တရား႐ုံးကိုဖိနပ္နဲ႔ေပါက္တဲ့ ေရွ႕ေနဦးေဇာ္ဝင္းကို ေထာင္ဒဏ္(၂)ႏွစ္ခ်

(Zawgyi)⤵⤵⤵
မႏၲေလး၊ ႏိုဝင္ဘာ ၂၀-၂၀၁၉

မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္တရား႐ုံးမွာ ၂၀၁၈ခုႏွစ္က တရား႐ုံးဆိုင္းဘုတ္ကို ဖိနပ္နဲ႔ ေပါက္ခဲ့တဲ့ ေရွ႕ေနဦးေဇာ္ဝင္းကို ဒီက‌ေန႔ေန႔လယ္ပိုင္းက ျပည္ႀကီးတံခြန္တရား႐ုံးကေန အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္(၂)ႏွစ္ခ်မွတ္ခဲ့ပါတယ္။

ျပည္ႀကီးတံခြန္တရား႐ုံးမွာ အမႈတစ္ခုကို ေရွ႕ေနဦးေဇာ္ဝင္းက လာေရာက္ၾကည့္တဲ့အခ်ိန္ အမႈကအမိန႔္ခ်တာကို မတရားတဲ့အတြက္ တရား႐ုံးဆိုင္းဘုတ္ကို ဖိနပ္နဲ႔ေပါက္ခဲ့တာျဖစ္ပါတယ္။

" က်ေနာ္က ဘာမွေျပာစရာမရွိဘူး၊ ဒီတရားစီရင္ေရးဟာ တရားမွ်တမူကို ေရွ႕မရႈဘူး ၊အမ်ားျပည္သူအတြက္ေရွ႕ရႈတဲ့အတြက္ ဒီခ်တဲ့အမိန႔္ စြဲခ်က္အမိန႔္ေတြကို ခ႐ိုင္ျပင္ဆင္ခ်က္မတက္ဘူး ၊က်ေနာ္တို႔အယူခံမတက္ဘူး" လို႔ ေရွ႕ေနဦးေဇာ္ဝင္းက အမိန႔္ခ်အၿပီးမွာ ေျပာဆိုခဲ့ပါတယ္။

ေရွ႕ေနဦးေဇာ္ဝင္းကို ျပည္ႀကီးတံခြန္တရား႐ုံးက ယင္းအမႈတစ္ခုထဲ တရားစြဲဆိုထားတာမဟုတ္ပဲ တျခားအမႈေတြရွိေသး‌တာကို ၿမိဳ႕နယ္တရားသူႀကီး ဦးေအာင္ေက်ာ္ဦးက " ဦးေဇာ္ဝင္းကို ဒီမွာစြဲထားတာ အားလုံးေပါင္း ၃ မူရွိပါတယ္ ၊ ၂ မႈကေတာ့က်န္ေနေသးတယ္ တစ္မႈက
ေတာ့ တရား႐ုံးကိုေစာ္ကားလို႔ဆိုၿပီး ဒုၿမိဳ႕နယ္တရားသူႀကီးကစြဲထားတာပါ ရာဇသတ္ႀကီးပုဒ္မ ၂၉၄- ၃၅၃- ၂၂၈-၅၀၆ အရ ပါ ၊ ဒုတိယ အမူကေတာ့ ဒုရဲမူး ခင္ေမာင္ေဇာ္ကေန ဦးေဇာ္ဝင္းကိုစြဲထားတာက ရာဇသတ္ႀကီး ၂၉၄ -၃၅၃ နဲ႔တရားစြဲဆိုထားတယ္၊ အဲ့အမႈေတြကိုလည္း ဆက္ရင္ဆိုင္ရအုံးပါ"လို႔ေျပာပါတယ္။

ဒီကေန႔ဦးေဇာ္ဝင္းကို ျပည္ႀကီးၿမိဳ႕နယ္တရား႐ုံးက ရာႀကီးအမူအမွတ္ ၂၇၃/ ၂၀၁၈ ၊ ရာဇသတ္ႀကီးပုဒ္မ ၅၀၅( ခ ) အရ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ၂ ႏွစ္ခ် မွတ္ခဲ့တာျဖစ္ၿပီး ‌က်န္ရွိေနတဲ့အမႈေတြကို ဆက္စစ္ဖို႔ေနာက္တစ္ပတ္႐ုံးခ်ိန္း ဒီဇင္ဘာ(၄)ရက္ေန႔ကို ထပ္မံခ်ိန္းဆိုခဲ့ပါတယ္။

ဟိန္းကို(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵
တရားရုံးကိုဖိနပ်နဲ့ပေါက်တဲ့ ရှေ့နေဦးဇော်ဝင်းကို ထောင်ဒဏ်(၂)နှစ်ချ

မန္တလေး၊ နိုဝင်ဘာ ၂၀-၂၀၁၉

မန္တလေးမြို့၊ ပြည်ကြီးတံခွန်တရားရုံးမှာ ၂၀၁၈ခုနှစ်ကတရားရုံးဆိုင်းဘုတ်ကို ဖိနပ်နဲ့ ပေါက်ခဲ့တဲ့ ရှေ့နေဦးဇော်ဝင်းကို ဒီက‌နေ့နေ့လယ်ပိုင်းက ပြည်ကြီးတံခွန်တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၂)နှစ်ချမှတ်ခဲ့ပါတယ်။

ပြည်ကြီးတံခွန်တရားရုံးမှာ အမှုတစ်ခုကို ရှေ့နေဦးဇော်ဝင်းက လာရောက်ကြည့်တဲ့အချိန် အမှုကအမိန့်ချတာကို မတရားတဲ့အတွက် တရားရုံးဆိုင်းဘုတ်ကို ဖိနပ်နဲ့ပေါက်ခဲ့တာဖြစ်ပါတယ်။

" ကျနော်က ဘာမှပြောစရာမရှိဘူး၊ ဒီတရားစီရင်ရေးဟာ တရားမျှတမူကို ရှေ့မရှုဘူး ၊အများပြည်သူအတွက်ရှေ့ရှုတဲ့အတွက် ဒီချတဲ့အမိန့် စွဲချက်အမိန့်တွေကို ခရိုင်ပြင်ဆင်ချက်မတက်ဘူး ၊ကျနော်တို့အယူခံမတက်ဘူး" လို့ ရှေ့နေဦးဇော်ဝင်းက အမိန့်ချအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ရှေ့နေဦးဇော်ဝင်းကို ပြည်ကြီးတံခွန်တရားရုံးက ယင်းအမှုတစ်ခုထဲ တရားစွဲဆိုထားတာမဟုတ်ပဲ တခြားအမှုတွေရှိသေး‌တာကို မြို့နယ်တရားသူကြီး ဦးအောင်ကျော်ဦးက " ဦးဇော်ဝင်းကို ဒီမှာစွဲထားတာ အားလုံးပေါင်း ၃ မူရှိပါတယ် ၊ ၂ မှုကတော့ကျန်နေသေးတယ် တစ်မှုက
တော့ တရားရုံးကိုစော်ကားလို့ဆိုပြီး ဒုမြို့နယ်တရားသူကြီးကစွဲထားတာပါ ရာဇသတ်ကြီးပုဒ်မ ၂၉၄- ၃၅၃- ၂၂၈-၅၀၆ အရ ပါ ၊ ဒုတိယ အမူကတော့ ဒုရဲမူး ခင်မောင်ဇော်ကနေ ဦးဇော်ဝင်းကိုစွဲထားတာက ရာဇသတ်ကြီး ၂၉၄ -၃၅၃ နဲ့တရားစွဲဆိုထားတယ်၊ အဲ့အမှုတွေကိုလည်း ဆက်ရင်ဆိုင်ရအုံးပါ"လို့ပြောပါတယ်။

ဒီကနေ့ဦးဇော်ဝင်းကို ပြည်ကြီးမြို့နယ်တရားရုံးက ရာကြီးအမူအမှတ် ၂၇၃/ ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅( ခ ) အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်ပြီး ‌ကျန်ရှိနေတဲ့အမှုတွေကို ဆက်စစ်ဖို့နောက်တစ်ပတ်ရုံးချိန်း ဒီဇင်ဘာ(၄)ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့ပါတယ်။

ဟိန်းကို(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တရား႐ုံးကိုဖိနပ္နဲ႔ေပါက္တဲ့ ေရွ႕ေနဦးေဇာ္ဝင္းကို ေထာင္ဒဏ္(၂)ႏွစ္ခ် တရား႐ုံးကိုဖိနပ္နဲ႔ေပါက္တဲ့ ေရွ႕ေနဦးေဇာ္ဝင္းကို ေထာင္ဒဏ္(၂)ႏွစ္ခ် Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.