မူးယစ္တရားခံအမွတ္နဲ႔ ရိုက္ႏွက္ၿပီးမွ မွားသြားလို႔ ရဲတပ္ဖဲြ႔ ေလ်ာ္ေၾကးေပး

(Zawgyi)⤵⤵⤵
အသက္ ၂၇ ႏွစ္အရြယ္ လူငယ္တစ္ဦးကုိ ပဲခူးတုိင္း ေတာင္ငူၿမိဳ႕မွာ မူးယစ္သံသယတရားခံ အထင္နဲ႔ ရဲတပ္ဖဲြ႔၀င္ေတြက ရုိက္နွက္ဖမ္းဆီးၿပီးမွ လူမွားသြားတယ္ဆုိၿပီး ေတာင္းပန္ကာ ေလ်ာ္ေၾကးေပးခဲ့ပါတယ္။

ပဲခူးတုိင္း ေတာင္ငူၿမိဳ႕မွာ ေနထုိင္တဲ့ ကုိေအာင္သူရဟာ အမွတ္ (၁) ရပ္ကြက္ ထီးလိႈင္လမ္းမွာ ႏုိ၀င္ဘာ ၁ ရက္ေန႔က ဆုိင္ကယ္နဲ႔ သြားေနခ်ိန္ အရပ္ဝတ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ ေလးဦးက လုိက္လံဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

ကုိေအာင္သူရဟာ အဘြားျဖစ္သူရဲ႕ ေနအိမ္ျခံထဲကုိ ေျပးဝင္ အကူအညီေတာင္းခ်ိန္မွာ ရဲတပ္ဖြဲ႕ဝင္ေတြက ျခံဝန္းထဲကုိ လုိက္လာၿပီး ခ်ဳပ္ေနွာင္ ထုိးႀကိတ္ဖမ္းဆီးခဲ့တာလုိ႔ သိရပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေတာင္ငူခရုိင္ရဲတပ္ဖြဲ႔ကုိ RFA က ဆက္သြယ္ေမးျမန္းရာမွာ တစ္စုံတစ္ရာ တု႔ံျပန္ေျပာဆုိျခင္း မရွိပါဘူး။

အဲဒီလုိဖမ္းဆီးခ်ိန္အတြင္း ကုိေအာင္သူရဟာ ဦးေခါင္းေပါက္ျပဲ ဒဏ္ရာရရွိခဲ့ၿပီး၊ မူးယစ္ေဆးဝါး ရွာမေတြ႕တာေၾကာင့္ မွားယြင္းဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေတာင္းပန္ၿပီး နစ္နာေၾကး ငါးသိန္းေပးခဲ့တဲ့အျပင္ လုိအပ္ခ်က္ေတြကုိ ေဆာင္ရြက္ေပးသြားမယ္လုိ႔ ေျပာတာေၾကာင့္ နစ္နာေၾကးကုိ လက္ခံလုိက္တယ္လို႔ 7 Day သတင္းဌာနက ေဖာ္ျပပါတယ္။

ကုိေအာင္သူရဟာ ေဆးသုတ္တဲ့ အလုပ္ကုိ လုပ္ကိုင္ေနသူျဖစ္ပါတယ္။
မူးယစ္တရားခံအထင္နဲ႔ မွားယြင္းဖမ္းဆီးခံရသူဘက္ကလည္း အမႈကုိ ေက်ေအးေပးလုိက္ေၾကာင္း သိရပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေတာင္ငူခရုိင္ ရဲတပ္ဖြဲ႕နဲ႔ ျမန္မာနုိင္ငံ ရဲတပ္ဖြဲ႕ ေျပာေရးဆုိခြင့္ရွိသူေတြကုိ RFA က ဆက္သြယ္ေမးျမန္းဖုိ႔ ႀကိဳးစားေနပါတယ္။

အလားတူ ရန္ကုန္ၿမိဳ႕က ျမန္မာပလာဇာမွာလည္း အဆုိေတာ္ ၿဖိဳးျပည့္စုံ အပါအဝင္ သံုးဦးကုိ ရဲတပ္ဖြဲ႕က မူးယစ္ေဆးဝါးသုံးစြဲသူေတြအျဖစ္ ၿပီးခဲ့တဲ့ ေအာက္တုိဘာလ ၇ ရက္ေန႔က မွားယြင္းဖမ္းဆီးခဲ့ၿပီးမွ ျပန္လႊတ္ေပးခဲ့တဲ့ ျဖစ္ရပ္လည္း ရွိပါတယ္။ အဲဒီလုိ ဖမ္းဆီးခ်ိန္မွာလည္း ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ထုိးႀကိတ္ခဲ့တဲ့မွတ္တမ္း ဗီဒီယုိ အင္တာနက္စာမ်က္ႏွာမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

မွားယြင္းဖမ္းဆီးတာေတြ လုပ္ထုံးလုပ္နည္းကုိ ေက်ာ္လြန္ေဆာင္ရြက္တာဟာ ရဲတပ္ဖြဲ႔ကုိ အမ်ားျပည္သူ ယုံၾကည္မႈ က်ဆင္းေစေၾကာင္း လူ႔အခြင့္အေရး တက္ၾကြလႈပ္ရွားတဲ့ လူငယ္တစ္ဦးျဖစ္တဲ့ မသဥၨာရႊန္းလဲ့ရည္က ေျပာပါတယ္။

ဒီလုိကိစၥမ်ိဳးေတြထပ္မံ မျဖစ္ေစဖုိ႔အတြက္ ၿပီးခဲ့တဲ့ ျဖစ္စဥ္ေတြကုိ သင္ခန္းစာယူဖုိ႔လုိတဲ့အျပင္ နုိင္ငံတကာ စာခ်ဳပ္ျဖစ္တဲ့ နုိင္ငံသားနဲ႔ နုိင္ငံေရးအခြင့္အေရးစာခ်ဳပ္ ICCPR ကုိ အစုိးရအေနနဲ႔ အျမန္ဆုံးလက္မွတ္ေရးထုိးၿပီး ရဲဌာနကုိ ျပဳျပင္ေျပာင္းလဲတာေတြ လုပ္ေဆာင္မယ့္ အစီအစဥ္ေတြကုိ အမ်ားျပည္သူကုိ ခ်ျပဖုိ႔လုိေၾကာင္းလည္း မသဥၨာရႊန္းလဲ့ရည္က ဆုိပါတယ္။

ၿပီးခဲ့တဲ့ ဇူလုိင္လ ၂၄ ရက္ေန႔က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ရဲတပ္ဖြဲ႔က မွားယြင္းဖမ္းဆီးတာေတြေၾကာင့္ နစ္နားဆုံးရႈံးသူေတြရဲ႕ အခြင့္အေရးေတြ မဆုံးရႈံးရအာင္ ျမန္မာနုိင္ငံ အမ်ိဳးသားလူ႔အခြင့္အေရး ေကာ္မရွင္အေနနဲ႔ ၾကပ္မတ္ေဆာင္ရြက္ဖုိ႔ အမ်ိဳးသားလႊတ္ေတာ္ ကုိယ္စားလွယ္ ဦးရဲထြဋ္က ၂၀၁၈ ခုႏွစ္ အမ်ိဳးသားလူ႔အခြင့္အေရး ေကာ္မရွင္ အစီရင္ခံစာကိစၥ ေဆြးေႏြးခ်ိန္မွာ တုိက္တြန္းထားပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
--------------
(Unicode)⤵⤵⤵
မူးယစ်တရားခံအမှတ်နဲ့ ရိုက်နှက်ပြီးမှ မှားသွားလို့ ရဲတပ်ဖွဲ့ လျော်ကြေးပေး

အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦးကို ပဲခူးတိုင်း တောင်ငူမြို့မှာ မူးယစ်သံသယတရားခံ အထင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးပြီးမှ လူမှားသွားတယ်ဆိုပြီး တောင်းပန်ကာ လျော်ကြေးပေးခဲ့ပါတယ်။

ပဲခူးတိုင်း တောင်ငူမြို့မှာ နေထိုင်တဲ့ ကိုအောင်သူရဟာ အမှတ် (၁) ရပ်ကွက် ထီးလှိုင်လမ်းမှာ နိုဝင်ဘာ ၁ ရက်နေ့က ဆိုင်ကယ်နဲ့ သွားနေချိန် အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင် လေးဦးက လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ကိုအောင်သူရဟာ အဘွားဖြစ်သူရဲ့ နေအိမ်ခြံထဲကို ပြေးဝင် အကူအညီတောင်းချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက ခြံဝန်းထဲကို လိုက်လာပြီး ချုပ်နှောင် ထိုးကြိတ်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်ငူခရိုင်ရဲတပ်ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာမှာ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။

အဲဒီလိုဖမ်းဆီးချိန်အတွင်း ကိုအောင်သူရဟာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိခဲ့ပြီး၊ မူးယစ်ဆေးဝါး ရှာမတွေ့တာကြောင့် မှားယွင်းဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က တောင်းပန်ပြီး နစ်နာကြေး ငါးသိန်းပေးခဲ့တဲ့အပြင် လိုအပ်ချက်တွေကို ဆောင်ရွက်ပေးသွားမယ်လို့ ပြောတာကြောင့် နစ်နာကြေးကို လက်ခံလိုက်တယ်လို့ 7 Day သတင်းဌာနက ဖော်ပြပါတယ်။

ကိုအောင်သူရဟာ ဆေးသုတ်တဲ့ အလုပ်ကို လုပ်ကိုင်နေသူဖြစ်ပါတယ်။
မူးယစ်တရားခံအထင်နဲ့ မှားယွင်းဖမ်းဆီးခံရသူဘက်ကလည်း အမှုကို ကျေအေးပေးလိုက်ကြောင်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်ငူခရိုင် ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

အလားတူ ရန်ကုန်မြို့က မြန်မာပလာဇာမှာလည်း အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် သုံးဦးကို ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲသူတွေအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က မှားယွင်းဖမ်းဆီးခဲ့ပြီးမှ ပြန်လွှတ်ပေးခဲ့တဲ့ ဖြစ်ရပ်လည်း ရှိပါတယ်။ အဲဒီလို ဖမ်းဆီးချိန်မှာလည်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ထိုးကြိတ်ခဲ့တဲ့မှတ်တမ်း ဗီဒီယို အင်တာနက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။

မှားယွင်းဖမ်းဆီးတာတွေ လုပ်ထုံးလုပ်နည်းကို ကျော်လွန်ဆောင်ရွက်တာဟာ ရဲတပ်ဖွဲ့ကို အများပြည်သူ ယုံကြည်မှု ကျဆင်းစေကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

ဒီလိုကိစ္စမျိုးတွေထပ်မံ မဖြစ်စေဖို့အတွက် ပြီးခဲ့တဲ့ ဖြစ်စဉ်တွေကို သင်ခန်းစာယူဖို့လိုတဲ့အပြင် နိုင်ငံတကာ စာချုပ်ဖြစ်တဲ့ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးစာချုပ် ICCPR ကို အစိုးရအနေနဲ့ အမြန်ဆုံးလက်မှတ်ရေးထိုးပြီး ရဲဌာနကို ပြုပြင်ပြောင်းလဲတာတွေ လုပ်ဆောင်မယ့် အစီအစဉ်တွေကို အများပြည်သူကို ချပြဖို့လိုကြောင်းလည်း မသဉ္ဇာရွှန်းလဲ့ရည်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ရဲတပ်ဖွဲ့က မှားယွင်းဖမ်းဆီးတာတွေကြောင့် နစ်နားဆုံးရှုံးသူတွေရဲ့ အခွင့်အရေးတွေ မဆုံးရှုံးရအာင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ကြပ်မတ်ဆောင်ရွက်ဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်က ၂၀၁၈ ခုနှစ် အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အစီရင်ခံစာကိစ္စ ဆွေးနွေးချိန်မှာ တိုက်တွန်းထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မူးယစ္တရားခံအမွတ္နဲ႔ ရိုက္ႏွက္ၿပီးမွ မွားသြားလို႔ ရဲတပ္ဖဲြ႔ ေလ်ာ္ေၾကးေပး မူးယစ္တရားခံအမွတ္နဲ႔ ရိုက္ႏွက္ၿပီးမွ မွားသြားလို႔ ရဲတပ္ဖဲြ႔ ေလ်ာ္ေၾကးေပး Reviewed by THITHTOOLWIN on 09:31 Rating: 5
Powered by Blogger.