ေရတပ္ သေဘၤာေတြကို ေအေအက အာပီဂ်ီနဲ႔ ပစ္လို႔ အျပန္အလွန္ တိုက္ပြဲျဖစ္

 ျမန္မာ့ တပ္မေတာ္ စစ္ေရယာဥ္ တစ္စင္း ကင္းလွည့္ လုပ္ငန္း ေဆာင္႐ြက္ေနစဥ္
(Zawgyi)⤵⤵⤵
ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွာ ရွိတဲ့ အိႏၵိယ စီမံကိန္း တံတား အတြက္ ကုန္တင္ သေဘၤာ သုံးစင္း အပါအဝင္ လုံၿခဳံေရး ယူလာတဲ့ ေရတပ္ သေဘၤာ ေတြကို ႏိုဝင္ဘာ ၂၂ ရက္ေန႔မွာ ေအေအ ရကၡိဳင့္ တပ္ေတာ္ က RPG နဲ႔ ပစ္ခတ္ တဲ့အတြက္ အျပန္အလွန္ တိုက္ပြဲ ျဖစ္ပြားခဲ့ပါတယ္။

အဆိုပါ တိုက္ပြဲ အတြင္းမွာ တပ္မေတာ္ ဘက္ကလည္း လက္နက္ႀကီးေတြ နဲ႔ ျပန္လည္ ပစ္ခတ္မႈေတြ လုပ္ခဲ့ၿပီး၊ အျပန္အလွန္ ပစ္ခတ္မႈေတြ အတြင္းမွာ အရပ္သား တစ္ဦး အျပင္းအထန္ ထိခိုက္ ဒဏ္ရာ ရရွိသြားပါတယ္။

မနက္ ၇ နာရီေက်ာ္ေလာက္မွာ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ပီေကာက္ ေက်း႐ြာ အနီးမွာ အဲဒီ သေဘၤာ အုပ္စုကို ေအေအကေန အာရ္ပီဂ်ီနဲ႔ ပစ္ခတ္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီပစ္ခတ္ခံရၿပီးတဲ့ ေနာက္ ေရတပ္သေဘၤာေတြက ျပန္လည္ ပစ္ခတ္တဲ့ အတြက္ တစ္နာရီ နီးပါး တိုက္ပြဲ ျဖစ္ပြားခဲ့တယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

ရကၡိဳင့္ တပ္ေတာ္ ေအေအကေန ေဒသဖြံ႕ၿဖိဳးေရး အတြက္ ေဆာင္႐ြက္ေနတဲ့ ပလက္၀ စီမံကိန္းကို မတိုက္ခိုက္ပါဘူးလို႔ ေျပာဆိုထားၿပီး ခုလို တိုက္ခိုက္တာဟာ အေျပာနဲ႔ အလုပ္ မညီဘူးလို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက စြပ္စြဲ ေျပာဆိုပါတယ္။

ဒီတိုက္ခိုက္မႈ အေပၚ ရကၡိဳင့္တပ္ေတာ္ ေအေအ အတည္ျပဳခဲ့တဲ့ အျပင္ အဲဒီ သေဘၤာေတြ ေပၚမွာ တပ္မေတာ္ ဘက္ က စစ္လက္နက္ ပစၥည္းေတြ သယ္ေဆာင္ လာတဲ့ အတြက္ တိုက္ခိုက္မႈေတြ လုပ္ခဲ့တာလို႔ ေျပာခြင့္ရသူ ခိုင္သုခ က ေျပာပါတယ္။

 ေျမပုံၿမိဳ႕နယ္ ကမ္းေထာင္းႀကီးၿမိဳ႕အနီးရွိ ေညာင္ကန္ေက်း႐ြာအနီးဝန္းက်င္ကို တပ္မေတာ္ ရဟတ္ယာဥ္ႏွစ္စီးနဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ခဲ့တယ္လို႔ ေဒသခံေတြေျပာ

ရကၡိဳင့္တပ္ေတာ္ ေအေအ အေနနဲ႔ လြန္ခဲ့ မတ္လ ၁၆ ရက္ေန႔က ပလက္ဝျမစ္ကူးတံတား စီမံကိန္း အတြက္ သံေဘာင္ေတြ ယူေဆာင္လာတဲ့ သေဘၤာကို တိုက္ခိုက္ခဲ့တဲ့ အတြက္ အဲဒီ သေဘၤာဟာ မီးေလာင္သြားၿပီး သံေဘာင္ ေတြ ပ်က္စီးသြားခဲ့ဖူးပါတယ္။

အခု အႀကိမ္ကေတာ့ ေအေအ ဘက္ က ျပဳလုပ္လာတဲ့ ဒုတိယ အႀကိမ္ တိုက္ခိုက္မႈ ျဖစ္ပါတယ္။

တိုက္ခိုက္မႈ အတြင္း ေရတပ္ကေန လက္နက္ႀကီးေတြနဲ႔ တုံ႔ျပန္ ပစ္ခတ္ရာမွာ ေက်ာက္ေတာ္ၿမိဳ႕နယ္ ကသစ္ေတာေက်း႐ြာထဲ ကို က်ေရာက္ေပါက္ကြဲခဲ့တဲ့ အတြက္ အသက္ ၆၅ ႏွစ္အ႐ြယ္ ဦးလွထြန္းျဖဴ၍ ေျခေထာက္ တစ္ဖက္ ျပတ္သြားၿပီး ေနာက္ထပ္ ႐ြာသား ႏွစ္ဦး ဒဏ္ရာရရွိခဲ့ကာ စစ္ေတြေဆး႐ုံကို ပို႔ေဆာင္ခဲ့ရပါတယ္။

တိုက္ပြဲျဖစ္စဥ္ေတြအတြင္းမွာ အခုလိုမ်ိဳး ေက်း႐ြာေတြကို ပစ္ခတ္တာေတြေၾကာင့္ အရပ္သားထိခိုက္မႈေတြ ျဖစ္ပြားေနရၿပီး အခုလိုမ်ိဳး မျဖစ္ပြားေစခ်င္ေၾကာင္း ေဒသခံ တစ္ဦး က ေျပာပါတယ္။

ဒါ့အျပင္ ႏိုဝင္ဘာ ၂၁ ရက္ေန႔ညေန ၄ နာရီေလာက္က ရေသ့ေတာင္ၿမိဳ႕နယ္ ေရစိုးေခ်ာင္းဗ်ဴဟာ အနီး တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၾကရာ ဗ်ဴဟာကုန္းကေနၿပီးေတာ့ လက္နက္ႀကီးေတြ ပစ္ကူေပးခဲ့ရာမွာ အမ်က္ေတာ္ေက်း႐ြာကို လက္နက္ႀကီး က်ည္တစ္လုံး က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ အသက္ ၄၈ ႏွစ္အ႐ြယ္ ဦးဆန္းသိန္းေမာင္ ေသဆုံးၿပီး အသက္ ၅၃ ႏွစ္အ႐ြယ္ ဦးေမာင္ခင္ဝင္းဆိုသူမွာ ဒဏ္ရာအျပင္းအထန္ ရရွိသြားခဲ့ပါတယ္။

ႏိုဝင္ဘာ ၂၂ ရက္ေန႔ ၂ နာရီေက်ာ္ခန႔္အခ်ိန္ကလည္း ေျမပုံၿမိဳ႕နယ္ ကမ္းေထာင္းႀကီးၿမိဳ႕အနီးရွိ ေညာင္ကန္ေက်း႐ြာအနီးဝန္းက်င္ကို တပ္မေတာ္ ရဟတ္ယာဥ္ႏွစ္စင္းနဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြ ျပဳလုပ္ရာမွာ စက္ေသနတ္ေတြနဲ႔ ပစ္ခတ္ခဲ့သလို ဗုံးႀကဲတာေတြလည္းရွိခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

"ရဟတ္ယဥ္ႏွစ္စင္းနဲ႔ လာတယ္။ ပစ္ခတ္ခဲ့တယ္လို႔ေတာ့ ေဒသခံေတြကေျပာပါတယ္။ အဲ့ဒီမွာ ရဟတ္ယာဥ္ေပၚက ပစ္ခတ္တဲ့အတြက္ေၾကာင့္မို႔လို႔ မီးေသြးဖိုေတြ၊ တိရစာၦန္ေမြးျမဴေရးလုပ္တဲ့ ၿခံေတြ၊ လယ္တဲေတြက ပ်က္စီး သြားတယ္လို႔ သိရတယ္။ ရဟတ္ယာဥ္နဲ႔ ပစ္တာဆိုေတာ့ ဗုံးႀကဲတာေတာ့ မျဖစ္ႏိုင္ဘူး။ အဲ့ဒါက ေဒသခံေတြေျပာဆိုတာပဲျဖစ္ပါတယ္"လို႔ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္း ကေျပာ ပါတယ္။

ေလေၾကာင္းပစ္ခတ္မႈမွာ ဗုံးႀကဲတာရွိမရွိ သိရွိရဖို႔အတြက္ တပ္မေတာ္ဘက္ကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားခဲ့ျခင္း မရွိတဲ့အတြက္ ေဒသခံေတြ ေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္လို႔ တစ္စုံတစ္ရာ အတည္ျပဳႏိုင္ျခင္း မရွိေသးတာ ျဖစ္ပါတယ္။

တပ္မေတာ္နဲ႔ ေအေအ ရကၡိဳင့္တပ္ေတာ္တို႔အၾကား တစ္ႏွစ္နီးပါးအၾကာျဖစ္ပြားေနတဲ့ တိုက္ပြဲေတြအတြင္းမွာ တပ္မေတာ္ဘက္က ေလေၾကာင္းပစ္ကူေပးတာေတြရွိခဲ့ေပမယ့္ အခုလိုမ်ိဳး ဗုံးႀကဲတိုက္ခိုက္တာ ပထမဆုံး အႀကိမ္ ျဖစ္တယ္ လို႔ ေလ့လာသူေတြက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ရေတပ် သင်္ဘောတွေကို အေအေက အာပီဂျီနဲ့ ပစ်လို့ အပြန်အလှန် တိုက်ပွဲဖြစ်

Image caption မြန်မာ့ တပ်မတော် စစ်ရေယာဉ် တစ်စင်း ကင်းလှည့် လုပ်ငန်း ဆောင်ရွက်နေစဉ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှိတဲ့ အိန္ဒိယ စီမံကိန်း တံတား အတွက် ကုန်တင် သင်္ဘော သုံးစင်း အပါအဝင် လုံခြုံရေး ယူလာတဲ့ ရေတပ် သင်္ဘော တွေကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ အေအေ ရက္ခိုင့် တပ်တော် က RPG နဲ့ ပစ်ခတ် တဲ့အတွက် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ တိုက်ပွဲ အတွင်းမှာ တပ်မတော် ဘက်ကလည်း လက်နက်ကြီးတွေ နဲ့ ပြန်လည် ပစ်ခတ်မှုတွေ လုပ်ခဲ့ပြီး၊ အပြန်အလှန် ပစ်ခတ်မှုတွေ အတွင်းမှာ အရပ်သား တစ်ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာ ရရှိသွားပါတယ်။

မနက် ၇ နာရီကျော်လောက်မှာ ကျောက်တော်မြို့နယ်၊ ပီကောက် ကျေးရွာ အနီးမှာ အဲဒီ သင်္ဘော အုပ်စုကို အေအေကနေ အာရ်ပီဂျီနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပစ်ခတ်ခံရပြီးတဲ့ နောက် ရေတပ်သင်္ဘောတွေက ပြန်လည် ပစ်ခတ်တဲ့ အတွက် တစ်နာရီ နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ရက္ခိုင့် တပ်တော် အေအေကနေ ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်နေတဲ့ ပလက်၀ စီမံကိန်းကို မတိုက်ခိုက်ပါဘူးလို့ ပြောဆိုထားပြီး ခုလို တိုက်ခိုက်တာဟာ အပြောနဲ့ အလုပ် မညီဘူးလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက စွပ်စွဲ ပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှု အပေါ် ရက္ခိုင့်တပ်တော် အေအေ အတည်ပြုခဲ့တဲ့ အပြင် အဲဒီ သင်္ဘောတွေ ပေါ်မှာ တပ်မတော် ဘက် က စစ်လက်နက် ပစ္စည်းတွေ သယ်ဆောင် လာတဲ့ အတွက် တိုက်ခိုက်မှုတွေ လုပ်ခဲ့တာလို့ ပြောခွင့်ရသူ ခိုင်သုခ က ပြောပါတယ်။
Image caption မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့အနီးရှိ ညောင်ကန်ကျေးရွာအနီးဝန်းကျင်ကို တပ်မတော် ရဟတ်ယာဉ်နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေပြော

ရက္ခိုင့်တပ်တော် အေအေ အနေနဲ့ လွန်ခဲ့ မတ်လ ၁၆ ရက်နေ့က ပလက်ဝမြစ်ကူးတံတား စီမံကိန်း အတွက် သံဘောင်တွေ ယူဆောင်လာတဲ့ သင်္ဘောကို တိုက်ခိုက်ခဲ့တဲ့ အတွက် အဲဒီ သင်္ဘောဟာ မီးလောင်သွားပြီး သံဘောင် တွေ ပျက်စီးသွားခဲ့ဖူးပါတယ်။

အခု အကြိမ်ကတော့ အေအေ ဘက် က ပြုလုပ်လာတဲ့ ဒုတိယ အကြိမ် တိုက်ခိုက်မှု ဖြစ်ပါတယ်။

တိုက်ခိုက်မှု အတွင်း ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ တုံ့ပြန် ပစ်ခတ်ရာမှာ ကျောက်တော်မြို့နယ် ကသစ်တောကျေးရွာထဲ ကို ကျရောက်ပေါက်ကွဲခဲ့တဲ့ အတွက် အသက် ၆၅ နှစ်အရွယ် ဦးလှထွန်းဖြူ၍ ခြေထောက် တစ်ဖက် ပြတ်သွားပြီး နောက်ထပ် ရွာသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေအတွင်းမှာ အခုလိုမျိုး ကျေးရွာတွေကို ပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက်မှုတွေ ဖြစ်ပွားနေရပြီး အခုလိုမျိုး မဖြစ်ပွားစေချင်ကြောင်း ဒေသခံ တစ်ဦး က ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၁ ရက်နေ့ညနေ ၄ နာရီလောက်က ရသေ့တောင်မြို့နယ် ရေစိုးချောင်းဗျူဟာ အနီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြရာ ဗျူဟာကုန်းကနေပြီးတော့ လက်နက်ကြီးတွေ ပစ်ကူပေးခဲ့ရာမှာ အမျက်တော်ကျေးရွာကို လက်နက်ကြီး ကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၈ နှစ်အရွယ် ဦးဆန်းသိန်းမောင် သေဆုံးပြီး အသက် ၅၃ နှစ်အရွယ် ဦးမောင်ခင်ဝင်းဆိုသူမှာ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ ၂ နာရီကျော်ခန့်အချိန်ကလည်း မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့အနီးရှိ ညောင်ကန်ကျေးရွာအနီးဝန်းကျင်ကို တပ်မတော် ရဟတ်ယာဉ်နှစ်စင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို ဗုံးကြဲတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

"ရဟတ်ယဉ်နှစ်စင်းနဲ့ လာတယ်။ ပစ်ခတ်ခဲ့တယ်လို့တော့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီမှာ ရဟတ်ယာဉ်ပေါ်က ပစ်ခတ်တဲ့အတွက်ကြောင့်မို့လို့ မီးသွေးဖိုတွေ၊ တိရစ္ဆာန်မွေးမြူရေးလုပ်တဲ့ ခြံတွေ၊ လယ်တဲတွေက ပျက်စီး သွားတယ်လို့ သိရတယ်။ ရဟတ်ယာဉ်နဲ့ ပစ်တာဆိုတော့ ဗုံးကြဲတာတော့ မဖြစ်နိုင်ဘူး။ အဲ့ဒါက ဒေသခံတွေပြောဆိုတာပဲဖြစ်ပါတယ်"လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ကပြော ပါတယ်။

လေကြောင်းပစ်ခတ်မှုမှာ ဗုံးကြဲတာရှိမရှိ သိရှိရဖို့အတွက် တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိတဲ့အတွက် ဒေသခံတွေ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ အတည်ပြုနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။

တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်တော်တို့အကြား တစ်နှစ်နီးပါးအကြာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဘက်က လေကြောင်းပစ်ကူပေးတာတွေရှိခဲ့ပေမယ့် အခုလိုမျိုး ဗုံးကြဲတိုက်ခိုက်တာ ပထမဆုံး အကြိမ် ဖြစ်တယ် လို့ လေ့လာသူတွေက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ေရတပ္ သေဘၤာေတြကို ေအေအက အာပီဂ်ီနဲ႔ ပစ္လို႔ အျပန္အလွန္ တိုက္ပြဲျဖစ္ ေရတပ္ သေဘၤာေတြကို ေအေအက အာပီဂ်ီနဲ႔ ပစ္လို႔ အျပန္အလွန္ တိုက္ပြဲျဖစ္ Reviewed by THITHTOOLWIN on 02:11 Rating: 5
Powered by Blogger.