လင္မယား စကားမ်ားရာမွ ဓားထိုးမႈျဖစ္၊ အမ်ိဳးသမီးေသဆုံး


(Zawgyi)⤵⤵⤵
ႏိုဝင္ဘာ ၁ ရက္ ၂၀၁၉

သွ်မ္းျပည္ ေတာင္ပိုင္း လြိဳင္လင္ခ႐ိုင္ လဲခ်ားၿမိဳ႕နယ္အတြင္း လင္မယား စကားမ်ားရာမွ ဓားထိုးမႈ ျဖစ္ပြားကာ အမ်ိဳးသမီး ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာ ၃၁ ရက္ မြန္လြဲပိုင္းက လဲခ်ားၿမိဳ႕နယ္ မတ္နန္း ေက်း႐ြာ တြင္ လင္မယား စကားမ်ား ရာ ဓားျဖင့္ထိုးမႈ ျဖစ္ပြားသျဖင့္ အမ်ိဳးသမီး ေသဆုံးခဲ့ၿပီး၊ အမ်ိဳးသားမွာ ဒဏ္ရာျဖင့္ ေဆး႐ုံ တက္ေနရေၾကာင္း ေဒသခံ လုံးပန္တ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

ေသဆုံးသြားသည့္ အမ်ိဳးသမီးသည္ အသက္ ၂၈ နွစ္ေက်ာ္အရြယ္သာရွိၿပီး ဒဏ္ရာရသည့္ အမ်ိဳးသားမွ ၃၀ ႏွစ္ ဝန္းက်င္ရွိေၾကာင္း သိရသည္။

“ လင္မယားရန္ျဖစ္တာပါ။ က်ေနာ္တို႔ သြားၾကည့္ခ်ိန္ ၂ေယာက္လုံးက ဓားဒဏ္ရာေတြနဲ႔ လွဲေနၿပီ။ အစက လဲခ်ား ေဆး႐ုံကို ပို႔တယ္။ေနာက္ ေဆး႐ုံကေနၿပီးေတာ့ လြိဳင္လင္ေဆး႐ုံကို ျပန္ပို႔တယ္။ အမ်ိဳးသမီးကေတာ့ ဆုံးသြားတယ္။ အမ်ိဳးသားကေတာ့ လြိဳင္လင္ေဆး႐ုံမွာပါ” ဟု လုံးပန္တ က ဆိုသည္။

လင္မယား ရန္ျဖစ္မႈသည္ အိမ္တြင္းေရး ကိစၥသာျဖစ္ေၾကာင္း၊ ယခင္တြင္ ထို၂ဦး ရန္ျဖစ္မႈ သိပ္မရွိေၾကာင္း၊ လက္ရွိမွာ ကေလး ၄ေယာက္က်န္ခဲ့ေၾကာင္းလည္း လုံးပန္တ က ေျပာသည္။

“ လင္မယား ရန္ျဖစ္တာ စကားမ်ားတာေတာ့ ျဖစ္တက္ပါတယ္။ ဒါေပမယ့္ ဓားနဲ႔ထိုးၾက၊ ေသၾကတဲ့အဆင့္ေတာ့ မျဖစ္သင့္ဘူး။ ကေလးေတြကလည္း က်န္ေနေသးေတာ့ သူတို႔အတြက္ ၾကည့္ေပးဖို႔လိုပါတယ္” ဟု လဲခ်ားၿမိဳ႕ မွ ေဒသခံ စိုင္းေမာင္ က ေျပာသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
-------------
(Unicode)⤵⤵⤵
လင်မယား စကားများရာမှ ဓားထိုးမှုဖြစ်၊ အမျိုးသမီးသေဆုံး

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

နိုဝင်ဘာ ၁ ရက် ၂၀၁၉

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း လင်မယား စကားများရာမှ ဓားထိုးမှု ဖြစ်ပွားကာ အမျိုးသမီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ ရက် မွန်လွဲပိုင်းက လဲချားမြို့နယ် မတ်နန်း ကျေးရွာ တွင် လင်မယား စကားများ ရာ ဓားဖြင့်ထိုးမှု ဖြစ်ပွားသဖြင့် အမျိုးသမီး သေဆုံးခဲ့ပြီး၊ အမျိုးသားမှာ ဒဏ်ရာဖြင့် ဆေးရုံ တက်နေရကြောင်း ဒေသခံ လုံးပန်တ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သေဆုံးသွားသည့် အမျိုးသမီးသည် အသက် ၂၈ နှစ်ကျော်အရွယ်သာရှိပြီး ဒဏ်ရာရသည့် အမျိုးသားမှ ၃၀ နှစ် ဝန်းကျင်ရှိကြောင်း သိရသည်။

“ လင်မယားရန်ဖြစ်တာပါ။ ကျနော်တို့ သွားကြည့်ချိန် ၂ယောက်လုံးက ဓားဒဏ်ရာတွေနဲ့ လှဲနေပြီ။ အစက လဲချား ဆေးရုံကို ပို့တယ်။နောက် ဆေးရုံကနေပြီးတော့ လွိုင်လင်ဆေးရုံကို ပြန်ပို့တယ်။ အမျိုးသမီးကတော့ ဆုံးသွားတယ်။ အမျိုးသားကတော့ လွိုင်လင်ဆေးရုံမှာပါ” ဟု လုံးပန်တ က ဆိုသည်။

လင်မယား ရန်ဖြစ်မှုသည် အိမ်တွင်းရေး ကိစ္စသာဖြစ်ကြောင်း၊ ယခင်တွင် ထို၂ဦး ရန်ဖြစ်မှု သိပ်မရှိကြောင်း၊ လက်ရှိမှာ ကလေး ၄ယောက်ကျန်ခဲ့ကြောင်းလည်း လုံးပန်တ က ပြောသည်။

“ လင်မယား ရန်ဖြစ်တာ စကားများတာတော့ ဖြစ်တက်ပါတယ်။ ဒါပေမယ့် ဓားနဲ့ထိုးကြ၊ သေကြတဲ့အဆင့်တော့ မဖြစ်သင့်ဘူး။ ကလေးတွေကလည်း ကျန်နေသေးတော့ သူတို့အတွက် ကြည့်ပေးဖို့လိုပါတယ်” ဟု လဲချားမြို့ မှ ဒေသခံ စိုင်းမောင် က ပြောသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
လင္မယား စကားမ်ားရာမွ ဓားထိုးမႈျဖစ္၊ အမ်ိဳးသမီးေသဆုံး လင္မယား စကားမ်ားရာမွ ဓားထိုးမႈျဖစ္၊ အမ်ိဳးသမီးေသဆုံး Reviewed by THITHTOOLWIN on 00:06 Rating: 5
Powered by Blogger.