အင္တာနက္ လြတ္လပ္ခြင့္ မရွိတဲ့ႏုိင္ငံစာရင္းမွာ ျမန္မာပါ၀င္


(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ အင္တာနက္ လြတ္လပ္ခြင့္ဟာ ဆက္လက္ နိမ့္က်ေနဆဲျဖစ္ေၾကာင္း အေမရိကန္ အေျခစုိက္ Freedom House အဖဲြ႔ရဲ႕ အစီရင္ခံစာသစ္က ေဖာ္ျပလုိက္ပါတယ္။

အခ်က္အလက္ေတြ ရရွိဖုိ႔ ခက္ခဲတာ၊ ကန္႔သတ္တာ၊ အြန္လုိင္းသုံးသူေတြရဲ႕ အခြင့္အေရးေတြကုိ ခ်ဳိးေဖာက္တာေတြေၾကာင့္ အင္္တာနက္ လြတ္လပ္ခြင့္ မရွိတဲ့ ႏုိင္ငံအျဖစ္နဲ႔လည္း သတ္မွတ္ခဲ့တာပါ။

ၿပီးခဲ့တဲ့ႏွစ္ ဇြန္လကေန ဒီႏွစ္ ေမလအတြင္း ေလ့လာခ်က္ေတြအရ အြန္လုိင္းမွာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိသူေတြအေပၚ ပစ္မွတ္ထားတာေတြ ရွိခဲ့ၿပီး ရခုိင္အေရး အပါအ၀င္ ထိလြယ္ရွလြယ္ ကိစၥမ်ဳိးေတြနဲ႔ ပတ္သက္လုိ႔ အြန္လုိင္းသုံးသူေတြ ပြင့္ပြင့္လင္းလင္းေျပာဖုိ႔ တြန္႔ဆုတ္ေနခ်ိန္မွာပဲ စစ္တပ္နဲ႔ အာဏာရ ပါတီတုိ႔ဟာလည္း အင္တာနက္မွာ အခ်က္အလက္ေတြကုိ လုိသလုိ အသုံးခ်ေနတာေတြ ရွိတယ္လုိ႔လည္း ေဖာ္ျပထားပါတယ္။

အစုိးရအေပၚ ေ၀ဖန္သူေတြဟာလည္း ဆက္သြယ္ေရး ဥပေဒအပါအ၀င္ ပုဒ္မမ်ဳိးစုံနဲ႔ အေရးယူခံရတာေတြ ရွိခဲ့တာကုိလည္း ေထာက္ျပထားတာပါ။ ျမန္မာႏုိင္ငံမွာ အင္တာနက္ ၀န္ေဆာင္မႈေတြ တုိးတက္လာၿပီး ပုဂၢိလက မုိဘုိင္းကုမၸဏီေတြ လုပ္ပုိင္ခြင့္ေတြ ရလာေပမဲ့ စစ္တပ္ပုိင္ လုပ္ငန္းက ေစ်းကြက္ကုိ လက္၀ါးႀကီးအုပ္ခြင့္ ရရွိထားတယ္လုိ႔လည္း ေဖာ္ျပထားပါတယ္။

အစီရင္ခံစာအတြက္ ေလ့လာခ်ိန္အထိ ရရွိတဲ့ အခ်က္အလက္ေတြအရ ျမန္မာႏုိင္ငံမွာ အင္တာနက္ သုံးစဲြသူ အေရအတြက္ဟာ ၂၀၁၈ ခုႏွစ္ကထက္စာရင္ ၁၇ ရာခုိင္ႏႈန္းရွိတဲ့ လူ ၃ သန္း ပုိတုိးလာသလုိ လူ ၅ ေယာက္မွာ ၂ ေယာက္ႏႈန္း အင္တာနက္ သုံးစဲြႏုိင္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

မုိဘုိင္းဖုန္း ဆက္သြယ္ေရးဟာလည္း ၂၀၁၈ ကထက္ ၇ ရာခုိင္ႏႈန္းေလာက္ တုိးလာၿပီး ၅၆ သန္းေလာက္ သုံးစဲြေနၾကတာပါ။ အင္တာနက္ သုံးစဲြမႈေတြ တုိးလာေပမဲ့လည္း အြန္လုိင္းမွာ ကန္႔သတ္ခ်က္ေတြ ရွိေနဆဲ ျဖစ္တာကုိလည္း အစီရင္ခံစာက ေဖာ္ျပထားပါတယ္။

အစုိးရက တုိက္႐ုိက္ ကန္႔သတ္မႈေတြ မရွိေပမဲ့လည္း ထိလြယ္ရွလြယ္ ကိစၥေတြမွာ ကုိယ့္ဘာသာ ဆင္ဆာတည္းျဖတ္မႈေတြ ရွိေနသလုိ လူမႈကြန္ရက္ေတြဟာလည္း အြန္လုိင္းေပၚက အေၾကာင္းအရာေတြကုိ ဖယ္ရွားတာေတြ ပုိမ်ားလာေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

[Unicode Version]

အင်တာနက် လွတ်လပ်ခွင့် မရှိတဲ့နိုင်ငံစာရင်းမှာ မြန်မာပါဝင်

မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့်ဟာ ဆက်လက် နိမ့်ကျနေဆဲဖြစ်ကြောင်း အမေရိကန် အခြေစိုက် Freedom House အဖွဲ့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။

အချက်အလက်တွေ ရရှိဖို့ ခက်ခဲတာ၊ ကန့်သတ်တာ၊ အွန်လိုင်းသုံးသူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်တာတွေကြောင့် အင်တာနက် လွတ်လပ်ခွင့် မရှိတဲ့ နိုင်ငံအဖြစ်နဲ့လည်း သတ်မှတ်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဇွန်လကနေ ဒီနှစ် မေလအတွင်း လေ့လာချက်တွေအရ အွန်လိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတွေအပေါ် ပစ်မှတ်ထားတာတွေ ရှိခဲ့ပြီး ရခိုင်အရေး အပါအဝင် ထိလွယ်ရှလွယ် ကိစ္စမျိုးတွေနဲ့ ပတ်သက်လို့ အွန်လိုင်းသုံးသူတွေ ပွင့်ပွင့်လင်းလင်းပြောဖို့ တွန့်ဆုတ်နေချိန်မှာပဲ စစ်တပ်နဲ့ အာဏာရ ပါတီတို့ဟာလည်း အင်တာနက်မှာ အချက်အလက်တွေကို လိုသလို အသုံးချနေတာတွေ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အစိုးရအပေါ် ဝေဖန်သူတွေဟာလည်း ဆက်သွယ်ရေး ဥပဒေအပါအဝင် ပုဒ်မမျိုးစုံနဲ့ အရေးယူခံရတာတွေ ရှိခဲ့တာကိုလည်း ထောက်ပြထားတာပါ။ မြန်မာနိုင်ငံမှာ အင်တာနက် ဝန်ဆောင်မှုတွေ တိုးတက်လာပြီး ပုဂ္ဂိလက မိုဘိုင်းကုမ္ပဏီတွေ လုပ်ပိုင်ခွင့်တွေ ရလာပေမဲ့ စစ်တပ်ပိုင် လုပ်ငန်းက ဈေးကွက်ကို လက်ဝါးကြီးအုပ်ခွင့် ရရှိထားတယ်လို့လည်း ဖော်ပြထားပါတယ်။

အစီရင်ခံစာအတွက် လေ့လာချိန်အထိ ရရှိတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူ အရေအတွက်ဟာ ၂၀၁၈ ခုနှစ်ကထက်စာရင် ၁၇ ရာခိုင်နှုန်းရှိတဲ့ လူ ၃ သန်း ပိုတိုးလာသလို လူ ၅ ယောက်မှာ ၂ ယောက်နှုန်း အင်တာနက် သုံးစွဲနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

မိုဘိုင်းဖုန်း ဆက်သွယ်ရေးဟာလည်း ၂၀၁၈ ကထက် ၇ ရာခိုင်နှုန်းလောက် တိုးလာပြီး ၅၆ သန်းလောက် သုံးစွဲနေကြတာပါ။ အင်တာနက် သုံးစွဲမှုတွေ တိုးလာပေမဲ့လည်း အွန်လိုင်းမှာ ကန့်သတ်ချက်တွေ ရှိနေဆဲ ဖြစ်တာကိုလည်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

အစိုးရက တိုက်ရိုက် ကန့်သတ်မှုတွေ မရှိပေမဲ့လည်း ထိလွယ်ရှလွယ် ကိစ္စတွေမှာ ကိုယ့်ဘာသာ ဆင်ဆာတည်းဖြတ်မှုတွေ ရှိနေသလို လူမှုကွန်ရက်တွေဟာလည်း အွန်လိုင်းပေါ်က အကြောင်းအရာတွေကို ဖယ်ရှားတာတွေ ပိုများလာကြောင်းလည်း ဖော်ပြထားပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
အင္တာနက္ လြတ္လပ္ခြင့္ မရွိတဲ့ႏုိင္ငံစာရင္းမွာ ျမန္မာပါ၀င္ အင္တာနက္ လြတ္လပ္ခြင့္ မရွိတဲ့ႏုိင္ငံစာရင္းမွာ ျမန္မာပါ၀င္ Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.