ကခ်င္ေျမေပၚက အေမရိကန္နဲ႔ တ႐ုတ္တို႔ရဲ႕ေျခရာ ပထဝီႏိုင္ငံေရးလား

အေမရိကန္သံအမတ္ႀကီး စေကာ့မာစီရယ္ကို ၂ဝ၁၉ ႏိုဝင္ဘာလအတြင္းက ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွာ ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ကခ်င္ျပည္နယ္မွာ တ႐ုတ္နဲ႔ အေမရိကန္ႏွစ္ႏိုင္ငံရဲ႕ ေငြလႉဒါန္းမႈနဲ႔ခရီးစဥ္လည္ပတ္မႈေတြက ဆက္တိုက္ဆိုသလို တူညီေနတာေတြရွိေနပါတယ္။

RFA ရဲ႕ေလ့လာခ်က္အရ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၁၃ ရက္ကေန ၁၅ ရက္အထိ အေမရိကန္သံအမတ္ စေကာ့မာစီရယ္ ဦးေဆာင္တဲ့အဖြဲ႕နဲ႔ အေမရိကန္ ႏိုင္ငံတကာဖြံ႕ၿဖိဳးေရးေအဂ်င္စီက အႀကီးအကဲတို႔ဟာ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားနဲ႔ ပူတာအိုကိုသြားၿပီး စစ္ေဘးသင့္ျပည္သူေတြနဲ႔ ေတြ႕ဆုံတာနဲ႔ လႉဒါန္းမႈေတြ ျပဳလုပ္ခဲ့သလို သံအမတ္ဟာ ဒုတိယကမာၻစစ္တုန္းက အေမရိကန္စစ္သားေတြနဲ႔အတူ တိုက္ပြဲဝင္ခဲ့တဲ့ ကခ်င္စစ္ျပန္ သုံးေယာက္ကို ေတြ႕ဆုံခဲ့ပါတယ္။

အဲဒီေနာက္ ႏိုဝင္ဘာ ၁၉ ရက္ေန႔မွာပဲ တ႐ုတ္သံအမတ္ Mr. Chen Hai နဲ႔အဖြဲ႕ကလည္း ျမစ္ႀကီးနားကို သြားေရာက္ၿပီး ေဒသခံ တ႐ုတ္ႏြယ္ဖြားေတြနဲ႔ေတြ႕ဆုံတာ တ႐ုတ္စစ္ျပန္ စစ္မႈထမ္းေဟာင္းေတြနဲ႔ ေတြ႕ဆုံတာေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒီလိုတိုက္ဆိုင္ေနတာဟာ ကခ်င္ေျမေပၚေ႐ြ႕လာတဲ့ အေမရိကန္နဲ႔ တ႐ုတ္တို႔ရဲ႕ သံခင္းတမန္ခင္းၿပိဳင္ဆိုင္မႈလားဆိုတဲ့ သုံးသပ္မႈေတြရွိေနပါတယ္။

ဒီကိစၥကို အေမရိကန္သံအမတ္ႀကီး စေကာ့မာစီရယ္က ဟုတ္မဟုတ္ တိုက္႐ိုက္ေျဖဆိုျခင္းေတာ့ မရွိပါဘူး။ ဒီလိုတိုက္ဆိုင္တာ ဒီတစ္ႀကိမ္တည္းေတာ့ မဟုတ္ပါဘူး။ ႏိုဝင္ဘာလ ၈ ရက္ေန႔က တ႐ုတ္အထူးကိုယ္စားလွယ္ မစၥတာစြန္းေကာရွမ္း ျမန္မာႏိုင္ငံကို လာေရာက္ၿပီး ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ေအာင္ျမင္ဖို႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန NRPC ကို ေဒၚလာတစ္သန္း လႉဒါန္းခဲ့တုန္းကလည္း အဲဒီေန႔မွာပဲ အေမရိကန္က မႏၲေလးေ႐ႊေက်ာင္းႀကီး ျပဳျပင္ထိန္းသိမ္းေရးအတြက္ ေဒၚလာတစ္သန္း လႉဒါန္းခဲ့တယ္။

တိုင္းရင္းသားတခ်ိဳ႕ကေတာ့ ဒါဟာ ပထဝီႏိုင္ငံေရးကစားပြဲလားဆိုၿပီး စိုးရိမ္ေနၾကပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ကခ်င္ျပည္နယ္နဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့အျပင္ တိုင္းရင္းသားလက္နက္ကိုင္ အေရးကိစၥေတြအေပၚမွာလည္း တိုက္႐ိုက္လႊမ္းမိုးႏိုင္ေနတဲ့ အေနအထားျဖစ္ေနပါတယ္။

Another Development (AD) အဖြဲ႕ရဲ႕ မဟာဗ်ဴဟာအႀကံေပး ဦးေမာ္ထြန္းေအာင္က ဒါဟာ ပထဝီႏိုင္ငံေရး ေျခလွမ္းေတြျဖစ္တယ္လို႔ သုံးသပ္ပါတယ္။

ISP Myanmar အဖြဲ႕က ျပင္ပဆက္ဆံေရးတာဝန္ခံ ဦးေအာင္သူၿငိမ္းကလည္း အေမရိကန္နဲ႔ တ႐ုတ္တို႔ရဲ႕ သံခင္းတမန္ခင္းၿပိဳင္ဆိုင္မႈေတြဟာ ကခ်င္ျပည္နယ္မွာသာမက တစ္ႏိုင္ငံလုံးက တ႐ုတ္အတြက္ အေရးပါေနတာမို႔ ပထဝီႏိုင္ငံေရးမွာ အေရးပါေနတယ္လို႔ ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဟာ သူ႔ရဲ႕အက်ိဳးစီးပြားနဲ႔ ပတ္သက္လာရင္ နယ္စပ္ေဒသတည္ၿငိမ္မႈရွိဖို႔ ပိုအေရးေပးေလ့ရွိၿပီး အဲဒါေၾကာင့္ပဲ ဝတပ္ကို အင္အားေတာင့္တင္းေအာင္ လုပ္ခဲ့တာရွိတယ္လို႔ ဝါရင့္သတင္းစာဆရာ ဘာေတးလင့္တနာက RFA ကို သုံးသပ္ျပထားတာရွိပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
ကချင်မြေပေါ်က အမေရိကန်နဲ့ တရုတ်တို့ရဲ့ခြေရာ ပထဝီနိုင်ငံရေးလား

အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်ကို ၂ဝ၁၉ နိုဝင်ဘာလအတွင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ရစဉ်

ကချင်ပြည်နယ်မှာ တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံရဲ့ ငွေလှူဒါန်းမှုနဲ့ခရီးစဉ်လည်ပတ်မှုတွေက ဆက်တိုက်ဆိုသလို တူညီနေတာတွေရှိနေပါတယ်။

RFA ရဲ့လေ့လာချက်အရ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အထိ အမေရိကန်သံအမတ် စကော့မာစီရယ် ဦးဆောင်တဲ့အဖွဲ့နဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက အကြီးအကဲတို့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ပူတာအိုကိုသွားပြီး စစ်ဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံတာနဲ့ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့သလို သံအမတ်ဟာ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်စစ်သားတွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ ကချင်စစ်ပြန် သုံးယောက်ကို တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် နိုဝင်ဘာ ၁၉ ရက်နေ့မှာပဲ တရုတ်သံအမတ် Mr. Chen Hai နဲ့အဖွဲ့ကလည်း မြစ်ကြီးနားကို သွားရောက်ပြီး ဒေသခံ တရုတ်နွယ်ဖွားတွေနဲ့တွေ့ဆုံတာ တရုတ်စစ်ပြန် စစ်မှုထမ်းဟောင်းတွေနဲ့ တွေ့ဆုံတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုတိုက်ဆိုင်နေတာဟာ ကချင်မြေပေါ်ရွေ့လာတဲ့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ သံခင်းတမန်ခင်းပြိုင်ဆိုင်မှုလားဆိုတဲ့ သုံးသပ်မှုတွေရှိနေပါတယ်။

ဒီကိစ္စကို အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ဟုတ်မဟုတ် တိုက်ရိုက်ဖြေဆိုခြင်းတော့ မရှိပါဘူး။ ဒီလိုတိုက်ဆိုင်တာ ဒီတစ်ကြိမ်တည်းတော့ မဟုတ်ပါဘူး။ နိုဝင်ဘာလ ၈ ရက်နေ့က တရုတ်အထူးကိုယ်စားလှယ် မစ္စတာစွန်းကောရှမ်း မြန်မာနိုင်ငံကို လာရောက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကို ဒေါ်လာတစ်သန်း လှူဒါန်းခဲ့တုန်းကလည်း အဲဒီနေ့မှာပဲ အမေရိကန်က မန္တလေးရွှေကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် ဒေါ်လာတစ်သန်း လှူဒါန်းခဲ့တယ်။

တိုင်းရင်းသားတချို့ကတော့ ဒါဟာ ပထဝီနိုင်ငံရေးကစားပွဲလားဆိုပြီး စိုးရိမ်နေကြပါတယ်။

တရုတ်နိုင်ငံဟာ ကချင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အရေးကိစ္စတွေအပေါ်မှာလည်း တိုက်ရိုက်လွှမ်းမိုးနိုင်နေတဲ့ အနေအထားဖြစ်နေပါတယ်။

Another Development (AD) အဖွဲ့ရဲ့ မဟာဗျူဟာအကြံပေး ဦးမော်ထွန်းအောင်က ဒါဟာ ပထဝီနိုင်ငံရေး ခြေလှမ်းတွေဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ISP Myanmar အဖွဲ့က ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးအောင်သူငြိမ်းကလည်း အမေရိကန်နဲ့ တရုတ်တို့ရဲ့ သံခင်းတမန်ခင်းပြိုင်ဆိုင်မှုတွေဟာ ကချင်ပြည်နယ်မှာသာမက တစ်နိုင်ငံလုံးက တရုတ်အတွက် အရေးပါနေတာမို့ ပထဝီနိုင်ငံရေးမှာ အရေးပါနေတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့အကျိုးစီးပွားနဲ့ ပတ်သက်လာရင် နယ်စပ်ဒေသတည်ငြိမ်မှုရှိဖို့ ပိုအရေးပေးလေ့ရှိပြီး အဲဒါကြောင့်ပဲ ဝတပ်ကို အင်အားတောင့်တင်းအောင် လုပ်ခဲ့တာရှိတယ်လို့ ဝါရင့်သတင်းစာဆရာ ဘာတေးလင့်တနာက RFA ကို သုံးသပ်ပြထားတာရှိပါတယ်။

RFA Burmese
https://www.rfa.org
ကခ်င္ေျမေပၚက အေမရိကန္နဲ႔ တ႐ုတ္တို႔ရဲ႕ေျခရာ ပထဝီႏိုင္ငံေရးလား ကခ်င္ေျမေပၚက အေမရိကန္နဲ႔ တ႐ုတ္တို႔ရဲ႕ေျခရာ ပထဝီႏိုင္ငံေရးလား Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.