တရားမဝင္လာေရာက္တဲ့ ျမန္မာ ၉၀ နီးပါး ထိုင္းက ျပန္ပို႔

ပံု- ေရႊ႕ေျပာင္းအလုပ္သမား အရင္းအျမစ္စင္တာ ( ေကာ ့ေသာင္း)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံထဲမွာ အဖမ္းခံေနရတဲ့ ျမန္မာႏုိင္ငံသား အေယာက္ ၉၀ နီးပါးကို ရေနာင္း- ေကာ့ေသာင္ နယ္စပ္ကေန ေအာက္တိုဘာလ ၃၁ ရက္ေန႔မွာ ထိုင္းအာဏာပိုင္ေတြက ျမန္မာႏိုင္ငံဘက္ကို ျပန္လည္လႊဲေျပာင္း ေပးခဲ့ပါတယ္။ ဒီအထဲမွာ လူကုန္ကူးခံရမႈနဲ႔ ဆက္ႏြယ္ၿပီး အဖမ္းဆီး ခံရသူေတြလည္း ပါဝင္ပါတယ္။

အျပည့္အစံုကို VOA သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံ ေတာင္ပိုင္းေနရာအသီးသီးကေန ဖမ္းဆီးခံရတဲ့ျမန္မာႏိုင္ငံသားေတြကုိ ထိုင္းအစိုးရက ရေနာင္းကေန ေကာ့ေသာင္းလမ္းကတဆင့္ ျပန္လဲြေျပာင္းေပးခဲ့တာပါ။ ျမန္မာဘက္က တာ၀န္ရွိသူေတြနဲ႔ အတူလဲြေျပာင္းယူခဲ့ေၾကာင္း ေကာ့ေသာင္းၿမိဳ႕ ေရႊ႕ေျပာင္းအလုပ္သမား အရင္းအျမစ္စင္တာ တာ၀န္ခံဦးမိုးေ၀က အခုလိုေျပာျပပါတယ္။

“ထိုင္းႏုိင္ငံရဲ႕ ေတာင္ပုိင္း ရေနာင္း၊ ဖူးခက္ ၊ စူရာတ္ဌာနီသရ ၊ကပီ ၊နာရာသီ၀ ၊ဆံုခလာ တို ့ဘက္က ေနရက္ျပည့္လို႔ျပန္လြတ္လာတဲ့ အုပ္စုရွိတယ္ အဲဒီထဲမွာ စာရြက္စာတမ္း မျပည့္စံုတာရယ္ အလုပ္ရွင္ မတူတာရယ္ေတြပါတယ္။ အခု ၃၁ရက္ေန႕ က လြတ္လာတဲ့အထဲမွာ ေယာက်ၤားေလးက ၇၆ ေယာက္ ၊မိန္းက ေလးက ၁၁ ေယာက္ပါတယ္။”

အခုျပန္လဲြေျပာင္းေပးတဲ့ အထဲမွာ ထုိင္းႏုိင္ငံရဲ႕ ကယ္ဆယ္ေရးစင္တာမွာ ၄ လေက်ာ္ၾကာ ေနထိုင္ၿပီး အမူရင္ဆုိင္ခဲ့ရတဲ့ လူကုန္ကူးခံရသူေတြလည္းပါ၀င္တယ္လို႔ ဆုိပါတယ္။

“လူကုန္းကူးခံရတာ တဖဲ႕ြပါတယ္။ ပဲခူးတုိင္း ? သာယာ၀တီခရိုင္ မင္းလွက ၈ေယာက္ပါတယ္။ သူတို ့အားလံုး ၄ လေက်ာ္ၾကာ ထုိင္းလူကယ္ျပန္စင္တာမွာ ေနရတယ္ ေျပာတယ္။ စင္တာထဲမွာ ေနထုိင္ရတာ ေနထုိင္စားေသာက္ရတာ အဆင္ေျပပါတယ္ ေျပာတယ္။ ၃ လထက္ေက်ာ္ေနရတဲ့ သူေတြကေတာ့ နစ္နာတဲ့အတြက္ တဦးကို ဘတ္ေငြ ၃ေထာင္စီေပးတယ္ေျပာတယ္။ အရင္တအုပ္စုက တေယာက္ ၅ရာစီပဲ ရတယ္။ ဒီအုပ္စုကေတာ့တရားရံုး ၂ႀကိမ္ တက္ရတယ္။ လူကုန္ကူးမူ မေျမာက္ဘူးဆိုၿပီးေတာ့ေရာ (လ၀က) အေထာက္အထားမျပည့္စံုတဲ့ သူနဲ႔ အတူက်န္တဲ့အခ်ဳပ္က်တဲ့သူေတြနဲ႔ ေရာပို ့လာတယ္။”

ထိုင္းႏို္င္ငံက ထိန္းသိမ္းေရး အခ်ဳပ္ေတြမွာ ရက္ျပည့္ျပီးေနာက္ တရား၀င္္ျပန္ပို့ခဲ့တာျဖစ္လို႔ ျမန္မာႏိုင္ငံဘက္ တာ၀န္ရွိသူေတြက စစ္ေဆးျပီး သူတို ့ကုိုလည္း ေနရပ္ျပန္ႏိုင္ဖို႔ စီစဥ္ေပးခဲ့ရတယ္လို႔ ဆိုပါတယ္။

“အခ်ဳပ္က်တဲ့သူေတြက ၄၅ရက္ရွိတယ္။ တဦးကို ၂၅ရက္ရွိတယ္။ ေနရာအသီးသီးက ေနလာစုတာ ရေနာင္းမွာ လာစုတာ ရေနာင္းမွာ ၂ရက္ ၃ရက္ၾကာၿပီးေတာ့မွ ရေနာင္းဂိတ္ကေန ျမန္မာဘက္က ေကာ့ေသာင္းကိုပုိ႔ လာတယ္။ ျမန္မာဘက္က လ၀က တုိ ့၊ ရဲတုိ ့လူကယ္ျပန္တို ့ႀကိဳဆုိၿပီးက်ေနာ္တုိ ့က စစ္ေဆးတာေပါ့။ သူတို႔ရြာကိုျပန္တဲ့ အခါသူတို ့အေထာက္အထားမရွိေတာ့ဘူးဆိုရင္ေတာ့ က်ေနာ္တုို့က ရန္ကုန္အထိ ကားကိုစီစဥ္ေပးတာေပါ့ Resource ဌာနေတြကေပါ့။”

ေအာက္တိုဘာလထဲမွာပဲ ရေနာင္း၊ ေကာ့ေသာင္းလမ္းကေန အခုလိုမ်ိဳး ျမန္မာႏို္င္ငံသား ၁၀၀ေက်ာ္ကုိ ထုိင္းဘက္က လဲြေျပာင္းေပးခဲ့ပါတယ္။ အခုဆိုရင္လူကုန္ကူးမူေတြဆက္စပ္ၿပီး စစ္ေဆးခံရတဲ့ ျမန္မာႏိုင္ငံသား၁၅၀ နီးပါးလည္း ထုိင္းက ကယ္ဆယ္ေရးစင္တာေတြမွာရွိေနဆဲျဖစ္ျပီး တခ်ိဳ႕ကိုေတာ့ ထိန္းသိမ္းေရး အခ်ဳပ္စခန္းေတြမွာပဲထားရွိပါတယ္။

ထိုင္းႏိုင္ငံေတာင္ပိုင္းမွာ ၂၀၁၉ခုႏွစ္အတြင္း တရားမ၀င္ခုိး၀င္လာတဲ့ ျမန္မာႏိုင္ငံသား ၇ေထာင္ေလာက္ကုိ ဖမ္းဆီးခဲ့ျပီး သူတို႔ကုိပုိ႔ေဆာင္ခဲ့တဲ့လူပဲြစား ၁၅၀ေလာက္ကိုလည္း ထိန္းသိမ္းခဲ့ပါတယ္။

...................

တရားမဝင်လာရောက်တဲ့ မြန်မာ ၉၀ နီးပါး ထိုင်းက ပြန်ပို့

(Unicode)

ထိုင်းနိုင်ငံထဲမှာ အဖမ်းခံနေရတဲ့ မြန်မာနိုင်ငံသား အယောက် ၉၀ နီးပါးကို ရနောင်း- ကော့သောင် နယ်စပ်ကနေ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်း ပေးခဲ့ပါတယ်။ ဒီအထဲမှာ လူကုန်ကူးခံရမှုနဲ့ ဆက်နွယ်ပြီး အဖမ်းဆီး ခံရသူတွေလည်း ပါဝင်ပါတယ်။

အပြည့်အစုံကို VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းနေရာအသီးသီးကနေ ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက ရနောင်းကနေ ကော့သောင်းလမ်းကတဆင့် ပြန်လွဲပြောင်းပေးခဲ့တာပါ။ မြန်မာဘက်က တာဝန်ရှိသူတွေနဲ့ အတူလွဲပြောင်းယူခဲ့ကြောင်း ကော့သောင်းမြို့ ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာ တာဝန်ခံဦးမိုးဝေက အခုလိုပြောပြပါတယ်။

“ထိုင်းနိုင်ငံရဲ့ တောင်ပိုင်း ရနောင်း၊ ဖူးခက် ၊ စူရာတ်ဌာနီသရ ၊ကပီ ၊နာရာသီ၀ ၊ဆုံခလာ တို့ဘက်က နေရက်ပြည့်လို့ပြန်လွတ်လာတဲ့ အုပ်စုရှိတယ် အဲဒီထဲမှာ စာရွက်စာတမ်း မပြည့်စုံတာရယ် အလုပ်ရှင် မတူတာရယ်တွေပါတယ်။ အခု ၃၁ရက်နေ့ က လွတ်လာတဲ့အထဲမှာ ယောင်္ကျားလေးက ၇၆ ယောက် ၊မိန်းက လေးက ၁၁ ယောက်ပါတယ်။”

အခုပြန်လွဲပြောင်းပေးတဲ့ အထဲမှာ ထိုင်းနိုင်ငံရဲ့ ကယ်ဆယ်ရေးစင်တာမှာ ၄ လကျော်ကြာ နေထိုင်ပြီး အမူရင်ဆိုင်ခဲ့ရတဲ့ လူကုန်ကူးခံရသူတွေလည်းပါဝင်တယ်လို့ ဆိုပါတယ်။

“လူကုန်းကူးခံရတာ တဖဲ့ွပါတယ်။ ပဲခူးတိုင်း ? သာယာဝတီခရိုင် မင်းလှက ၈ယောက်ပါတယ်။ သူတို့အားလုံး ၄ လကျော်ကြာ ထိုင်းလူကယ်ပြန်စင်တာမှာ နေရတယ် ပြောတယ်။ စင်တာထဲမှာ နေထိုင်ရတာ နေထိုင်စားသောက်ရတာ အဆင်ပြေပါတယ် ပြောတယ်။ ၃ လထက်ကျော်နေရတဲ့ သူတွေကတော့ နစ်နာတဲ့အတွက် တဦးကို ဘတ်ငွေ ၃ထောင်စီပေးတယ်ပြောတယ်။ အရင်တအုပ်စုက တယောက် ၅ရာစီပဲ ရတယ်။ ဒီအုပ်စုကတော့တရားရုံး ၂ကြိမ် တက်ရတယ်။ လူကုန်ကူးမူ မမြောက်ဘူးဆိုပြီးတော့ရော (လဝက) အထောက်အထားမပြည့်စုံတဲ့ သူနဲ့ အတူကျန်တဲ့အချုပ်ကျတဲ့သူတွေနဲ့ ရောပို့လာတယ်။”

ထိုင်းနိုင်ငံက ထိန်းသိမ်းရေး အချုပ်တွေမှာ ရက်ပြည့်ပြီးနောက် တရားဝင်ပြန်ပို့ခဲ့တာဖြစ်လို့ မြန်မာနိုင်ငံဘက် တာဝန်ရှိသူတွေက စစ်ဆေးပြီး သူတို့ကိုလည်း နေရပ်ပြန်နိုင်ဖို့ စီစဉ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“အချုပ်ကျတဲ့သူတွေက ၄၅ရက်ရှိတယ်။ တဦးကို ၂၅ရက်ရှိတယ်။ နေရာအသီးသီးက နေလာစုတာ ရနောင်းမှာ လာစုတာ ရနောင်းမှာ ၂ရက် ၃ရက်ကြာပြီးတော့မှ ရနောင်းဂိတ်ကနေ မြန်မာဘက်က ကော့သောင်းကိုပို့ လာတယ်။ မြန်မာဘက်က လဝက တို့၊ ရဲတို့လူကယ်ပြန်တို့ကြိုဆိုပြီးကျနော်တို့က စစ်ဆေးတာပေါ့။ သူတို့ရွာကိုပြန်တဲ့ အခါသူတို့အထောက်အထားမရှိတော့ဘူးဆိုရင်တော့ ကျနော်တို့က ရန်ကုန်အထိ ကားကိုစီစဉ်ပေးတာပေါ့ Resource ဌာနတွေကပေါ့။”

အောက်တိုဘာလထဲမှာပဲ ရနောင်း၊ ကော့သောင်းလမ်းကနေ အခုလိုမျိုး မြန်မာနိုင်ငံသား ၁၀၀ကျော်ကို ထိုင်းဘက်က လွဲပြောင်းပေးခဲ့ပါတယ်။ အခုဆိုရင်လူကုန်ကူးမူတွေဆက်စပ်ပြီး စစ်ဆေးခံရတဲ့ မြန်မာနိုင်ငံသား၁၅၀ နီးပါးလည်း ထိုင်းက ကယ်ဆယ်ရေးစင်တာတွေမှာရှိနေဆဲဖြစ်ပြီး တချို့ကိုတော့ ထိန်းသိမ်းရေး အချုပ်စခန်းတွေမှာပဲထားရှိပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ၂၀၁၉ခုနှစ်အတွင်း တရားမဝင်ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၇ထောင်လောက်ကို ဖမ်းဆီးခဲ့ပြီး သူတို့ကိုပို့ဆောင်ခဲ့တဲ့လူပွဲစား ၁၅၀လောက်ကိုလည်း ထိန်းသိမ်းခဲ့ပါတယ်။

ေအးေအးမာ  / VOA Burmese
https://burmese.voanews.com
တရားမဝင္လာေရာက္တဲ့ ျမန္မာ ၉၀ နီးပါး ထိုင္းက ျပန္ပို႔ တရားမဝင္လာေရာက္တဲ့ ျမန္မာ ၉၀ နီးပါး ထိုင္းက ျပန္ပို႔ Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.