွှတ်တော်အနေနဲ့ စဉ်းစားသုံးသပ်သင့်တယ်လို့ အီရတ်ဘာသာရေးခေါင်းဆောင် Ayatollah Ali Al-Sistani က သူ့ရဲ့ အပတ်စဉ် တရားပွဲမှာ သောကြာနေ့အစောပိုင်းက ထည့်သွင်းပြောကြားသွားတာ ဖြစ်ပါတယ်။

 VOA Burmese
https://burmese.voanews.com
ဝန္ႀကီးခ်ဳပ္ထြက္မယ္ဆိုေပမယ့္ အီရတ္ဆႏၵျပပြဲ ျပင္းထန္ဆဲ ဝန္ႀကီးခ်ဳပ္ထြက္မယ္ဆိုေပမယ့္ အီရတ္ဆႏၵျပပြဲ ျပင္းထန္ဆဲ Reviewed by THITHTOOLWIN on 22:12 Rating: 5
Powered by Blogger.