ကေလးမၾကာခဏ မဖ်ားနာေစဖို႔ ေမေမေတြ ဒီလိုဂ႐ုစိုက္ေပးၾကမယ္ဆိုရင္

(Zawgyi)⤵⤵⤵

ဘယ္မိဘမဆို ကိုယ့္ရဲ႕ ကေလးေတြကို က်န္းက်န္းမာမာနဲ႔ ႀကီးျပင္းလာေစခ်င္ၾကတာပါပဲ။ ကေလးဖ်ားနာတယ္ဆိုတာ ဆန္းေတာ့တဲ့ ျပႆနာတစ္ခု မဟုတ္ေပမဲ့ ကေလးလည္း ေဝဒနာခံစားရမယ္။ မိေဘတြအေနနဲ႔လည္း ကေလးဖ်ားေနတာကို ၾကည့္ၿပီး ကေလးအစား ကိုယ္သာ ဖ်ားလိုက္ပါေတာ့လားလို႔ ေတြးရင္း ရင္ေတြ ပူေနရမွာေပါ့။

ဒါ့အျပင္ ကေလးဆိုတာ အ႐ြယ္ငယ္ေသးတဲ့အခ်ိန္ဆိုေတာ့ ကိုယ္ခံအားစနစ္ဟာလည္း လူႀကီးေတြေလာက္ မေကာင္းႏိုင္ပါဘူး။ ရာသီဥတုအေျပာင္းအလဲ ျဖစ္တာ၊ ပူလြန္းေအးလြန္းတာ၊ လက္မေဆးဘဲ ႏွာေခါင္း၊ ပါးစပ္၊ မ်က္လုံးကို မၾကာခဏ ပြတ္တာ၊ မသန႔္ရွင္းတဲ့ လက္နဲ႔ မုန႔္စားတာ အစရွိသျဖင့္ အေၾကာင္းရင္းအမ်ိဳးမ်ိဳးေၾကာင့္ ကေလးဟာ ဖ်ားနာႏိုင္ပါတယ္။

ဒီလိုမ်ိဳး ကိုယ့္ရင္ေသြးရဲ႕ က်န္းမာေရးအတြက္ ရတက္မေအးရတဲ့ ေမေမေတြ၊ ေဖေဖေတြအတြက္ ကေလးမၾကာခဏ မဖ်ားေစဖို႔ ေဆာင္ရန္၊ ေရွာင္ရန္နဲ႔ က်န္းက်န္းမာမာနဲ႔ ႀကီးျပင္းလာေစမယ့္ နည္းလမ္းေတြကို ေဝမွ်ေပးလိုက္ခ်င္ပါတယ္။

၁။ လူရႈပ္တဲ့ ေနရာေတြကို ကေလးေတြကို သိပ္မေခၚသြားပါနဲ႔။
ကေလး အျပင္ထြက္တာ ေကာင္းတဲ့ကိစၥဆိုေပမယ့္ လူအရမ္းမ်ားတဲ့ ေနရာေတြမွာ ေရာဂါပိုးေပါင္းစုံဟာ ေလထုထဲမွာ အၿမဲရွိေနႏိုင္ပါတယ္။ ကေလးရဲ႕ ကိုယ္ခံအားစနစ္ဟာ လူႀကီးေလာက္ မေကာင္းတဲ့အခါ ေရာဂါပိုးေတြ ကိုယ္ခႏၶါထဲ အလြယ္တကူဝင္ေရာက္ၿပီး ေနမေကာင္း ျဖစ္ေစႏိုင္ပါတယ္။ မျဖစ္မေန သြားေပးရမယ္ဆိုရင္လည္း ႏွာေခါင္းစည္းတပ္ေပးထားပါ။

၂။ ကေလးရဲ႕ တစ္ကိုယ္ေရ သန႔္ရွင္းေရးကို ဂ႐ုစိုက္ပါ။
တစ္ကိုယ္ေရသန႔္ရွင္းေရးဟာ က်န္းမာေရးအေပၚမွာ အမ်ားႀကီး သက္ေရာက္မႈ ရွိေစပါတယ္။ ကေလးက သန႔္ရွင္းေနမွ ေရာဂါပိုးေတြ ကိုယ္ေပၚမွာ၊ အဝတ္အစားေတြေပၚမွာ ကပ္ၿငိေနတာမ်ိဳး မျဖစ္ေစေတာ့ဘူးေပါ့။ ဒါေၾကာင့္ ကေလးကို တစ္ေန႔ တစ္ႀကိမ္ သို႔မဟုတ္ ႏွစ္ႀကိမ္ခန႔္ ပုံမွန္ေရခ်ိဳးေပးပါ။ သန႔္ရွင္းတဲ့ အဝတ္အစားေတြကိုပဲ ဝတ္ဆင္ေပးပါ။ အျပင္က ျပန္လာတိုင္း ဝတ္ထားတဲ့ အဝတ္အစားေတြကို ေလွ်ာ္ဖြပ္ေပးပါ။

၃။ ကေလးကို လက္သည္း၊ ေျခသည္းပုံမွန္ ညႇပ္ေပးပါ။
လက္သည္း၊ ေျခသည္းေတြဆိုတာ ေရာဂါပိုးမႊားေတြ ေအာင္းလို႔ အေကာင္းဆုံးေနရာေတြထဲက တစ္ခုပါ။ အထူးသျဖင့္ ကေလးေတြက အၿမဲတမ္းေဆာ့ကစားေနတာ၊ လူေတြနဲ႔ ထိေတြ႕ကိုင္တြယ္ေနရတာ ျဖစ္လို႔ ပိုၿပီးေတာင္ ေခ်းနဲ႔ အညစ္အေၾကးေတြ လက္သည္းၾကားထဲ ကပ္ေနႏိုင္ပါတယ္။ ဒါေၾကာင့္ ကေလးကို လက္သည္း၊ ေျခသည္းေတြ အရမ္းရွည္တဲ့အထိ မေစာင့္ဘဲ တစ္ပတ္ တစ္ခါေလာက္ ပုံမွန္ညႇပ္ေပးဖို႔ လိုတယ္ေနာ္။

၄။ တစ္ခုခုကိုင္ၿပီးတိုင္း လက္ေဆးဖို႔ ကေလးကို အက်င့္လုပ္ေပးပါ။
ကေလးေတြဆိုတာ တစ္ခုခု စိတ္ဝင္စားစရာေတြ႕တာနဲ႔ လက္က အရင္ကိုင္လိုက္တာပါပဲ။ ကိုင္လိုက္တဲ့ အရာဝတၳဳကေန ဖုန္ေတြ၊ အညစ္အေၾကးေတြ၊ ဘက္တီးရီးယားပိုးေတြဟာ လက္ေပၚကို ကပ္ပါလာမယ္။ အဲ့လိုကိုင္ၿပီးတာနဲ႔ လက္ေသခ်ာမေဆးဘဲ ႏွာေခါင္း၊ ပါးစပ္ထဲ လက္ထည့္လိုက္တာ၊ မုန႔္စားလိုက္တာ၊ မ်က္လုံးကို လက္နဲ႔ ပြတ္လိုက္တာေတြေၾကာင့္ ေရာဂါပိုးေတြဟာ ကိုယ္ခႏၶါထဲကို ေရာက္သြားၿပီး ကေလးကို နာမက်န္းျဖစ္ေစတာေပါ့။

ဒါေၾကာင့္ ကေလးကို ဘယ္လိုအရာဝတၳဳတိုင္းမဆို ကိုင္ၿပီးတိုင္း လက္ေဆးတဲ့ အက်င့္လုပ္ေပးပါ။ အစာမစားခင္၊ အိမ္သာတက္ၿပီးသြားရင္လည္း လက္ကို ဆပ္ျပာနဲ႔ ေသခ်ာေျပာင္စင္ေအာင္ ေဆးေပးရမယ္။ အကယ္လို႔ အျပင္ေရာက္ေနလို႔ လက္ေဆးလို႔ အဆင္မေျပဘူးဆိုရင္လည္း အိတ္ထဲမွာ လက္သန႔္စင္ေဆးရည္ ဒါမွမဟုတ္ Wet Tissue ေလး ေဆာင္ထားသင့္တယ္ေနာ္။

၅။ ကေလးကို အာဟာရျပည့္ဝေအာင္ ေကြၽးေမြးပါ။
ကေလးရဲ႕ ေန႔စဥ္အစာအာဟာရဟာ သူတို႔ေလးေတြရဲ႕ က်န္းမာေရးနဲ႔ ဖြံ႕ၿဖိဳးမႈေပၚ အမ်ားႀကီး အက်ိဳးသက္ေရာက္မႈရွိေစပါတယ္။ အာဟာရမွ်တမွ ကေလးက က်န္းမာမယ္။ ကေလးက က်န္းမာမွပဲ စိတ္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေက်ာင္းစာေတြကို လိုက္လုပ္ႏိုင္မွာေပါ့။ ဒါ့အျပင္ အစားအစာကရတဲ့ ဗီတာမင္နဲ႔ သတၱဳဓါတ္ေတြဟာ ကေလးရဲ႕ ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးႏိုင္လို႔ ေရာဂါေတြ မကူးစက္ေစဖို႔၊ ဖ်ားနာျခင္း ကင္းေဝးဖို႔ ကူညီေပးႏိုင္မွာပါ။ ဒါေၾကာင့္ ကေလးေတြကို အသား၊ ငါး၊ ဟင္းသီးဟင္း႐ြက္၊ သစ္သီးဝလံ၊ ဥ၊ ပဲအမ်ိဳးမ်ိဳး၊ အေစ့အဆန္ အစရွိသျဖင့္ ေန႔စဥ္ အာဟာရျပည့္ဝစြာ ေကြၽးေပးရမယ္ေနာ္။

ကေလးတိုင္း ဖ်ားနာတတ္တာ သဘာဝပဲဆိုေပမယ့္ မိဘေတြအေနနဲ႔ ဒီနည္းလမ္းေတြကို အၿမဲလုပ္ေပးမယ္ဆိုရင္ေတာ့ ကေလးကို ဖ်ားနာျခင္းကင္းေဝးၿပီး က်န္းက်န္းေပ်ာ္႐ႊင္စြာနဲ႔ ႀကီးျပင္းလာမွာ အေသအခ်ာပဲေပါ့။

ေရးသားသူ- Ye Myo Myat
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ -Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-----------------
(Unicode)⤵⤵⤵
ကလေးမကြာခဏ မဖျားနာစေဖို့ မေမေတွေ ဒီလိုဂရုစိုက်ပေးကြမယ်ဆိုရင်

ဘယ်မိဘမဆို ကိုယ့်ရဲ့ ကလေးတွေကို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေချင်ကြတာပါပဲ။ ကလေးဖျားနာတယ်ဆိုတာ ဆန်းတော့တဲ့ ပြဿနာတစ်ခု မဟုတ်ပေမဲ့ ကလေးလည်း ဝေဒနာခံစားရမယ်။ မိဘေတွအနေနဲ့လည်း ကလေးဖျားနေတာကို ကြည့်ပြီး ကလေးအစား ကိုယ်သာ ဖျားလိုက်ပါတော့လားလို့ တွေးရင်း ရင်တွေ ပူနေရမှာပေါ့။

ဒါ့အပြင် ကလေးဆိုတာ အရွယ်ငယ်သေးတဲ့အချိန်ဆိုတော့ ကိုယ်ခံအားစနစ်ဟာလည်း လူကြီးတွေလောက် မကောင်းနိုင်ပါဘူး။ ရာသီဥတုအပြောင်းအလဲ ဖြစ်တာ၊ ပူလွန်းအေးလွန်းတာ၊ လက်မဆေးဘဲ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးကို မကြာခဏ ပွတ်တာ၊ မသန့်ရှင်းတဲ့ လက်နဲ့ မုန့်စားတာ အစရှိသဖြင့် အကြောင်းရင်းအမျိုးမျိုးကြောင့် ကလေးဟာ ဖျားနာနိုင်ပါတယ်။

ဒီလိုမျိုး ကိုယ့်ရင်သွေးရဲ့ ကျန်းမာရေးအတွက် ရတက်မအေးရတဲ့ မေမေတွေ၊ ဖေဖေတွေအတွက် ကလေးမကြာခဏ မဖျားစေဖို့ ဆောင်ရန်၊ ရှောင်ရန်နဲ့ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေမယ့် နည်းလမ်းတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။

၁။ လူရှုပ်တဲ့ နေရာတွေကို ကလေးတွေကို သိပ်မခေါ်သွားပါနဲ့။
ကလေး အပြင်ထွက်တာ ကောင်းတဲ့ကိစ္စဆိုပေမယ့် လူအရမ်းများတဲ့ နေရာတွေမှာ ရောဂါပိုးပေါင်းစုံဟာ လေထုထဲမှာ အမြဲရှိနေနိုင်ပါတယ်။ ကလေးရဲ့ ကိုယ်ခံအားစနစ်ဟာ လူကြီးလောက် မကောင်းတဲ့အခါ ရောဂါပိုးတွေ ကိုယ်ခန္ဓါထဲ အလွယ်တကူဝင်ရောက်ပြီး နေမကောင်း ဖြစ်စေနိုင်ပါတယ်။ မဖြစ်မနေ သွားပေးရမယ်ဆိုရင်လည်း နှာခေါင်းစည်းတပ်ပေးထားပါ။

၂။ ကလေးရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ။
တစ်ကိုယ်ရေသန့်ရှင်းရေးဟာ ကျန်းမာရေးအပေါ်မှာ အများကြီး သက်ရောက်မှု ရှိစေပါတယ်။ ကလေးက သန့်ရှင်းနေမှ ရောဂါပိုးတွေ ကိုယ်ပေါ်မှာ၊ အဝတ်အစားတွေပေါ်မှာ ကပ်ငြိနေတာမျိုး မဖြစ်စေတော့ဘူးပေါ့။ ဒါကြောင့် ကလေးကို တစ်နေ့ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ပုံမှန်ရေချိုးပေးပါ။ သန့်ရှင်းတဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပေးပါ။ အပြင်က ပြန်လာတိုင်း ဝတ်ထားတဲ့ အဝတ်အစားတွေကို လျှော်ဖွပ်ပေးပါ။

၃။ ကလေးကို လက်သည်း၊ ခြေသည်းပုံမှန် ညှပ်ပေးပါ။
လက်သည်း၊ ခြေသည်းတွေဆိုတာ ရောဂါပိုးမွှားတွေ အောင်းလို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုပါ။ အထူးသဖြင့် ကလေးတွေက အမြဲတမ်းဆော့ကစားနေတာ၊ လူတွေနဲ့ ထိတွေ့ကိုင်တွယ်နေရတာ ဖြစ်လို့ ပိုပြီးတောင် ချေးနဲ့ အညစ်အကြေးတွေ လက်သည်းကြားထဲ ကပ်နေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို လက်သည်း၊ ခြေသည်းတွေ အရမ်းရှည်တဲ့အထိ မစောင့်ဘဲ တစ်ပတ် တစ်ခါလောက် ပုံမှန်ညှပ်ပေးဖို့ လိုတယ်နော်။

၄။ တစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးဖို့ ကလေးကို အကျင့်လုပ်ပေးပါ။
ကလေးတွေဆိုတာ တစ်ခုခု စိတ်ဝင်စားစရာတွေ့တာနဲ့ လက်က အရင်ကိုင်လိုက်တာပါပဲ။ ကိုင်လိုက်တဲ့ အရာဝတ္ထုကနေ ဖုန်တွေ၊ အညစ်အကြေးတွေ၊ ဘက်တီးရီးယားပိုးတွေဟာ လက်ပေါ်ကို ကပ်ပါလာမယ်။ အဲ့လိုကိုင်ပြီးတာနဲ့ လက်သေချာမဆေးဘဲ နှာခေါင်း၊ ပါးစပ်ထဲ လက်ထည့်လိုက်တာ၊ မုန့်စားလိုက်တာ၊ မျက်လုံးကို လက်နဲ့ ပွတ်လိုက်တာတွေကြောင့် ရောဂါပိုးတွေဟာ ကိုယ်ခန္ဓါထဲကို ရောက်သွားပြီး ကလေးကို နာမကျန်းဖြစ်စေတာပေါ့။

ဒါကြောင့် ကလေးကို ဘယ်လိုအရာဝတ္ထုတိုင်းမဆို ကိုင်ပြီးတိုင်း လက်ဆေးတဲ့ အကျင့်လုပ်ပေးပါ။ အစာမစားခင်၊ အိမ်သာတက်ပြီးသွားရင်လည်း လက်ကို ဆပ်ပြာနဲ့ သေချာပြောင်စင်အောင် ဆေးပေးရမယ်။ အကယ်လို့ အပြင်ရောက်နေလို့ လက်ဆေးလို့ အဆင်မပြေဘူးဆိုရင်လည်း အိတ်ထဲမှာ လက်သန့်စင်ဆေးရည် ဒါမှမဟုတ် Wet Tissue လေး ဆောင်ထားသင့်တယ်နော်။

၅။ ကလေးကို အာဟာရပြည့်ဝအောင် ကျွေးမွေးပါ။
ကလေးရဲ့ နေ့စဉ်အစာအာဟာရဟာ သူတို့လေးတွေရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုပေါ် အများကြီး အကျိုးသက်ရောက်မှုရှိစေပါတယ်။ အာဟာရမျှတမှ ကလေးက ကျန်းမာမယ်။ ကလေးက ကျန်းမာမှပဲ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းစာတွေကို လိုက်လုပ်နိုင်မှာပေါ့။ ဒါ့အပြင် အစားအစာကရတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေဟာ ကလေးရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်လို့ ရောဂါတွေ မကူးစက်စေဖို့၊ ဖျားနာခြင်း ကင်းဝေးဖို့ ကူညီပေးနိုင်မှာပါ။ ဒါကြောင့် ကလေးတွေကို အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဥ၊ ပဲအမျိုးမျိုး၊ အစေ့အဆန် အစရှိသဖြင့် နေ့စဉ် အာဟာရပြည့်ဝစွာ ကျွေးပေးရမယ်နော်။

ကလေးတိုင်း ဖျားနာတတ်တာ သဘာဝပဲဆိုပေမယ့် မိဘတွေအနေနဲ့ ဒီနည်းလမ်းတွေကို အမြဲလုပ်ပေးမယ်ဆိုရင်တော့ ကလေးကို ဖျားနာခြင်းကင်းဝေးပြီး ကျန်းကျန်းပျော်ရွှင်စွာနဲ့ ကြီးပြင်းလာမှာ အသေအချာပဲပေါ့။

ရေးသားသူ- Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ကေလးမၾကာခဏ မဖ်ားနာေစဖို႔ ေမေမေတြ ဒီလိုဂ႐ုစိုက္ေပးၾကမယ္ဆိုရင္ ကေလးမၾကာခဏ မဖ်ားနာေစဖို႔ ေမေမေတြ ဒီလိုဂ႐ုစိုက္ေပးၾကမယ္ဆိုရင္ Reviewed by THITHTOOLWIN on 09:57 Rating: 5
Powered by Blogger.