ငလ်င္ေၾကာင့္ေစာင္းသြားတဲ့ ရန္ကုန္က တိုက္ေတြကို စည္ပင္ လိုက္စစ္

တာေမြမွာ အထပ္ျမင့္တိုက္ ငါးလုံး တိမ္းေစာင္းခဲ့ၿပီး အဲဒီထဲမွာ ႏွစ္လုံးက အသစ္ျဖစ္
(Zawgyi)⤵⤵⤵
ရန္ကုန္မွာ ႏိုဝင္ဘာ ၁၂ ရက္ ညပိုင္းက လႈပ္ခတ္ခဲ့တဲ့ ငလ်င္ေၾကာင့္ ေစာင္းသြားတဲ့ အထပ္ျမင့္တိုက္ေတြကို ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္နဲ႔ တာဝန္ရွိသူေတြက လိုက္စစ္ေနတယ္လို႔ စစ္ေဆးေရးအဖြဲ႕ထဲမွာပါတဲ့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းက ဘီဘီစီကို ေျပာပါတယ္။

တာေမြ ၿမိဳ႕နယ္ ထဲမွာ အနည္းဆုံး အထပ္ျမင့္တိုက္ ငါးလုံးေလာက္ တိမ္းေစာင္းသြားၿပီး အဲဒီထဲမွာ ဘဏ္ခြဲအသစ္ ဖြင့္ဖို႔ရွိတဲ့ ကေမာၻဇ ဘဏ္ပါ အထပ္ျမင့္တိုက္အသစ္ တစ္လုံးလည္းပါဝင္တယ္လို႔ လည္း သူက ေျပာပါတယ္။

"ကေမာၻဇဘဏ္ ရွိတဲ့အထပ္ျမင့္တိုက္အသစ္က ေလးလက္မေလာက္ ေစာင္းသြားတယ္။ ေနာက္ နတ္ေခ်ာင္း အာေသာကလမ္းမွာတစ္ေနရာ ၊ေမတၱာၫႊန႔္ ေ႐ႊဝါလမ္းမွာ တစ္ေနရာ၊ ဒဂုံသီရိလမ္းမွာ တစ္ေနရာ၊ တာေမြ မအူကုန္းမွာ တစ္ေနရာ ငါးေနရာကို စစ္ဖို႔ရွိပါတယ္" လို႔ ဦးလွသိန္းကေျပာပါတယ္။

ႏိုဝင္ဘာ ၁၂ ရက္ ညပိုင္းက လႈပ္ခတ္ခဲ့တဲ့ ငလ်င္ဟာ မိုးဇလ ထုတ္ျပန္ခ်က္ အရ ျပင္းအား ရစ္ခ္တာ စေကး ၄.၁ သာရွိေပမဲ့ ငလ်င္ဒဏ္ကို သိသိသာသာ ခံစားခဲ့ရတဲ့အတြက္ ရန္ကုန္ၿမိဳ႕ေန လူထုၾကား စိုးရိမ္မႈေတြ ရွိေနပါတယ္။

 ေစာင္းသြားတဲ့တိုက္ေတြကို ရန္ကုန္ၿမိဳ႕ေတာ္ဝန္လာစစ္
အင္အား အသင့္အတင့္ရွိတဲ့ ငလ်င္ဆိုေပမယ့္ ရန္ကုန္ဟာ ႏုန္းေျမေတြေပၚမွာ တည္ထားတာျဖစ္လို႔ ငလ်င္လႈိင္းကို ပိုခံစားရတာျဖစ္တယ္လို႔ ငလ်င္ပညာရွင္က ဘီဘီစီကို ေျပာပါတယ္။

ရန္ကုန္မွာ ႏိုဝင္ဘာ ၁၂ ရက္ ညက လႈပ္သြားတဲ့ ငလ်င္ေၾကာင့္ တာေမြ၊ သဃၤန္းကြၽန္း၊ သာေကတနဲ႔ ေတာင္ဥကၠ လာပၿမိဳ႕နယ္ေတြက အထပ္ျမင့္တိုက္ တခ်ိဳ႕ တိမ္းေစာင္းတာေတြရွိတယ္ဆိုတဲ့ သတင္းေတြ ထြက္ေနၿပီး ႏိုဝင္ဘာ ၁၃ ရက္ မွာ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ အင္ဂ်င္ နီယာဌာနက ကြင္းဆင္းစစ္ေဆးမႈေတြ လုပ္ခဲ့ပါတယ္။

ပထမဆုံး တာေမြၿမိဳ႕နယ္မွာ စစစ္ေဆးခဲ့ၿပီး တိမ္းေစာင္းတယ္ဆိုတဲ့ ၿမိဳ႕နယ္ ေတြအကုန္လုံးကို လိုက္စစ္ေဆး မွာျဖစ္တယ္လို႔ စစ္ေဆးေရးအဖြဲ႕ထဲမွာပါတဲ့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွသိန္းက ဘီဘီစီကို ေျပာပါတယ္။

တိုက္တစ္လုံးစီကို စစ္ေဆးရတာ အခ်ိန္ အေတာ္ ယူရၿပီး ကြင္းဆင္းစစ္ေဆးမႈ ရလဒ္ေတြကို ခ်က္ခ်င္း ထုတ္ျပန္ႏိုင္ဦးမွာ မဟုတ္ေသးဘူးလို႔ ဦးလွသိန္းက ေျပာပါတယ္။

တာေမြမွာ အထပ္ျမင့္တိုက္ ငါးလုံး တိမ္းေစာင္းခဲ့ၿပီး အဲဒီထဲမွာ ႏွစ္လုံးက အသစ္ျဖစ္တယ္လို႔ သူက ေျပာပါတယ္။

ဆက္ေနလို႔ သင့္မသင့္ဆိုတာကိုပါ ျပန္စိစစ္မယ္
ႏိုဝင္ဘာ၁၃ရက္ စစ္ေဆးေရးအဖြဲ႕က အဲဒီေနရာ ေတြကို လိုက္စစ္ေဆးတဲ့အခါမွာ ဆက္ေနလို႔ သင့္မသင့္ဆို တာကိုပါ ျပန္စိစစ္မွာျဖစ္တယ္လို႔ သိရပါတယ္။

ငလ်င္က တစ္ခါလႈပ္ၿပီးရင္ ေနာက္ဆက္တြဲ ငလ်င္ေတြ လာႏိုင္တဲ့အတြက္ ကူညီကယ္ဆယ္ေရး လုပ္ဖို႔ ၿမိဳ႕နယ္တိုင္းမွာ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြ အသင့္ျပင္ထားၿပီး ပစၥည္းကိရိယာေတြပါ တပ္ဆင္ထားတယ္လို႔ မီးသတ္ဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ဦးဝင္းဝင္းက ေျပာပါတယ္။

ငလ်င္ေၾကာင့္ ေ႐ႊတိဂုံဘုရားက အရံေစတီေတာ္တခ်ိဳ႕ ထိခိုက္ပ်က္စီးမႈရွိတယ္ ဆိုတဲ့ သတင္းေတြ ထြက္ေနေပမဲ့ ဌာနမွာေတာ့ ထိခိုက္ပ်က္စီးမႈစာရင္း တက္လာတာ မရွိဘူးလို႔ သူက ဆက္ေျပာပါတယ္။

ငလ်င္ေၾကာင့္တိုက္ေအာက္ဆင္းေနၾကသူမ်ား
ငလ်င္ေၾကာင့္ ခုလို အထပ္ျမင့္ အေဆာက္အအုံေတြ တိမ္းေစာင္းၿပီး တိုက္အသစ္ေတြပါ ပါဝင္တာေၾကာင့္ ေနာက္ေဆာက္မယ့္ အေဆာက္အအုံေတြအတြက္ သဘာဝေဘးဒဏ္ခံႏိုင္ေရး အပါအဝင္ အရည္အေသြးပိုင္း စိစစ္ေရးအတြက္ ၾကပ္မတ္ တိုက္တြန္းသြားမယ္လို႔ ဦးလွသိန္းက ေျပာပါတယ္။

ဒီငလ်င္နဲ႔ ပတ္သက္လို႔ ႏိုဝင္ဘာလ ၁၂ ရက္ ညေနပိုင္းက ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ဦးေဆာင္ၿပီး အစည္းအေဝး ျပဳလုပ္ခဲ့တယ္လို႔ လည္းသိရပါတယ္။

ဒါ့အျပင္ ႏိုဝင္ဘာလ ၁၃ ရက္ မနက္ပိုင္း နမ့္ဆန္မွာလည္း ငလ်င္ ျပင္းအား ရစ္ခ္တာ စေကး ၄.၂ အဆင္ရွိတဲ့ ငလ်င္လႈပ္ရွားသြားတယ္လို႔ မိုးဇလက ထုတ္ျပန္ပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
ငလျင်ကြောင့်စောင်းသွားတဲ့ ရန်ကုန်က တိုက်တွေကို စည်ပင် လိုက်စစ်

Image caption တာမွေမှာ အထပ်မြင့်တိုက် ငါးလုံး တိမ်းစောင်းခဲ့ပြီး အဲဒီထဲမှာ နှစ်လုံးက အသစ်ဖြစ်

ရန်ကုန်မှာ နိုဝင်ဘာ ၁၂ ရက် ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စောင်းသွားတဲ့ အထပ်မြင့်တိုက်တွေကို ရန်ကုန် မြို့တော်စည်ပင်နဲ့ တာဝန်ရှိသူတွေက လိုက်စစ်နေတယ်လို့ စစ်ဆေးရေးအဖွဲ့ထဲမှာပါတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ဘီဘီစီကို ပြောပါတယ်။

တာမွေ မြို့နယ် ထဲမှာ အနည်းဆုံး အထပ်မြင့်တိုက် ငါးလုံးလောက် တိမ်းစောင်းသွားပြီး အဲဒီထဲမှာ ဘဏ်ခွဲအသစ် ဖွင့်ဖို့ရှိတဲ့ ကမ္ဘောဇ ဘဏ်ပါ အထပ်မြင့်တိုက်အသစ် တစ်လုံးလည်းပါဝင်တယ်လို့ လည်း သူက ပြောပါတယ်။

"ကမ္ဘောဇဘဏ် ရှိတဲ့အထပ်မြင့်တိုက်အသစ်က လေးလက်မလောက် စောင်းသွားတယ်။ နောက် နတ်ချောင်း အာသောကလမ်းမှာတစ်နေရာ ၊မေတ္တာညွှန့် ရွှေဝါလမ်းမှာ တစ်နေရာ၊ ဒဂုံသီရိလမ်းမှာ တစ်နေရာ၊ တာမွေ မအူကုန်းမှာ တစ်နေရာ ငါးနေရာကို စစ်ဖို့ရှိပါတယ်" လို့ ဦးလှသိန်းကပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက် ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မိုးဇလ ထုတ်ပြန်ချက် အရ ပြင်းအား ရစ်ခ်တာ စကေး ၄.၁ သာရှိပေမဲ့ ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရတဲ့အတွက် ရန်ကုန်မြို့နေ လူထုကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။
Image caption စောင်းသွားတဲ့တိုက်တွေကို ရန်ကုန်မြို့တော်ဝန်လာစစ်

အင်အား အသင့်အတင့်ရှိတဲ့ ငလျင်ဆိုပေမယ့် ရန်ကုန်ဟာ နုန်းမြေတွေပေါ်မှာ တည်ထားတာဖြစ်လို့ ငလျင်လှိုင်းကို ပိုခံစားရတာဖြစ်တယ်လို့ ငလျင်ပညာရှင်က ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်မှာ နိုဝင်ဘာ ၁၂ ရက် ညက လှုပ်သွားတဲ့ ငလျင်ကြောင့် တာမွေ၊ သင်္ဃန်းကျွန်း၊ သာကေတနဲ့ တောင်ဥက္က လာပမြို့နယ်တွေက အထပ်မြင့်တိုက် တချို့ တိမ်းစောင်းတာတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပြီး နိုဝင်ဘာ ၁၃ ရက် မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင် နီယာဌာနက ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

ပထမဆုံး တာမွေမြို့နယ်မှာ စစစ်ဆေးခဲ့ပြီး တိမ်းစောင်းတယ်ဆိုတဲ့ မြို့နယ် တွေအကုန်လုံးကို လိုက်စစ်ဆေး မှာဖြစ်တယ်လို့ စစ်ဆေးရေးအဖွဲ့ထဲမှာပါတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းက ဘီဘီစီကို ပြောပါတယ်။

တိုက်တစ်လုံးစီကို စစ်ဆေးရတာ အချိန် အတော် ယူရပြီး ကွင်းဆင်းစစ်ဆေးမှု ရလဒ်တွေကို ချက်ချင်း ထုတ်ပြန်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ ဦးလှသိန်းက ပြောပါတယ်။

တာမွေမှာ အထပ်မြင့်တိုက် ငါးလုံး တိမ်းစောင်းခဲ့ပြီး အဲဒီထဲမှာ နှစ်လုံးက အသစ်ဖြစ်တယ်လို့ သူက ပြောပါတယ်။
Image caption ဆက်နေလို့ သင့်မသင့်ဆိုတာကိုပါ ပြန်စိစစ်မယ်

နိုဝင်ဘာ၁၃ရက် စစ်ဆေးရေးအဖွဲ့က အဲဒီနေရာ တွေကို လိုက်စစ်ဆေးတဲ့အခါမှာ ဆက်နေလို့ သင့်မသင့်ဆို တာကိုပါ ပြန်စိစစ်မှာဖြစ်တယ်လို့ သိရပါတယ်။

ငလျင်က တစ်ခါလှုပ်ပြီးရင် နောက်ဆက်တွဲ ငလျင်တွေ လာနိုင်တဲ့အတွက် ကူညီကယ်ဆယ်ရေး လုပ်ဖို့ မြို့နယ်တိုင်းမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ အသင့်ပြင်ထားပြီး ပစ္စည်းကိရိယာတွေပါ တပ်ဆင်ထားတယ်လို့ မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဝင်းက ပြောပါတယ်။

ငလျင်ကြောင့် ရွှေတိဂုံဘုရားက အရံစေတီတော်တချို့ ထိခိုက်ပျက်စီးမှုရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့ ဌာနမှာတော့ ထိခိုက်ပျက်စီးမှုစာရင်း တက်လာတာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။
Image caption ငလျင်ကြောင့်တိုက်အောက်ဆင်းနေကြသူများ

ငလျင်ကြောင့် ခုလို အထပ်မြင့် အဆောက်အအုံတွေ တိမ်းစောင်းပြီး တိုက်အသစ်တွေပါ ပါဝင်တာကြောင့် နောက်ဆောက်မယ့် အဆောက်အအုံတွေအတွက် သဘာဝဘေးဒဏ်ခံနိုင်ရေး အပါအဝင် အရည်အသွေးပိုင်း စိစစ်ရေးအတွက် ကြပ်မတ် တိုက်တွန်းသွားမယ်လို့ ဦးလှသိန်းက ပြောပါတယ်။

ဒီငလျင်နဲ့ ပတ်သက်လို့ နိုဝင်ဘာလ ၁၂ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ပြီး အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ လည်းသိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁၃ ရက် မနက်ပိုင်း နမ့်ဆန်မှာလည်း ငလျင် ပြင်းအား ရစ်ခ်တာ စကေး ၄.၂ အဆင်ရှိတဲ့ ငလျင်လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

BBC Burmese
https://www.bbc.com
ငလ်င္ေၾကာင့္ေစာင္းသြားတဲ့ ရန္ကုန္က တိုက္ေတြကို စည္ပင္ လိုက္စစ္ ငလ်င္ေၾကာင့္ေစာင္းသြားတဲ့ ရန္ကုန္က တိုက္ေတြကို စည္ပင္ လိုက္စစ္ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.