မင္းဘူး -အမ္းကားလမ္း၌ ဆန္တင္လာသည့္ ယာဥ္တိမ္းေမွာက္၍ ယာဥ္ေမာင္း ႏွင့္ ယာဥ္ေနာက္လိုက္ေသဆုံး

(Zawgyi)⤵⤵⤵
ငဖဲ ႏိုဝင္ဘာ ၂၆

မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္၊ ဂုတ္ႀကီးေက်း႐ြာအနီး၊ မင္းဘူး- အမ္းကားလမ္း ၊ ေပါလုေကြ႕တြင္ ဆန္အိတ္မ်ား တင္ေဆာင္လာသည့္ ကုန္တင္ယာဥ္တစ္စီး ႏိုဝင္ဘာ(၂၅)ရက္ ည(၈)နာရီခြဲခန႔္က မင္းဘူး-အမ္း-စစ္ေတြကားလမ္း မိုင္တိုင္အမွတ္ (၅၂/၃)အနီး၊ေပါလုေကြ႕တြင္ ကားဘရိတ္ေပါက္၍ လမ္းဝဲဘက္ ျခမ္းရွိ ေခ်ာက္ထဲသို႔ ဆန္တင္(၆)ဘီးယာဥ္ ထိုးက်တိမ္ေမွာက္ခဲ့ၿပီး ေမွာ္ဘီၿမိဳ႕နယ္ေန ယာဥ္ေမာင္း၊ ဦးေငြႏိုင္(၄၅)ႏွစ္ ႏွင့္ ယာဥ္ေနာက္လိုက္၊ ေ႐ႊျပည္သာၿမိဳ႕နယ္ေန ကိုေဇာ္မင္းေထြး(ခ)ႏိုင္ဝင္း၊ (၂၅)ႏွစ္ တို႔ ေသဆုံး သြားျခင္းျဖစ္ေၾကာင္း ပဒါန္းနယ္ေျမရဲစခန္း မွ သိရသည္။


ယာဥ္တိမ္းေမွာက္သည့္ေနရာသို႔ ရဲတပ္ဖြဲ႕ ၊ ဂုတ္ႀကီးေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးလွဝင္းထြန္း ႏွင့္ တာဝန္ရွိသူမ်ား ၊ ႐ိုးမေမတၱာနာေရးကူညီမႈအသင္းတို႔မွ သြားေရာက္ကူညီေဆာင္႐ြက္ခဲ့ၿပီး ယာဥ္ေမာင္းမွာ ေဆး႐ုံ၌ေသဆုံးခဲ့ၿပီး ယာဥ္ေနာက္လိုက္မွာ အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

ေဇယ်တု(မေကြး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
---------------
(Unicode)⤵⤵⤵
မင်းဘူး -အမ်းကားလမ်း၌ ဆန်တင်လာသည့် ယာဉ်တိမ်းမှောက်၍ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်သေဆုံး

ငဖဲ နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအနီး၊ မင်းဘူး- အမ်းကားလမ်း ၊ ပေါလုကွေ့တွင် ဆန်အိတ်များ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီး နိုဝင်ဘာ(၂၅)ရက် ည(၈)နာရီခွဲခန့်က မင်းဘူး-အမ်း-စစ်တွေကားလမ်း မိုင်တိုင်အမှတ် (၅၂/၃)အနီး၊ပေါလုကွေ့တွင် ကားဘရိတ်ပေါက်၍ လမ်းဝဲဘက် ခြမ်းရှိ ချောက်ထဲသို့ ဆန်တင်(၆)ဘီးယာဉ် ထိုးကျတိမ်မှောက်ခဲ့ပြီး မှော်ဘီမြို့နယ်နေ ယာဉ်မောင်း၊ ဦးငွေနိုင်(၄၅)နှစ် နှင့် ယာဉ်နောက်လိုက်၊ ရွှေပြည်သာမြို့နယ်နေ ကိုဇော်မင်းထွေး(ခ)နိုင်ဝင်း၊ (၂၅)နှစ် တို့ သေဆုံး သွားခြင်းဖြစ်ကြောင်း ပဒါန်းနယ်မြေရဲစခန်း မှ သိရသည်။

ယာဉ်တိမ်းမှောက်သည့်နေရာသို့ ရဲတပ်ဖွဲ့ ၊ ဂုတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဝင်းထွန်း နှင့် တာဝန်ရှိသူများ ၊ ရိုးမမေတ္တာနာရေးကူညီမှုအသင်းတို့မှ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်မောင်းမှာ ဆေးရုံ၌သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက်မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဇေယျတု(မကွေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မင္းဘူး -အမ္းကားလမ္း၌ ဆန္တင္လာသည့္ ယာဥ္တိမ္းေမွာက္၍ ယာဥ္ေမာင္း ႏွင့္ ယာဥ္ေနာက္လိုက္ေသဆုံး မင္းဘူး -အမ္းကားလမ္း၌ ဆန္တင္လာသည့္ ယာဥ္တိမ္းေမွာက္၍ ယာဥ္ေမာင္း ႏွင့္ ယာဥ္ေနာက္လိုက္ေသဆုံး Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.