
(Zawgyi)⤵⤵⤵





---------------
(Unicode)⤵⤵⤵

ထိုင်းမြန်မာ နယ်စပ် က စက်ရုံ ပိတ်သိမ်း အလုပ်သမားများ နစ်နာကြေး သန်း၂၀ကျော် ရရှိ

ထိုင်းအစိုးရရဲ့ စီးပွားရေး ရပ်တန့်နေတာကြောင့် ၂၀၁၉ ခုနှစ်အတွင်း စက်ရုံပေါင်း ၁၀၀၀ကျော် ပိတ်ခဲ့ ရကြောင်း ထိုင်း အလုပ်သမားဝန်ကြီး က တရားဝင်ထုတ်ဖေါ် ပြောဆိုခဲ့ပြီး တဲံနောက် ယခုနောက်ဆုံး ထိုင်းနိုင်ငံ ရနောင်း ခရိုင်က (ကော့သောင်းမြို့ တဖက်ကမ်း) မှာ ရှိတဲ့ Chotiwat Cold Storage Company Limited ချိုတီဝပ် Cold storage စက်ရုံ ပိတ်သိမ်းလိုက်ကြောင်း သိရပါတယ်။

စက်ရုံကပစ္စည်းတွေအ ရာင်းအားကျခဲ့လို့ ရနောင်း စက်ရုံခွဲ ပိတ်ခဲ့လို့ အလုပ်ပြုတ်သွားခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ သား အလုပ်သမားတွေအတွက် နစ်နာကြေး အဖြစ် ဘတ်ငွေ ၂၂ သန်း ကို အလုပ်သမားအခွင့်အ ရေးဥပဒေ အတိုင်း လုပ်ခရှင်းပေးခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာလ (၁) ရက် ၂၀၁၉ ခုနှစ် ကစပြီး စက်ရုံလည်ပတ်မှု ရပ်ဆိုင်းမှာဖြစ်တယ်လို့ စက်ရုံတာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေ လာရောက် လုပ်ကိုင်နေကြတဲ့ အလုပ်ဖြုတ်ခံရသူ အလုပ်သမားတွေကတော့ ရနောင်းကနေ ကော့သောင်း
ကို ပြန်နေကြပြီဖြစ်ပါတယ်။

Social Action for Children and Women - SAW
https://www.facebook.com/Social-Action-for-Children-and-Women-SAW-1429330840619312
ထိုင်းမြန်မာ နယ်စပ် က စက်ရုံ ပိတ်သိမ်း အလုပ်သမားများ နစ်နာကြေး သန်း၂၀ကျော် ရရှိ ထိုင်းမြန်မာ နယ်စပ် က စက်ရုံ ပိတ်သိမ်း အလုပ်သမားများ နစ်နာကြေး သန်း၂၀ကျော် ရရှိ Reviewed by THITHTOOLWIN on 14:28 Rating: 5
Powered by Blogger.