အရပ္သားေတြကို ပစ္မွတ္ထားတိုက္ခိုက္မႈ ရပ္တန႔္ဖို႔ တပ္နဲ႔ ေျမာက္ပိုင္း သုံးဖြဲ႕ကို ေတာင္းဆို

ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႕ TNLA, MNDAA, AA တပ္ဖြဲ႕ဝင္ေတြကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္ ေျမာက္ပိုင္းက တပ္မေတာ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္ သုံးဖြဲ႕တို႔ တိုက္ပြဲေတြမွာ အရပ္သားျပည္သူေတြကို ပစ္မွတ္ထား တိုက္ခိုက္ေနတာေတြ ရပ္တန႔္ဖို႔ အရပ္ဖက္ အဖြဲ႕အစည္း ၅၀ ေက်ာ္က ေတာင္းဆိုလိုက္ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲ၊ နမ့္ဆန္၊ သီေပါ၊ လားရႈိးနဲ႔ ကြတ္ခိုင္ စတဲ့ၿမိဳ႕နယ္ေတြမွာ တပ္မေတာ္နဲ႔ ေျမာက္ပိုင္း သုံးဖြဲ႕ တိုက္ပြဲျဖစ္ေနတာေၾကာင့္ ျပည္ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္နဲ႔ အမ်ားျပည္သူသြားလာရာ လမ္းနဲ႔ ေက်း႐ြာေတြမွာ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲတာ ေျမျမႇဳပ္မိုင္းေပါက္ကြဲတာေတြ ရွိေနပါတယ္။

ျပည္ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္ ေက်း႐ြာေတြက သြားလာလို႔ မရေလာက္ေအာင္ထိ အခက္အခဲေတြ႕ေနတယ္လို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း လူသားခ်င္းစာနာေထာက္ထားမႈ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕က ေျပာခြင့္ရသူ ဦးေဟာင္းေဒါင္း က ေျပာပါတယ္။

“ျပည္ေထာင္စုလမ္းမ ေဘးပတ္ဝန္းက်င္မွာ တိုက္ပြဲေတြျဖစ္လို႔ ျပည္သူေတြက သြားလာရတာ ၾကန႔္ၾကာေႏွာင့္ေႏွးတာေတြ ကားပိတ္တာေတြ ရွိေနတယ္။ ေနာက္ၿပီး ျပည္ေထာင္စု လမ္းမေဘးက ေက်း႐ြာေတြကေတာ့ ဘယ္မွသြားလို႔လာလို႔ မရတဲ့အေနအထားမွာ ရွိေနပါတယ္”

တိုက္ပြဲေတြဟာ မေန႔ကအထိ လားရႈိး၊ ေက်ာက္မဲၿမိဳ႕နယ္ေတြမွာ ျဖစ္ပြားခဲ့ၿပီး ေက်ာက္မဲၿမိဳ႕နယ္ထဲက ကြန္ေကာ္၊ ေတာ့ဖယ္ေက်း႐ြာေတြက ေဒသခံ ၃၀၀ ေလာက္ ထြက္ေျပးေနရပါတယ္။ လမ္းမွာပိတ္မိေနတာေၾကာင့္ ေက်ာက္မဲၿမိဳ႕ေပၚကို ဒီေန႔အထိ ေရာက္မလာႏိုင္ေသးဘူးလို႔ အျဖဴေရာင္တြဲလက္မ်ား ပရဟိတ လူငယ္အဖြဲ႕က ကိုဝင္းေဇယ်ာထြန္းက ေျပာပါတယ္။

အဲဒီစစ္ေရွာင္ေတြ ပိတ္မိေနတဲ့အေျခအေနကို ကိုဝင္းေဇယ်ာထြန္း ေျပာျပတာက ----

“ဒုကၡသည္ေတြကေတာ့ မေရာက္ေသးဘူး၊ သူတို႔ တိုက္ပြဲျဖစ္တဲ့ ေဘးနားက႐ြာ ခုံမင္းေက်း႐ြာမွာေတာ့ ၃၀၀ ေလာက္ရွိတယ္လို႔ ေျပာပါတယ္။ ဒီဘက္ကို မဆင္းလာႏိုင္ဘူးေပါ့၊ လမ္းေတြ ပိတ္ထားလို႔။ လာရင္ အခုျဖစ္ေနတဲ့ မိုင္းေမာ့ဘက္ကလည္း လာလို႔ရတယ္။ ႏွစ္လမ္းေပါ့ ေနာက္ထပ္တစ္လမ္းကေတာ့ မိုင္းေထာင္ထားတယ္လို႔ ၾကားတယ္”

အဲဒီေက်း႐ြာေတြကေန ေက်ာက္မဲၿမိဳ႕ကို ေရာက္ဖို႔ဆိုရင္ ေက်း႐ြာလမ္းေတြကိုသာ အသုံးျပဳရတာျဖစ္ၿပီး  ႏွစ္ဖက္တပ္ေတြ ေထာင္ထားတဲ့ မိုင္းအႏၲရာယ္ကိုလည္း ေၾကာက္ေနရတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ မေန႔က လားရႈိးၿမိဳ႕တြင္းကို ေရွာ့တိုက္ဒုံးလို႔ ယူဆရတဲ့ လက္နက္ႀကီးေတြနဲ႔ တိုက္ခိုက္ခံရၿပီး အဲဒီတိုက္ခိုက္မႈမွာ အရပ္သား ေနအိမ္ေတြ ထိခိုက္ပ်က္စီးခဲ့တာေၾကာင့္ ၿမိဳ႕ျပေန ျပည္သူေတြရဲ႕ လုံၿခဳံေရးကို ၿခိမ္းေျခာက္တဲ့ အေျခအေနအထိ ျဖစ္လာေၾကာင္း အရပ္ဖက္အဖြဲ႕ ၅၀ ေက်ာ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဝဖန္ထားပါတယ္။

အဲဒီလို ေဆာင္႐ြက္ခ်က္ေတြဟာ တိုက္ပြဲေတြအတြင္း အရပ္သားျပည္သူေတြကို ကာကြယ္ေစာင့္ေရွာက္ျခင္းဆိုင္ရာ လမ္းၫႊန္ခ်က္ျဖစ္တဲ့ အျပည္ျပည္ဆိုင္ရာ လူသားခ်င္း စာနာေထာက္ထားျခင္းဆိုင္ရာ ဥပေဒနဲ႔ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးဥပေဒေတြကို က်ဴးလြန္ေဖာက္ဖ်က္ရာ ေရာက္ေၾကာင္းလည္း ေထာက္ျပထားပါတယ္။

မေန႔က လားရႈိးၿမိဳ႕ထဲကို ေရွာ့တိုက္ဒုံးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာဟာ TNLA အဖြဲ႕ လက္ခ်က္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ပါတယ္။ TNLA ကေတာ့ ဘယ္အဖြ႕ဲက ပစ္မွန္းမသိေၾကာင္း မေန႔က RFA ကို ေျဖၾကားထားပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္ ၁၅ ရက္ေန႔က ျပင္ဦးလြင္ၿမိဳ႕က တပ္မေတာ္ နည္းပညာတကၠသိုလ္ကို ေျမာက္ပိုင္း သုံးဖြဲ႕က တိုက္ခိုက္ခဲ့ၿပီးေနာက္ပိုင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းက ေက်ာက္မဲ၊ နမ့္ဆန္၊ သီေပါ၊ လားရႈိးနဲ႔ ကြတ္ခိုင္ၿမိဳ႕ေတြမွာ ထပ္မံၿပီး တိုက္ပြဲေတြ ျပင္းထန္ခဲ့တာပါ။ ႏွစ္ဖက္တိုက္ပြဲ ရပ္တန႔္ထားၿပီး လပိုင္းအၾကာမွာပဲ အခုလို တိုက္ပြဲ ျပန္ျပင္းထန္လာတာပါ။

အရပ္ဖက္အဖြဲ႕ေတြရဲ႕ ေတာင္းဆိုခ်က္နဲ႔ ပတ္သက္ၿပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို RFA က ဒီကေန႔ ဆက္သြယ္ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာ မရွိေသးပါဘူး။

ေအာက္တိုဘာလကေန ႏိုဝင္ဘာလ ၁၆  မေန႔ကအထိ အရပ္သား ျပည္သူေတြ ထိခိုက္ဒဏ္ရာရသူ ၃၀ ေက်ာ္ရွိခဲ့ၿပီး ေသဆုံးသူ ငါးဦးရွိေၾကာင္းလည္း အရပ္ဖက္အဖြဲ႕ေတြရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီတိုက္ပြဲေတြေၾကာင့္ ရွမ္းျပည္ေျမာက္ပိုင္းမွာ စစ္ေဘးေရွာင္ တစ္ေသာင္းခြဲ ရွိေနၿပီျဖစ္ၿပီး တိုက္ပြဲဆက္ျပင္းထန္လာမွာကို ဒုကၡသည္အေရး ကူညီေနသူေတြက စိုးရိမ္ေနၾကပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ရပ်တန့်ဖို့ တပ်နဲ့ မြောက်ပိုင်း သုံးဖွဲ့ကို တောင်းဆို

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ TNLA, MNDAA, AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Arakan Army

ရှမ်းပြည်နယ် မြောက်ပိုင်းက တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ တိုက်ပွဲတွေမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ အရပ်ဖက် အဖွဲ့အစည်း ၅၀ ကျော်က တောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ သီပေါ၊ လားရှိုးနဲ့ ကွတ်ခိုင် စတဲ့မြို့နယ်တွေမှာ တပ်မတော်နဲ့ မြောက်ပိုင်း သုံးဖွဲ့ တိုက်ပွဲဖြစ်နေတာကြောင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်နဲ့ အများပြည်သူသွားလာရာ လမ်းနဲ့ ကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာ မြေမြှုပ်မိုင်းပေါက်ကွဲတာတွေ ရှိနေပါတယ်။

ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကျေးရွာတွေက သွားလာလို့ မရလောက်အောင်ထိ အခက်အခဲတွေ့နေတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ပြောခွင့်ရသူ ဦးဟောင်းဒေါင်း က ပြောပါတယ်။

“ပြည်ထောင်စုလမ်းမ ဘေးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်လို့ ပြည်သူတွေက သွားလာရတာ ကြန့်ကြာနှောင့်နှေးတာတွေ ကားပိတ်တာတွေ ရှိနေတယ်။ နောက်ပြီး ပြည်ထောင်စု လမ်းမဘေးက ကျေးရွာတွေကတော့ ဘယ်မှသွားလို့လာလို့ မရတဲ့အနေအထားမှာ ရှိနေပါတယ်”

တိုက်ပွဲတွေဟာ မနေ့ကအထိ လားရှိုး၊ ကျောက်မဲမြို့နယ်တွေမှာ ဖြစ်ပွားခဲ့ပြီး ကျောက်မဲမြို့နယ်ထဲက ကွန်ကော်၊ တော့ဖယ်ကျေးရွာတွေက ဒေသခံ ၃၀၀ လောက် ထွက်ပြေးနေရပါတယ်။ လမ်းမှာပိတ်မိနေတာကြောင့် ကျောက်မဲမြို့ပေါ်ကို ဒီနေ့အထိ ရောက်မလာနိုင်သေးဘူးလို့ အဖြူရောင်တွဲလက်များ ပရဟိတ လူငယ်အဖွဲ့က ကိုဝင်းဇေယျာထွန်းက ပြောပါတယ်။

အဲဒီစစ်ရှောင်တွေ ပိတ်မိနေတဲ့အခြေအနေကို ကိုဝင်းဇေယျာထွန်း ပြောပြတာက ----

“ဒုက္ခသည်တွေကတော့ မရောက်သေးဘူး၊ သူတို့ တိုက်ပွဲဖြစ်တဲ့ ဘေးနားကရွာ ခုံမင်းကျေးရွာမှာတော့ ၃၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။ ဒီဘက်ကို မဆင်းလာနိုင်ဘူးပေါ့၊ လမ်းတွေ ပိတ်ထားလို့။ လာရင် အခုဖြစ်နေတဲ့ မိုင်းမော့ဘက်ကလည်း လာလို့ရတယ်။ နှစ်လမ်းပေါ့ နောက်ထပ်တစ်လမ်းကတော့ မိုင်းထောင်ထားတယ်လို့ ကြားတယ်”

အဲဒီကျေးရွာတွေကနေ ကျောက်မဲမြို့ကို ရောက်ဖို့ဆိုရင် ကျေးရွာလမ်းတွေကိုသာ အသုံးပြုရတာဖြစ်ပြီး  နှစ်ဖက်တပ်တွေ ထောင်ထားတဲ့ မိုင်းအန္တရာယ်ကိုလည်း ကြောက်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့က လားရှိုးမြို့တွင်းကို ရှော့တိုက်ဒုံးလို့ ယူဆရတဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရပြီး အဲဒီတိုက်ခိုက်မှုမှာ အရပ်သား နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တာကြောင့် မြို့ပြနေ ပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အခြေအနေအထိ ဖြစ်လာကြောင်း အရပ်ဖက်အဖွဲ့ ၅၀ ကျော်ရဲ့ ထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။

အဲဒီလို ဆောင်ရွက်ချက်တွေဟာ တိုက်ပွဲတွေအတွင်း အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ ဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေတွေကို ကျူးလွန်ဖောက်ဖျက်ရာ ရောက်ကြောင်းလည်း ထောက်ပြထားပါတယ်။

မနေ့က လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဟာ TNLA အဖွဲ့ လက်ချက်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ TNLA ကတော့ ဘယ်အဖွ့ဲက ပစ်မှန်းမသိကြောင်း မနေ့က RFA ကို ဖြေကြားထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့က ပြင်ဦးလွင်မြို့က တပ်မတော် နည်းပညာတက္ကသိုလ်ကို မြောက်ပိုင်း သုံးဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ နမ့်ဆန်၊ သီပေါ၊ လားရှိုးနဲ့ ကွတ်ခိုင်မြို့တွေမှာ ထပ်မံပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲ ရပ်တန့်ထားပြီး လပိုင်းအကြာမှာပဲ အခုလို တိုက်ပွဲ ပြန်ပြင်းထန်လာတာပါ။

အရပ်ဖက်အဖွဲ့တွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။

အောက်တိုဘာလကနေ နိုဝင်ဘာလ ၁၆  မနေ့ကအထိ အရပ်သား ပြည်သူတွေ ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ငါးဦးရှိကြောင်းလည်း အရပ်ဖက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ဘေးရှောင် တစ်သောင်းခွဲ ရှိနေပြီဖြစ်ပြီး တိုက်ပွဲဆက်ပြင်းထန်လာမှာကို ဒုက္ခသည်အရေး ကူညီနေသူတွေက စိုးရိမ်နေကြပါတယ်။

RFA Burmese
https://www.rfa.org
အရပ္သားေတြကို ပစ္မွတ္ထားတိုက္ခိုက္မႈ ရပ္တန႔္ဖို႔ တပ္နဲ႔ ေျမာက္ပိုင္း သုံးဖြဲ႕ကို ေတာင္းဆို အရပ္သားေတြကို ပစ္မွတ္ထားတိုက္ခိုက္မႈ ရပ္တန႔္ဖို႔ တပ္နဲ႔ ေျမာက္ပိုင္း သုံးဖြဲ႕ကို ေတာင္းဆို Reviewed by THITHTOOLWIN on 05:51 Rating: 5
Powered by Blogger.