ဒူးနာတတ္သူေတြအတြက္ ဓာတ္စာ

(Zawgyi)⤵⤵⤵
ေန႔တိုင္း စိတ္ရွိတိုင္းသြားလာႏိုင္ေစဖို႔ လုပ္ေဆာင္ေပးေနတဲ့ အစိတ္အပိုင္းတစ္ခုရွိတယ္ေနာ္။ လမ္းေလွ်ာက္ဖို႔၊ ထိုင္ဖို႔၊ ထဖို႔ ေျပးလႊားႏိုင္ေစဖို႔ အေကာင္းဆုံး ေထာက္ပံ့ေပးေနတာက ဒူးေခါင္းပါ။ ဒူးေခါင္းက က်န္မာမွ စိတ္သြားတိုင္ကိုယ္ပါမွာပါ။ ဒူးနာတဲ့အခါ ထိုင္ရ၊ ထရ ခက္သလို စိတ္သြားတိုင္း ကိုယ္မပါႏိုင္ေတာ့ပါဘူး။ ဒီတစ္ေခါက္ေတာ့ ဒူးနာေနတာကို သက္သာေစဖို႔အတြက္ စာေပးသင့္တဲ့ အစားအစာေလးေတြကို ေျပာျပေပးပါရေစေနာ္။

ဒူးနာသက္သာေစဖို႔အတြက္ စားေပးသင့္တဲ့ အစားအစာေတြ

ဒူးနာသက္သာေစဖို႔ ဘာေတြစားၾကမလဲ…….

မုန္လာဥနီ

မုန္လာဥနီစားေပးတာက ဒူးနာတာကို သက္သာေစႏိုင္တယ္လို႔ တ႐ုတ္လူမ်ိဳးေတြက ေရွးယခင္ ကာလေတြကတည္းက လက္ခံယုံၾကည္ခဲ့ၾကတာပါ။ မုန္လာဥနီမွာ နာက်င္ေရာင္ရမ္းမႈကို ေလ်ာ့ပါး သက္သာေစႏိုင္တဲ့ ဘီတကယ္လ္႐ိုတင္းနဲ႔ ဗီတာမင္ A တို႔ပါဝင္ေနပါတယ္။ ဒါေၾကာင့္ ဒူးနာတတ္တယ္ဆိုရင္ မုန္လာဥနီကို ခ်က္ၿပီးျဖစ္ျဖစ္၊ အစိမ္းျဖစ္ျဖစ္ စားေပးလို႔ရပါတယ္။ တစ္ေန႔ကို မုန္လာဥနီ အ႐ြယ္ေတာ္ ႏွစ္လုံးေလာက္စားေပးတာက ဒူးနာတာကို သိသိသာသာသက္သာေစမွာပါ။

နႏြင္း

ေဆးဖက္ဝင္တဲ့ ဟင္းခတ္အေမႊးအႀကိဳင္တစ္မ်ိဳးပါ။ ေန႔တိုင္းလိုလို ဟင္းေတြထဲမွာ မပါမျဖစ္ပါေနတတ္တဲ့ နႏြင္းက နာက်င္ေရာင္ရမ္းမႈကို ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။ နႏြင္းမွာ curcumin လို႔ေခၚတဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္း ပါဝင္ေနတာေၾကာင့္ ဒူးနာတာကို အထိေရာက္ဆုံး သက္သာေစႏိုင္မွာပါ။

ခ်င္း (ဂ်င္း)

ဒူးနာသက္သာေစဖို႔ ခ်င္း (ဂ်င္း) ကိုစားေပးလို႔ရသလို ဒူးနာတဲ့ေနရာမွာ ႀကိတ္ေျခၿပီး ကပ္ေပးလို႔လည္း ရပါတယ္။ ခ်င္း (ဂ်င္း) က အနံ႔အရသာျပည့္စုံသလို နာက်င္ေရာင္ရမ္းမႈကိုလည္း ေလ်ာ့ပါးသက္သာ ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဒူးနာေနသူေတြအေနနဲ႔ ခ်င္း (ဂ်င္း)ကို ေဆးျဖစ္ ဝါးျဖစ္အေနနဲ႔ စားသုံးေပးလို႔ ရပါတယ္။

သစ္ၾကားသီး

သစ္ၾကားသီးမွာ Omega-3 fatty acid နဲ႔ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ပါဝင္ေနတာေၾကာင့္ ဒူးနာတာကို သက္သာေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဒူးနာသက္သာေစဖို႔ တစ္ေန႔ကို သစ္ၾကားသီး ႏွစ္လုံးစားေပးပါ။

မုန္ညႇင္းဆီ

မုန္ညႇင္းဆီက ေသြးစီးဆင္းမႈကိုေကာင္းမြန္ေစၿပီး နာက်င္ေရာင္ရမ္းမႈကို ေလ်ာ့ပါးသက္သာ ေစႏိုင္ပါတယ္။ ဒူးနာေနတဲ့ေနရာကို မုန္ညႇင္းဆီလူးေပးၿပီး ညင္ညင္သာသာေလး ႏွိပ္နယ္ေပးတာက ဒူးနာတာကို အေကာင္းဆုံးသက္သ ေစႏိုင္မွာပါ။

ေထာပတ္သီး

ေထာပတ္သီးမွာ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ မျပည့္ဝဆီပါဝင္ေနတာေၾကာင့္ ဒူးနာသူေတြအေနနဲ႔ စားေပးသင့္တဲ့ အစားအစာ တစ္ခုပါ။ ဒါေၾကာင့္ ဒူးနာသက္သာခ်င္တယ္ဆိုရင္ ေထာပတ္သီးေလး ပုံမွန္စားေပးလို႔လည္း ရပါတယ္။ တစ္ပတ္မွာ ၃ ႀကိမ္ေလာက္ ေထာပတ္သီးစားေပးတာက ဒူးနာတာကို သက္သာေစမွာပါ။

ဒူးနာတာကို သက္ခ်င္တယ္ဆိုရင္ေတာ့ အခုေျပာခဲ့တာေလးေတြကို သတိထားစားေပးလိုက္႐ုံပါေနာ္။

ေရးသားသူ- Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ -Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
(Unicode)⤵⤵⤵
ဒူးနာတတ်သူတွေအတွက် ဓာတ်စာ

နေ့တိုင်း စိတ်ရှိတိုင်းသွားလာနိုင်စေဖို့ လုပ်ဆောင်ပေးနေတဲ့ အစိတ်အပိုင်းတစ်ခုရှိတယ်နော်။ လမ်းလျှောက်ဖို့၊ ထိုင်ဖို့၊ ထဖို့ ပြေးလွှားနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနေတာက ဒူးခေါင်းပါ။ ဒူးခေါင်းက ကျန်မာမှ စိတ်သွားတိုင်ကိုယ်ပါမှာပါ။ ဒူးနာတဲ့အခါ ထိုင်ရ၊ ထရ ခက်သလို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပါဘူး။ ဒီတစ်ခေါက်တော့ ဒူးနာနေတာကို သက်သာစေဖို့အတွက် စာပေးသင့်တဲ့ အစားအစာလေးတွေကို ပြောပြပေးပါရစေနော်။

ဒူးနာသက်သာစေဖို့အတွက် စားပေးသင့်တဲ့ အစားအစာတွေ

ဒူးနာသက်သာစေဖို့ ဘာတွေစားကြမလဲ…….

မုန်လာဥနီ

မုန်လာဥနီစားပေးတာက ဒူးနာတာကို သက်သာစေနိုင်တယ်လို့ တရုတ်လူမျိုးတွေက ရှေးယခင် ကာလတွေကတည်းက လက်ခံယုံကြည်ခဲ့ကြတာပါ။ မုန်လာဥနီမှာ နာကျင်ရောင်ရမ်းမှုကို လျော့ပါး သက်သာစေနိုင်တဲ့ ဘီတကယ်လ်ရိုတင်းနဲ့ ဗီတာမင် A တို့ပါဝင်နေပါတယ်။ ဒါကြောင့် ဒူးနာတတ်တယ်ဆိုရင် မုန်လာဥနီကို ချက်ပြီးဖြစ်ဖြစ်၊ အစိမ်းဖြစ်ဖြစ် စားပေးလို့ရပါတယ်။ တစ်နေ့ကို မုန်လာဥနီ အရွယ်တော် နှစ်လုံးလောက်စားပေးတာက ဒူးနာတာကို သိသိသာသာသက်သာစေမှာပါ။

နနွင်း

ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပါ။ နေ့တိုင်းလိုလို ဟင်းတွေထဲမှာ မပါမဖြစ်ပါနေတတ်တဲ့ နနွင်းက နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။ နနွင်းမှာ curcumin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် ဒူးနာတာကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။

ချင်း (ဂျင်း)

ဒူးနာသက်သာစေဖို့ ချင်း (ဂျင်း) ကိုစားပေးလို့ရသလို ဒူးနာတဲ့နေရာမှာ ကြိတ်ခြေပြီး ကပ်ပေးလို့လည်း ရပါတယ်။ ချင်း (ဂျင်း) က အနံ့အရသာပြည့်စုံသလို နာကျင်ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာ စေနိုင်ပါတယ်။ ဒါကြောင့် ဒူးနာနေသူတွေအနေနဲ့ ချင်း (ဂျင်း)ကို ဆေးဖြစ် ဝါးဖြစ်အနေနဲ့ စားသုံးပေးလို့ ရပါတယ်။

သစ်ကြားသီး

သစ်ကြားသီးမှာ Omega-3 fatty acid နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ဒူးနာတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဒူးနာသက်သာစေဖို့ တစ်နေ့ကို သစ်ကြားသီး နှစ်လုံးစားပေးပါ။

မုန်ညှင်းဆီ

မုန်ညှင်းဆီက သွေးစီးဆင်းမှုကိုကောင်းမွန်စေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာ စေနိုင်ပါတယ်။ ဒူးနာနေတဲ့နေရာကို မုန်ညှင်းဆီလူးပေးပြီး ညင်ညင်သာသာလေး နှိပ်နယ်ပေးတာက ဒူးနာတာကို အကောင်းဆုံးသက်သ စေနိုင်မှာပါ။

ထောပတ်သီး

ထောပတ်သီးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝဆီပါဝင်နေတာကြောင့် ဒူးနာသူတွေအနေနဲ့ စားပေးသင့်တဲ့ အစားအစာ တစ်ခုပါ။ ဒါကြောင့် ဒူးနာသက်သာချင်တယ်ဆိုရင် ထောပတ်သီးလေး ပုံမှန်စားပေးလို့လည်း ရပါတယ်။ တစ်ပတ်မှာ ၃ ကြိမ်လောက် ထောပတ်သီးစားပေးတာက ဒူးနာတာကို သက်သာစေမှာပါ။

ဒူးနာတာကို သက်ချင်တယ်ဆိုရင်တော့ အခုပြောခဲ့တာလေးတွေကို သတိထားစားပေးလိုက်ရုံပါနော်။

ရေးသားသူ- Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ဒူးနာတတ္သူေတြအတြက္ ဓာတ္စာ ဒူးနာတတ္သူေတြအတြက္ ဓာတ္စာ Reviewed by THITHTOOLWIN on 00:49 Rating: 5
Powered by Blogger.