ျမန္မာအလုပ္သမားသံအရာရွိ အဂတိလိုက္စားမႈနဲ႔ အေရးယူခံရ

ျမန္မာေရႊ႕ေျပာင္းလုပ္သမားမ်ား

(Zawgyi/Unicode)

ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕ ျမန္မာသံရံုးမွာ တာ၀န္ထမ္းေဆာင္ေနတဲ့ အလုပ္သမား သံအရာရွိ ဦးစန္းေမာင္ဦး နဲ႔ ေဒသခံ ၀န္ထမ္း၂ ဦးတို႔ဟာ ႏိုင္ငံေတာ္ကေန ေပးအပ္ထားတဲ့ လုပ္ပိုင္ခြင့္အာဏာမ်ားကို အလြဲသုံးစားျပဳတာေၾကာင့္ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ အဂတိလိုက္စားမႈ တုိက္ဖ်က္ေရးေကာ္မရွင္က အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရႏို၀င္ဘာလ ၆ ရက္ေန႔က စတင္အမႈဖြင့္လွစ္ အေရးယူၿပီလို႔ ဆိုပါတယ္။ ဦးစန္းေမာင္ဦးအေနနဲ႔ သူလုပ္ေဆာင္ရမယ့္ တာ၀န္ ၀တၱရားေတြအတုိင္း လုပ္ေဆာင္ျခင္းမရွိဘဲ ဥပေဒေအာင္ ျပင္ပက လုပ္တာေတြလည္း ရွိခဲ့ေၾကာင္း သူနဲ႔ ထိေတြ႔ ဆက္ဆံဘူးသူေတြက ေျပာပါတယ္။ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏုိင္ငံ ဘန္ေကာက္ျမိဳ႕ ျမန္မာသံရံုးက အလုပ္သမားသံအရာရွိ ဦးစန္းေမာင္ဦးဟာ အလုပ္ေခၚစာ (Demand Letter) ေတြကို ခြင့္ျပဳမိန႔္ အျမန္လက္မွတ္ေရးထိုးျခင္းေတြနဲ႔ ပတ္သက္လို႔ ကုမၸဏီ ၁၂ ခုထံ မကေန လာဒ္ေငြ ထိုင္းဘတ္ေငြ ၅၇,၄၃၀ ေက်ာ္ကို ေတာင္းခံရယူခဲ့တာ ျပည္ပအလုပ္အကိုင္ ေအဂ်င္စီ ကုမၸဏီမ်ားက အလုပ္သမားအမည္ စာရင္းမ်ား တင္ျပရာမွာ အလုပ္သမားတစ္ဦးကိုထိုင္းဘတ္ေငြ ၁၀၀ ႏႈန္းနဲ႔ ကုမၸဏီ ၁၆ ခုကေန ထိုင္းဘတ္ေငြ ၃၈၇,၃၀၀၀ ထုိင္းဘတ္ေငြ ၄ သန္းနီးပါးကို လက္ခံရယူခဲ့ေၾကာင္း တိုိင္ၾကားခ်က္ေတြ ရွိခဲ့တာပါ။ ဒီေနာက္မွာေတာ့ အဂတိ လိုက္စားတာကို စစ္ေဆးေတြရိွတာေၾကာင့္ အခုလိုမ်ိဳး အေရးယူ ေဆာင္ရြက္ခဲ့ေႀကာင္း အဂတိ လိုက္စားမႈ တုိက္ဖ်က္ေရးေကာ္မရွင္ ရဲထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

အလုပ္သမား သံအရာရွိ ဦးစန္းေမာင္ဦး တာ၀န္ယူတဲ့ကာလမွာ ႏွစ္ႏိုင္ငံသေဘာတူ စာခ်ဳပ္ MOU နဲ႔ လာတဲ့အလုပ္သမားေတြ ႀကံဳရတဲ့ အခက္အခဲကို အလုပ္သမားေရး ေဆာင္ရြက္ေနတဲ့ ေအေအစီ မဟာမိတ္အဖဲြ႔က ေခါင္းေဆာင္ ကုိရဲမင္းက အခုလို ေျပာပါတယ္။

“Demand Letter အလုပ္ေခၚစာေတြကို စစ္ေဆးမူေတြ အားနည္းတဲ့အတြက္ တခ်ိဳ႕ဆုိ လံုး၀ မစစ္ေဆးတဲ့ ေနရာေတြ ရွိတယ္။ ေခၚလာတာက လူ ၅၀၀ တကယ္တမ္း စက္ရံုက လက္ခံတာလူ ၁၀၀ အဲဒီေတာ့ လူ ၄၀၀ က အလုပ္မရွိ ႀကံဳတဲ့ေနရာပို႔ပစ္တာက်ေနာ္တို ့အစုလိုက္အၿပဳံလိုက္ လူ ၃၀၀၊ ၄၀၀ မ်ိဳးကို အလုပ္သမားေတြက စားစရာ မရွိတာက ဆန္ေတြဆီေတြ သြားေပးရတယ္။ ပဲြစားေတြက ပစ္ျပီး ထားခဲ့တယ္။ က်ေနာ္တို႔ သြားေရာက္ ေျဖရွင္းေပးရတာေတြ ႀကံဳရတယ္။ အလုပ္သမား သံအရာရွိအေနနဲ႔ အလုပ္ေခၚစာေတြကို သူတို႔ အေနနဲ႔ ထိိထိေရာက္ေရာက္ ေသေသခ်ာခ်ာ စစ္ေဆးမေပးတာရွိတယ္။”

ျမန္မာက်ပ္ေငြ ၈ သန္းက ၁၀ သိန္းအထိ ကုမၸဏီေတြကိုေပးခဲ့ျပီး တရား၀င္လာခဲ့ေပမဲ့ စာခ်ဳပ္ပါ စည္းမ်ဥ္းေတြ ခ်ိဳးေဖာက္ခံရတဲ့အခါမွာ တာ၀န္ယူမႈ မရွိတာေတြကို ႀကံဳရတယ္လုိ႔လည္း အလုပ္သမား တဦးက အခုလိုေျပာျပပါတယ္။

“သူတို႔က ေခၚတုန္းက သြားရမယ္ဆုိတုန္းတေနရာ ပုိ႔လိုက္ေတာ့ တေနရာျဖစ္ေနတာ ျမိဳနယ္ေတြလည္း မတူဘူးေပါ့။ ဘယ္လိုအခက္အခဲႀကံဳရသလဲဆုိေတာ့ အလုပ္က ပံုမွန္မဆင္းရတာ လစာေတြ မမွန္တာေတြ ႀကံဳရတယ္။ ဒီေတာ့ကုမၸဏီကို ေျပာေတာ့ သူတို႔က တာ၀န္ယူမႈကို မရွိဘူး။ လိုက္ျပိီး ေျဖရွင္းမေပးဘူး။ သံရံုးကိုလည္း အကူညီေတာင္းပါတယ္။ ေအး… လာကူညီမယ္ ေျပာျပီး လာကူညီတာလည္း မရွိပါဘူး။ ဖုန္းလည္း ျပန္မဆက္လာေတာ့ပါဘူး။ေဆာက္လုပ္ေရးဆိုရင္ ေရခ၊ မီးခ လုံး၀ မေပးရဘူးလို႔ စာခ်ဳပ္ထဲမွာ ေျပာထားတယ္။ ဟုိက်ေတာ့ ေရခ၊ မီးခေတြ ေပးရတယ္၊ အိမ္လခေတြ ေပးရတယ္။ အဲဒီလိုမ်ိဳးေတြ ႀကံဳရတယ္။တေန႔ လုပ္ခလစာကိုလည္း စာခ်ဳပ္ခ်ဳပ္တုန္းက ၃၂၅ ဘတ္နဲ႔ ခ်ဳပ္တယ္ ျပီးေတာ့ ၃၀၀ ပဲ ေပးတာမ်ဳိး မိန္းကေလးဆိုရင္ ၂၁၀ ဘတ္ပဲ ေပးတယ္။ အဲဒီလိုမ်ိဳးႀကံဳရတယ္။”

ထုိင္းႏုိင္ငံမွာ ဖမ္းဆီးခံခဲ့ရတဲ့ အလုပ္သမားေရး ေဆာင္ရြက္သူ ကုိရဲမင္းကေတာ့ ျမန္မာသံအရာရွိ ဦးစန္းေမာင္ဦး တာ၀န္ယူေနတဲ့ကာလမွာ ထုိင္းလ၀ကကိုသံရံုးတံဆိပ္တံုး ထုျပီး လက္မွတ္ထိုး တိုင္ၾကားခဲ့တာေႀကာင့္ ေထာင္ထဲမွာ ၉လ နီးပါးေနခဲ့ရေႀကာင္း ေျပာျပခဲ့ပါတယ္။

“ဒီပုဂိၢဳလ္ဆိုရင္ က်ေနာ္ကုိ ထိုင္းလ၀ကကုိ ဖမ္းခိုင္းဖို႔အတြက္ သံရံုးတံဆိပ္တံုးကို အလဲြသံုးစားလုပ္ျပီးေတာ့ သူကလက္မွတ္ထိုးျပီး ဖမ္းခိုင္းခဲ့တယ္။ က်ေနာ္လို အလုပ္သမားေရး လႈပ္ရွားေနသူ တေယာက္ပါ။ MOU နဲ႔ လာတဲ့သူေတြ စာခ်ဳပ္ပါ စည္းမ်ဥ္းေတြ ခ်ိဳးေဖာက္ခံရသူေတြကို က်ေနာ္တို႔က ေဂဟာဖြင့္ျပီး ေနထုိင္စားေသာက္ဖို႔ေတြ ကူညီေစာင္ေရွာက္ ေကြ်းေမြးခဲ့တာ အခုက အလုပ္သမား သံအရာရွိ ဦးစန္းေမာင္ဦးက က်ေနာ္ကို Black List ဆိုျပီး ေရးထားတာ က်ေနာ္သိတာ Black List ဆိုတာ လူသတ္၀ရမ္းေျပးလိုမ်ိဳး ဓါးျမမႈေတြ၊ ႏုိင္ငံေတာ္ပုန္ကန္မူေတြ သိန္းေပါင္းမ်ားစြာ လိမ္လည္တဲ့သူမ်ိုးေတြကုိပဲ ေပးတာ ဒီလိုမႈခင္းေတြ မရွိဘဲ က်ေနာ္ကို Black List စာရင္းသြင္းျပီး ေထာင္ထဲထည့္ခဲ့တာ။”

ထိုင္းႏိုင္ငံ ျမန္မာသံရံုးက အလုပ္သမားသံ အရာရွိ ဦးစန္းေမာင္ဦးနဲ႔အတူ လာဒ္စားမူေတြမွာပူးေပါင္း အကူညီေပးခဲ့တဲ့ ေဒသခန႔္ဝန္ထမ္း ဦးသန္းထိုက္စိုး (ခ) ကိုစိုး နဲ႔ဦးေစာျပည့္ၿငိမ္း (ခ) ေစာဂ်က္ တို႔ကုိလည္း အမႈဖြင့္ခဲ့တာပါ။ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္၊ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕မရဲစခန္းမွာ ႏို၀င္ဘာလ ၆ ရက္ေန႔ကပထမ သတင္းေပး တိုင္ၾကားခ်က္ ဖြင့္လွစ္ျပီး တရားစြဲဆို အေရးယူႏိုင္ေရး ေဆာင္ရြက္ခဲ့ေၾကာင္း အဂတိ လိုက္စားမႈ တုိက္ဖ်က္ေရးေကာ္မရွင္က ထုတ္ျပန္ခဲ့ပါတယ္ရွင္။

[Unicode Version]

မြန်မာအလုပ်သမားသံအရာရှိ အဂတိလိုက်စားမှုနဲ့ အရေးယူခံရ

ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး နဲ့ ဒေသခံ ဝန်ထမ်း၂ ဦးတို့ဟာ နိုင်ငံတော်ကနေ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အာဏာများကို အလွဲသုံးစားပြုတာကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော ်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရနိုဝင်ဘာလ ၆ ရက်နေ့က စတင်အမှုဖွင့်လှစ် အရေးယူပြီလို့ ဆိုပါတယ ်။ ဦးစန်းမောင်ဦးအနေနဲ့ သူလုပ်ဆောင်ရမယ့် တာဝန် ဝတ္တရားတွေအတိုင်း လုပ်ဆောင်ခြင်းမရှိဘဲ ဥပဒေအောင် ပြင်ပက လုပ်တာတွေလည်း ရှိခဲ့ကြောင်း သူနဲ့ ထိတွေ့ ဆက်ဆံဘူးသူတွေက ပြောပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးဟာ အလုပ်ခေါ်စာ (Demand Letter) တွေကို ခွင့်ပြုမိန့် အမြန်လက်မှတ်ရေးထိုးခြင်းတွေနဲ့ ပတ်သက်လို့ ကုမ္ပဏီ ၁၂ ခုထံ မကနေ လာဒ်ငွေ ထိုင်းဘတ်ငွေ ၅၇,၄၃၀ ကျော်ကို တောင်းခံရယူခဲ့တာ ပြည်ပအလုပ်အကိုင် အေဂျင်စီ ကုမ္ပဏီများက အလုပ်သမားအမည်စာရင်းများ တင်ပြရာမှာ အလုပ်သမားတစ်ဦးကိုထိုင်းဘတ်ငွေ ၁၀၀ နှုန်းနဲ့ ကုမ္ပဏီ ၁၆ ခုကနေ ထိုင်းဘတ်ငွေ ၃၈၇,၃၀၀၀ထိုင်းဘတ်ငွေ ၄ သန်းနီးပါးကို လက်ခံရယူခဲ့ကြောင်း တိုင်ကြားချက်တွေ ရှိခဲ့တာပါ ။ ဒီနောက်မှာတော့ အဂတိ လိုက်စားတာကို စစ်ဆေးတွေရှိတာကြောင့် အခုလိုမျိုး အရေးယူ ဆောင်ရွက်ခဲ့ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရဲထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး တာဝန်ယူတဲ့ကာလမှာ နှစ်နိုင်ငံသဘောတူ စာချုပ် MOU နဲ့ လာတဲ့အလုပ်သမားတွေ ကြုံရတဲ့ အခက်အခဲကို အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အေအေစီ မဟာမိတ်အဖွဲ့က ခေါင်းဆောင် ကိုရဲမင်းက အခုလို ပြောပါတယ်။

“Demand Letterအလုပ်ခေါ်စာတွေကို စစ်ဆေးမူတွေ အားနည်းတဲ့အတွက် တချို့ဆို လုံး၀ မစစ်ဆေးတဲ့ နေရာတွေ ရှိတယ်။ ခေါ်လာတာက လူ ၅၀၀ တကယ်တမ်း စက်ရုံက လက်ခံတာလူ ၁၀၀ အဲဒီတော့ လူ ၄၀၀ က အလုပ်မရှိ ကြုံတဲ့နေရာပို့ပစ်တာကျနော်တို့အစုလိုက်အပြုံလိုက် လူ ၃၀၀၊ ၄၀၀ မျိုးကို အလုပ်သမားတွေက စားစရာ မရှိတာက ဆန်တွေဆီတွေ သွားပေးရတယ်။ ပွဲစားတွေက ပစ်ပြီး ထားခဲ့တယ်။ ကျနော်တို့ သွားရောက် ဖြေရှင်းပေးရတာတွေ ကြုံရတယ်။ အလုပ်သမား သံအရာရှိအနေနဲ့ အလုပ်ခေါ်စာတွေကို သူတို့ အနေနဲ့ ထိထိရောက်ရောက် သေသေချာချာ စစ်ဆေးမပေးတာရှိတယ်။”

မြန်မာကျပ်ငွေ ၈ သန်းက ၁၀ သိန်းအထိ ကုမ္ပဏီတွေကိုပေးခဲ့ပြီး တရားဝင်လာခဲ့ပေမဲ့ စာချုပ်ပါ စည်းမျဉ်းတွေ ချိုးဖောက်ခံရတဲ့အခါမှာ တာဝန်ယူမှု မရှိတာတွေကိုကြုံရတယ်လို့လည်း အလုပ်သမား တဦးက အခုလိုပြောပြပါတယ်။

“သူတို့က ခေါ်တုန်းက သွားရမယ်ဆိုတုန်းတနေရာ ပို့လိုက်တော့ တနေရာဖြစ်နေတာ မြိုနယ်တွေလည်း မတူဘူးပေါ့။ ဘယ်လိုအခက်အခဲကြုံရသလဲဆိုတော့ အလုပ်က ပုံမှန်မဆင်းရတာ လစာတွေ မမှန်တာတွေ ကြုံရတယ်။ ဒီတော့ကုမ္ပဏီကို ပြောတော့ သူတို့က တာဝန်ယူမှုကို မရှိဘူး။ လိုက်ပြီး ဖြေရှင်းမပေးဘူး။ သံရုံးကိုလည်း အကူညီတောင်းပါတယ်။ အေး… လာကူညီမယ် ပြောပြီး လာကူညီတာလည်း မရှိပါဘူး။ ဖုန်းလည်း ပြန်မဆက်လာတော့ပါဘူး။ဆောက်လုပ်ရေးဆိုရင် ရေခ၊ မီးခ လုံး၀ မပေးရဘူးလို့ စာချုပ်ထဲမှာ ပြောထားတယ်။ ဟိုကျတော့ ရေခ၊ မီးခတွေ ပေးရတယ်၊ အိမ်လခတွေ ပေးရတယ်။ အဲဒီလိုမျိုးတွေ ကြုံရတယ်။တနေ့ လုပ်ခလစာကိုလည်း စာချုပ်ချုပ်တုန်းက ၃၂၅ ဘတ်နဲ့ ချုပ်တယ် ပြီးတော့ ၃၀၀ ပဲ ပေးတာမျိုး မိန်းကလေးဆိုရင် ၂၁၀ ဘတ်ပဲ ပေးတယ်။ အဲဒီလိုမျိုးကြုံရတယ်။”

ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ အလုပ်သမားရေး ဆောင်ရွက်သူ ကိုရဲမင်းကတော့ မြန်မာသံအရာရှိ ဦးစန်းမောင်ဦး တာဝန်ယူနေတဲ့ကာလမှာ ထိုင်းလဝကကိုသံရုံးတံဆိပ်တုံး ထုပြီး လက်မှတ်ထိုး တိုင်ကြားခဲ့တာကြောင့် ထောင်ထဲမှာ ၉လ နီးပါးနေခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

“ဒီပုဂ္ဂိုလ်ဆိုရင ်ကျနော်ကို ထိုင်းလဝကကို ဖမ်းခိုင်းဖို့အတွက် သံရုံးတံဆိပ်တုံးကို အလွဲသုံးစားလုပ်ပြီးတော့ သူကလက်မှတ်ထိုးပြီး ဖမ်းခိုင်းခဲ့တယ်။ ကျနော်လို အလုပ်သမားရေး လှုပ်ရှားနေသူ တယောက်ပါ။ MOU နဲ့ လာတဲ့သူတွေ စာချုပ်ပါ စည်းမျဉ်းတွေ ချိုးဖောက်ခံရသူတွေကို ကျနော်တို့က ဂေဟာဖွင့်ပြီး နေထိုင်စားသောက်ဖို့တွေ ကူညီစောင်ရှောက် ကျွေးမွေးခဲ့တာ အခုက အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက ကျနော်ကို Black List ဆိုပြီး ရေးထားတာ ကျနော်သိတာ Black List ဆိုတာ လူသတ်ဝရမ်းပြေးလိုမျိုး ဓါးမြမှုတွေ၊ နိုင်ငံတော်ပုန်ကန်မူတွေ သိန်းပေါင်းများစွာ လိမ်လည်တဲ့သူမျိုးတွေကိုပဲ ပေးတာ ဒီလိုမှုခင်းတွေ မရှိဘဲ ကျနော်ကို Black List စာရင်းသွင်းပြီး ထောင်ထဲထည့်ခဲ့တာ။”

ထိုင်းနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံ အရာရှိ ဦးစန်းမောင်ဦးနဲ့အတူ လာဒ်စားမူတွေမှာပူးပေါင်း အကူညီပေးခဲ့တဲ့ ဒေသခန့်ဝန်ထမ်း ဦးသန်းထိုက်စိုး (ခ) ကိုစိုး နဲ့ဦးစောပြည့်ငြိမ်း (ခ) စောဂျက် တို့ကိုလည်း အမှုဖွင့်ခဲ့တာပါ။ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှာ နိုဝင်ဘာလ ၆ ရက်နေ့ကပထမ သတင်းပေး တိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်ရှင်။

မေအးေအးမာ/ VOA Burmese
https://burmese.voanews.com
ျမန္မာအလုပ္သမားသံအရာရွိ အဂတိလိုက္စားမႈနဲ႔ အေရးယူခံရ ျမန္မာအလုပ္သမားသံအရာရွိ အဂတိလိုက္စားမႈနဲ႔ အေရးယူခံရ Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.