ဗစ္တိုးရီးယားအမႈ - ကေလးရဲ႕ မိန္းမကိုယ္မွာ သုက္ပိုးေတြ႕ရွိ လို႔ မႈခင္းဆရာဝန္ ထြက္ဆို

 ေဆးစာ ေတြ႕ရွိခ်က္ အရ ဗစ္တိုးရီးယား ကေလးငယ္ဟာ ကာမစပ္ယွက္ခံခဲ့ရ
(Zawgyi)⤵⤵⤵
ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္းက အသက္ ၃ ႏွစ္ အ႐ြယ္ ကေလးငယ္ တစ္ဦး လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရတယ္ ဆိုတဲ့ ဗစ္တိုးရီးယားအမႈ ရဲ႕ ၁၁ ႀကိမ္ ေျမာက္ ႐ုံးခ်ိန္းကို ေနျပည္ေတာ္ ဒကၡိဏ ခ႐ိုင္ တရား႐ုံးမွာ ဆက္လက္ စစ္ေဆးခဲ့ရာ မနက္ပိုင္း တရားခြင္မွာ မႈခင္း ဆရာဝန္ႀကီး ေဒါက္တာ တင္မိုးမိုးခိုင္ က ေဆးစာေတြ႕ရွိခ်က္ေတြကို ႐ုံးေတာ္မွာ ထြက္ဆိုသြားခဲ့တယ္လို႔ တရားခြင္မွာ ကိုယ္တိုင္ ေရာက္ရွိ သတင္းယူေနတဲ့ ဘီဘီစီ သတင္းေထာက္က ေျပာပါတယ္။

မိခင္ ျဖစ္သူက ဗစ္တိုးရီးယား (အမည္ရင္း မဟုတ္) ကေလးငယ္မွာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ ခံရျခင္း သံသယ ရွိတယ္ ဆိုၿပီ တင္ျပ လာတဲ့ အတြက္ ေမလ ၁၆ ရက္၊ ၂၀၁၉ ခုႏွစ္ ည ၉ နာရီ ၄၀ မိနစ္ အခ်ိန္မွာ ကနဦး စမ္းသပ္ စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ ဆရာဝန္က ထြက္ဆိုပါတယ္။ ကနဦး စစ္ေဆးခ်က္ အရ အဖ်ားမရွိပါ၊ ေသြးေပါင္ခ်ိန္က ၉၀/၆၀ ၊ ဝမ္းဗိုက္မွာ နာက်င္ျခင္းမရွိ၊ ခႏၶာကိုယ္အေနအထား ႐ႊင္လန္းေနတယ္ ဆိုပါတယ္။ ကေလးငယ္ရဲ႕ မိန္းမကိုယ္ကို စစ္ေဆးရာမွာ ပြန္းပဲ့ ဒဏ္ရာ ေတြ႕ရွိရၿပီး ေသြးထြက္ေနတာကို ေတြ႕ရွိရတဲ့ အတြက္ ေနျပည္ေတာ္ ကုတင္ ၁,၀၀၀ ေဆး႐ုံ ရွိ က်ား-မ အေျချပဳ အၾကမ္းဖက္မႈဆိုင္ရာ အမႈအခင္းမ်ား အတြက္ တစ္ေနရာတည္း စစ္ေဆးႏိုင္တဲ့ ဌာနကို လႊဲေျပာင္း ေပးခဲ့တယ္ဆိုပါတယ္။

အဲဒီေနာက္ ေမလ ၁၇ ရက္ ရက္ နံနက္ ၁၁ နာရီ မိနစ္ ၂၀ အခ်ိန္မွာ ေဆး႐ုံ မွတ္တမ္း တင္ၿပီး ကေလးငယ္ကို ထပ္မံ စစ္ေဆးခဲ့တယ္လို႔ မႈခင္း ဆရာဝန္ႀကီး က ထြက္ဆိုပါတယ္။ စစ္ေဆးေတြ႕ရွိခ်က္မွာ ကေလးငယ္ရဲ႕ မိန္းမကိုယ္က အရည္ကို ယူၿပီး စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲခန္း ေတြ႕ရွိခ်က္ အရ ေယာက္်ား သုက္ပိုး ေတြ႕ရွိၿပီး ခႏၶာကိုယ္ ျပင္ပတြင္ သိသာထင္ရွားတဲ့ ထိခိုက္ ဒဏ္ရာ မေတြ႕ရေပမယ့္ မိန္းမကိုယ္ ေမြးလမ္းေၾကာင္း အတြင္း နံရံ အေရွ႕ပိုင္းမွာ ပြန္းျခစ္ ဒဏ္ရာ မ်ား ရွိတဲ့ အျပင္ အပ်ိဳ ေျမႇး အေျခ ပတ္လည္ မွာ ဖူးေရာင္ ပြန္းျခစ္ ဒဏ္ရာမ်ား ေတြ႕ရွိရတယ္လို႔ ေျပာပါတယ္။ အဲဒီ အတြက္ လတ္တေလာ ကာမ စပ္ယွက္ ထားျခင္း ရွိတယ္လို႔ မွတ္ခ်က္ေပးခဲ့တယ္လို႔ မႈခင္း ဆရာဝန္က ထြက္ဆိုသြားပါတယ္။

ဒါအျပင္ ဗစ္တိုးရီးယား အမႈမွာ သံသယ တရားခံ အျဖစ္ လက္ရွိ ႐ုံးတင္ စစ္ေဆးခံေနရတဲ့ ကိုေအာင္ေက်ာ္မ်ိဳး (ေခၚ) ေအာင္ႀကီး ကို လည္း ေမလ ၃၁ ရက္ေန႔ ေန႔လယ္ ၁ နာရီ အခ်ိန္ ေနျပည္ေတာ္ ကုတင္ ၁,၀၀၀ ေဆး႐ုံႀကီး မွာ ေခၚယူ စစ္ေဆးခဲ့တယ္လို႔ ဆရာဝန္က ထြက္ဆိုခဲ့ပါတယ္။

ကိုေအာင္ေက်ာ္မ်ိဳးရဲ႕ ေယာက္်ား အဂၤါက အရည္ကို ယူၿပီး ဓာတ္ခြဲ စစ္ေဆးခ်က္ အရ ေယာက္်ား သုက္ပိုး မေတြ႕ခဲ့ရဘူးလို႔ မႈခင္းဆရာဝန္က ေျပာပါတယ္။ ကိုေအာင္ေက်ာ္မ်ိဳးမွာ အနာက်က္ၿပီး ပြန္းျခစ္ ဒဏ္ရာ ၂ ခု ေတြ႕ရေပမယ့္ ေယာက္်ား အဂၤါမွာ ပုံမွန္ အတိုင္း ေတြ႕ရၿပီး လတ္တေလာ ဒဏ္ရာမ်ား၊ ပုံမွန္ မဟုတ္တဲ့ အေနအထား မေတြ႕ရဘူးလို႔ ဆိုပါတယ္။ ကိုေအာင္ေက်ာ္မ်ိဳး အေနနဲ႔ စစ္ေဆးခ်ိန္ မွာ လတ္တေလာ ကာမစပ္ယွက္ ထားျခင္း မရွိေၾကာင္း ေတြ႕ရတယ္လို႔ ဆရာဝန္က ထြက္ဆိုခဲ့ပါတယ္။

မႈခင္းဆရာဝန္ရဲ႕ တျခား ထြက္ဆို ခ်က္ေတြမွာ သုက္ပိုးေတြ႕ရွိႏိုင္တဲ့ အခ်ိန္ ကာလ ေတြကိုလည္း ကြၽမ္းက်င္သူ အျဖစ္ ထြက္ဆိုခဲ့ပါတယ္။ အခင္းျဖစ္ပြားၿပီး ၁ နာရီကေန ၆ နာရီ အတြင္းမွာ သုက္ပိုးကို အေကာင္းဆုံး ေတြ႕ႏိုင္ၿပီး ၄၈ နာရီ အတြင္းမွာ လည္း သုက္ပိုးမ်ားကို ေတြ႕ရွိႏိုင္တယ္လို႔ ထြက္ဆိုပါတယ္။ ေရခ်ိဳးျခင္း၊ ေရေဆးျခင္း၊ ဆီးသြားျခင္း မရွိ ခဲ့ရင္လည္း ၄ ရက္ အတြင္း ေကာင္းစြာ ေတြ႕ရွိႏိုင္တယ္လို႔ မႈခင္း ဆရာဝန္က ထြက္ဆိုခဲ့ပါတယ္။ ဒါေပမယ့္ အခု ဗစ္တိုးရီးယား မွာ ေတြ႕ရွိတယ္ ဆိုတဲ့ သုက္ ပိုးကို DNA တိုက္ဆိုင္ စစ္ေဆးတာမ်ိဳး သူ႔ အေနနဲ႔ မလုပ္ခဲ့ဘူး လို႔ ဒီေန႔ ႐ုံးေတာ္မွာ ထြက္ဆိုခဲ့တဲ့ မႈခင္းဆရာဝန္ ေဒါက္တာ တင္မိုးမိုးခိုင္က ထြက္ဆိုခဲ့ပါတယ္။

ေဆးစာနဲ႔ ပတ္သက္ၿပီး ထူးျခားမႈ တစ္ခုအေနနဲ႔ မူလ ထုတ္ေပးခဲ့တဲ့ ေဆးစာ ေပ်ာက္ဆုံးခဲ့လို႔ ဆိုၿပီး အမွတ္ (၁)၊ ၿမိဳ႕မ ရဲစခန္း ေခတၱ စခန္းမႉး ရဲအုပ္ ေဝၿဖိဳးလြင္ ကေန ေဆးစာ ထပ္မံ ေတာင္းခံခဲ့တဲ့ အတြက္ ေဆးစာ မိတၱဴမွန္ကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၄ ရက္ ေန႔မွာ ထုတ္ေပးခဲ့ရတယ္လို႔ လည္း မႈခင္းဆရာဝန္ႀကီးက ထြက္ဆိုသြားခဲ့ပါတယ္။

ဒါ့အျပင္ သုက္ပိုး စစ္ေဆးတာ အပါအဝင္ မႈခင္း ေဆးပညာ ဆိုင္ရာ အသုံးျပဳ တဲ့ မွတ္တမ္းတင္ ဖလင္ျပားေတြကိုလည္း ရဲစခန္းက ေတာင္းယူခဲ့တဲ့ အတြက္ သူတို႔ အေနနဲ႔ အစည္းအေဝး မွတ္တမ္းျပဳလုပ္ၿပီး ေပးအပ္လိုက္တယ္လို႔ လည္း မႈခင္းဆရာဝန္ႀကီးက ထြက္ဆိုခဲ့ပါတယ္။ ဒါမ်ိဳး ဖလင္ျပားကို ေတာင္းခံတာမ်ိဳး အရင္ က စစ္ေဆးခဲ့တဲ့ မႈခင္းဆိုင္ရာ ေဆးပညာ စစ္ေဆးမႈေတြမွာ မရွိခဲ့ဘူးလို႔လည္း မႈခင္းဆရာဝန္က ထြက္ဆိုခဲ့ပါတယ္။

ႏိုဝင္ဘာလ ၂၀ ရက္ ဒီေန႔ ႐ုံးခ်ိန္းမွာ မႈခင္းဆရာဝန္ႀကီး အျပင္ Wisdom Hill မူႀကိဳေက်ာင္း က ႀကီးၾကပ္ေရးမႉးေဒၚဥမၼာလႈိင္ ကို လည္း စစ္ေဆးဖို႔ ရွိပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဗစ်တိုးရီးယားအမှု - ကလေးရဲ့ မိန်းမကိုယ်မှာ သုက်ပိုးတွေ့ရှိ လို့ မှုခင်းဆရာဝန် ထွက်ဆို


ဓာတ်ပုံ မူပိုင် SAI AUNG MAIN/AFP via Getty Images
Image caption ဆေးစာ တွေ့ရှိချက် အရ ဗစ်တိုးရီးယား ကလေးငယ်ဟာ ကာမစပ်ယှက်ခံခဲ့ရ

နေပြည်တော် Wisdom Hill မူကြိုကျောင်းက အသက် ၃ နှစ် အရွယ် ကလေးငယ် တစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ် ဆိုတဲ့ ဗစ်တိုးရီးယားအမှု ရဲ့ ၁၁ ကြိမ် မြောက် ရုံးချိန်းကို နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးမှာ ဆက်လက် စစ်ဆေးခဲ့ရာ မနက်ပိုင်း တရားခွင်မှာ မှုခင်း ဆရာဝန်ကြီး ဒေါက်တာ တင်မိုးမိုးခိုင် က ဆေးစာတွေ့ရှိချက်တွေကို ရုံးတော်မှာ ထွက်ဆိုသွားခဲ့တယ်လို့ တရားခွင်မှာ ကိုယ်တိုင် ရောက်ရှိ သတင်းယူနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မိခင် ဖြစ်သူက ဗစ်တိုးရီးယား (အမည်ရင်း မဟုတ်) ကလေးငယ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရခြင်း သံသယ ရှိတယ် ဆိုပြီ တင်ပြ လာတဲ့ အတွက် မေလ ၁၆ ရက်၊ ၂၀၁၉ ခုနှစ် ည ၉ နာရီ ၄၀ မိနစ် အချိန်မှာ ကနဦး စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆရာဝန်က ထွက်ဆိုပါတယ်။ ကနဦး စစ်ဆေးချက် အရ အဖျားမရှိပါ၊ သွေးပေါင်ချိန်က ၉၀/၆၀ ၊ ဝမ်းဗိုက်မှာ နာကျင်ခြင်းမရှိ၊ ခန္ဓာကိုယ်အနေအထား ရွှင်လန်းနေတယ် ဆိုပါတယ်။ ကလေးငယ်ရဲ့ မိန်းမကိုယ်ကို စစ်ဆေးရာမှာ ပွန်းပဲ့ ဒဏ်ရာ တွေ့ရှိရပြီး သွေးထွက်နေတာကို တွေ့ရှိရတဲ့ အတွက် နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံ ရှိ ကျား-မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အမှုအခင်းများ အတွက် တစ်နေရာတည်း စစ်ဆေးနိုင်တဲ့ ဌာနကို လွှဲပြောင်း ပေးခဲ့တယ်ဆိုပါတယ်။

အဲဒီနောက် မေလ ၁၇ ရက် ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ အချိန်မှာ ဆေးရုံ မှတ်တမ်း တင်ပြီး ကလေးငယ်ကို ထပ်မံ စစ်ဆေးခဲ့တယ်လို့ မှုခင်း ဆရာဝန်ကြီး က ထွက်ဆိုပါတယ်။ စစ်ဆေးတွေ့ရှိချက်မှာ ကလေးငယ်ရဲ့ မိန်းမကိုယ်က အရည်ကို ယူပြီး စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲခန်း တွေ့ရှိချက် အရ ယောက်ျား သုက်ပိုး တွေ့ရှိပြီး ခန္ဓာကိုယ် ပြင်ပတွင် သိသာထင်ရှားတဲ့ ထိခိုက် ဒဏ်ရာ မတွေ့ရပေမယ့် မိန်းမကိုယ် မွေးလမ်းကြောင်း အတွင်း နံရံ အရှေ့ပိုင်းမှာ ပွန်းခြစ် ဒဏ်ရာ များ ရှိတဲ့ အပြင် အပျို မြှေး အခြေ ပတ်လည် မှာ ဖူးရောင် ပွန်းခြစ် ဒဏ်ရာများ တွေ့ရှိရတယ်လို့ ပြောပါတယ်။ အဲဒီ အတွက် လတ်တလော ကာမ စပ်ယှက် ထားခြင်း ရှိတယ်လို့ မှတ်ချက်ပေးခဲ့တယ်လို့ မှုခင်း ဆရာဝန်က ထွက်ဆိုသွားပါတယ်။

ဒါအပြင် ဗစ်တိုးရီးယား အမှုမှာ သံသယ တရားခံ အဖြစ် လက်ရှိ ရုံးတင် စစ်ဆေးခံနေရတဲ့ ကိုအောင်ကျော်မျိုး (ခေါ်) အောင်ကြီး ကို လည်း မေလ ၃၁ ရက်နေ့ နေ့လယ် ၁ နာရီ အချိန် နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံကြီး မှာ ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ ဆရာဝန်က ထွက်ဆိုခဲ့ပါတယ်။

ကိုအောင်ကျော်မျိုးရဲ့ ယောက်ျား အင်္ဂါက အရည်ကို ယူပြီး ဓာတ်ခွဲ စစ်ဆေးချက် အရ ယောက်ျား သုက်ပိုး မတွေ့ခဲ့ရဘူးလို့ မှုခင်းဆရာဝန်က ပြောပါတယ်။ ကိုအောင်ကျော်မျိုးမှာ အနာကျက်ပြီး ပွန်းခြစ် ဒဏ်ရာ ၂ ခု တွေ့ရပေမယ့် ယောက်ျား အင်္ဂါမှာ ပုံမှန် အတိုင်း တွေ့ရပြီး လတ်တလော ဒဏ်ရာများ၊ ပုံမှန် မဟုတ်တဲ့ အနေအထား မတွေ့ရဘူးလို့ ဆိုပါတယ်။ ကိုအောင်ကျော်မျိုး အနေနဲ့ စစ်ဆေးချိန် မှာ လတ်တလော ကာမစပ်ယှက် ထားခြင်း မရှိကြောင်း တွေ့ရတယ်လို့ ဆရာဝန်က ထွက်ဆိုခဲ့ပါတယ်။

မှုခင်းဆရာဝန်ရဲ့ တခြား ထွက်ဆို ချက်တွေမှာ သုက်ပိုးတွေ့ရှိနိုင်တဲ့ အချိန် ကာလ တွေကိုလည်း ကျွမ်းကျင်သူ အဖြစ် ထွက်ဆိုခဲ့ပါတယ်။ အခင်းဖြစ်ပွားပြီး ၁ နာရီကနေ ၆ နာရီ အတွင်းမှာ သုက်ပိုးကို အကောင်းဆုံး တွေ့နိုင်ပြီး ၄၈ နာရီ အတွင်းမှာ လည်း သုက်ပိုးများကို တွေ့ရှိနိုင်တယ်လို့ ထွက်ဆိုပါတယ်။ ရေချိုးခြင်း၊ ရေဆေးခြင်း၊ ဆီးသွားခြင်း မရှိ ခဲ့ရင်လည်း ၄ ရက် အတွင်း ကောင်းစွာ တွေ့ရှိနိုင်တယ်လို့ မှုခင်း ဆရာဝန်က ထွက်ဆိုခဲ့ပါတယ်။ ဒါပေမယ့် အခု ဗစ်တိုးရီးယား မှာ တွေ့ရှိတယ် ဆိုတဲ့ သုက် ပိုးကို DNA တိုက်ဆိုင် စစ်ဆေးတာမျိုး သူ့ အနေနဲ့ မလုပ်ခဲ့ဘူး လို့ ဒီနေ့ ရုံးတော်မှာ ထွက်ဆိုခဲ့တဲ့ မှုခင်းဆရာဝန် ဒေါက်တာ တင်မိုးမိုးခိုင်က ထွက်ဆိုခဲ့ပါတယ်။

ဆေးစာနဲ့ ပတ်သက်ပြီး ထူးခြားမှု တစ်ခုအနေနဲ့ မူလ ထုတ်ပေးခဲ့တဲ့ ဆေးစာ ပျောက်ဆုံးခဲ့လို့ ဆိုပြီး အမှတ် (၁)၊ မြို့မ ရဲစခန်း ခေတ္တ စခန်းမှူး ရဲအုပ် ဝေဖြိုးလွင် ကနေ ဆေးစာ ထပ်မံ တောင်းခံခဲ့တဲ့ အတွက် ဆေးစာ မိတ္တူမှန်ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၄ ရက် နေ့မှာ ထုတ်ပေးခဲ့ရတယ်လို့ လည်း မှုခင်းဆရာဝန်ကြီးက ထွက်ဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် သုက်ပိုး စစ်ဆေးတာ အပါအဝင် မှုခင်း ဆေးပညာ ဆိုင်ရာ အသုံးပြု တဲ့ မှတ်တမ်းတင် ဖလင်ပြားတွေကိုလည်း ရဲစခန်းက တောင်းယူခဲ့တဲ့ အတွက် သူတို့ အနေနဲ့ အစည်းအဝေး မှတ်တမ်းပြုလုပ်ပြီး ပေးအပ်လိုက်တယ်လို့ လည်း မှုခင်းဆရာဝန်ကြီးက ထွက်ဆိုခဲ့ပါတယ်။ ဒါမျိုး ဖလင်ပြားကို တောင်းခံတာမျိုး အရင် က စစ်ဆေးခဲ့တဲ့ မှုခင်းဆိုင်ရာ ဆေးပညာ စစ်ဆေးမှုတွေမှာ မရှိခဲ့ဘူးလို့လည်း မှုခင်းဆရာဝန်က ထွက်ဆိုခဲ့ပါတယ်။

နိုဝင်ဘာလ ၂၀ ရက် ဒီနေ့ ရုံးချိန်းမှာ မှုခင်းဆရာဝန်ကြီး အပြင် Wisdom Hill မူကြိုကျောင်း က ကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင် ကို လည်း စစ်ဆေးဖို့ ရှိပါတယ်။

BBC Burmese
https://www.bbc.com
ဗစ္တိုးရီးယားအမႈ - ကေလးရဲ႕ မိန္းမကိုယ္မွာ သုက္ပိုးေတြ႕ရွိ လို႔ မႈခင္းဆရာဝန္ ထြက္ဆို ဗစ္တိုးရီးယားအမႈ - ကေလးရဲ႕ မိန္းမကိုယ္မွာ သုက္ပိုးေတြ႕ရွိ လို႔ မႈခင္းဆရာဝန္ ထြက္ဆို Reviewed by THITHTOOLWIN on 22:07 Rating: 5
Powered by Blogger.