
(Zawgyi)⤵⤵⤵







ပြထားပါတယ်။

--------------
(Unicode)⤵⤵⤵
စွန့်ပစ်ကားပေါ်မှာ သေဆုံးသွားခဲ့သူ သန်းကြွယ်သူဌေး မသန်စွမ်း အမျိုးသမီး

လက်ဘနွန် နိုင်ငံ ဘေရွတ် မြို့က စွန့်ပစ် ကားဟောင်းတစီးပေါ်မှာ အမှိုက်ထုတ်တွေအကြား သေဆုံးနေတဲ့ ဖက်တီမာ အော့မန် (၅၂) နှစ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ အိမ်ယာမဲ့ အမျိုးသမီး ဆိုတာ မြင်တာနဲ့ သိကြပါတယ်။

မွေးရာပါ ခြေလက် မသန်စွမ်း ဖြစ်နေတဲ့ ဖက်တီမာကို တပ်မတော်သား တစ်ဦးက လမ်းမပေါ်မှာ ရေတိုက်နေတဲ့ပုံ ဟာ လူမှုကွန်ယက်မှာ ပေါက်သွားခဲ့ပြီးသူမကို ပိုလူသိများလာပါတယ်။

သူမဟာ လမ်းမဘေးက ဘီးတတ် ထိုင်ခုံမှာထိုင်ပြီး လမ်းသွားလာတွေရဲ့ မျက်နှာကိုသာ ကြည့်နေတတ်ပြီး သနားကြပါ လို့ ပိုက်ဆံ တောင်းတာမျိုးမလုပ်ပေမယ့် သူမကိုမြင်ရသူတွေက သနားပြီး ငွေပေးသွားကြပါတယ်။

ယခုရက်ပိုင်းအတွင်းကပဲ သူမနေထိုင်နေတဲ့ ကားဟောင်းတစ်စီးထဲမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီးဖြစ်ကြောင်း သတင်းတွေမှာ ဖေါ်ပြနေကြပြီး သူမရဲ့ ပိုင်ဆိုင်တဲ့ အမှိုက်ထုတ်တွေကို အာဏာပိုင်တွေက ရှင်းတဲ့အခါမှာ လက်ဘနွန် ငွေ (၅) သန်း ( ဒေါ်လာ ၃၄၀၀ )တွေ့ရတာပါတယ်။

ဒီထက်ပိုပြီး မယုံနိုင်ဖွယ် အံ့သြသွားရတာကတော့ သူမ ဖွင့်ထားတဲ့ဘဏ်အကောင့်ထဲမှာ လက်ဘနွန်ငွေ သန်းပေါင်း ၁၇၄၂ သန်း (ဒေါ်လာ တစ်သန်းကျော် ) ရှိနေတာပါ။
နှစ်ပေါင်းများစွာ အိမ်ယာမဲ့ ဘဝနဲ့ လမ်းဘေးမှာနေထိုင်နေတဲ့ သူဟာ သန်းကြွယ်သူဌေး ဖြစ်နေတာ ကို သူမ မိသားစုဝင်တွေလည်း မသိခဲ့ကြ ပါဘူး။ သူမဟာ လူတွေကသနားပြီး ပေးကမ်းတဲ့ ငွေတွေကို နှစ်ပေါင်းများစွာ စုဆောင်းခဲ့ပြီး အထီးကျန် ပျော်ရွှင်မှု မရှိ ဆင်းဆင်းရဲရဲနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ သေရင် ဘာမှယူသွားလို့မရ တဲ့ သူမပိုင်ဆိုင်တဲ့ ဒေါ်လာတစ်သန်းကတော့ ကျန်ရစ် မောင်နှမ တွေကို လွဲပြောင်းပေးမှာလား အစိုးရက လူမှုရေးအဖွဲ့တွေ ရန်ပုံငွေအတွက်သုံးမလားဆိုတာ မသိရသေးကြောင်း အာရပ် နိုင်ငံ သတင်းတွေမှာ ရေးသားဖေါ်ပြထားပါတယ်။

Social Action for Children and Women - SAW
https://www.facebook.com/Social-Action-for-Children-and-Women-SAW-1429330840619312
စွန့် ပစ်ကားပေါ်မှာ သေဆုံးသွားခဲ့သူ သန်းကြွယ်သူဌေး မသန်စွမ်း အမျိုးသမီး စွန့် ပစ်ကားပေါ်မှာ သေဆုံးသွားခဲ့သူ သန်းကြွယ်သူဌေး မသန်စွမ်း အမျိုးသမီး Reviewed by THITHTOOLWIN on 11:25 Rating: 5
Powered by Blogger.