
(Zawgyi)⤵⤵⤵

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ရန်ကန်ဟန် 52/1 လမ်း ဟိုမတ်ရပ်ကွက် မှာရှိတဲ့ လေးထပ်တိုက်ခန်းတခုကို နိုဝင်ဘာလ ၁၅ ရက်နေ့ က ထိုင်း လ၀က ရဲနဲ့  လူကုန်ကူး တိုက်ဖျက် အဖွဲ့ တွေ ၅၀ ကျော်နဲ့  ၀င်ရောက်၇ှာဖွေ ဖမ်းဆီးခဲ့ကြတာပါ။







-----------
(Unicode)⤵⤵⤵

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လူပွဲစားများ စာရွက်စာတမ်း အတုများဖြင့်ခေါ်လာသည့် မြန်မာ နိုင်ငံသား (၁၅) ဦးဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရန်ကန်ဟန် 52/1 လမ်း ဟိုမတ်ရပ်ကွက် မှာရှိတဲ့ လေးထပ်တိုက်ခန်းတခုကို နိုဝင်ဘာလ ၁၅ ရက်နေ့က ထိုင်း လဝက ရဲနဲ့ လူကုန်ကူး တိုက်ဖျက် အဖွဲ့တွေ ၅၀ ကျော်နဲ့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြတာပါ။

တိုက်ခန်းတစ်ခုအတွင်းမှာ တရားမဝင်နေထိုင်နေကြတဲ့ မြန်မာ နိုင်ငံသား
(၁၅ )ဦးမှာ စာရွက်စာတမ်းအတုတွေနဲ့ နယ်စပ်ကေနေဘန်ကောက်ကို ဝင်ရောက် လာကြတာပါ ဒီထဲက အသက် (၁၉) နှစ်အရွယ် မြန်မာအမျိုးသားလူငယ် တစ်ဦးကို စတင်ဖမ်းဆီးရာကနေ လူပွဲစားတွေ စုထားတဲ့ တိုက်ခန်းကို ခြေရာခံ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အခုဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေဟာ ဘန်ကောက်မြို့မှာ အလုပ်ရဖို့
ထိုင်းမြောက်ပိုင်း ချင်းရိုင်နဲ့ကန်ချနဘူ ရီး နယ်စပ်တွေကနေ လူပွဲစားတွေက
ယာယီနေထိုင်းခွင့်စာရွတ်စာတမ်းအတုတွေနဲ့ တစ်ဦးကို ထိုင်းဘတ်ငွေ ၃၀၀၀စီ ယူပြီး ခေါ်လာခဲ့ကြတာလို့သိရပါတယ်။

အခုဝင်ရောက်ဖမ်းဆိးခဲ့တဲ့ တိုက်ခန်းဟာ မြန်မာနိုင်ငံသားတွေကို အဓိက လူကုန်ကူးနေသူတွေရဲ့ လူစုထားရာ နေရာဖြစ်ပြီး ဒီနေနရာကတဆင့် ထိုင်းမလေးနယ်စပ်အထိ နိုင်ငံကူးစာအုပ်အတုတွေနဲ့ ဆက်လက်ပို့နေတာဖြစ်ကြောင်း ဟိုမတ် ရဲစခန်းမှူးက ထုတ်ဖေါ်ပြောဆိုပါတယ်။

Social Action for Children and Women - SAW
https://www.facebook.com/Social-Action-for-Children-and-Women-SAW-1429330840619312
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ လူပွဲစားများ စာရွက်စာတမ်း အတုများဖြင့်ခေါ်လာသည့် မြန်မာ နိုင်ငံသား (၁၅) ဦးဖမ်းမိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ လူပွဲစားများ စာရွက်စာတမ်း အတုများဖြင့်ခေါ်လာသည့် မြန်မာ နိုင်ငံသား (၁၅) ဦးဖမ်းမိ Reviewed by THITHTOOLWIN on 09:20 Rating: 5
Powered by Blogger.