ရေသ့ေတာင္မွာ တိုက္ပြဲေရွာင္သူ သုံးပါးတစ္ပုံနီးပါး ကေလးငယ္ေတြျဖစ္

ဥဂါေက်း႐ြာ ဘုန္းႀကီးေက်ာင္းကို ေရာက္ရွိ ခိုလႈံေနသူေတြ
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕နယ္က ေနရပ္စြန႔္ခြာ ထြက္ေျပးလာၾကသူ ၅၀၀ ေက်ာ္မွာ သုံးပုံတစ္ပုံနီးပါးက ကေလးေတြျဖစ္လို႔ သူတို႔ရဲ႕ ပညာေရး ခက္ခဲေနပါတယ္။

ထြက္ေျပးလာတဲ့ ကေလး ၁၅၀ မွာ ေက်ာင္းသားေတြ အမ်ားအျပား ပါဝင္ေနတယ္လို႔ အဲ့ဒီဒုကၡသည္ေတြဆီကို ေရာက္ရွိေနတဲ့ ရခိုင္ဦးေဆာင္ပါတီ(AFP)ရဲ႕ အတြင္းေရးမႉး ဦးေအာင္သန္းေဝက ေျပာပါတယ္။

သူတို႔ဟာ ဥဂါေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္းကို ေရာက္ရွိ ခိုလႈံေနၾကတာ ျဖစ္ပါတယ္။

အခုထြက္ေျပးလာသူေတြဟာ ရေသ့ေတာင္ၿမိဳ႕နယ္ မုစဲကြၽန္းမွာရွိတဲ့ ေ႐ႊေလာင္းတင္ေက်း႐ြာနဲ႔ ျမင္းကတ္ေခ်ာင္း ေက်း႐ြာသားေတြ ျဖစ္ၾကၿပီး ႏိုဝင္ဘာ ၁၁ ရက္ေန႔ညက ျဖစ္ပြားခဲ့တဲ့ တပ္မေတာ္ေရ သေဘၤာကို ေအေအက တိုက္ခိုက္မႈေနာက္ပိုင္း ႐ြာမွာမေနရဲဘဲ ထြက္ေျပးလာသူေတြ ျဖစ္ပါတယ္။
စစ္ေရယာဥ္တစ္စီး တိုက္ခိုက္ခံရခဲ့ၿပီး အျပန္အလွန္တိုက္ခိုက္ရာမွာ အရပ္သားတစ္ဦးေသဆုံးခဲ့တဲ့ ရေသ့ေတာင္ အငူေမာ္ေက်း႐ြာအနီးက ဇက္ဆိပ္ကမ္း

လက္ရွိမွာ တိုက္ပြဲျဖစ္ပြားတာေတြ မရွိေတာ့ေပမဲ့ ထြက္ေျပးလာသူေတြဟာ ေနရပ္ကို မျပန္ရဲဘဲ သူတို႔လက္ရွိေနထိုင္ရာမွာ ဆက္ၿပီးေနထိုင္ေနတာျဖစ္ပါတယ္။

"အခုအခ်ိန္ထိ ကေလးေတြ ပညာေရးနဲ႔ ပတ္သက္လို႔ေတာ့ စီစဥ္ေပးထားတာ မရွိေသးဘူး။ တခ်ိဳ႕ကေလးေတြက ကြၽန္ေတာ္တို႔ကို ေျပာၾကတယ္။ ၉ တန္း ၁၀ တန္းေတြေလ။ သူတို႔ စာေမးပြဲလည္း နီးၿပီ။ ေက်ာင္းမတက္ရဘူးဆိုေတာ့ ပညာေရး ဆုံးရႈံး မွာကို စိုးရိမ္တယ္။ သက္ဆိုင္ရာနဲ႔ စီစဥ္ေဆာင္႐ြက္ေပးဖို႔ ကြၽန္ေတာ္တို႔ကို ေျပာတာရွိတယ္"လို႔ ဦးေအာင္သန္းေဝက ေျပာပါတယ္။

မၾကာခင္မွာ ေဆာင္ဦးရာသီကို ေရာက္ရွိေတာ့မွာျဖစ္လို႔ ေနရပ္စြန႔္ခြာ ထြက္ေျပးလာသူေတြအတြက္ ခ်မ္းေအးတဲ့ ျပႆနာကို ႀကဳံေတြ႕ၾကရမွာ ျဖစ္သလို အခုလို ဆက္လက္ေနထိုင္ေနရင္ ေက်ာင္းသားေတြရဲ႕ ပညာေရးနဲ႔ က်န္းမာေရး အေျခအေနေတြ ထိခိုက္လာႏိုင္တယ္လို႔လည္း ဦးေအာင္သန္းေဝက ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ ႐ြာသားေတြ ဘယ္လိုေနရလဲ ဆိုတာကို လာၾကည့္တာပါ။ ေလာေလာဆယ္မွာေတာ့ ဒီ႐ြာသားေတြကို ေစတနာပါပါနဲ႔ အကူအညီေပးထားတာကို ေတြ႕ေနရပါတယ္။ ဆက္ၿပီးေတာ့ ဘယ္ေလာက္ထိ ေနရမလဲဆိုတာေတာ့ သူတို႔အေပၚမွာ မူတည္ပါတယ္။ ကြၽန္ေတာ္က တာဝန္ယူၿပီး ေခၚသြားလို႔မျဖစ္ဘူးေလ"လို႔ ေ႐ႊေလာင္းတင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းေအးကေျပာပါတယ္။

မၾကာခင္လပိုင္းမွာ မူလတန္းနဲ႔ အလယ္တန္းအဆင့္ေတြကို စာေမးပြဲ စစ္ေဆးေတာ့မွာ ျဖစ္ၿပီး အထက္တန္းအဆင့္ေတြ အတြက္လည္း အေရးႀကီးတဲ့ သင္ၾကားခ်ိန္ေတြမွာ အခုလို ထြက္ေျပးေနၾကရတာေၾကာင့္ စိုးရိမ္ေနတာျဖစ္တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

တိုက္ပြဲျဖစ္ပြားေနတဲ့ ၿမိဳ႕နယ္ေတြက ေက်ာင္းသားအမ်ားစုဟာ အခုႏွစ္မွာ ပညာကို ေကာင္းစြာ မသင္ႏိုင္ခဲ့သလို ဒုကၡသည္စခန္းကို ေရာက္ေနတဲ့ ေက်ာင္းသားေတြထဲမွာလည္း ေက်ာင္းထြက္လိုက္ရတဲ့ ေက်ာင္းသားေတြ အမ်ားအျပား ရွိေနတယ္လို႔ ရခိုင္က ဘီဘီစီ သတင္းေထာက္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
------------------------
(Unicode)⤵⤵⤵
ရသေ့တောင်မှာ တိုက်ပွဲရှောင်သူ သုံးပါးတစ်ပုံနီးပါး ကလေးငယ်တွေဖြစ်


ဓာတ်ပုံ မူပိုင် Aung Than Wai
Image caption ဥဂါကျေးရွာ ဘုန်းကြီးကျောင်းကို ရောက်ရှိ ခိုလှုံနေသူတွေ

ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်မြို့နယ်က နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူ ၅၀၀ ကျော်မှာ သုံးပုံတစ်ပုံနီးပါးက ကလေးတွေဖြစ်လို့ သူတို့ရဲ့ ပညာရေး ခက်ခဲနေပါတယ်။

ထွက်ပြေးလာတဲ့ ကလေး ၁၅၀ မှာ ကျောင်းသားတွေ အများအပြား ပါဝင်နေတယ်လို့ အဲ့ဒီဒုက္ခသည်တွေဆီကို ရောက်ရှိနေတဲ့ ရခိုင်ဦးဆောင်ပါတီ(AFP)ရဲ့ အတွင်းရေးမှူး ဦးအောင်သန်းဝေက ပြောပါတယ်။

သူတို့ဟာ ဥဂါကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ရောက်ရှိ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

အခုထွက်ပြေးလာသူတွေဟာ ရသေ့တောင်မြို့နယ် မုစဲကျွန်းမှာရှိတဲ့ ရွှေလောင်းတင်ကျေးရွာနဲ့ မြင်းကတ်ချောင်း ကျေးရွာသားတွေ ဖြစ်ကြပြီး နိုဝင်ဘာ ၁၁ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ တပ်မတော်ရေ သင်္ဘောကို အေအေက တိုက်ခိုက်မှုနောက်ပိုင်း ရွာမှာမနေရဲဘဲ ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။
Image caption စစ်ရေယာဉ်တစ်စီး တိုက်ခိုက်ခံရခဲ့ပြီး အပြန်အလှန်တိုက်ခိုက်ရာမှာ အရပ်သားတစ်ဦးသေဆုံးခဲ့တဲ့ ရသေ့တောင် အငူမော်ကျေးရွာအနီးက ဇက်ဆိပ်ကမ်း

လက်ရှိမှာ တိုက်ပွဲဖြစ်ပွားတာတွေ မရှိတော့ပေမဲ့ ထွက်ပြေးလာသူတွေဟာ နေရပ်ကို မပြန်ရဲဘဲ သူတို့လက်ရှိနေထိုင်ရာမှာ ဆက်ပြီးနေထိုင်နေတာဖြစ်ပါတယ်။

"အခုအချိန်ထိ ကလေးတွေ ပညာရေးနဲ့ ပတ်သက်လို့တော့ စီစဉ်ပေးထားတာ မရှိသေးဘူး။ တချို့ကလေးတွေက ကျွန်တော်တို့ကို ပြောကြတယ်။ ၉ တန်း ၁၀ တန်းတွေလေ။ သူတို့ စာမေးပွဲလည်း နီးပြီ။ ကျောင်းမတက်ရဘူးဆိုတော့ ပညာရေး ဆုံးရှုံး မှာကို စိုးရိမ်တယ်။ သက်ဆိုင်ရာနဲ့ စီစဉ်ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ကို ပြောတာရှိတယ်"လို့ ဦးအောင်သန်းဝေက ပြောပါတယ်။

မကြာခင်မှာ ဆောင်ဦးရာသီကို ရောက်ရှိတော့မှာဖြစ်လို့ နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေအတွက် ချမ်းအေးတဲ့ ပြဿနာကို ကြုံတွေ့ကြရမှာ ဖြစ်သလို အခုလို ဆက်လက်နေထိုင်နေရင် ကျောင်းသားတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေး အခြေအနေတွေ ထိခိုက်လာနိုင်တယ်လို့လည်း ဦးအောင်သန်းဝေက ပြောပါတယ်။

"ကျွန်တော်တို့ ရွာသားတွေ ဘယ်လိုနေရလဲ ဆိုတာကို လာကြည့်တာပါ။ လောလောဆယ်မှာတော့ ဒီရွာသားတွေကို စေတနာပါပါနဲ့ အကူအညီပေးထားတာကို တွေ့နေရပါတယ်။ ဆက်ပြီးတော့ ဘယ်လောက်ထိ နေရမလဲဆိုတာတော့ သူတို့အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်က တာဝန်ယူပြီး ခေါ်သွားလို့မဖြစ်ဘူးလေ"လို့ ရွှေလောင်းတင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းအေးကပြောပါတယ်။

မကြာခင်လပိုင်းမှာ မူလတန်းနဲ့ အလယ်တန်းအဆင့်တွေကို စာမေးပွဲ စစ်ဆေးတော့မှာ ဖြစ်ပြီး အထက်တန်းအဆင့်တွေ အတွက်လည်း အရေးကြီးတဲ့ သင်ကြားချိန်တွေမှာ အခုလို ထွက်ပြေးနေကြရတာကြောင့် စိုးရိမ်နေတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေက ကျောင်းသားအများစုဟာ အခုနှစ်မှာ ပညာကို ကောင်းစွာ မသင်နိုင်ခဲ့သလို ဒုက္ခသည်စခန်းကို ရောက်နေတဲ့ ကျောင်းသားတွေထဲမှာလည်း ကျောင်းထွက်လိုက်ရတဲ့ ကျောင်းသားတွေ အများအပြား ရှိနေတယ်လို့ ရခိုင်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

BBC Burmese
https://www.bbc.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား