ဘူးသီးေတာင္ တိုက္ပြဲ ႐ြာသားတစ္ဦးေသဆုံး၊ ႐ြာတခ်ိဳ႕ မီးေလာင္

စိုင္းဒင္ေခ်ာင္းကို ကူးတဲ့တပ္ကို ေအေအက သရက္ျပင္ ဘုန္းႀကီးေက်ာင္းကေန ပစ္တယ္လို႔ဆို
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ဘူးသီးေတာင္ၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔ တိုက္ပြဲေတြက ပစ္ခတ္မႈေတြေၾကာင့္ ေက်း႐ြာတခ်ိဳ႕ မီးေလာင္ခဲ့ၿပီး ႐ြာသားတစ္ဦး ေသဆုံးကာ အမ်ိဳးသမီးေတြလည္း ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

ႏိုဝင္ဘာ ၇ ရက္ ၾကာသပေတးေန႔ ေန႔လယ္ ၁၂ နာရီေလာက္မွာ ေက်း႐ြာအနီး တိုက္ပြဲေတြ ျဖစ္ခဲ့ၿပီး ပစ္ခတ္မႈေတြေၾကာင့္ ဖုံညိဳလိပ္ေက်း႐ြာက အသက္ ၄၅ ႏွစ္အ႐ြယ္ မြတ္ဆလင္ေက်း႐ြာသား ဗိုက္မွာ က်ည္ထိ ေသဆုံးခဲ့တာ ျဖစ္တယ္လို႔ အမည္မေဖာ္လိုတဲ့ ႐ြာသားတစ္ဦးက ေျပာပါတယ္။

"ဒီေန႔မနက္ ၁၂ နာရီေလာက္မွာ တိုက္ပြဲ ျဖစ္ပါတယ္။ အခုေသသြားတဲ့သူက ရႈတူးအာေလာင္ပါ။ သူက လမ္းမႀကီးနား မွာရွိတဲ့ လက္ဖက္ရည္ဆိုင္မွာ လက္ဖက္ရည္ေသာက္ေနတုန္း ဗိုက္ကို က်ည္ထိ သြားတာပါ"လို႔ ဖုံညိဳလိပ္ ေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

ဒါ့အျပင္ ႏိုဝင္ဘာလ ၆ ရက္ ေန႔လယ္ပိုင္းမွာလည္း အဲ့ဒီအနီးဝန္းက်င္မွာ တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၾကၿပီး လက္နက္ႀကီးက်ည္ေတြ ႐ြာေတြထဲ က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ သရက္ျပင္ ရခိုင္႐ြာနဲ႔ ခ်ာေက မြတ္ဆလင္႐ြာတို႔မွာ အိမ္ေတြ မီးေလာင္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ႏိုဝင္ဘာ ၆ ရက္ ဗုဒၶဟူးေန႔က ျဖစ္ခဲ့တဲ့ ႐ြာမီးေလာင္မႈမွာ ခ်ာေက မြတ္ဆလင္႐ြာမွာ အိမ္တခ်ိဳ႕ မီးေလာင္ခဲ့ၿပီး ႏွစ္႐ြာေပါင္း အိမ္ဘယ္ေလာက္ ေလာင္သြားခဲ့တယ္ဆိုတာကိုေတာ့ တိတိက်က်မေျပာႏိုင္ဘူးလို႔ ႐ြာသားေတြက ေျပာပါတယ္။

ႏိုဝင္ဘာ ၆ ရက္ေန႔ ေန႔လယ္ပိုင္းမွာ တပ္မေတာ္စစ္ေၾကာင္းက ၾကာညိဳျပင္ေက်း႐ြာဘက္ကေန စိုင္းဒင္ေက်ာင္းကို ျဖတ္ကူးဖို႔ျပင္ဆင္ေနခ်ိန္ သရက္ျပင္ေက်း႐ြာဘက္ကေန ေအေအတပ္ဖြဲ႕ေတြက လွမ္းပစ္ခတ္တဲ့အတြက္ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ေျပာခြင့္ရ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

တပ္မေတာ္စစ္ေၾကာင္းကို ေအေအဘက္ကေန လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တဲ့အတြက္ေၾကာင့္ မြတ္ဆလင္႐ြာေတြ မီးေလာင္ခဲ့တာျဖစ္တယ္လို႔ သူက ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ စိုင္းဒင္ေခ်ာင္းကို ကူးဖို႔ လုပ္တဲ့အခါမွာ ေအေအကေနၿပီးေတာ့ သရက္ျပင္ ဘုန္းႀကီးေက်ာင္းကေန ပစ္ခတ္တယ္။ ၾကာညိဳျပင္ ကုလား႐ြာက ကြၽန္ေတာ္တို႔နဲ႔ တစ္ဖက္တည္းမွာရွိတဲ့႐ြာ ျဖစ္တယ္" လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

"ေအေအကေန အဲ့ဒီ႐ြာကို တမင္ပစ္ခ်တာ။ တိုက္ပြဲျဖစ္တဲ့ဥစၥာကို အခြင့္ေကာင္းယူၿပီးတာ့ တမင္ပစ္ခ်တဲ့အတြက္ေၾကာင့္မို႔လို႔ တစ္အိမ္ မီးေလာင္သြားတယ္။ ၿပီးရင္ တစ္ေယာက္စ ႏွစ္ေယာက္စလည္း ဒဏ္ရာရသြားတယ္လို႔ သိရတယ္"လို႔ သူက ေျပာပါတယ္။

ဒါ့အျပင္ ႏိုဝင္ဘာလ ၆ ရက္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ညေန ၇ နာရီေက်ာ္ေလာက္မွာ သရက္ျပင္ ရခိုင္ေက်း႐ြာ စတင္ မီးေလာင္ခဲ့တာလို႔ ေဒသခံေတြက ေျပာဆိုေပမဲ့ ဒီအေပၚမွာေတာ့ မျဖစ္ႏိုင္ဘူးလို႔ တပ္မေတာ္ဘက္က ျငင္းဆိုထားပါတယ္။

က်ည္ထိေသဆုံးသြားခဲ့တဲ့ ဖုံညိဳလိပ္ေက်း႐ြာသားဟာ လမ္းမေပၚကိုတက္လာတဲ့အခ်ိန္ ေအေအဘက္က ပစ္ခတ္လိုက္တာ ျဖစ္တယ္လို႔ တပ္မေတာ္ဘက္က ဆက္လက္ေျပာဆိုပါတယ္။

တပ္မေတာ္ရဲ႕ ေျပာဆိုခ်က္နဲ႔ ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္ ေအေအရဲ႕ ေျပာခြင့္ရသူ ခိုင္သုခကို ဘီဘီစီက ဆက္သြယ္ေပမဲ့ ဆက္သြယ္လို႔ မရေသးပါဘူး။

အဲ့ဒီေက်း႐ြာေတြဟာ လက္နက္ႀကီးက်ည္ေတြ က်ေပါက္ကြဲ မီးေလာင္တာ ျဖစ္ၿပီးေတာ့ မြတ္ဆလင္ အမ်ိဳးသမီးႏွစ္ဦးလည္း ထိခိုက္ဒဏ္ရာေတြ ရခဲ့တယ္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းေအာင္သိန္းက ေျပာပါတယ္။

အဲ့ဒီေက်း႐ြာေတြဟာ ဘူးသီးေတာင္ၿမိဳ႕ရဲ႕ အေရွ႕ေတာင္ဘက္ ၇ မိုင္ခန႔္အကြာမွာရွိၿပီး စိုင္းဒင္ေရတံခြန္းအနီးဝန္းက်င္က ေက်း႐ြာေတြျဖစ္တယ္လို႔ဆိုပါတယ္။

တပ္မေတာ္နဲ႔ ေအေအတို႔အၾကား တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ဘူးသီးေတာင္၊ ရေသ့ေတာင္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္ေတြမွာ ေက်း႐ြာမီးေလာင္မႈေတြလည္း မၾကာခဏဆိုသလို ျဖစ္ပြားေနပါတယ္။

တိုက္ပြဲေတြ ျဖစ္တဲ့ တစ္ႏွစ္ ဝန္းက်င္အတြင္း အရပ္သားေသဆုံးသူ ၉၀ ေက်ာ္၊ ထိခိုက္ဒဏ္ရာရရွိသူ ၁၄၀ နီးပါးနဲ႔ ဖမ္းဆီးခံေနရသူ ၁၅၀ ေက်ာ္အထိ ရွိပါတယ္။

BBC Burmese
https://www.bbc.com/burmese/50334947


(Unicode)⤵⤵⤵
ဘူးသီးတောင် တိုက်ပွဲ ရွာသားတစ်ဦးသေဆုံး၊ ရွာတချို့ မီးလောင်

Image caption စိုင်းဒင်ချောင်းကို ကူးတဲ့တပ်ကို အေအေက သရက်ပြင် ဘုန်းကြီးကျောင်းကနေ ပစ်တယ်လို့ဆို

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲတွေက ပစ်ခတ်မှုတွေကြောင့် ကျေးရွာတချို့ မီးလောင်ခဲ့ပြီး ရွာသားတစ်ဦး သေဆုံးကာ အမျိုးသမီးတွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

နိုဝင်ဘာ ၇ ရက် ကြာသပတေးနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ကျေးရွာအနီး တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် ဖုံညိုလိပ်ကျေးရွာက အသက် ၄၅ နှစ်အရွယ် မွတ်ဆလင်ကျေးရွာသား ဗိုက်မှာ ကျည်ထိ သေဆုံးခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

"ဒီနေ့မနက် ၁၂ နာရီလောက်မှာ တိုက်ပွဲ ဖြစ်ပါတယ်။ အခုသေသွားတဲ့သူက ရှုတူးအာလောင်ပါ။ သူက လမ်းမကြီးနား မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတုန်း ဗိုက်ကို ကျည်ထိ သွားတာပါ"လို့ ဖုံညိုလိပ် ကျေးရွာသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၆ ရက် နေ့လယ်ပိုင်းမှာလည်း အဲ့ဒီအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပြီး လက်နက်ကြီးကျည်တွေ ရွာတွေထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သရက်ပြင် ရခိုင်ရွာနဲ့ ချာကေ မွတ်ဆလင်ရွာတို့မှာ အိမ်တွေ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၆ ရက် ဗုဒ္ဓဟူးနေ့က ဖြစ်ခဲ့တဲ့ ရွာမီးလောင်မှုမှာ ချာကေ မွတ်ဆလင်ရွာမှာ အိမ်တချို့ မီးလောင်ခဲ့ပြီး နှစ်ရွာပေါင်း အိမ်ဘယ်လောက် လောင်သွားခဲ့တယ်ဆိုတာကိုတော့ တိတိကျကျမပြောနိုင်ဘူးလို့ ရွာသားတွေက ပြောပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ တပ်မတော်စစ်ကြောင်းက ကြာညိုပြင်ကျေးရွာဘက်ကနေ စိုင်းဒင်ကျောင်းကို ဖြတ်ကူးဖို့ပြင်ဆင်နေချိန် သရက်ပြင်ကျေးရွာဘက်ကနေ အေအေတပ်ဖွဲ့တွေက လှမ်းပစ်ခတ်တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

တပ်မတော်စစ်ကြောင်းကို အေအေဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက်ကြောင့် မွတ်ဆလင်ရွာတွေ မီးလောင်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

"ကျွန်တော်တို့ စိုင်းဒင်ချောင်းကို ကူးဖို့ လုပ်တဲ့အခါမှာ အေအေကနေပြီးတော့ သရက်ပြင် ဘုန်းကြီးကျောင်းကနေ ပစ်ခတ်တယ်။ ကြာညိုပြင် ကုလားရွာက ကျွန်တော်တို့နဲ့ တစ်ဖက်တည်းမှာရှိတဲ့ရွာ ဖြစ်တယ်" လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

"အေအေကနေ အဲ့ဒီရွာကို တမင်ပစ်ချတာ။ တိုက်ပွဲဖြစ်တဲ့ဥစ္စာကို အခွင့်ကောင်းယူပြီးတာ့ တမင်ပစ်ချတဲ့အတွက်ကြောင့်မို့လို့ တစ်အိမ် မီးလောင်သွားတယ်။ ပြီးရင် တစ်ယောက်စ နှစ်ယောက်စလည်း ဒဏ်ရာရသွားတယ်လို့ သိရတယ်"လို့ သူက ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၆ ရက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၇ နာရီကျော်လောက်မှာ သရက်ပြင် ရခိုင်ကျေးရွာ စတင် မီးလောင်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုပေမဲ့ ဒီအပေါ်မှာတော့ မဖြစ်နိုင်ဘူးလို့ တပ်မတော်ဘက်က ငြင်းဆိုထားပါတယ်။

ကျည်ထိသေဆုံးသွားခဲ့တဲ့ ဖုံညိုလိပ်ကျေးရွာသားဟာ လမ်းမပေါ်ကိုတက်လာတဲ့အချိန် အေအေဘက်က ပစ်ခတ်လိုက်တာ ဖြစ်တယ်လို့ တပ်မတော်ဘက်က ဆက်လက်ပြောဆိုပါတယ်။

တပ်မတော်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခကို ဘီဘီစီက ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

အဲ့ဒီကျေးရွာတွေဟာ လက်နက်ကြီးကျည်တွေ ကျပေါက်ကွဲ မီးလောင်တာ ဖြစ်ပြီးတော့ မွတ်ဆလင် အမျိုးသမီးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

အဲ့ဒီကျေးရွာတွေဟာ ဘူးသီးတောင်မြို့ရဲ့ အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာမှာရှိပြီး စိုင်းဒင်ရေတံခွန်းအနီးဝန်းကျင်က ကျေးရွာတွေဖြစ်တယ်လို့ဆိုပါတယ်။

တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မြောက်ဦးမြို့နယ်တွေမှာ ကျေးရွာမီးလောင်မှုတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေ ဖြစ်တဲ့ တစ်နှစ် ဝန်းကျင်အတွင်း အရပ်သားသေဆုံးသူ ၉၀ ကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၄၀ နီးပါးနဲ့ ဖမ်းဆီးခံနေရသူ ၁၅၀ ကျော်အထိ ရှိပါတယ်။

BBC Burmese
https://www.bbc.com/burmese
ဘူးသီးေတာင္ တိုက္ပြဲ ႐ြာသားတစ္ဦးေသဆုံး၊ ႐ြာတခ်ိဳ႕ မီးေလာင္ ဘူးသီးေတာင္ တိုက္ပြဲ ႐ြာသားတစ္ဦးေသဆုံး၊ ႐ြာတခ်ိဳ႕ မီးေလာင္ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.