ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ ႏိုင္ငံျခားေရးဝန္ႀကီးဌာန သတင္းထုတ္ျပန္ခ်က္

(Zawgyi)⤵⤵⤵
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ
ႏိုင္ငံျခားေရးဝန္ႀကီးဌာန
သတင္းထုတ္ျပန္ခ်က္
(၁၃၈၁ ခုႏွစ္၊ နတ္ေတာ္လဆန္း ၁ ရက္)
(၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၇ ရက္)

၁။ ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသူမ်ားကိစၥႏွင့္ စပ္လ်ဥ္း၍ ဂမ္ဘီယာႏိုင္ငံသည္ အစၥလာမ္မစ္ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (OIC) ကိုယ္စား ျမန္မာႏိုင္ငံကို အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)၌ တရားစြဲဆိုခဲ့ပါသည္။ ကုလသမဂၢပဋိညာဥ္စာခ်ဳပ္အရ ျမန္မာႏိုင္ငံ အပါအဝင္ ကုလသမဂၢအဖြဲ႕ဝင္ ႏိုင္ငံတိုင္းသည္ အျပည္ျပည္ဆိုင္ရာတရား႐ုံး၏ အဖြဲ႕ဝင္ျဖစ္ပါသည္။ ဤကိစၥသည္ ႏိုင္ငံ၏ အက်ိဳးစီးပြား၊ ႏိုင္ငံသူ၊ ႏိုင္ငံသားအားလုံး၏ အက်ိဳးစီးပြားျဖစ္၍ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ ဦးေဆာင္၍ ေျဖရွင္း ေဆာင္႐ြက္လ်က္ရွိပါသည္။

၂။ လူမ်ိဳးျပဳန္းတီးေစမႈ(Genocide)ဆိုသည္မွာ လူမ်ိဳးတစ္မ်ိဳးကိုျဖစ္ေစ၊ လူစုတစ္စုကိုျဖစ္ေစ၊ သတ္ျဖတ္ျခင္း၊ ျပဳန္းတီးျခင္းဟူ၍ အဓိပၸာယ္ရပါ သည္။ ဤကိစၥသည္ ယဥ္ေက်းသည့္ ကမာၻသူ၊ ကမာၻသား လူသားစု တစ္ရပ္လုံးက တားဆီးကာကြယ္ရမည့္ကိစၥျဖစ္၍ အေလးထားေဆာင္႐ြက္ခဲ့ရာ စတင္လက္မွတ္ေရးထိုးခဲ့သည့္ ကမာၻ႔ႏိုင္ငံမ်ားတြင္ ျမန္မာႏိုင္ငံသည္ (၄၂)ႏိုင္ငံေျမာက္ ႏိုင္ငံျဖစ္ပါသည္။ “လူမ်ိဳးျပဳန္းတီးေစမႈကို တားဆီးရန္ႏွင့္ ျပစ္ဒဏ္ေပးရန္ ႏိုင္ငံေပါင္းစုံသေဘာတူစာခ်ဳပ္ (Convention for the Prevention and Punishment of the Crime of Genocide)”ကို ျမန္မာႏိုင္ငံက ၃၀-၁၂-၁၉၄၉ ရက္ေန႔တြင္ လက္မွတ္ေရးထိုးခဲ့ၿပီး ၁၄-၃-၁၉၅၆ ရက္ေန႔တြင္ အဖြဲ႕ဝင္အျဖစ္ အတည္ျပဳပါဝင္ခဲ့ပါသည္။ အဆိုပါသေဘာတူစာခ်ဳပ္ကို လက္ခံအတည္ျပဳရန္ ၂-၉-၁၉၅၅ ရက္ေန႔တြင္ သက္ဆိုင္ရာဝန္ႀကီးက ပါလီမန္သို႔တင္ျပခဲ့စဥ္ကလည္း “ျမန္မာႏိုင္ငံအေနျဖင့္ ယေန႔အထိ ရဲရဲတင္းတင္းေျပာရဲေၾကာင္း၊ လူတစ္စုႏွင့္ တစ္စုျဖစ္ေစ၊ ဘာသာတစ္ခုႏွင့္တစ္ခု ကိုးကြယ္သည့္ လူမ်ိဳးအလိုက္ျဖစ္ေစ၊ လူတစ္စုအလိုက္ျဖစ္ေစ ယေန႔အထိ ဤကိစၥမ်ိဳး မေပၚေသးဖူးေၾကာင္း၊ ေနာင္ကိုလည္း ေပၚစရာအေၾကာင္းမရွိေၾကာင္း” ရွင္းလင္းတင္ျပခဲ့ၿပီး ပါလီမန္၏ အတည္ျပဳခ်က္ကို ရယူခဲ့ပါသည္။ ယေန႔ကာလအထိလည္း ျမန္မာႏိုင္ငံအေနျဖင့္ “လူမ်ိဳးျပဳန္းတီးေစမႈကို တားဆီးရန္ႏွင့္ ျပစ္ဒဏ္ေပးရန္ ႏိုင္ငံေပါင္းစုံ သေဘာတူစာခ်ဳပ္”အား လက္ခံအတည္ျပဳစဥ္က ရပ္တည္ခ်က္အတိုင္း လိုက္နာေဆာင္႐ြက္လ်က္ရွိပါသည္။

၃။ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ)၌ တရားစြဲဆိုျခင္းႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ ဦးေဆာင္ကာ စနစ္တက်ျပင္ဆင္ ေဆာင္႐ြက္ေနမႈအေပၚ ႏိုင္ငံတစ္ဝွမ္းရွိ လူထုလူတန္းစားအသီးသီးက ေထာက္ခံမႈမ်ား ျပသလ်က္ရွိသည္ကို ေတြ႕ျမင္ရသျဖင့္ ဝမ္းေျမာက္ဝမ္းသာ ျဖစ္ရပါသည္။ ဤကိစၥသည္ ႏိုင္ငံ့အေရးကိစၥ၊ ႏိုင္ငံ့အက်ိဳးစီးပြားကိစၥျဖစ္၍ “အေရးႀကီးၿပီ ေသြးစည္းၾကစို႔” ဆိုသည့္အတိုင္း ျပည္သူလူထုတစ္ရပ္လုံး၏ စည္းလုံးညီၫြတ္မႈသည္ ႏိုင္ငံေတာ္အတြက္ ႀကီးမားလွေသာ အင္အားကို ျဖစ္ထြန္းေစမည္ ျဖစ္ပါသည္။ ယခု အမႈကိုရင္ဆိုင္ရာတြင္လည္း ႏိုင္ငံေတာ္အစိုးရအေနျဖင့္ မည္သည့္ႏိုင္ငံ၊ မည္သည့္ လူမ်ိဳးကိုျဖစ္ေစ၊ မည္သည့္ဘာသာကိုျဖစ္ေစ၊ မည္သည့္လူအစုအဖြဲ႕ကိုျဖစ္ေစ တိုက္႐ိုက္ေသာ္လည္းေကာင္း၊ သြယ္ဝိုက္၍ေသာ္ လည္းေကာင္း ထိခိုက္နစ္နာေစျခင္း၊ တိုက္ခိုက္ျခင္း၊ အလ်ဥ္းမျပဳလုပ္ဘဲ ဤပကတိအရွိတရားႏွင့္ သႏၷိ႒ာန္ကို ကမာၻက သိရွိနားလည္ေစေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္အပ္ပါသည္။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
------------
(Unicode)⤵⤵⤵
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်
(၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်)

၁။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့် စပ်လျဉ်း၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုခဲ့ပါသည်။ ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာတရားရုံး၏ အဖွဲ့ဝင်ဖြစ်ပါသည်။ ဤကိစ္စသည် နိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်၍ ဖြေရှင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ လူမျိုးပြုန်းတီးစေမှု(Genocide)ဆိုသည်မှာ လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူစုတစ်စုကိုဖြစ်စေ၊ သတ်ဖြတ်ခြင်း၊ ပြုန်းတီးခြင်းဟူ၍ အဓိပ္ပာယ်ရပါ သည်။ ဤကိစ္စသည် ယဉ်ကျေးသည့် ကမ္ဘာသူ၊ ကမ္ဘာသား လူသားစု တစ်ရပ်လုံးက တားဆီးကာကွယ်ရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ခဲ့ရာ စတင်လက်မှတ်ရေးထိုးခဲ့သည့် ကမ္ဘာ့နိုင်ငံများတွင် မြန်မာနိုင်ငံသည် (၄၂)နိုင်ငံမြောက် နိုင်ငံဖြစ်ပါသည်။ “လူမျိုးပြုန်းတီးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံပေါင်းစုံသဘောတူစာချုပ် (Convention for the Prevention and Punishment of the Crime of Genocide)”ကို မြန်မာနိုင်ငံက ၃၀-၁၂-၁၉၄၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၄-၃-၁၉၅၆ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်ကို လက်ခံအတည်ပြုရန် ၂-၉-၁၉၅၅ ရက်နေ့တွင် သက်ဆိုင်ရာဝန်ကြီးက ပါလီမန်သို့တင်ပြခဲ့စဉ်ကလည်း “မြန်မာနိုင်ငံအနေဖြင့် ယနေ့အထိ ရဲရဲတင်းတင်းပြောရဲကြောင်း၊ လူတစ်စုနှင့် တစ်စုဖြစ်စေ၊ ဘာသာတစ်ခုနှင့်တစ်ခု ကိုးကွယ်သည့် လူမျိုးအလိုက်ဖြစ်စေ၊ လူတစ်စုအလိုက်ဖြစ်စေ ယနေ့အထိ ဤကိစ္စမျိုး မပေါ်သေးဖူးကြောင်း၊ နောင်ကိုလည်း ပေါ်စရာအကြောင်းမရှိကြောင်း” ရှင်းလင်းတင်ပြခဲ့ပြီး ပါလီမန်၏ အတည်ပြုချက်ကို ရယူခဲ့ပါသည်။ ယနေ့ကာလအထိလည်း မြန်မာနိုင်ငံအနေဖြင့် “လူမျိုးပြုန်းတီးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံပေါင်းစုံ သဘောတူစာချုပ်”အား လက်ခံအတည်ပြုစဉ်က ရပ်တည်ချက်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

၃။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ကာ စနစ်တကျပြင်ဆင် ဆောင်ရွက်နေမှုအပေါ် နိုင်ငံတစ်ဝှမ်းရှိ လူထုလူတန်းစားအသီးသီးက ထောက်ခံမှုများ ပြသလျက်ရှိသည်ကို တွေ့မြင်ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ ဤကိစ္စသည် နိုင်ငံ့အရေးကိစ္စ၊ နိုင်ငံ့အကျိုးစီးပွားကိစ္စဖြစ်၍ “အရေးကြီးပြီ သွေးစည်းကြစို့” ဆိုသည့်အတိုင်း ပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက် ကြီးမားလှသော အင်အားကို ဖြစ်ထွန်းစေမည် ဖြစ်ပါသည်။ ယခု အမှုကိုရင်ဆိုင်ရာတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့် လူမျိုးကိုဖြစ်စေ၊ မည်သည့်ဘာသာကိုဖြစ်စေ၊ မည်သည့်လူအစုအဖွဲ့ကိုဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း၊ အလျဉ်းမပြုလုပ်ဘဲ ဤပကတိအရှိတရားနှင့် သန္နိဋ္ဌာန်ကို ကမ္ဘာက သိရှိနားလည်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ ႏိုင္ငံျခားေရးဝန္ႀကီးဌာန သတင္းထုတ္ျပန္ခ်က္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ ႏိုင္ငံျခားေရးဝန္ႀကီးဌာန သတင္းထုတ္ျပန္ခ်က္ Reviewed by THITHTOOLWIN on 08:57 Rating: 5
Powered by Blogger.