သင့္ကေလးကို စေကြၽးသင့္တဲ့အသီး (၅) မ်ိဳး

(Zawgyi)⤵⤵⤵
ကေလးကို အစားစေကြၽးတဲ့အခ်ိန္ (ႏို႔ျဖတ္တဲ့အခ်ိန္၊ ထမင္းစေကြၽးတဲ့အခ်ိန္) ဟာ ကေလးရဲ႕ ႀကီးထြားဖြံ႕ၿဖိဳးမႈမွာ အရမ္းအေရးပါတဲ့ ကာလျဖစ္ပါတယ္။ ဒါေပမယ့္ ႏို႔စို႔အ႐ြယ္ကေန အစားစစားခ်ိန္မွာ ကေလးကို ဘာေတြေကြၽးသင့္သလဲ၊ ဘာေတြမေကြၽးသင့္ဘူးလဲဆိုတာ ေမေမတို႔ အေတာ္မ်ားမ်ားမွာ ေခါင္းစားရတဲ့ျပႆနာပါ။ အထူးသျဖင့္ အသီးအႏွံေကြၽးတဲ့အခါေပါ့။ ဒီအတြက္ ေမေမတို႔ စိတ္မရႈပ္ရေအာင္ ကေလးငယ္ေတြအတြက္ အာဟာရဓာတ္အျပည့္ဝဆုံးနဲ႔ အသင့္ေတာ္ဆုံး အသီး (၅) မ်ိဳးကိုေဖာ္ျပေပးလိုက္ပါတယ္။

(၁)ေထာပတ္သီး

ကေလးကို အဆီဓာတ္ပါဝင္မႈမ်ားတဲ့ စားစရာေတြ မေကြၽးသင့္ဘူးလို႔ မိဘေတာ္ေတာ္မ်ားမ်ားက ယုံၾကည္တတ္ၾကပါတယ္။ တကယ္ေတာ့ အဆီဓာတ္ဟာ ဗီတာမင္ A၊ C၊ D နဲ႔ E တို႔လို အဆီမွာေပ်ာ္ဝင္တဲ့ အာဟာရဓာတ္ေတြကို စုပ္ယူေပးႏိုင္တာေၾကာင့္ ကေလးငယ္ရဲ႕စားသုံးမႈ အာဟာရထဲမွာ မျဖစ္မေန ပါဝင္သင့္တဲ့ ဓာတ္တစ္မ်ိဳးျဖစ္ပါတယ္။ ဒါ့အျပင္ ကေလးရဲ႕ အေရျပားက်န္းမာေရးနဲ႔ ဦးေႏွာက္လုပ္ေဆာင္ခ်က္ေတြကိုလည္း အေထာက္အကူ ေပးႏိုင္ပါတယ္။ ေထာပတ္သီးမွာ monounsaturated fats ေတြနဲ႔ ဗီတာမင္ E လို အက်ိဳးျပဳအဆီဓာတ္ေတြအျပင္ folate၊ ပိုတက္စီယမ္နဲ႔ ဗီတာမင္ဘီအုပ္စုေတြ ႂကြယ္ဝတာေၾကာင့္ ကေလးေတြအတြက္ အေကာင္းဆုံး အသီးတစ္မ်ိဳးျဖစ္ပါတယ္။

ႀကိတ္ေခ်လိုက္ရင္ ႏုညက္တဲ့အႏွစ္၊ ဆိမ့္တဲ့အရသာေၾကာင့္လည္း အစားစားတတ္ခါစ ကေလးငယ္ေတြက ေထာပတ္သီးကို လက္ခံလြယ္ၾကပါတယ္။ စားရတာအရသာပိုရွိေစဖို႔ တျခားအသီးေတြနဲ႔ေရာတာမ်ိဳး၊ ကေလးအႀကိဳက္ အရသာသစ္ဖန္တီးတာမ်ိဳး လုပ္ေကြၽးလို႔ ရပါတယ္။

(၂) ငွက္ေပ်ာသီး

ငွက္ေပ်ာသီးကို အာဟာရျပည့္ၿပီးအရသာရွိတဲ့ အသီးတစ္မ်ိဳးျဖစ္တဲ့အျပင္ ႏို႔ျဖတ္ခါစ ကေလးငယ္ေလးေတြအတြက္ အသင့္ေတာ္ဆုံးအျဖစ္ ေ႐ြးခ်ယ္ၾကပါတယ္။ အစာေၾကညက္လြယ္တဲ့ အမွ်င္ဓာတ္၊ ဗီတာမင္ဘီအုပ္စုနဲ႔ အက်ိဳးျပဳကာ ဗိုဟိုက္ဒရိတ္ေတြႂကြယ္ဝလို႔ ကေလးကိုေလပြျခင္း၊ မအီမသာျဖစ္ျခင္းေတြ မျဖစ္ေစဘဲ ခြန္အားျပည့္ေစပါတယ္။ ကေလးဝမ္းခ်ဳပ္ျခင္းနဲ႔ ဝမ္းေလွ်ာျခင္းတို႔အတြက္လည္း ငွက္ေပ်ာသီးက ႀကိဳတင္ကာကြယ္ေပးႏိုင္၊ ကုသေပးႏိုင္ပါတယ္။

(၃) ပန္းသီး

က်န္းမာေရးအက်ိဳးေက်းဇူးမ်ားလွတဲ့ ပန္းသီးက တျခားအစားအစာေတြ မစားခင္မွာ အစာေျခစနစ္ကို လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ ေရဓာတ္ပါဝင္မႈမမ်ားေပမယ့္ အမွ်င္ဓာတ္က ႂကြယ္ဝပါတယ္။ ပန္းသီးမွာပါတဲ့ အာဟာရဓာတ္ေတြေၾကာင့္ ဆီးခ်ိဳေသြးခ်ိဳျဖစ္ႏိုင္ေျခကို ေလ်ာ့နည္းေစတယ္၊ ကိုလက္စထေရာပမာဏကို ေလ်ာ့က်ေစတယ္၊ မ်က္စိအတြင္း တိမ္မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တဲ့အျပင္ ကင္ဆာျဖစ္ေစႏိုင္တဲ့ free radicals ေတြရဲ႕ဆိုးက်ိဳး သက္ေရာက္မႈေတြကေန ကာကြယ္ေပးႏိုင္တဲ့အတြက္ ကေလးကို စေကြၽးသင့္တဲ့ အသီးတစ္မ်ိဳး ျဖစ္ပါတယ္။

(၄) စပ်စ္သီး

စပ်စ္သီးေလးေတြကလည္း ပန္းသီးလိုပဲ အစာေျခစနစ္အတြက္ အေထာက္အကူေပးတဲ့အျပင္ ေရဓာတ္နဲ႔ အမွ်င္ဓာတ္ပါဝင္မႈျမင့္မားလို႔ ကေလးကိုဝမ္းမခ်ဳပ္ေအာင္ ကာကြယ္ေပးပါတယ္။ ပိုတက္စီယမ္ပါဝင္မႈေၾကာင့္ ေသြးတိုးမျဖစ္ေအာင္ ကာကြယ္ႏိုင္ၿပီး ဓာတ္မတည့္မႈ အႏၲရာယ္ကိုလည္း ေလ်ာ့နည္းေစပါတယ္။ polyphenols လို႔ေခၚတဲ့ ဓာတ္တိုးဆန္႔က်င္ ပစၥည္းေၾကာင့္ အဆုတ္ကင္ဆာ၊ ပန္ကရိယကင္ဆာ၊ ဆီးက်ိတ္ကင္ဆာနဲ႔အူမႀကီး ကင္ဆာတို႔ ျဖစ္ႏိုင္ေျခကို နည္းပါးေစပါတယ္။

(၅) ဘယ္ရီသီးမ်ား

စေတာ္ဘယ္ရီ၊ ဘလူးဘယ္ရီ၊ ခ်ယ္ရီ၊ ဘလက္ဘယ္ရီအပါအဝင္ ဘယ္ရီသီးႏြယ္ဝင္ေတြက ကေလးအတြက္ေရာ၊ လူႀကီးအတြက္ပါ သင့္ေတာ္ပါတယ္။ အေရာင္ရင့္ေလ အာဟာရဓာတ္ႂကြယ္ဝေလျဖစ္တဲ့ ဘယ္ရီသီးေတြက ဓါတ္တိုးဆန္႔က်င္ ပစၥည္းေတြျပည့္ဝပါတယ္။ ဘယ္ရီသီးေတြက ဦးေႏွာက္လုပ္ေဆာင္ခ်က္ကိုျမႇင့္တင္ေပးၿပီး မွတ္ဉာဏ္ပိုေကာင္းေစတယ္လို႔ သုေတသနေတြက ေဖာ္ျပၾကပါတယ္။ ဒါ့ေၾကာင့္ ကေလးေလးေတြကို သေရစာအျဖစ္နဲ႔ ဘယ္ရီသီးေတြေကြၽးတာ၊ ႀကိတ္ၿပီးေဖ်ာ္ရည္လုပ္ေပးတာ ဒါမွမဟုတ္ အေပၚမွာေဖာ္ျပခဲ့တဲ့တျခား အသီးေတြနဲ႔ေရာေကြၽးႏိုင္ပါတယ္။

ဘယ္ရီသီးေတြမွာ DHA အပါအဝင္ Omega-3 fatty acids ေတြလည္းႂကြယ္ဝတဲ့အတြက္ ကေလးရဲ႕ႀကီးထြားဖြံ႕ၿဖိဳးမႈမွာ အေထာက္အကူပိုျဖစ္ေစမွာပါ။ DHA (docosahexaenoic acid) ဆိုတာomega-3 fatty acid တစ္မ်ိဳးျဖစ္ၿပီး အျမင္အာ႐ုံနဲ႔ဦးေႏွာက္ဖြံ႕ၿဖိဳးမႈအတြက္ အေရးပါပါတယ္။ အ႐ိုးက်န္းမာေရးအတြက္ ကယ္လ္စီယမ္လိုအပ္သလို ဦးေႏွာက္အတြက္ DHA လိုအပ္ပါတယ္။

ေရးသားသူ -Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ- Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
------------------
(Unicode)⤵⤵⤵
သင့်ကလေးကို စကျွေးသင့်တဲ့အသီး (၅) မျိုး

ကလေးကို အစားစကျွေးတဲ့အချိန် (နို့ဖြတ်တဲ့အချိန်၊ ထမင်းစကျွေးတဲ့အချိန်) ဟာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ အရမ်းအရေးပါတဲ့ ကာလဖြစ်ပါတယ်။ ဒါပေမယ့် နို့စို့အရွယ်ကနေ အစားစစားချိန်မှာ ကလေးကို ဘာတွေကျွေးသင့်သလဲ၊ ဘာတွေမကျွေးသင့်ဘူးလဲဆိုတာ မေမေတို့ အတော်များများမှာ ခေါင်းစားရတဲ့ပြဿနာပါ။ အထူးသဖြင့် အသီးအနှံကျွေးတဲ့အခါပေါ့။ ဒီအတွက် မေမေတို့ စိတ်မရှုပ်ရအောင် ကလေးငယ်တွေအတွက် အာဟာရဓာတ်အပြည့်ဝဆုံးနဲ့ အသင့်တော်ဆုံး အသီး (၅) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

(၁)ထောပတ်သီး

ကလေးကို အဆီဓာတ်ပါဝင်မှုများတဲ့ စားစရာတွေ မကျွေးသင့်ဘူးလို့ မိဘတော်တော်များများက ယုံကြည်တတ်ကြပါတယ်။ တကယ်တော့ အဆီဓာတ်ဟာ ဗီတာမင် A၊ C၊ D နဲ့ E တို့လို အဆီမှာပျော်ဝင်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူပေးနိုင်တာကြောင့် ကလေးငယ်ရဲ့စားသုံးမှု အာဟာရထဲမှာ မဖြစ်မနေ ပါဝင်သင့်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ကလေးရဲ့ အရေပြားကျန်းမာရေးနဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကိုလည်း အထောက်အကူ ပေးနိုင်ပါတယ်။ ထောပတ်သီးမှာ monounsaturated fats တွေနဲ့ ဗီတာမင် E လို အကျိုးပြုအဆီဓာတ်တွေအပြင် folate၊ ပိုတက်စီယမ်နဲ့ ဗီတာမင်ဘီအုပ်စုတွေ ကြွယ်ဝတာကြောင့် ကလေးတွေအတွက် အကောင်းဆုံး အသီးတစ်မျိုးဖြစ်ပါတယ်။

ကြိတ်ချေလိုက်ရင် နုညက်တဲ့အနှစ်၊ ဆိမ့်တဲ့အရသာကြောင့်လည်း အစားစားတတ်ခါစ ကလေးငယ်တွေက ထောပတ်သီးကို လက်ခံလွယ်ကြပါတယ်။ စားရတာအရသာပိုရှိစေဖို့ တခြားအသီးတွေနဲ့ရောတာမျိုး၊ ကလေးအကြိုက် အရသာသစ်ဖန်တီးတာမျိုး လုပ်ကျွေးလို့ ရပါတယ်။

(၂) ငှက်ပျောသီး

ငှက်ပျောသီးကို အာဟာရပြည့်ပြီးအရသာရှိတဲ့ အသီးတစ်မျိုးဖြစ်တဲ့အပြင် နို့ဖြတ်ခါစ ကလေးငယ်လေးတွေအတွက် အသင့်တော်ဆုံးအဖြစ် ရွေးချယ်ကြပါတယ်။ အစာကြေညက်လွယ်တဲ့ အမျှင်ဓာတ်၊ ဗီတာမင်ဘီအုပ်စုနဲ့ အကျိုးပြုကာ ဗိုဟိုက်ဒရိတ်တွေကြွယ်ဝလို့ ကလေးကိုလေပွခြင်း၊ မအီမသာဖြစ်ခြင်းတွေ မဖြစ်စေဘဲ ခွန်အားပြည့်စေပါတယ်။ ကလေးဝမ်းချုပ်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့အတွက်လည်း ငှက်ပျောသီးက ကြိုတင်ကာကွယ်ပေးနိုင်၊ ကုသပေးနိုင်ပါတယ်။

(၃) ပန်းသီး

ကျန်းမာရေးအကျိုးကျေးဇူးများလှတဲ့ ပန်းသီးက တခြားအစားအစာတွေ မစားခင်မှာ အစာခြေစနစ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ရေဓာတ်ပါဝင်မှုမများပေမယ့် အမျှင်ဓာတ်က ကြွယ်ဝပါတယ်။ ပန်းသီးမှာပါတဲ့ အာဟာရဓာတ်တွေကြောင့် ဆီးချိုသွေးချိုဖြစ်နိုင်ခြေကို လျော့နည်းစေတယ်၊ ကိုလက်စထရောပမာဏကို လျော့ကျစေတယ်၊ မျက်စိအတွင်း တိမ်မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် ကင်ဆာဖြစ်စေနိုင်တဲ့ free radicals တွေရဲ့ဆိုးကျိုး သက်ရောက်မှုတွေကနေ ကာကွယ်ပေးနိုင်တဲ့အတွက် ကလေးကို စကျွေးသင့်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

(၄) စပျစ်သီး

စပျစ်သီးလေးတွေကလည်း ပန်းသီးလိုပဲ အစာခြေစနစ်အတွက် အထောက်အကူပေးတဲ့အပြင် ရေဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုမြင့်မားလို့ ကလေးကိုဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။ ပိုတက်စီယမ်ပါဝင်မှုကြောင့် သွေးတိုးမဖြစ်အောင် ကာကွယ်နိုင်ပြီး ဓာတ်မတည့်မှု အန္တရာယ်ကိုလည်း လျော့နည်းစေပါတယ်။ polyphenols လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းကြောင့် အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့အူမကြီး ကင်ဆာတို့ ဖြစ်နိုင်ခြေကို နည်းပါးစေပါတယ်။

(၅) ဘယ်ရီသီးများ

စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ချယ်ရီ၊ ဘလက်ဘယ်ရီအပါအဝင် ဘယ်ရီသီးနွယ်ဝင်တွေက ကလေးအတွက်ရော၊ လူကြီးအတွက်ပါ သင့်တော်ပါတယ်။ အရောင်ရင့်လေ အာဟာရဓာတ်ကြွယ်ဝလေဖြစ်တဲ့ ဘယ်ရီသီးတွေက ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပြည့်ဝပါတယ်။ ဘယ်ရီသီးတွေက ဦးနှောက်လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးပြီး မှတ်ဉာဏ်ပိုကောင်းစေတယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။ ဒါ့ကြောင့် ကလေးလေးတွေကို သရေစာအဖြစ်နဲ့ ဘယ်ရီသီးတွေကျွေးတာ၊ ကြိတ်ပြီးဖျော်ရည်လုပ်ပေးတာ ဒါမှမဟုတ် အပေါ်မှာဖော်ပြခဲ့တဲ့တခြား အသီးတွေနဲ့ရောကျွေးနိုင်ပါတယ်။

ဘယ်ရီသီးတွေမှာ DHA အပါအဝင် Omega-3 fatty acids တွေလည်းကြွယ်ဝတဲ့အတွက် ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ အထောက်အကူပိုဖြစ်စေမှာပါ။ DHA (docosahexaenoic acid) ဆိုတာomega-3 fatty acid တစ်မျိုးဖြစ်ပြီး အမြင်အာရုံနဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ အရိုးကျန်းမာရေးအတွက် ကယ်လ်စီယမ်လိုအပ်သလို ဦးနှောက်အတွက် DHA လိုအပ်ပါတယ်။

ရေးသားသူ -Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ- Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
သင့္ကေလးကို စေကြၽးသင့္တဲ့အသီး (၅) မ်ိဳး သင့္ကေလးကို စေကြၽးသင့္တဲ့အသီး (၅) မ်ိဳး Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.