အီးယူရဲ႕ အထူးကုန္သြယ္ခြန္ကင္းလြတ္ခြင့္ ႐ုပ္သိမ္းခံရရင္ ေဒၚလာ ဘီလီယံခ်ီနစ္နာႏိုင္

အထည္ခ်ဳပ္စက္႐ုံတစ္႐ုံကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံဟာ ႏိုင္ငံတကာက ဖိအားေပးမႈေတြရင္ဆိုင္ေနရခ်ိန္မွာပဲ အီးယူက ျမန္မာႏိုင္ငံအေပၚ ေပးအပ္ထားတဲ့ ကုန္သြယ္မႈအထူးအခြင့္အေရးကို ျပန္႐ုပ္သိမ္းေပးဖို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး ေအေကအဗၺဒူမိုမန္က ဥေရာပ ငါးႏိုင္ငံခရီးစဥ္အတြင္း ဥေရာပေခါင္းေဆာင္ေတြကို ေတာင္းဆိုခဲ့တယ္လို႔ ဒါကာ ကလာတဲ့ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြ က်ဴးလြန္ေနတာကို ဥေရာပႏိုင္ငံေတြက သိရွိထားၿပီျဖစ္ၿပီး ဘဂၤလားေဒ့ ရွ္က ႐ိုဟင္ဂ်ာေတြကို ျပန္မေခၚမခ်င္း ျမန္မာႏိုင္ငံအေပၚ ဒဏ္ခတ္တဲ့အေနနဲ႔ အီးယူကေပးအပ္ထားတဲ့ အထူး ကုန္သြယ္ခြင့္ကို ႐ုပ္သိမ္းေပးဖို႔ ေတာင္းဆိုေနတာျဖစ္ပါတယ္။

အီးယူအဖြဲ႕ဝင္ႏိုင္ငံေတြဆီ ျမန္မာႏိုင္ငံကတင္ပို႔တဲ့ ပို႔ကုန္ေတြအထဲမွာ ၆၀ ရာခိုင္ႏႈန္းေက်ာ္က အထည္ခ်ဳပ္ လုပ္ငန္းျဖစ္ၿပီး ဒုတိယအမ်ားဆုံးက ငါးလုပ္ငန္းနဲ႔ ဆန္တို႔ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ တုန္းက ျမန္မာကေန EU ကို တင္ပို႔တဲ့ အထည္ခ်ဳပ္လုပ္ငန္းရဲ႕ ဝင္ေငြဟာ ကန္ေဒၚလာ ၄ ဘီလီယံ ဝန္းက်င္ရွိခဲ့ေၾကာင္း အထည္ခ်ဳပ္ လုပ္ငန္းရွင္အသင္းကေန သိရပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက တပ္မေတာ္က ႐ိုဟင္ဂ်ာ ၇ သိန္းေက်ာ္ကို ရခိုင္ျပည္နယ္ေျမာက္ပိုင္းကေန ဘဂၤလားေဒ့ရွ္ကို ေမာင္းထုတ္ခဲ့ေၾကာင္းနဲ႔ ရွင္းလင္းေရးစစ္ဆင္ေရးကို လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ျခင္းျဖစ္တယ္လို႔ ကုလသမဂၢက သတ္မွတ္ထားပါတယ္။

ဂမ္ဘီယားႏိုင္ငံက ဦးေဆာင္ၿပီးေတာ့ အျပည္ျပည္ဆိုင္ရာခုံ႐ုံး ICJ မွာ ျမန္မာကို အမႈဖြင့္ထားသလို၊ ႐ိုဟင္ဂ်ာ အဖြဲ႕ေတြကလည္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အပါအဝင္ သမၼတေဟာင္း ဦးသိန္းစိန္၊ သမၼတေဟာင္း ဦးထင္ေက်ာ္နဲ႔ လက္ရွိသမၼတ ဦးဝင္းျမင့္တို႔ကိုပါ အာဂ်င္တီးနားတရား႐ုံးမွာ စြဲဆိုထားပါတယ္။ မေန႔ကလည္း ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး ICC က ျမန္မာအမႈကို စစ္ေဆးဖို႔ စတင္လိုက္ၿပီလို႔ ေၾကညာလိုက္ပါတယ္။

ဖိအားေတြ ျပင္းထန္ေနခ်ိန္၊ ျမန္မာအေပၚ ထပ္မံပိတ္ဆို႔ အေရးယူမယ့္အစီအစဥ္ကိုပါ ဘဂၤလားေဒ့ရွ္ဘက္က ႀကိဳးပမ္းေနတာျဖစ္ပါတယ္။ ဒါေပမဲ့ ဘဂၤလားေဒ့ရွ္ရဲ႕ ႀကိဳးပမ္းမႈကို မႀကိဳဆိုတဲ့ ႏိုင္ငံတကာအဖြဲ႕အစည္းလည္း ရွိေနပါတယ္။ အဲဒါက လန္ဒန္အေျခစိုက္ Burma Campaign UK အဖြဲ႕ပါ။

ဘားကမ့္ဒါ႐ိုက္တာ Mark Farmaner ကေတာ့ ဘဂၤလားေဒ့ရွ္ အစိုးရရဲ႕ ႀကိဳးပမ္းခ်က္က ဆိုး႐ြားတဲ့ အစီအစဥ္တစ္ခုျဖစ္တယ္လို႔ ဆိုပါတယ္။ အဲဒီလို ခ်မွတ္မယ့္အစား တပ္မေတာ္နဲ႔ ဆက္စပ္ေနတဲ့ ကုမၸဏီေတြ၊ အစိုးရေတြကို အကူအညီေပးေနတဲ့ဟာကို ရပ္ဆိုင္းလိုက္တာကမွ ပိုၿပီးေတာ့ထိေရာက္မႈ ရွိမယ္လို႔ျမင္ေၾကာင္း ေျပာပါတယ္။ GSP ကို႐ုပ္သိမ္းလိုက္ရင္ သာမန္လူတန္းစားေတြပဲ ထိခိုက္မွာျဖစ္တယ္လို႔ သူက ေျပာပါတယ္။

“အဲဒါက ဆိုး႐ြားတဲ့ အစီအစဥ္ပါ။ အဲဒါက အလုပ္သမားေတြကိုပဲ တိုက္႐ိုက္ထိပါလိမ့္မယ္။ တပ္မေတာ္ ဒါမွမဟုတ္ အစိုးရကို ထိစရာ ဘာမွမရွိပါဘူး။ အဲဒါကမွားယြင္းတဲ့ ပိတ္ဆို႔ဒဏ္ခတ္မႈပါပဲ“

ကုန္သြယ္ေရးပိတ္ဆို႔မႈ လုပ္မယ္ဆိုရင္ ဒီလုပ္ငန္းေတြမွာ ပါဝင္ပတ္သက္သူေတြက ထိခိုက္နစ္နာမႈ ရွိလာမွာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံဆန္စပါး အဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ေဒါက္တာ စိုးထြန္း က ေျပာပါတယ္။

“႐ုပ္သိမ္းရင္ေတာ့ ထိခိုက္မႈရွိတယ္။ ဆန္ဆိုရင္ အီးယူကို တန္ခ်ိန္ႏွစ္သိန္းခြဲ၊ သုံးသိန္းေလာက္ပို႔တာဆိုေတာ့ ဒါေတြကိုသြားၿပီး ထိခိုက္ႏိုင္တယ္။ လက္ရွိ တ႐ုတ္ကလည္း နယ္စပ္ကုန္သြယ္ေရးမွာ ဆန္တင္ပို႔မႈအတြက္ အကန႔္အသတ္ေတြျဖစ္လာတဲ့အခါ လက္ရွိဆို စပါးေဈးက်တာေတြျဖစ္ေနတယ္။ ဒီလိုအေနအထားမွာ အီးယူက GSP ႐ုပ္မယ္ဆိုရင္ ပိုထိခိုက္လာမယ့္ အေနအထားေတာ့ျမင္ပါတယ္“

ေဒါက္တာ စိုးထြန္း ေျပာသြားတာပါ။

ျမန္မာႏိုင္ငံကို အီးယူက ကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရး ႐ုပ္သိမ္းမယ္ဆိုတာဟာ  ဥေရာပ သမဂၢမွာ ပါဝင္တဲ့ ႏိုင္ငံေတြ အကုန္လုံး သေဘာတူမွျဖစ္တဲ့အတြက္ တကယ္လို႔ ပိတ္ဆို႔အေရးယူခဲ့မယ္ဆိုရင္ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းအေနနဲ႔ ထိခိုက္မႈ အနည္းဆုံးျဖစ္ေအာင္ ႀကိဳတင္ျပင္ဆင္ဖို႔ လိုအပ္တယ္လို႔ ျမန္မာႏိုင္ငံ အထည္ခ်ဳပ္ လုပ္ငန္းရွင္မ်ားအသင္း ဒုတိယ ဥကၠ႒ ဦးေက်ာ္ဝင္းက ေျပာပါတယ္။

လက္ရွိမွာေတာ့ ႀကိဳတင္ျပင္ဆင္မယ့္ အစားမ႐ုပ္သိမ္းေအာင္ ပထမဦးစားေပး ႀကိဳးစားေနတယ္လို႔လည္း ဦးေက်ာ္ဝင္းက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ႏိုင္ငံကို ပိတ္ဆို႔မယ္ဆိုရင္ အီးယူမွာ စုစုေပါင္း ပါဝင္တဲ့ႏိုင္ငံ အကုန္လုံးသေဘာတူမွ ျဖစ္တဲ့အတြက္ ဒီကိစၥက ဒုကၡေပၚဒုကၡဆင့္တဲ့ ဒုကၡပါ“

ဘဂၤလားေဒ့ရွ္အစိုးရရဲ႕ ႀကိဳးပမ္းခ်က္နဲ႔ပတ္သက္ၿပီး EURO-Cham Myanmar အဖြဲ႕ကို RFA က ဆက္သြယ္ေမး ျမန္းေပမယ့္ မွတ္ခ်က္ေပးဖို႔ ျငင္းဆန္ပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ EU ႐ုံးကို ဆက္သြယ္ေမးျမန္းေပမယ့္လည္း ေျဖဆိုမယ့္သူ မရွိပါဘူး။

ျမန္မာႏိုင္ငံကေန ဥေရာပႏိုင္ငံေတြကို ပို႔ေဆာင္ေနတဲ့ ထုတ္ကုန္ေတြကို အခြန္သက္သာခြင့္ ေပးထားတာျဖစ္ၿပီး ၁၇ ရာခိုင္ႏႈန္းကေန ၂၄ ရာခိုင္ႏႈန္းအထိ ပုံမွန္ေကာက္ခံေနတဲ့ အေကာက္ခြန္ကို ၅ ရာခိုင္ႏႈန္းေအာက္ပ ဲေပးေဆာင္ေနရတာပါ။

တပ္မေတာ္အုပ္ခ်ဳပ္ေရး စနစ္ကေန အရပ္သားအစိုးရ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးစနစ္သို႔ ေျပာင္းလဲလာတာေၾကာင့္ အီးယူက ၂၀၁၃ ခုႏွစ္မွာ ျမန္မာႏိုင္ငံအေပၚ လက္နက္ခဲယမ္းေတြကလြဲၿပီး က်န္ကုန္စည္အားလုံးကို ကုန္သြယ္မႈအထူးအခြင့္အေရး GSP ကိုျပန္လည္ေပးအပ္ခဲ့တာျဖစ္ၿပီး အေရွ႕ေတာင္အာရွအထဲမွာ ျမန္မာနဲ႔ ကေမာၻဒီးယားႏွစ္ႏိုင္ငံကို ကုန္သြယ္မႈအထူးအခြင့္အေရး ေပးထားတာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
------------------------
(Unicode)⤵⤵⤵
အီးယူရဲ့ အထူးကုန်သွယ်ခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းခံရရင် ဒေါ်လာ ဘီလီယံချီနစ်နာနိုင်

အထည်ချုပ်စက်ရုံတစ်ရုံကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံဟာ နိုင်ငံတကာက ဖိအားပေးမှုတွေရင်ဆိုင်နေရချိန်မှာပဲ အီးယူက မြန်မာနိုင်ငံအပေါ် ပေးအပ်ထားတဲ့ ကုန်သွယ်မှုအထူးအခွင့်အရေးကို ပြန်ရုပ်သိမ်းပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ဥရောပ ငါးနိုင်ငံခရီးစဉ်အတွင်း ဥရောပခေါင်းဆောင်တွေကို တောင်းဆိုခဲ့တယ်လို့ ဒါကာ ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတာကို ဥရောပနိုင်ငံတွေက သိရှိထားပြီဖြစ်ပြီး ဘင်္ဂလားဒေ့ ရှ်က ရိုဟင်ဂျာတွေကို ပြန်မခေါ်မချင်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်တဲ့အနေနဲ့ အီးယူကပေးအပ်ထားတဲ့ အထူး ကုန်သွယ်ခွင့်ကို ရုပ်သိမ်းပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

အီးယူအဖွဲ့ဝင်နိုင်ငံတွေဆီ မြန်မာနိုင်ငံကတင်ပို့တဲ့ ပို့ကုန်တွေအထဲမှာ ၆၀ ရာခိုင်နှုန်းကျော်က အထည်ချုပ် လုပ်ငန်းဖြစ်ပြီး ဒုတိယအများဆုံးက ငါးလုပ်ငန်းနဲ့ ဆန်တို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက မြန်မာကနေ EU ကို တင်ပို့တဲ့ အထည်ချုပ်လုပ်ငန်းရဲ့ ဝင်ငွေဟာ ကန်ဒေါ်လာ ၄ ဘီလီယံ ဝန်းကျင်ရှိခဲ့ကြောင်း အထည်ချုပ် လုပ်ငန်းရှင်အသင်းကနေ သိရပါတယ်။

၂၀၁၇ ခုနှစ်တုန်းက တပ်မတော်က ရိုဟင်ဂျာ ၇ သိန်းကျော်ကို ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်ကို မောင်းထုတ်ခဲ့ကြောင်းနဲ့ ရှင်းလင်းရေးစစ်ဆင်ရေးကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းဖြစ်တယ်လို့ ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။

ဂမ်ဘီယားနိုင်ငံက ဦးဆောင်ပြီးတော့ အပြည်ပြည်ဆိုင်ရာခုံရုံး ICJ မှာ မြန်မာကို အမှုဖွင့်ထားသလို၊ ရိုဟင်ဂျာ အဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် သမ္မတဟောင်း ဦးသိန်းစိန်၊ သမ္မတဟောင်း ဦးထင်ကျော်နဲ့ လက်ရှိသမ္မတ ဦးဝင်းမြင့်တို့ကိုပါ အာဂျင်တီးနားတရားရုံးမှာ စွဲဆိုထားပါတယ်။ မနေ့ကလည်း နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က မြန်မာအမှုကို စစ်ဆေးဖို့ စတင်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

ဖိအားတွေ ပြင်းထန်နေချိန်၊ မြန်မာအပေါ် ထပ်မံပိတ်ဆို့ အရေးယူမယ့်အစီအစဉ်ကိုပါ ဘင်္ဂလားဒေ့ရှ်ဘက်က ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ကြိုးပမ်းမှုကို မကြိုဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းလည်း ရှိနေပါတယ်။ အဲဒါက လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့ပါ။

ဘားကမ့်ဒါရိုက်တာ Mark Farmaner ကတော့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ကြိုးပမ်းချက်က ဆိုးရွားတဲ့ အစီအစဉ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို ချမှတ်မယ့်အစား တပ်မတော်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေ၊ အစိုးရတွေကို အကူအညီပေးနေတဲ့ဟာကို ရပ်ဆိုင်းလိုက်တာကမှ ပိုပြီးတော့ထိရောက်မှု ရှိမယ်လို့မြင်ကြောင်း ပြောပါတယ်။ GSP ကိုရုပ်သိမ်းလိုက်ရင် သာမန်လူတန်းစားတွေပဲ ထိခိုက်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

“အဲဒါက ဆိုးရွားတဲ့ အစီအစဉ်ပါ။ အဲဒါက အလုပ်သမားတွေကိုပဲ တိုက်ရိုက်ထိပါလိမ့်မယ်။ တပ်မတော် ဒါမှမဟုတ် အစိုးရကို ထိစရာ ဘာမှမရှိပါဘူး။ အဲဒါကမှားယွင်းတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုပါပဲ“

ကုန်သွယ်ရေးပိတ်ဆို့မှု လုပ်မယ်ဆိုရင် ဒီလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်သူတွေက ထိခိုက်နစ်နာမှု ရှိလာမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ စိုးထွန်း က ပြောပါတယ်။

“ရုပ်သိမ်းရင်တော့ ထိခိုက်မှုရှိတယ်။ ဆန်ဆိုရင် အီးယူကို တန်ချိန်နှစ်သိန်းခွဲ၊ သုံးသိန်းလောက်ပို့တာဆိုတော့ ဒါတွေကိုသွားပြီး ထိခိုက်နိုင်တယ်။ လက်ရှိ တရုတ်ကလည်း နယ်စပ်ကုန်သွယ်ရေးမှာ ဆန်တင်ပို့မှုအတွက် အကန့်အသတ်တွေဖြစ်လာတဲ့အခါ လက်ရှိဆို စပါးဈေးကျတာတွေဖြစ်နေတယ်။ ဒီလိုအနေအထားမှာ အီးယူက GSP ရုပ်မယ်ဆိုရင် ပိုထိခိုက်လာမယ့် အနေအထားတော့မြင်ပါတယ်“

ဒေါက်တာ စိုးထွန်း ပြောသွားတာပါ။

မြန်မာနိုင်ငံကို အီးယူက ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ရုပ်သိမ်းမယ်ဆိုတာဟာ  ဥရောပ သမဂ္ဂမှာ ပါဝင်တဲ့ နိုင်ငံတွေ အကုန်လုံး သဘောတူမှဖြစ်တဲ့အတွက် တကယ်လို့ ပိတ်ဆို့အရေးယူခဲ့မယ်ဆိုရင် အထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေနဲ့ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။

လက်ရှိမှာတော့ ကြိုတင်ပြင်ဆင်မယ့် အစားမရုပ်သိမ်းအောင် ပထမဦးစားပေး ကြိုးစားနေတယ်လို့လည်း ဦးကျော်ဝင်းက ပြောပါတယ်။

“ကျွန်တော်တို့နိုင်ငံကို ပိတ်ဆို့မယ်ဆိုရင် အီးယူမှာ စုစုပေါင်း ပါဝင်တဲ့နိုင်ငံ အကုန်လုံးသဘောတူမှ ဖြစ်တဲ့အတွက် ဒီကိစ္စက ဒုက္ခပေါ်ဒုက္ခဆင့်တဲ့ ဒုက္ခပါ“

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ကြိုးပမ်းချက်နဲ့ပတ်သက်ပြီး EURO-Cham Myanmar အဖွဲ့ကို RFA က ဆက်သွယ်မေး မြန်းပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ EU ရုံးကို ဆက်သွယ်မေးမြန်းပေမယ့်လည်း ဖြေဆိုမယ့်သူ မရှိပါဘူး။

မြန်မာနိုင်ငံကနေ ဥရောပနိုင်ငံတွေကို ပို့ဆောင်နေတဲ့ ထုတ်ကုန်တွေကို အခွန်သက်သာခွင့် ပေးထားတာဖြစ်ပြီး ၁၇ ရာခိုင်နှုန်းကနေ ၂၄ ရာခိုင်နှုန်းအထိ ပုံမှန်ကောက်ခံနေတဲ့ အကောက်ခွန်ကို ၅ ရာခိုင်နှုန်းအောက်ပ ဲပေးဆောင်နေရတာပါ။

တပ်မတော်အုပ်ချုပ်ရေး စနစ်ကနေ အရပ်သားအစိုးရ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲလာတာကြောင့် အီးယူက ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံအပေါ် လက်နက်ခဲယမ်းတွေကလွဲပြီး ကျန်ကုန်စည်အားလုံးကို ကုန်သွယ်မှုအထူးအခွင့်အရေး GSP ကိုပြန်လည်ပေးအပ်ခဲ့တာဖြစ်ပြီး အရှေ့တောင်အာရှအထဲမှာ မြန်မာနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံကို ကုန်သွယ်မှုအထူးအခွင့်အရေး ပေးထားတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
အီးယူရဲ႕ အထူးကုန္သြယ္ခြန္ကင္းလြတ္ခြင့္ ႐ုပ္သိမ္းခံရရင္ ေဒၚလာ ဘီလီယံခ်ီနစ္နာႏိုင္ အီးယူရဲ႕ အထူးကုန္သြယ္ခြန္ကင္းလြတ္ခြင့္ ႐ုပ္သိမ္းခံရရင္ ေဒၚလာ ဘီလီယံခ်ီနစ္နာႏိုင္ Reviewed by THITHTOOLWIN on 00:41 Rating: 5
Powered by Blogger.