ေျမာက္ဦးမွာ လက္နက္ႀကီးက်ၿပီး အမ်ိဳးသမီး တစ္ဦးဒဏ္ရာရ

Photo: Google Map
(Zawgyi)⤵⤵⤵

ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ ထိပ္ဝျပင္ေက်း႐ြာကို ဒီေန႔မနက္ ၁ နာရီခြဲေလာက္မွာ လက္နက္ႀကီးနဲ႔ ပစ္ခတ္ခံရလို႔ အသက္ ၅၀ ေက်ာ္အ႐ြယ္ ေဒၚေအာင္ၫြန႔္စိန္ရဲ႕ေျခေထာက္မွာ လက္နက္ႀကီးအစထိမွန္ၿပီး ဒီေန႔မနက္ပိုင္းမွာ ေျမာက္ဦးေဆး႐ုံကို ပို႔ေဆာင္ထားရတယ္လို႔ ႐ြာသားေတြကေျပာပါတယ္။

ထိပ္ဝျပင္ေက်း႐ြာနဲ႔ မ်က္ႏွာခ်င္းဆိုင္ ႏွစ္မိုင္ခန႔္အကြာ လင္းေႁမြေတာင္မွာ တပ္မေတာ္ရဲ႕လက္နက္ႀကီးစခန္းရွိၿပီး ဒီေန႔မနက္ ၁ နာရီခြဲေလာက္မွာ လက္နက္ငယ္ေတြနဲ႔ပစ္ခတ္သံေတြၾကားရၿပီးေနာက္ ႐ြာထဲကို အခုလို က်ေရာက္လာခဲ့တာလို႔ ဆိုပါတယ္။

လက္နက္ႀကီးဟာ အိမ္ေရွ႕နား အုန္းပင္ကေနတစ္ဆင့္ က်ေရာက္ေပါက္ကြဲၿပီး အဲဒီကေန လြင့္စဥ္လာတဲ့ အပိုင္းအစထိမွန္သြားတာလို႔လည္း ႐ြာသားေတြကေျပာပါတယ္။

လက္နက္ႀကီးက်ေရာက္တဲ့အခ်ိန္မွာ ေဒၚေအာင္ၫြန႔္စိန္ဟာ တေရးႏိုးၿပီး အိမ္ေအာက္ကိုဆင္းလာစဥ္ ထိမွန္ခဲ့တာလို႔လည္း႐ြာသားေတြက ေျပာပါတယ္။

အဲဒီလက္နက္ႀကီးဟာ လင္းေႁမြေတာင္မွာတပ္စြဲထားတဲ့ တပ္မေတာ္က ပစ္ခတ္တာျဖစ္ႏိုင္တယ္လို႔ ႐ြာသားေတြကယူဆေနၾကၿပီး ဒီကိစၥနဲ႔ပတ္သက္လို႔ တပ္မေတာ္ေျပာခြင့္ရသူေတြကို RFA က ဆက္သြယ္ေမးျမန္းဖို႔ႀကိဳးစားေနပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese/
---------------
(Unicode)⤵⤵⤵
 မြောက်ဦးမှာ လက်နက်ကြီးကျပြီး အမျိုးသမီး တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာကို ဒီနေ့မနက် ၁ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ အသက် ၅၀ ကျော်အရွယ် ဒေါ်အောင်ညွန့်စိန်ရဲ့ခြေထောက်မှာ လက်နက်ကြီးအစထိမှန်ပြီး ဒီနေ့မနက်ပိုင်းမှာ မြောက်ဦးဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ရွာသားတွေကပြောပါတယ်။

ထိပ်ဝပြင်ကျေးရွာနဲ့ မျက်နှာချင်းဆိုင် နှစ်မိုင်ခန့်အကွာ လင်းမြွေတောင်မှာ တပ်မတော်ရဲ့လက်နက်ကြီးစခန်းရှိပြီး ဒီနေ့မနက် ၁ နာရီခွဲလောက်မှာ လက်နက်ငယ်တွေနဲ့ပစ်ခတ်သံတွေကြားရပြီးနောက် ရွာထဲကို အခုလို ကျရောက်လာခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးဟာ အိမ်ရှေ့နား အုန်းပင်ကနေတစ်ဆင့် ကျရောက်ပေါက်ကွဲပြီး အဲဒီကနေ လွင့်စဉ်လာတဲ့ အပိုင်းအစထိမှန်သွားတာလို့လည်း ရွာသားတွေကပြောပါတယ်။

လက်နက်ကြီးကျရောက်တဲ့အချိန်မှာ ဒေါ်အောင်ညွန့်စိန်ဟာ တရေးနိုးပြီး အိမ်အောက်ကိုဆင်းလာစဉ် ထိမှန်ခဲ့တာလို့လည်းရွာသားတွေက ပြောပါတယ်။

အဲဒီလက်နက်ကြီးဟာ လင်းမြွေတောင်မှာတပ်စွဲထားတဲ့ တပ်မတော်က ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ရွာသားတွေကယူဆနေကြပြီး ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

Photo: Google Map
RFA Burmese
https://www.facebook.com/rfaburmese/
ေျမာက္ဦးမွာ လက္နက္ႀကီးက်ၿပီး အမ်ိဳးသမီး တစ္ဦးဒဏ္ရာရ  ေျမာက္ဦးမွာ လက္နက္ႀကီးက်ၿပီး အမ်ိဳးသမီး တစ္ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 14:16 Rating: 5
Powered by Blogger.