ငါးလုပ္ငန္းနဲ႔ က်ားေဖာင္ေတြကို လူ႔အခြင့္အေရးေကာ္မရွင္ ကြင္းဆင္းစစ္ေဆးမယ္

ဖ်ာပုံနဲ႔အနီးတစ္ဝိုက္က ေရလုပ္ငန္းနဲ႔ က်ားေဖာင္ေတြကို ကြင္းဆင္းစစ္ေဆးမယ္
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးေကာ္မရွင္ဟာ ဖ်ာပုံၿမိဳ႕နယ္အနီးတစ္ဝိုက္က ငါးလုပ္ငန္းေတြနဲ႔ က်ားေဖာင္ေတြမွာ လုပ္ကိုင္ေနတဲ့ လုပ္သားေတြရဲ႕ အေျခအေနကို လာမယ့္သီတင္းပတ္မွာ ကြင္းဆင္း စစ္ေဆးမယ္ လို႔ ေကာ္မရွင္အဖြဲ႕ဝင္ ဦးယုလြင္ေအာင္က ဘီဘီစီကို ေျပာပါတယ္။

ပင္လယ္ျပင္ ငါးဖမ္းလုပ္ငန္းေတြကေန မသမာမႈေတြကို တားဆီးႏိုင္ေရး နည္းလမ္းရွာဖို႔ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရး ေကာ္မရွင္က ဒီကေန႔ ရန္ကုန္ၿမိဳ႕မွာ ဌာနဆိုင္ရာတခ်ိဳ႕နဲ႔ အစည္းအေဝး ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္ အခုလို ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။

ပင္လယ္ျပင္က က်ားေဖာင္ေတြမွာ ငါးဖမ္းလုပ္ကိုင္ဖို႔ ေရာင္းစားခံခဲ့ရတဲ့ တကၠသိုလ္ ေက်ာင္းသားအမႈ ေပၚေပါက္ၿပီးေနာက္ ေကာ္မရွင္က ကြင္းဆင္းစစ္ေဆးဖို႔ ျဖစ္လာတာပါ။

ကြင္းဆင္းၿပီးတဲ့ေနာက္ ဒီျဖစ္စဥ္ေတြကို တားဆီးဖို႔ အဲဒီေဒသက ငါးလုပ္ငန္းပိုင္ရွင္ေတြ၊ အစိုးရ ငါးလုပ္ငန္း ဦးစီးဌာန၊ ရဲတပ္ဖြဲ႕၊ လူကုန္တား၊ ေဒသခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးသြားဖို႔ ရွိတယ္လို႔ သူက ဆက္ေျပာပါတယ္။

အခုလို က်ားေဖာင္ေတြေပၚ လူကုန္ကူးၿပီး အတင္းအဓမၼေစခိုင္းမႈေတြဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ အဆင့္ အဆိုး႐ြားဆုံး အေျခအေန ျဖစ္တယ္လို႔ ဦးယုလြင္ေအာင္က ေျပာပါတယ္။

"ေတာ္ေတာ္ဆိုး႐ြားတဲ့အဆင့္ပါ။ လူအခ်င္းခ်င္း ကုန္ေရာင္းကုန္ဝယ္ လုပ္တဲ့ပုံစံမို႔ လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္တာ။ ဟိုဘက္ေရာက္ေတာ့ လုပ္အားကို ေခါင္းပုံျဖတ္တာ။ မဝေရစာ ေကြၽးတာ။ နင္ပဲငဆ ႐ိုက္ႏွက္ႏွိပ္စက္ညႇဥ္းပန္းၿပီးေတာ့ ခိုင္းတာတို႔၊ လုပ္ခ်င္သည္ျဖစ္ေစ မလုပ္ခ်င္သည္ျဖစ္ေစ အတင္းအဓမၼ ႐ိုက္ႏွက္ၿခိမ္းေျခာက္ၿပီးေတာ့မွ ခိုင္းတာ။ ဒါေတြက ကြၽန္ျပဳတဲ့ သေဘာေတြ ျဖစ္သြားၿပီ။ လုပ္ခမေပးဘဲ ခိုင္းေစတာဟာ လူ႔အခြင့္အေရးကို လုံးဝခ်ိဳးေဖာက္တဲ့ ျဖစ္စဥ္ေတြ ျဖစ္တဲ့အတြက္ေၾကာင့္ ဒီစနစ္ကိုေတာ့ ကြၽန္ေတာ္တို႔က မရမေန တားရဖို႔အတြက္ နည္းလမ္းေပါင္းစုံနဲ႔ ႀကိဳးစားရမယ့္ သေဘာရွိပါတယ္" လို႔ သူက ဆိုပါတယ္။

ဒီျဖစ္စဥ္ေတြမွာ ေရာင္းစားတဲ့သူ၊ လက္ခံခိုင္းေစသူ၊ လက္ေတြ႕က်င့္သုံးတဲ့ က်ားေဖာင္ဦးစီးေတြ၊ လုပ္ငန္း ပိုင္ရွင္ေတြနဲ႔ ဒါကိုမသိက်ိဳးကြၽံျပဳေနတဲ့ သူေတြအားလုံးမွာ တာဝန္ရွိတယ္လို႔ ဦးယုလြင္ေအာင္က ဆိုပါတယ္။

က်ားေဖာင္ေပၚ ေရာင္းစားခံခဲ့ရၿပီး မိသားစုက ေငြနဲ႔ ျပန္ေ႐ြးလို႔ လြတ္ေျမာက္လာတဲ့ တကၠသိုလ္ေက်ာင္းသား ကိုျမတ္သူရထြန္းအမႈက တရားခံလို႔ယူဆရသူ ခုနစ္ဦးအနက္ ႏွစ္ဦးကို ဖမ္းမိထားၿပီး ေက်ာက္တံတားရဲစခန္းမွာ လူကုန္ကူးမႈတားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၅ နဲ႔ အမႈဖြင့္ထားပါတယ္။

ဒါ့အျပင္ ကိုျမတ္သူရထြန္းရဲ႕ သတင္းေပးခ်က္အရ ေနာက္ထပ္ သူ႔လိုေရာင္းစားခံရတယ္ဆိုတဲ့သူႏွစ္ဦးကို ရဲတပ္ဖြဲ႕က ႏိုဝင္ဘာ ၂၄ ရက္မွာ ကယ္တင္လိုက္ႏိုင္ၿပီး ေနာက္ဆက္တြဲတရားခံတစ္ဦးကို ထပ္မံ ဖမ္းဆီးထားပါတယ္။

လူကုန္တားရဲတပ္ဖြဲ႕က ကယ္တင္လိုက္ႏိုင္သူႏွစ္ဦးထဲက တစ္ဦးျဖစ္တဲ့ ကိုသက္က သူတို႔လို ျဖစ္စဥ္မ်ိဳး ေနာက္လူေတြထပ္မခံရေအာင္နဲ႔ ပြဲစားေတြေျပာသမွ် အယုံမလြယ္ၾကဖို႔ ၊ ပြဲစားေတြက ဘယ္လိုလူေတြကို ပစ္မွတ္ထားၿပီး စည္း႐ုံးတတ္လဲ ဆိုတာေတြနဲ႔ ပတ္သက္လို႔ ဘီဘီစီကို ခုလိုေျပာပါတယ္။

"မအူမလည္နဲ႔ ေတာကတက္လာၿပီး အလုပ္အကိုင္ရွာေဖြေနတဲ့သူေတြကို သူတို႔က ပစ္မွတ္ထားတယ္။ ပြဲစားေတြ ေျပာသမွ် အယုံမလြယ္ၾကဖို႔၊ အလုပ္လုပ္မယ္ဆိုလည္း ကိုယ့္မိသားစု ေဆြမ်ိဳးေတြနဲ႔ ေသခ်ာတိုင္ပင္ၿပီးမွ လုပ္ၾကဖို႔ ကိုယ့္စိတ္နဲ႔ ကိုယ့္ကိုယ္ေတာ့ မသြားၾကနဲ႔" လို႔ အသက္ ၂၅ ႏွစ္အ႐ြယ္ မအူပင္ၿမိဳ႕နယ္ အၿခံ႐ြာဇာတိ ကိုသက္က ေျပာပါတယ္။

သူဟာ လႈိင္သာယာၿမိဳ႕နယ္က မိတ္ေဆြေတြထံ ေနထိုင္ရင္း ဒလဘက္မွာ ဆန္ထမ္းတဲ့ အလုပ္ကိုလည္း ရံဖန္ရံခါ လုပ္တယ္လို႔ ဆိုပါတယ္။ တစ္ေန႔မွာ ဒလဘက္ကမ္းမွာ လဘက္ရည္ ဆိုင္ထိုင္ ေနတုန္း အမ်ိဳးသမီးႏွစ္ဦးေရာက္လာၿပီး ငါးလုပ္ငန္းမွာ အလုပ္ရမယ္။ လုပ္ႏိုင္ရင္ လုပ္ႏိုင္သေလာက္ လစာရမယ္လို႔ လာေရာက္ေျပာဆိုတဲ့အတြက္ လိုက္ပါသြားရာက အခုလို က်ားေဖာင္ေတြေပၚ ေရာက္ခဲ့တာ ျဖစ္ပါတယ္။

သူအလုပ္လုပ္တဲ့ ေဖာင္ဟာ ဖ်ာပုံၿမိဳ႕နယ္၊ ခါးျပတ္ေက်း႐ြာကေန ႏွစ္ညအိပ္သြားရၿပီး ငါးဒိုင္ပိုင္ရွင္က သေဘၤာနဲ႔ ပို႔ေဆာင္ေပးတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ေဖာင္ေပၚမွာ ငါးဖမ္းပိုက္ခ်တာ၊ ပိုက္ေဖာ္တာေတြကို ေဖာင္ဦးစီးနဲ႔ သူအပါအဝင္ သုံးဦးတို႔ လုပ္ကိုင္ရတာျဖစ္ၿပီး ပိုက္ေဖာ္ၿပီးတာနဲ႔ ဖမ္းမိတဲ့ ငါးပုစြန္ေတြကို ေ႐ြးထုတ္၊ အေျခာက္လွန္း စတာေတြလုပ္ရပါတယ္။ အဲဒါေတြ လုပ္ေနတာ မၿပီးေသးတဲ့အခ်ိန္ ေနာက္တစ္ႀကိမ္ ပိုက္ေဖာ္ဖို႔အခ်ိန္ ေရာက္လာတာနဲ႔ အစကေန ျပန္လုပ္ရၿပီး တစ္ရက္ကို အိပ္ခ်ိန္ တစ္နာရီခြဲေလာက္ပဲရွိတယ္လို႔ ဆိုပါတယ္။

သူဟာ ကာယအားကိုး အလုပ္ၾကမ္း လုပ္လက္စ ရွိသူျဖစ္လို႔ က်ားေဖာင္ေပၚမွာ ပင္ပန္းေပမယ့္ ႀကိတ္မွိတ္လုပ္ခဲ့တာေၾကာင့္ ေဖာင္ဦးစီးရဲ႕ ႐ိုက္ႏွက္ႏွိပ္စက္တာ မခံခဲ့ရေပမယ့္ သူ႔လက္မွာ ငါးဖမ္းပိုက္ ႀကိဳးေတြဆြဲတဲ့ ေသရာပါ ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။

မိသားစုကေငြခုနစ္သိန္းနဲ႔ျပန္ေ႐ြးလို႔ လြတ္လာတဲ့ တကၠသိုလ္ေက်ာင္းသား ကိုျမတ္သူရထြန္းမွာ ႏွိပ္စက္ခံထားရတဲ့ဒဏ္ရာေတြရွိေနပါတယ္
သူနဲ႔ ေနာက္တစ္ဦးျဖစ္တဲ့ ကိုစိုင္းေမာင္ေမာင္တို႔ဟာ ကိုျမတ္သူရထြန္းနဲ႔အတူ က်ားေဖာင္ေတြေပၚ တစ္ရက္တည္း ေရာက္ခဲ့တာျဖစ္ေပမယ့္ အလုပ္လုပ္ရတဲ့ ေဖာင္ခ်င္းေတာ့ မတူဘူးလို႔ ဆိုပါတယ္။

လက္ရွိမွာ ကိုသက္နဲ႔ ကိုစိုင္းေမာင္ေမာင္တို႔ကို လူကုန္ကူးမႈတားဆီးကာကြယ္ေရးရဲတပ္ဖြဲ႕က ေခၚယူေစာင့္ေရွာက္ထားၿပီး သူတို႔အမႈေတြကို ရဲတပ္ဖြဲ႕ကပဲ တရားလိုလုပ္ တရားစြဲတင္မွာ ျဖစ္ပါတယ္။

လက္ရွိမွာ တကၠသိုလ္ေက်ာင္းသား ကိုျမတ္သူရထြန္းကို လူမႈဝန္ထမ္းဦးစီးဌာနက ႏိုဝင္ဘာ ၂၆ ရက္မွာ ေငြက်ပ္ ၁၀ သိန္း လာေရာက္ ေထာက္ပံ့ေပးခဲ့ပါတယ္။

လတ္တေလာမွာ သူတို႔အမႈေတြနဲ႔ ပတ္သက္တဲ့ ပြဲစားအမ်ိဳးသမီးႏွစ္ဦးအပါအဝင္ က်န္သူေတြဟာ တိမ္းေရွာင္ေနၿပီး တရားခံေတြ ဖမ္းဆီးရမိဖို႔ စုံစမ္းရွာေဖြေနတယ္လို႔ ရဲတပ္ဖြဲ႕တာဝန္ရွိသူက ေျပာပါတယ္။

ရဲတပ္ဖြဲ႕က ဒီအမႈေတြနဲ႔ ပတ္သက္လို႔ ဖမ္းဆီးထားသူေတြကို အမႈဖြင့္ထားတဲ့ လူကုန္ကူး ပုဒ္မ ၂၅ ဟာ အမ်ိဳးသားေတြကို လူကုန္ကူးတဲ့ ပုဒ္မျဖစ္ၿပီး ျပစ္မႈထင္ရွားရင္ ေထာင္ငါးႏွစ္ကေန ၁၀ ႏွစ္အထိ ခ်မွတ္ႏိုင္ပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
ငါးလုပ်ငန်းနဲ့ ကျားဖောင်တွေကို လူ့အခွင့်အရေးကော်မရှင် ကွင်းဆင်းစစ်ဆေးမယ်

Image caption ဖျာပုံနဲ့အနီးတစ်ဝိုက်က ရေလုပ်ငန်းနဲ့ ကျားဖောင်တွေကို ကွင်းဆင်းစစ်ဆေးမယ်

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာ ဖျာပုံမြို့နယ်အနီးတစ်ဝိုက်က ငါးလုပ်ငန်းတွေနဲ့ ကျားဖောင်တွေမှာ လုပ်ကိုင်နေတဲ့ လုပ်သားတွေရဲ့ အခြေအနေကို လာမယ့်သီတင်းပတ်မှာ ကွင်းဆင်း စစ်ဆေးမယ် လို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဘီဘီစီကို ပြောပါတယ်။

ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေကနေ မသမာမှုတွေကို တားဆီးနိုင်ရေး နည်းလမ်းရှာဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ရန်ကုန်မြို့မှာ ဌာနဆိုင်ရာတချို့နဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပြီးတဲ့နောက် အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ပင်လယ်ပြင်က ကျားဖောင်တွေမှာ ငါးဖမ်းလုပ်ကိုင်ဖို့ ရောင်းစားခံခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားအမှု ပေါ်ပေါက်ပြီးနောက် ကော်မရှင်က ကွင်းဆင်းစစ်ဆေးဖို့ ဖြစ်လာတာပါ။

ကွင်းဆင်းပြီးတဲ့နောက် ဒီဖြစ်စဉ်တွေကို တားဆီးဖို့ အဲဒီဒေသက ငါးလုပ်ငန်းပိုင်ရှင်တွေ၊ အစိုးရ ငါးလုပ်ငန်း ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူကုန်တား၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးသွားဖို့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို ကျားဖောင်တွေပေါ် လူကုန်ကူးပြီး အတင်းအဓမ္မစေခိုင်းမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အဆင့် အဆိုးရွားဆုံး အခြေအနေ ဖြစ်တယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။

"တော်တော်ဆိုးရွားတဲ့အဆင့်ပါ။ လူအချင်းချင်း ကုန်ရောင်းကုန်ဝယ် လုပ်တဲ့ပုံစံမို့ လူ့အခွင့်အရေးကို ချိုးဖောက်တာ။ ဟိုဘက်ရောက်တော့ လုပ်အားကို ခေါင်းပုံဖြတ်တာ။ မဝရေစာ ကျွေးတာ။ နင်ပဲငဆ ရိုက်နှက်နှိပ်စက်ညှဉ်းပန်းပြီးတော့ ခိုင်းတာတို့၊ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ အတင်းအဓမ္မ ရိုက်နှက်ခြိမ်းခြောက်ပြီးတော့မှ ခိုင်းတာ။ ဒါတွေက ကျွန်ပြုတဲ့ သဘောတွေ ဖြစ်သွားပြီ။ လုပ်ခမပေးဘဲ ခိုင်းစေတာဟာ လူ့အခွင့်အရေးကို လုံးဝချိုးဖောက်တဲ့ ဖြစ်စဉ်တွေ ဖြစ်တဲ့အတွက်ကြောင့် ဒီစနစ်ကိုတော့ ကျွန်တော်တို့က မရမနေ တားရဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရမယ့် သဘောရှိပါတယ်" လို့ သူက ဆိုပါတယ်။

ဒီဖြစ်စဉ်တွေမှာ ရောင်းစားတဲ့သူ၊ လက်ခံခိုင်းစေသူ၊ လက်တွေ့ကျင့်သုံးတဲ့ ကျားဖောင်ဦးစီးတွေ၊ လုပ်ငန်း ပိုင်ရှင်တွေနဲ့ ဒါကိုမသိကျိုးကျွံပြုနေတဲ့ သူတွေအားလုံးမှာ တာဝန်ရှိတယ်လို့ ဦးယုလွင်အောင်က ဆိုပါတယ်။

ကျားဖောင်ပေါ် ရောင်းစားခံခဲ့ရပြီး မိသားစုက ငွေနဲ့ ပြန်ရွေးလို့ လွတ်မြောက်လာတဲ့ တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းအမှုက တရားခံလို့ယူဆရသူ ခုနစ်ဦးအနက် နှစ်ဦးကို ဖမ်းမိထားပြီး ကျောက်တံတားရဲစခန်းမှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်ထားပါတယ်။

ဒါ့အပြင် ကိုမြတ်သူရထွန်းရဲ့ သတင်းပေးချက်အရ နောက်ထပ် သူ့လိုရောင်းစားခံရတယ်ဆိုတဲ့သူနှစ်ဦးကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၄ ရက်မှာ ကယ်တင်လိုက်နိုင်ပြီး နောက်ဆက်တွဲတရားခံတစ်ဦးကို ထပ်မံ ဖမ်းဆီးထားပါတယ်။

လူကုန်တားရဲတပ်ဖွဲ့က ကယ်တင်လိုက်နိုင်သူနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ကိုသက်က သူတို့လို ဖြစ်စဉ်မျိုး နောက်လူတွေထပ်မခံရအောင်နဲ့ ပွဲစားတွေပြောသမျှ အယုံမလွယ်ကြဖို့ ၊ ပွဲစားတွေက ဘယ်လိုလူတွေကို ပစ်မှတ်ထားပြီး စည်းရုံးတတ်လဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ဘီဘီစီကို ခုလိုပြောပါတယ်။

"မအူမလည်နဲ့ တောကတက်လာပြီး အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေကို သူတို့က ပစ်မှတ်ထားတယ်။ ပွဲစားတွေ ပြောသမျှ အယုံမလွယ်ကြဖို့၊ အလုပ်လုပ်မယ်ဆိုလည်း ကိုယ့်မိသားစု ဆွေမျိုးတွေနဲ့ သေချာတိုင်ပင်ပြီးမှ လုပ်ကြဖို့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်တော့ မသွားကြနဲ့" လို့ အသက် ၂၅ နှစ်အရွယ် မအူပင်မြို့နယ် အခြံရွာဇာတိ ကိုသက်က ပြောပါတယ်။

သူဟာ လှိုင်သာယာမြို့နယ်က မိတ်ဆွေတွေထံ နေထိုင်ရင်း ဒလဘက်မှာ ဆန်ထမ်းတဲ့ အလုပ်ကိုလည်း ရံဖန်ရံခါ လုပ်တယ်လို့ ဆိုပါတယ်။ တစ်နေ့မှာ ဒလဘက်ကမ်းမှာ လဘက်ရည် ဆိုင်ထိုင် နေတုန်း အမျိုးသမီးနှစ်ဦးရောက်လာပြီး ငါးလုပ်ငန်းမှာ အလုပ်ရမယ်။ လုပ်နိုင်ရင် လုပ်နိုင်သလောက် လစာရမယ်လို့ လာရောက်ပြောဆိုတဲ့အတွက် လိုက်ပါသွားရာက အခုလို ကျားဖောင်တွေပေါ် ရောက်ခဲ့တာ ဖြစ်ပါတယ်။

သူအလုပ်လုပ်တဲ့ ဖောင်ဟာ ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာကနေ နှစ်ညအိပ်သွားရပြီး ငါးဒိုင်ပိုင်ရှင်က သင်္ဘောနဲ့ ပို့ဆောင်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖောင်ပေါ်မှာ ငါးဖမ်းပိုက်ချတာ၊ ပိုက်ဖော်တာတွေကို ဖောင်ဦးစီးနဲ့ သူအပါအဝင် သုံးဦးတို့ လုပ်ကိုင်ရတာဖြစ်ပြီး ပိုက်ဖော်ပြီးတာနဲ့ ဖမ်းမိတဲ့ ငါးပုစွန်တွေကို ရွေးထုတ်၊ အခြောက်လှန်း စတာတွေလုပ်ရပါတယ်။ အဲဒါတွေ လုပ်နေတာ မပြီးသေးတဲ့အချိန် နောက်တစ်ကြိမ် ပိုက်ဖော်ဖို့အချိန် ရောက်လာတာနဲ့ အစကနေ ပြန်လုပ်ရပြီး တစ်ရက်ကို အိပ်ချိန် တစ်နာရီခွဲလောက်ပဲရှိတယ်လို့ ဆိုပါတယ်။

သူဟာ ကာယအားကိုး အလုပ်ကြမ်း လုပ်လက်စ ရှိသူဖြစ်လို့ ကျားဖောင်ပေါ်မှာ ပင်ပန်းပေမယ့် ကြိတ်မှိတ်လုပ်ခဲ့တာကြောင့် ဖောင်ဦးစီးရဲ့ ရိုက်နှက်နှိပ်စက်တာ မခံခဲ့ရပေမယ့် သူ့လက်မှာ ငါးဖမ်းပိုက် ကြိုးတွေဆွဲတဲ့ သေရာပါ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Thaw Zin
Image caption မိသားစုကငွေခုနစ်သိန်းနဲ့ပြန်ရွေးလို့ လွတ်လာတဲ့ တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းမှာ နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေရှိနေပါတယ်

သူနဲ့ နောက်တစ်ဦးဖြစ်တဲ့ ကိုစိုင်းမောင်မောင်တို့ဟာ ကိုမြတ်သူရထွန်းနဲ့အတူ ကျားဖောင်တွေပေါ် တစ်ရက်တည်း ရောက်ခဲ့တာဖြစ်ပေမယ့် အလုပ်လုပ်ရတဲ့ ဖောင်ချင်းတော့ မတူဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ ကိုသက်နဲ့ ကိုစိုင်းမောင်မောင်တို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့က ခေါ်ယူစောင့်ရှောက်ထားပြီး သူတို့အမှုတွေကို ရဲတပ်ဖွဲ့ကပဲ တရားလိုလုပ် တရားစွဲတင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းကို လူမှုဝန်ထမ်းဦးစီးဌာနက နိုဝင်ဘာ ၂၆ ရက်မှာ ငွေကျပ် ၁၀ သိန်း လာရောက် ထောက်ပံ့ပေးခဲ့ပါတယ်။

လတ်တလောမှာ သူတို့အမှုတွေနဲ့ ပတ်သက်တဲ့ ပွဲစားအမျိုးသမီးနှစ်ဦးအပါအဝင် ကျန်သူတွေဟာ တိမ်းရှောင်နေပြီး တရားခံတွေ ဖမ်းဆီးရမိဖို့ စုံစမ်းရှာဖွေနေတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ရဲတပ်ဖွဲ့က ဒီအမှုတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးထားသူတွေကို အမှုဖွင့်ထားတဲ့ လူကုန်ကူး ပုဒ်မ ၂၅ ဟာ အမျိုးသားတွေကို လူကုန်ကူးတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ငါးနှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်ပါတယ်။

BBC Burmese
https://www.bbc.com
ငါးလုပ္ငန္းနဲ႔ က်ားေဖာင္ေတြကို လူ႔အခြင့္အေရးေကာ္မရွင္ ကြင္းဆင္းစစ္ေဆးမယ္ ငါးလုပ္ငန္းနဲ႔ က်ားေဖာင္ေတြကို လူ႔အခြင့္အေရးေကာ္မရွင္ ကြင္းဆင္းစစ္ေဆးမယ္ Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.