ထိုင္းစက္႐ံုေတြပိတ္လို႔ ျမန္မာေတြ အလုပ္ျပဳတ္

ထုိင္းစက္႐ုံတ႐ံုမွ အလုပ္ျဖဳတ္ခံရသည့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားအခ်ဳိ႕။ (ဓာတ္ပုံ - Ye Min Facebook. ဇူလုိင္ ၁၄၊ ၂၀၁၆)
(Zawgyi / Unicode)

ဒီလပိုင္းအတြင္း ထိုင္းႏုိင္ငံမွာ အလုပ္႐ံုေတြ ၆ ႐ံုထက္မနည္း ပိတ္ခဲ့တာေၾကာင့္ အလုပ္လက္မဲ့ ျဖစ္သြားတဲ့ ျမန္မာအလုပ္သမား ၃ ေထာင္ဝန္းက်င္ ျဖစ္လာေနပါတယ္။ မေန႔ကလည္း နကြန္ပထုန္ခ႐ုိင္ထဲမွာ ျမန္မာနဲ႔ ထုိင္းအလုပ္သမား ၂၀၀ ေက်ာ္ရွိတဲ့ နစ္ပြိဳင့္ ကုမၸဏီလီမိတက္ (Knittpoint Co. Ltd) စက္႐ုံ ထပ္ၿပီး ပိတ္လိုက္ပါတယ္။ အခုလို အလုပ္ရပ္နားသြားတဲ့အခါမွာ တႏွစ္ဆက္တိုက္ အလုပ္လုပ္ထားရင္ တလစာႏႈန္းနဲ႔ နစ္နာေၾကးရရမွာျဖစ္ေပမယ့္ မရၾကတာေၾကာင့္ နစ္နာေၾကး ၂ လစာေပးဖို႔ အလုပ္သမားေတြက ဆႏၵျပ ေတာင္းဆိုေနၾကတဲ့အေၾကာင္း ထုိင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏုိင္ငံ နကြန္ပထုန္ခ႐ုိင္မွာ ထုိင္းနဲ႔ ျမန္မာအလုပ္သမား ၂၃၀ ေလာက္ရွိတဲ့ အထည္ခ်ဳပ္စက္႐ုံတခု ပိတ္ပစ္လိုက္တာေၾကာင့္ အလုပ္သမားေတြက နစ္နာေၾကး ၂ လစာေပးဖို႔ ေတာင္းဆုိခဲ့ၾကတာပါ။ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေရး လုပ္ေဆာင္ေနတဲ့ ေအေအစီ မဟာမိတ္အဖဲြ႔ရဲ႕ ဒါ႐ုိက္တာ ဦးခိုင္ႀကီးက အခုလိုေျပာပါတယ္။

“နကြန္ပထုန္မွာ ျဖစ္တာေပါ့။ နကြန္ပထုန္မွာက ၀က္လုပ္ငန္းနဲ႔ ရပ္တည္ၾကတာ။ ၀က္သားလုပ္ငန္းေတြေပါ့။ ဒါေပမယ့္ အခုလို အထည္ခ်ဳပ္စက္႐ုံေတြလည္းရွိတယ္။ အဲဒီ႐ုံေတြကလည္း ဆက္တိုက္ဆက္တုိက္ ပိတ္လာတာ ေတြ႔ရတယ္။ မဟာခ်ိဳင္မွာ ပင္လယ္စာလုပ္ငန္းေတြမွာလည္း အဲဒီလိုအသံေတြ ၾကားလာရတယ္။ အလုပ္သမားေတြက စက္႐ုံပိတ္လို႔ရွိရင္ ထုိ္င္းႏုိင္ငံမွာေနတဲ့ အလုပ္သမားေတြ အေနနဲ႔ လုပ္သက္တႏွစ္စာကို ရက္ေပါင္း ၃၀ စာ ေပးရမယ္။ ၂ ႏွစ္လုပ္ထားရင္ ၂ လစာေပးရမယ္။ အဲဒီဟာေတြက ထုိင္းဘာသာနဲ႔ တင္ထားတယ္။ တခ်ိဳ႕ ျမန္မာဘာသာနဲ႔ တင္ထားတယ္။ ထုိင္းအလုပ္သမား ၀န္ႀကီးဌာနက တင္ထားတဲ့အတိုင္း သူတုိ႔ေတာင္းဆုိတာေပါ့။ သူတို႔အခြင့္ေရးကို ေတာင္းဆိုတာေပါ့။”

အခုလို စက္႐ုံက ႐ုတ္တရက္ ပိတ္ပစ္တယ္ဆိုရင္ ထုိင္းဥပေဒအရ အလုပ္သမားေတြဘက္က နစ္နာေၾကးေတာင္းဆိုလို႔ ရေပမယ့္ အလုပ္ရွင္ေတြဘက္ကေတာ့ ခ်က္ခ်င္း နစ္နာေၾကးေပးတာမ်ိဳးေတြေတာ့ မရွိေသးပါဘူး။ ဒီအတြက္ အလုပ္သမားေတြက ေနထုိင္စားေသာက္ေရးေတြ အခက္အခဲေတြ ႀကံဳရပါတယ္။ အခုဆိုရင္ ႐ုတ္တရက္ ပိတ္ပစ္လိုက္တဲ့ စက္႐ုံေပါင္း ၆ ႐ုံထက္မနည္း ရွိေနၿပီလို ့ဦးခိုင္ႀကီးက ေျပာျပပါတယ္။

“က်ေနာ္တို႔ အလုပ္သမား သံအရာရွိေတြ သြားရွင္းတဲ့စက္႐ုံ စူရတ္ဌာနီ၊ နကြန္ပထုန္၊ ဆူဖန္ဘူရီ၊ ႏြံထဘူရီက စက္႐ုံေတြ အခုဆိုရင္ ၆ ႐ုံရွိသြားၿပီ။ ပိတ္တာ ၆ ႐ုံက အလုပ္သမား အမ်ားဆံုးက ၂၅၀၀ ေလာက္ရွိတာေပါ့။ ၃၀၀ ေလာက္ရိွတာတ႐ုံ၊ က်န္တဲ့႐ုံေတြက ရာခ်ီၿပီးပိတ္တာ။ က်ေနာ္တို႔အခ်က္အလက္က ၆ ႐ုံ တျခား က်ေနာ္တို႔မသိတ့ဲ ႐ုံေတြလည္း ရွိႏိုင္ေသးတာေပါ့။”

ထုိင္းႏုိင္ငံမွာ အလုပ္ေတြ အဆင္မေျပလို႔ ေနရပ္ျပန္မယ့္ ျမန္မာအလုပ္သမားတဦးကေတာ့ အခက္အခဲေတြ ရွိတဲ့အေၾကာင္း အခုလိုေျပာပါတယ္။

“စားေရးေသာက္ေရးကအစ အကုန္လံုး အခက္အခဲျဖစ္တယ္။ ေနေရးထုိင္ေရးကအစ အကုန္လံုး အခက္အခဲျဖစ္တယ္။ ကုိယ့္တိုင္းျပည္မွာပဲ ျပန္ၿပီးလုပ္ရေတာ့မွာေပါ့။”

ထိုင္းႏိုင္ငံမွာ အခုဆိုရင္ အထည္ခ်ဳပ္လုပ္ငန္းေတြ ႐ုတ္တရက္ ပိတ္ပစ္လုိက္တာေၾကာင့္ ဒီလပုိင္းေတြအတြင္း ျမန္မာအလုပ္သမား ၃ ေထာင္ထက္မနည္းဟာ အလုပ္လက္မဲ့ ျဖစ္ၾကရပါတယ္။ တခ်ိဳ႕လည္း ေနရပ္ျပန္ဖုိ႔ ျပင္ဆင္ၾကသလို တခ်ိဳ႕လည္း ျမန္မာျပည္ကို မျပန္ေသးဘဲ တျခားအလုပ္ေတြကို ရွာေဖြလုပ္ေနၾကသူေတြလည္း ရွိပါတယ္။

ထိုင္းႏုိင္ငံထဲမွာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၃ သန္းထက္မနည္း ရွိေနၿပီး အမ်ားစုကေတာ့ တရားမ၀င္ ေနထုိင္ အလုပ္လုပ္ကုိင္ေနၾကသူေတြ မ်ားပါတယ္။

-------------------------------

(Unicode)

ထိုင်းစက်ရုံတွေပိတ်လို့ မြန်မာတွေ အလုပ်ပြုတ်

ဒီလပိုင်းအတွင်း ထိုင်းနိုင်ငံမှာ အလုပ်ရုံတွေ ၆ ရုံထက်မနည်း ပိတ်ခဲ့တာကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ မြန်မာအလုပ်သမား ၃ ထောင်ဝန်းကျင် ဖြစ်လာနေပါတယ်။ မနေ့ကလည်း နကွန်ပထုန်ခရိုင်ထဲမှာ မြန်မာနဲ့ ထိုင်းအလုပ်သမား ၂၀၀ ကျော်ရှိတဲ့ နစ်ပွိုင့် ကုမ္ပဏီလီမိတက် (Knittpoint Co. Ltd) စက်ရုံ ထပ်ပြီး ပိတ်လိုက်ပါတယ်။ အခုလို အလုပ်ရပ်နားသွားတဲ့အခါမှာ တနှစ်ဆက်တိုက် အလုပ်လုပ်ထားရင် တလစာနှုန်းနဲ့ နစ်နာကြေးရရမှာဖြစ်ပေမယ့် မရကြတာကြောင့် နစ်နာကြေး ၂ လစာပေးဖို့ အလုပ်သမားတွေက ဆန္ဒပြ တောင်းဆိုနေကြတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ နကွန်ပထုန်ခရိုင်မှာ ထိုင်းနဲ့ မြန်မာအလုပ်သမား ၂၃၀ လောက်ရှိတဲ့ အထည်ချုပ်စက်ရုံတခု ပိတ်ပစ်လိုက်တာကြောင့် အလုပ်သမားတွေက နစ်နာကြေး ၂ လစာပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ မြန်မာရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေတဲ့ အေအေစီ မဟာမိတ်အဖွဲ့ရဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက အခုလိုပြောပါတယ်။

“နကွန်ပထုန်မှာ ဖြစ်တာပေါ့။ နကွန်ပထုန်မှာက ဝက်လုပ်ငန်းနဲ့ ရပ်တည်ကြတာ။ ဝက်သားလုပ်ငန်းတွေပေါ့။ ဒါပေမယ့် အခုလို အထည်ချုပ်စက်ရုံတွေလည်းရှိတယ်။ အဲဒီရုံတွေကလည်း ဆက်တိုက်ဆက်တိုက် ပိတ်လာတာ တွေ့ရတယ်။ မဟာချိုင်မှာ ပင်လယ်စာလုပ်ငန်းတွေမှာလည်း အဲဒီလိုအသံတွေ ကြားလာရတယ်။ အလုပ်သမားတွေက စက်ရုံပိတ်လို့ရှိရင် ထိုင်းနိုင်ငံမှာနေတဲ့ အလုပ်သမားတွေ အနေနဲ့ လုပ်သက်တနှစ်စာကို ရက်ပေါင်း ၃၀ စာ ပေးရမယ်။ ၂ နှစ်လုပ်ထားရင် ၂ လစာပေးရမယ်။ အဲဒီဟာတွေက ထိုင်းဘာသာနဲ့ တင်ထားတယ်။ တချို့ မြန်မာဘာသာနဲ့ တင်ထားတယ်။ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက တင်ထားတဲ့အတိုင်း သူတို့တောင်းဆိုတာပေါ့။ သူတို့အခွင့်ရေးကို တောင်းဆိုတာပေါ့။”

အခုလို စက်ရုံက ရုတ်တရက် ပိတ်ပစ်တယ်ဆိုရင် ထိုင်းဥပဒေအရ အလုပ်သမားတွေဘက်က နစ်နာကြေးတောင်းဆိုလို့ ရပေမယ့် အလုပ်ရှင်တွေဘက်ကတော့ ချက်ချင်း နစ်နာကြေးပေးတာမျိုးတွေတော့ မရှိသေးပါဘူး။ ဒီအတွက် အလုပ်သမားတွေက နေထိုင်စားသောက်ရေးတွေ အခက်အခဲတွေ ကြုံရပါတယ်။ အခုဆိုရင် ရုတ်တရက် ပိတ်ပစ်လိုက်တဲ့ စက်ရုံပေါင်း ၆ ရုံထက်မနည်း ရှိနေပြီလို့ဦးခိုင်ကြီးက ပြောပြပါတယ်။

“ကျနော်တို့ အလုပ်သမား သံအရာရှိတွေ သွားရှင်းတဲ့စက်ရုံ စူရတ်ဌာနီ၊ နကွန်ပထုန်၊ ဆူဖန်ဘူရီ၊ နွံထဘူရီက စက်ရုံတွေ အခုဆိုရင် ၆ ရုံရှိသွားပြီ။ ပိတ်တာ ၆ ရုံက အလုပ်သမား အများဆုံးက ၂၅၀၀ လောက်ရှိတာပေါ့။ ၃၀၀ လောက်ရှိတာတရုံ၊ ကျန်တဲ့ရုံတွေက ရာချီပြီးပိတ်တာ။ ကျနော်တို့အချက်အလက်က ၆ ရုံ တခြား ကျနော်တို့မသိတဲ့ ရုံတွေလည်း ရှိနိုင်သေးတာပေါ့။”

ထိုင်းနိုင်ငံမှာ အလုပ်တွေ အဆင်မပြေလို့ နေရပ်ပြန်မယ့် မြန်မာအလုပ်သမားတဦးကတော့ အခက်အခဲတွေ ရှိတဲ့အကြောင်း အခုလိုပြောပါတယ်။

“စားရေးသောက်ရေးကအစ အကုန်လုံး အခက်အခဲဖြစ်တယ်။ နေရေးထိုင်ရေးကအစ အကုန်လုံး အခက်အခဲဖြစ်တယ်။ ကိုယ့်တိုင်းပြည်မှာပဲ ပြန်ပြီးလုပ်ရတော့မှာပေါ့။”

ထိုင်းနိုင်ငံမှာ အခုဆိုရင် အထည်ချုပ်လုပ်ငန်းတွေ ရုတ်တရက် ပိတ်ပစ်လိုက်တာကြောင့် ဒီလပိုင်းတွေအတွင်း မြန်မာအလုပ်သမား ၃ ထောင်ထက်မနည်းဟာ အလုပ်လက်မဲ့ ဖြစ်ကြရပါတယ်။ တချို့လည်း နေရပ်ပြန်ဖို့ ပြင်ဆင်ကြသလို တချို့လည်း မြန်မာပြည်ကို မပြန်သေးဘဲ တခြားအလုပ်တွေကို ရှာဖွေလုပ်နေကြသူတွေလည်း ရှိပါတယ်။

ထိုင်းနိုင်ငံထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက်မနည်း ရှိနေပြီး အများစုကတော့ တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေကြသူတွေ များပါတယ်။

မေအးေအးမာ / VOA Burmese
https://burmese.voanews.com
ထိုင္းစက္႐ံုေတြပိတ္လို႔ ျမန္မာေတြ အလုပ္ျပဳတ္ ထိုင္းစက္႐ံုေတြပိတ္လို႔ ျမန္မာေတြ အလုပ္ျပဳတ္ Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.