ေဒၚလာသန္းနဲ႔ခ်ီတန္တဲ့ ျမန္မာ့နီလာႀကီး ေလလံတင္မယ္

 ျမန္မာ့ နီလာ၊ စိန္တို႔နဲ႔ စီျခယ္ထားတဲ့ လက္ေကာက္ကို ၁၉၂၇ ခုႏွစ္က ကာတီယာက ဖန္တီးခဲ့တယ္လို႔လည္း ဆိုပါတယ္။
(Zawgyi)⤵⤵⤵
ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕မွာ ႏိုဝင္ဘာလ ၁၃ ရက္ေန႔ Sotheby's ေလလံ ကုမၸဏီက ျပဳလုပ္တဲ့ ေဆာင္းဦးေလလံပြဲမွာ ျမန္မာႏိုင္ငံက နီလာနဲ႔ ဖန္တီးထားတဲ့ လက္ဝတ္ ရတနာကို ၾကမ္းခင္းေစ်း ေဒၚလာ ၂သန္းနဲ႔ ၃သန္းၾကား ေရာင္းခ်သြား မယ္လို႔ ကုမၸဏီက ထုတ္ျပန္ပါတယ္။

ဒီေလလံပြဲမွာ တျခား ေက်ာက္မ်က္ရတနာေတြကိုလည္း ေရာင္းခ်သြားဖို႔ ရွိေနၿပီး ဒီအထဲမွာ ျမန္မာ့ နီလာနဲ႔ ကိုလံဘီယာက ျမတို႔ဟာ လူႀကိဳက္မ်ားႏိုင္တယ္လို႔လည္း ဆိုပါတယ္။

ျမန္မာ့ နီလာ၊ စိန္တို႔နဲ႔ စီျခယ္ထားတဲ့ လက္ေကာက္ကို ၁၉၂၇ ခုႏွစ္က ကာတီယာက ဖန္တီးခဲ့တယ္လို႔လည္း ဆိုပါတယ္။

 Tristan Fewings/Getty Images for Sotheby's

Sotheby's ေလလံကုမၸဏီရဲ႕ ဥေရာပ ဌာနခြဲ ဥကၠ႒ Daniela Mascettiက နီလာ၊ စိန္တို႔နဲ႔ ဖန္တီးထား တဲ့ ဟန္းခ်ိန္းထဲမွာ နီလာက သိသာထင္ရွားၿပီး ၄၇ ကာရက္ရွိသလို ဒါဟာ ျမန္မာႏိုင္ငံက ထြက္တယ္လို႔ အတည္ျပဳေျပာဆိုပါတယ္။

"ဒီနီလာက မီးဖုတ္ထားတာမရွိသလို ေတာ္ဝင္ အျပာေရာင္ ျဖစ္တယ္ဆိုတာ Gubelin ဓာတ္ခြဲခန္းက စာပို႔အတည္ျပဳထားပါတယ္။ ျမန္မာ့ေက်ာက္မ်က္ ရတနာ ေတြထဲက အေကာင္းဆုံး တခုလို႔လည္း ေမွ်ာ္လင့္ရ ပါတယ္။ ဒီနီလာကို ၈နဲ႔ ၉ ကာရက္ ရွိတဲ့ စိန္ ႏွစ္လုံးနဲ႔ စီျခယ္ထားတာ ျဖစ္ပါတယ္။ ဒီလို အေကာင္းဆုံး လက္ဝတ္ရတနာ ရဖို႔ ကာတီယာအေနနဲ႔ ဘာမွ သိပ္ျပဳျပင္စရာမလိုခဲ့ပါဘူး။" လို႔ သူက ေျပာပါတယ္။

ဒီနီလာ လက္ဝတ္ရတနာကို ဖန္တီးခဲ့တဲ့ ၁၉၂၇ ခုႏွစ္က ကာတီယာက အလားတူ ဒီဇိုင္းနဲ႔ စတိုင္ သိပ္မကြာတဲ့ တျခား လက္ဝတ္ရတနာေတြလည္း ဖန္တီးခဲ့ပါတယ္။

Sotheby's ေလလံပြဲမွာ ကာတီယာရဲ႕ တျခား ရတနာအတြဲေတြ ျဖစ္တဲ့ ျမ၊ စိန္လည္ဆြဲေတြလည္း ေဒၚလာ ၃.၅သန္း၊ ၄.၅ သန္းနဲ႔ အသီးသီး ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ဒေါ်လာသန်းနဲ့ချီတန်တဲ့ မြန်မာ့နီလာကြီး လေလံတင်မယ်

ဓာတ်ပုံ မူပိုင် Tristan Fewings/Getty Images for Sotheby's
Image caption မြန်မာ့ နီလာ၊ စိန်တို့နဲ့ စီခြယ်ထားတဲ့ လက်ကောက်ကို ၁၉၂၇ ခုနှစ်က ကာတီယာက ဖန်တီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ Sotheby's လေလံ ကုမ္ပဏီက ပြုလုပ်တဲ့ ဆောင်းဦးလေလံပွဲမှာ မြန်မာနိုင်ငံက နီလာနဲ့ ဖန်တီးထားတဲ့ လက်ဝတ် ရတနာကို ကြမ်းခင်းဈေး ဒေါ်လာ ၂သန်းနဲ့ ၃သန်းကြား ရောင်းချသွား မယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

ဒီလေလံပွဲမှာ တခြား ကျောက်မျက်ရတနာတွေကိုလည်း ရောင်းချသွားဖို့ ရှိနေပြီး ဒီအထဲမှာ မြန်မာ့ နီလာနဲ့ ကိုလံဘီယာက မြတို့ဟာ လူကြိုက်များနိုင်တယ်လို့လည်း ဆိုပါတယ်။

မြန်မာ့ နီလာ၊ စိန်တို့နဲ့ စီခြယ်ထားတဲ့ လက်ကောက်ကို ၁၉၂၇ ခုနှစ်က ကာတီယာက ဖန်တီးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Tristan Fewings/Getty Images for Sotheby's

Sotheby's လေလံကုမ္ပဏီရဲ့ ဥရောပ ဌာနခွဲ ဥက္ကဋ္ဌ Daniela Mascettiက နီလာ၊ စိန်တို့နဲ့ ဖန်တီးထား တဲ့ ဟန်းချိန်းထဲမှာ နီလာက သိသာထင်ရှားပြီး ၄၇ ကာရက်ရှိသလို ဒါဟာ မြန်မာနိုင်ငံက ထွက်တယ်လို့ အတည်ပြုပြောဆိုပါတယ်။

"ဒီနီလာက မီးဖုတ်ထားတာမရှိသလို တော်ဝင် အပြာရောင် ဖြစ်တယ်ဆိုတာ Gubelin ဓာတ်ခွဲခန်းက စာပို့အတည်ပြုထားပါတယ်။ မြန်မာ့ကျောက်မျက် ရတနာ တွေထဲက အကောင်းဆုံး တခုလို့လည်း မျှော်လင့်ရ ပါတယ်။ ဒီနီလာကို ၈နဲ့ ၉ ကာရက် ရှိတဲ့ စိန် နှစ်လုံးနဲ့ စီခြယ်ထားတာ ဖြစ်ပါတယ်။ ဒီလို အကောင်းဆုံး လက်ဝတ်ရတနာ ရဖို့ ကာတီယာအနေနဲ့ ဘာမှ သိပ်ပြုပြင်စရာမလိုခဲ့ပါဘူး။" လို့ သူက ပြောပါတယ်။

ဒီနီလာ လက်ဝတ်ရတနာကို ဖန်တီးခဲ့တဲ့ ၁၉၂၇ ခုနှစ်က ကာတီယာက အလားတူ ဒီဇိုင်းနဲ့ စတိုင် သိပ်မကွာတဲ့ တခြား လက်ဝတ်ရတနာတွေလည်း ဖန်တီးခဲ့ပါတယ်။

Sotheby's လေလံပွဲမှာ ကာတီယာရဲ့ တခြား ရတနာအတွဲတွေ ဖြစ်တဲ့ မြ၊ စိန်လည်ဆွဲတွေလည်း ဒေါ်လာ ၃.၅သန်း၊ ၄.၅ သန်းနဲ့ အသီးသီး ရောင်းချသွားမှာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ေဒၚလာသန္းနဲ႔ခ်ီတန္တဲ့ ျမန္မာ့နီလာႀကီး ေလလံတင္မယ္ ေဒၚလာသန္းနဲ႔ခ်ီတန္တဲ့ ျမန္မာ့နီလာႀကီး ေလလံတင္မယ္ Reviewed by THITHTOOLWIN on 00:09 Rating: 5
Powered by Blogger.