နယ္သာလန္ထိသြားေရာက္ဝန္းရံၾကမယ့္ခရီး လမ္းလြဲေနၿပီလား

နယ္သာလန္ႏိုင္ငံ သဟိဂ္ၿမိဳ႕က ICJ အျပည္ျပည္ဆိုင္ရာတရား႐ုံးကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ႏိုင္ငံတကာတရား႐ုံး ICJ မွာအစြဲခံထားရတဲ့ ျမန္မာအမႈကို ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္သြားေရာက္ ထြက္ခ်က္ေပးမယ့္ ခရီးစဥ္ကို သူ႔ရဲ႕ေထာက္ခံသူေတြက ကန္ေဒၚလာေထာင္ခ်ီ ကုန္က်ခံၿပီး လိုက္ပါအားေပးမယ့္ သူေတြကို ခရီးသြားဝန္ေဆာင္မႈလုပ္ငန္းေတြကလည္း ေလွ်ာ့ေဈးေတြနဲ႔ ဝန္ေဆာင္မႈေပးေနၾကပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈ သေဘာတူညီခ်က္ Geneva Convention၊ ကုလသမဂၢ ပဋိညာဥ္ကို ျမန္မာက ခ်ိဳးေဖာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံက အစၥလာမ္မစ္ႏိုင္ငံ (OIC) ၅၇ ႏိုင္ငံကိုယ္စားျပဳၿပီး ICJ မွာ တရားစြဲဆိုထားပါတယ္။ ရန္ကုန္ကေန သဟိဂ္ၿမိဳ႕ကို သြားေရာက္ဖို႔ ေလယာဥ္ေပၚမွာ ၁၂ နာရီ ၾကာျမင့္မွာျဖစ္ပါတယ္။

ဒီဇင္ဘာ ၉ ကေန ၁၄ ထိ ၾကာျမင့္မယ့္ခရီးစဥ္အတြက္ တစ္ဦးရဲ႕ကုန္က်ေငြ ကန္ ေဒၚလာ ၂၁ဝဝ ကေန ၂၄ဝဝ အထိ ကုန္က်မယ္လို႔ ဗီဇာဝန္ေဆာင္မႈေပးတဲ့ လုပ္ငန္းလုပ္ကိုင္သူ ေဒၚဇူလိုင္က RFA ကို ရွင္းျပပါတယ္။  ပုံမွန္ေဈးက ေဒၚလာ ၃ဝဝဝ ခန႔္ရွိပါတယ္။ ပုံမွန္ေဈးဆိုရင္ က်ပ္ေငြ ၄၅ သိန္းခန႔္ ကုန္က်ႏိုင္တဲ့သေဘာပါ။

ဒါဟာ လုပ္ခလစာ ၂ သိန္းဝင္က်င္ရရွိၾကတဲ့ အလုပ္သမားတစ္ေယာက္ရဲ႕ဝင္ေငြနဲ႔ဆိုရင္ လေပါင္း ၂၀ ေက်ာ္စုရမယ့္ ေငြပမာဏနဲ႔ညီမွ်ပါတယ္။

ႏိုဝင္ဘာ ၂၇ ရက္ေန႔ရက္စြဲနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခ်က္မွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သြားေရာက္မယ့္အေပၚ ႏိုင္ငံတစ္ဝွမ္းက လူထုလူတန္းစားအသီးသီးတို႔က ေထာက္ခံမႈေတြ ျပသေနတာက အေရးႀကီးရင္ ေသြးစည္းတယ္ဆိုတဲ့အတိုင္း ႏိုင္ငံအတြက္အင္အားျဖစ္ထြန္းေစလို႔ ေရးသားထားပါတယ္။

ႏိုင္ငံျခားေရးက ဒီလိုေျပာဆိုေနေပမယ့္၊ ဒီလိုလူထုေထာက္ခံပြဲလုပ္ရပ္ဟာ အတိမ္းအေစာင္းမခံႏိုင္တဲ့ အႏၲရာယ္မ်ားတဲ့လုပ္ရပ္လို႔ ရႈျမင္ေနသူက အသံအဖြဲ႕ရဲ႕ ဒါ႐ိုက္တာ ေမာင္ေဆာင္းခ ပါ။

“တကယ္ျပန္စဥ္းစားၾကည့္တဲ့အခါက်ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံတယ္ ဆိုတာထက္ေလ စစ္တပ္လုပ္ထားတဲ့ ကိစၥရပ္ေတြေပၚမွာ လူထုကိုယ္တိုင္ ဖုံးကြယ္ေပးေနသလို ျဖစ္သြားမွာအရမ္းစိုးရိမ္တယ္။ တကယ္က်ဴးလြန္ခဲ့တဲ့သူေတြကို အကာအကြယ္ေပးတဲ့ကိစၥမွာ ဝင္ပါတာ အားေပးအားေျမႇာက္ျပဳတာ ဟာလည္း ဒီ Genocide ရဲ႕ တစ္စိတ္တပိုင္းအေနနဲ႔ သတ္မွတ္လို႔ ရတယ္ေပါ့။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔က တခ်ိဳ႕ေထာက္ခံပြဲေတြဟာ အရမ္းအႏၲရာယ္မ်ားတယ္လို႔ ျမင္ပါတယ္”

အသံအဖြဲ႕ရဲ႕ ဒါ႐ိုက္တာ ေမာင္ေဆာင္ခ ေျပာသြားတာပါ။

လက္ရွိ အေယာက္ ၂၀ ေက်ာ္ေလာက္ ဝန္ေဆာင္မႈလုပ္ေဆာင္ေပးေနၿပီး စုံးစမ္းသူေတြ၊ လိုက္ခ်င္တဲ့ သူေတြအမ်ားႀကီးရွိတယ္လို႔လည္း  ေဒၚဇူလိုင္က RFA ကို ေျပာပါတယ္။

“ေတာ္ေတာ္မ်ားတယ္၊ စုံးစမ္းတဲ့သူေတြေရာ လိုက္ခ်င္တဲ့သူေတြေရာ အမ်ားႀကီးပဲေပါ့ေနာ္။ ဒီအထဲကမွ ကြၽန္မတို႔က ဗီဇာေလွ်ာက္ေပးတယ္ေပါ့ေနာ္။ ဒါေပမဲ့ ဗီဇာ ရတာ မရတာကေတာ့ သံ႐ုံးရဲ႕ အဆုံးအျဖတ္ေပါ့ရွင္”

လက္ရွိ လူမႈကြန္ရက္ Facebook စာမ်က္ႏွာေတြမွာ We Stand With You က်ေနာ္တို႔ ေထာက္ခံပါတယ္ဆိုၿပီး လႈံ႕ေဆာ္မႈေတြရွိေနပါတယ္။ ဒါေပမဲ့ ဝါရင့္တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္ကေတာ့ သူ႔အေနနဲ႔ We stand with Justice တရားမွ်တမႈကို ေထာက္ခံတယ္လို႔ျပသတာက ပိုသင့္ေတာ္တယ္လို႔ ေျပာပါတယ္။

“We Stand With Justice ပဲ လုပ္ၾကပါ။ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း ဒါကိုပဲ သတိေပးတယ္။ အဲဒါကို လိုက္နာၾကပါလို႔ ကြၽန္ေတာ္ကေတာ့ ထပ္ေလာင္းေျပာခ်င္ပါတယ္”

Fortify Rights အဖြဲ႕ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး ကြၽမ္းက်င္သူ နစ္ကီဒိုင္းမြန္းက ကိုယ္ကဘာ ကိုေထာက္ခံမွာလဲဆိုတာ ဂဃနဏမသိတဲ့အခ်ိန္၊ ျပႆနာရဲ႕ အတိမ္အနက္ကို နားမလည္ျပမိတာမ်ိဳးက လမ္းလႊဲတဲ့ ေထာက္ခံမႈေတြျဖစ္မွာ စိုးရိမ္တယ္လို႔ ေျပာပါတယ္။

“ဘာကိုေထာက္ခံမွာလဲဆိုတာက ဂဃနဏ ရွင္းရွင္းလင္းလင္းမျဖစ္တဲ့ အခ်ိန္မွာ ဒီလိုေထာက္ခံမႈေတြက ျပႆနာကို ပိုၿပီးဆိုး႐ြားေစႏိုင္တယ္။ ၿပီးလို႔ရွိရင္ ျပႆနာရဲ႕ အတိမ္အနက္ကို နားမလည္ဘဲနဲ႔ လမ္းလႊဲတဲ့ ေထာက္ခံမႈေတြျဖစ္မွာကို ကြၽန္ေတာ္ အရမ္းစိုးရိမ္တယ္”

ေဒၚေအာင္ဆန္းစုၾကည္ခရီးကို ကံေကာင္းပါေစေၾကာင္း ဆုေတာင္းေပးခဲ့တဲ့အေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အစၥေရးသံအမတ္ႀကီး ႐ိုနန္ ေဂးလ္လားက တြစ္တာ Twitter ေပၚေရးသားခဲ့ပါတယ္။ ဒါေပမဲ့ နာရီပိုင္းအတြင္းမွာပဲ ျဖဳတ္ခ်သြားၿပီး ေနာက္တစ္ေန႔မွာ မွားယြင္းတဲ့ေဆာင္႐ြက္ခ်က္ျဖစ္ေၾကာင္း အစၥေရးႏိုင္ငံျခားေရးဝန္ႀကီးက ျပန္လည္ရွင္းလင္းခဲ့တဲ့ သာဓက ရွိပါတယ္။

ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို စြပ္စြဲခ်က္ေတြမွာ ရခိုင္ျပည္နယ္က ေနရပ္စြန႔္ခြာတဲ့ လူမ်ိဳးစုအေပၚ ဖိႏွိပ္ဆက္ဆံတာေတြကို ဆယ္စုႏွစ္ေပါင္းမ်ားစြာ လုပ္ခဲ့တာ၊ လူမ်ိဳးစုေတြကို တရားဝင္ ရပိုင္ခြင့္ေတြ ေပးဖို႔ျငင္းဆန္ခဲ့တာ၊ သူတို႔ကို ဆန႔္က်င္တဲ့ အမုန္းတရားေတြကို ဝါဒျဖန႔္ခဲ့တာ၊ အစုအဖြဲ႕တစ္ခုအျဖစ္ ပစ္မွတ္ထားၿပီး အစုလိုက္၊ အၿပဳံလိုက္ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္တာေတြ ပါဝင္တယ္လို႔ သိရပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
နယ်သာလန်ထိသွားရောက်ဝန်းရံကြမယ့်ခရီး လမ်းလွဲနေပြီလား

နယ်သာလန်နိုင်ငံ သဟိဂ်မြို့က ICJ အပြည်ပြည်ဆိုင်ရာတရားရုံးကို တွေ့ရစဉ်

နိုင်ငံတကာတရားရုံး ICJ မှာအစွဲခံထားရတဲ့ မြန်မာအမှုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက် ထွက်ချက်ပေးမယ့် ခရီးစဉ်ကို သူ့ရဲ့ထောက်ခံသူတွေက ကန်ဒေါ်လာထောင်ချီ ကုန်ကျခံပြီး လိုက်ပါအားပေးမယ့် သူတွေကို ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေကလည်း လျှော့ဈေးတွေနဲ့ ဝန်ဆောင်မှုပေးနေကြပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက် Geneva Convention၊ ကုလသမဂ္ဂ ပဋိညာဉ်ကို မြန်မာက ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက အစ္စလာမ်မစ်နိုင်ငံ (OIC) ၅၇ နိုင်ငံကိုယ်စားပြုပြီး ICJ မှာ တရားစွဲဆိုထားပါတယ်။ ရန်ကုန်ကနေ သဟိဂ်မြို့ကို သွားရောက်ဖို့ လေယာဉ်ပေါ်မှာ ၁၂ နာရီ ကြာမြင့်မှာဖြစ်ပါတယ်။

ဒီဇင်ဘာ ၉ ကနေ ၁၄ ထိ ကြာမြင့်မယ့်ခရီးစဉ်အတွက် တစ်ဦးရဲ့ကုန်ကျငွေ ကန် ဒေါ်လာ ၂၁ဝဝ ကနေ ၂၄ဝဝ အထိ ကုန်ကျမယ်လို့ ဗီဇာဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဇူလိုင်က RFA ကို ရှင်းပြပါတယ်။  ပုံမှန်ဈေးက ဒေါ်လာ ၃ဝဝဝ ခန့်ရှိပါတယ်။ ပုံမှန်ဈေးဆိုရင် ကျပ်ငွေ ၄၅ သိန်းခန့် ကုန်ကျနိုင်တဲ့သဘောပါ။

ဒါဟာ လုပ်ခလစာ ၂ သိန်းဝင်ကျင်ရရှိကြတဲ့ အလုပ်သမားတစ်ယောက်ရဲ့ဝင်ငွေနဲ့ဆိုရင် လပေါင်း ၂၀ ကျော်စုရမယ့် ငွေပမာဏနဲ့ညီမျှပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ရက်စွဲနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားရောက်မယ့်အပေါ် နိုင်ငံတစ်ဝှမ်းက လူထုလူတန်းစားအသီးသီးတို့က ထောက်ခံမှုတွေ ပြသနေတာက အရေးကြီးရင် သွေးစည်းတယ်ဆိုတဲ့အတိုင်း နိုင်ငံအတွက်အင်အားဖြစ်ထွန်းစေလို့ ရေးသားထားပါတယ်။

နိုင်ငံခြားရေးက ဒီလိုပြောဆိုနေပေမယ့်၊ ဒီလိုလူထုထောက်ခံပွဲလုပ်ရပ်ဟာ အတိမ်းအစောင်းမခံနိုင်တဲ့ အန္တရာယ်များတဲ့လုပ်ရပ်လို့ ရှုမြင်နေသူက အသံအဖွဲ့ရဲ့ ဒါရိုက်တာ မောင်ဆောင်းခ ပါ။

“တကယ်ပြန်စဉ်းစားကြည့်တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ် ဆိုတာထက်လေ စစ်တပ်လုပ်ထားတဲ့ ကိစ္စရပ်တွေပေါ်မှာ လူထုကိုယ်တိုင် ဖုံးကွယ်ပေးနေသလို ဖြစ်သွားမှာအရမ်းစိုးရိမ်တယ်။ တကယ်ကျူးလွန်ခဲ့တဲ့သူတွေကို အကာအကွယ်ပေးတဲ့ကိစ္စမှာ ဝင်ပါတာ အားပေးအားမြှောက်ပြုတာ ဟာလည်း ဒီ Genocide ရဲ့ တစ်စိတ်တပိုင်းအနေနဲ့ သတ်မှတ်လို့ ရတယ်ပေါ့။ အဲဒါကြောင့် ကျွန်တော်တို့က တချို့ထောက်ခံပွဲတွေဟာ အရမ်းအန္တရာယ်များတယ်လို့ မြင်ပါတယ်”

အသံအဖွဲ့ရဲ့ ဒါရိုက်တာ မောင်ဆောင်ခ ပြောသွားတာပါ။

လက်ရှိ အယောက် ၂၀ ကျော်လောက် ဝန်ဆောင်မှုလုပ်ဆောင်ပေးနေပြီး စုံးစမ်းသူတွေ၊ လိုက်ချင်တဲ့ သူတွေအများကြီးရှိတယ်လို့လည်း  ဒေါ်ဇူလိုင်က RFA ကို ပြောပါတယ်။

“တော်တော်များတယ်၊ စုံးစမ်းတဲ့သူတွေရော လိုက်ချင်တဲ့သူတွေရော အများကြီးပဲပေါ့နော်။ ဒီအထဲကမှ ကျွန်မတို့က ဗီဇာလျှောက်ပေးတယ်ပေါ့နော်။ ဒါပေမဲ့ ဗီဇာ ရတာ မရတာကတော့ သံရုံးရဲ့ အဆုံးအဖြတ်ပေါ့ရှင်”

လက်ရှိ လူမှုကွန်ရက် Facebook စာမျက်နှာတွေမှာ We Stand With You ကျနော်တို့ ထောက်ခံပါတယ်ဆိုပြီး လှုံ့ဆော်မှုတွေရှိနေပါတယ်။ ဒါပေမဲ့ ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ သူ့အနေနဲ့ We stand with Justice တရားမျှတမှုကို ထောက်ခံတယ်လို့ပြသတာက ပိုသင့်တော်တယ်လို့ ပြောပါတယ်။

“We Stand With Justice ပဲ လုပ်ကြပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒါကိုပဲ သတိပေးတယ်။ အဲဒါကို လိုက်နာကြပါလို့ ကျွန်တော်ကတော့ ထပ်လောင်းပြောချင်ပါတယ်”

Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက ကိုယ်ကဘာ ကိုထောက်ခံမှာလဲဆိုတာ ဂဃနဏမသိတဲ့အချိန်၊ ပြဿနာရဲ့ အတိမ်အနက်ကို နားမလည်ပြမိတာမျိုးက လမ်းလွှဲတဲ့ ထောက်ခံမှုတွေဖြစ်မှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

“ဘာကိုထောက်ခံမှာလဲဆိုတာက ဂဃနဏ ရှင်းရှင်းလင်းလင်းမဖြစ်တဲ့ အချိန်မှာ ဒီလိုထောက်ခံမှုတွေက ပြဿနာကို ပိုပြီးဆိုးရွားစေနိုင်တယ်။ ပြီးလို့ရှိရင် ပြဿနာရဲ့ အတိမ်အနက်ကို နားမလည်ဘဲနဲ့ လမ်းလွှဲတဲ့ ထောက်ခံမှုတွေဖြစ်မှာကို ကျွန်တော် အရမ်းစိုးရိမ်တယ်”

ဒေါ်အောင်ဆန်းစုကြည်ခရီးကို ကံကောင်းပါစေကြောင်း ဆုတောင်းပေးခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး ရိုနန် ဂေးလ်လားက တွစ်တာ Twitter ပေါ်ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ နာရီပိုင်းအတွင်းမှာပဲ ဖြုတ်ချသွားပြီး နောက်တစ်နေ့မှာ မှားယွင်းတဲ့ဆောင်ရွက်ချက်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ရှင်းလင်းခဲ့တဲ့ သာဓက ရှိပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွပ်စွဲချက်တွေမှာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာတဲ့ လူမျိုးစုအပေါ် ဖိနှိပ်ဆက်ဆံတာတွေကို ဆယ်စုနှစ်ပေါင်းများစွာ လုပ်ခဲ့တာ၊ လူမျိုးစုတွေကို တရားဝင် ရပိုင်ခွင့်တွေ ပေးဖို့ငြင်းဆန်ခဲ့တာ၊ သူတို့ကို ဆန့်ကျင်တဲ့ အမုန်းတရားတွေကို ဝါဒဖြန့်ခဲ့တာ၊ အစုအဖွဲ့တစ်ခုအဖြစ် ပစ်မှတ်ထားပြီး အစုလိုက်၊ အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာတွေ ပါဝင်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org
နယ္သာလန္ထိသြားေရာက္ဝန္းရံၾကမယ့္ခရီး လမ္းလြဲေနၿပီလား နယ္သာလန္ထိသြားေရာက္ဝန္းရံၾကမယ့္ခရီး လမ္းလြဲေနၿပီလား Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.