ရက္ရက္စက္စက္ လူသတ္ဗီဒီယိုဖိုင္ကိစၥ ေအေအက ျငင္းၿပီး တပ္မေတာ္လက္ခ်က္လို႔ ျပန္စြပ္စြဲ

မူပိုင္ Facebook
Zawgyi
လူမႈမီဒီယာမွာ ေအာက္တိုဘာလ ၃၀ ရက္ေန႔က ပ်ံ႕ႏွံ႔ခဲ့တဲ့ ရက္စက္ၾကမ္းၾကဳတ္ ေအာ့ႏွလုံးနာစရာ လူသတ္မႈ ဗီဒီယိုဖိုင္တခုနဲ႔ပတ္သက္ၿပီး ဒါဟာ ရကၡိဳင့္တပ္ေတာ္ ေအေအက က်ဴးလြန္ေနတာေတြကို မွတ္တမ္းတင္ထားတဲ့ဖိုင္လို႔ လူအမ်ားၾကားမွာ ေျပာေနၾကသလို ေအေအကလည္း ဒါသူတို႔ မဟုတ္ဘဲ တပ္မေတာ္ဘက္က ရည္႐ြယ္ခ်က္ရွိရွိ လုပ္ႀကံ သတင္းလႊင့္ တာလို႔ တန္ျပန္စြပ္စြဲလိုက္ပါတယ္။

အဲဒီဗီဒီယိုဖိုင္က လက္ျပန္ႀကိဳးတုပ္ခံထားရတဲ့ လူတေယာက္ကို လက္နက္ကိုင္ထားတဲ့ သူေတြက ဝိုင္းထားၿပီး သူတို႔ထဲက တေယာက္က အဲဒီလူကို တုတ္နဲ႔ ႐ိုက္သတ္ေနတာကို အေသးစိတ္ ႐ိုက္ထားတဲ့ဗီဒီယို ဖိုင္ပါ။

အ႐ိုက္ခံရတဲ့သူေရာ၊ ႐ိုက္တဲ့သူေရာ ေျပာတဲ့ စကားေတြက ရခိုင္ စကားလို႔ယူဆႏိုင္သလို၊ သူတို႔ေျပာေနၾကတဲ့ စကားေတြကို နားေထာင္ၾကည့္ရင္ ဒီလိုသတ္ျဖတ္ေနတာကို က်ဴးလြန္သူက ေအေအက ဆိုတာမ်ိဳး မွတ္ယူသြားႏိုင္ပါတယ္။

ဒီလို လူမဆန္တဲ့ လုပ္ရပ္ေတြအေပၚ ဘယ္သူက က်ဴးလြန္သည္ျဖစ္ေစ၊ ဒီလိုလုပ္ရပ္ အေပၚရႈတ္ခ်ေနၾကတဲ့ မွတ္ခ်က္ေတြလည္း လူမႈမီဒီယာမွာ အေတာ္ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

ဒီဗီဒီယိုနဲ႔ပတ္သက္ၿပီး တဖက္နဲ႔တဖက္ စြပ္စြဲေနၾကတဲ့အေပၚ ဘီဘီစီက ေအေအဘက္ကိုေရာ၊ တပ္မေတာ္ဘက္ကိုေရာ ဆက္သြယ္ေမးျမန္းထားပါတယ္။

ဘီဘီစီ- ေအေအ အေနနဲ႔ ဒီဗီဒီယိုဖိုင္နဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးတာမ်ိဳးလုပ္ၿပီးၿပီလား။

ခိုင္သုခ- အဲဒီ ဗီဒီယိုဖိုင္တက္လာကတည္းက ကြၽန္ေတာ္တို႔ကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ေအာက္ေျခဘက္ကို အေသအခ်ာ စုံစမ္းစစ္ေဆးမႈေတြ လုပ္ၿပီးၿပီ၊ ဆိုေတာ့ ကြၽန္ေတာ္တို႔ဘက္က လုပ္တာေတာ့ အဲလိုမ်ိဳးေတြလုံးဝမရွိဘူး၊ ကြၽန္ေတာ္တို႔မွာက ဒီလိုကိစၥေတြနဲ႔ပတ္သက္ၿပီး တင္းတင္းက်ပ္က်ပ္ တားျမစ္ထားတာရွိတယ္၊ အဲလိုမ်ိဳး တရားလက္လြတ္ကိစၥ လုပ္လို႔ မရဘူးဗ်။

ဘီဘီစီ- ေအေအအေနနဲ႔ စစ္ျပန္စစ္မႈထမ္းေဟာင္းေတြ၊ အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ပတ္သက္ၿပီး အရင္ကတည္းက က်ည္ဆန္နဲ႔ စာေတြပို႔ခဲ့တာမ်ိဳးေတြရွိတယ္။ အခုဒီ ဗီဒီယိုဖိုင္ကိုေတြ႕တဲ့ လူေတြအထဲ ဒါေအေအ လက္ခ်က္လို႔ ျမင္ၾကတဲ့သူေတြအမ်ားႀကီးပဲ။

ခိုင္သုခ- တခ်ိဳ႕လူေတြေပါ့ေနာ္၊ အထူးသျဖင့္ေတာ့ ရဲေတြေပါ့၊ ရဲအလုပ္ကို ရဲလုပ္ဖို႔ ဆိုၿပီးေတာ့မွ၊ ဟို အဲ့လိုမ်ိဳး သတိေပးစာေတြ ပို႔ခဲ့တာရွိတယ္၊ ဒါေပမဲ့ ကြၽန္ေတာ္တို႔ သတိေပးစာ ပို႔တဲ့သူေတြထဲက ကြၽန္ေတာ္တို႔ သတ္လို႔ေသတဲ့သူ တေယာက္မွမရွိဘူး။ ျပည္သူလူထုေတြကို ႏွိပ္စက္ညႇဥ္းပန္းတာေတြ၊ ႏွိပ္စက္တာေတြကို ဆက္မလုပ္ဖို႔ အတြက္ ကြၽန္ေတာ္တို႔ကေန သတိေပးခဲ့တာပဲျဖစ္တယ္၊ အဲဒီေနာက္ပိုင္းမွာ တခ်ိဳ႕လူေတြက လူထုေတြကို ႏွိပ္စက္တာေတြ၊ အႏိုင္က်င့္ေနတာေတြ ရပ္သြားတာေပါ့ေနာ္။

ဘီဘီစီ- အဲဒီဗီဒီယိုဖိုင္မွာ ရခိုင္လိုေျပာေနၾကတာမ်ိဳးလည္း ရွိတယ္၊ အဲဒါေတြက ဘာေတြေျပာေနၾကတာလဲဗ်။

ခိုင္သုခ- အဲဒီမွာ ရခိုင္စကားလို႔ေျပာတယ္၊ ဒါေပမဲ့ သူတို႔ေျပာတဲ့ရခိုင္စကားက တျခားလူမ်ိဳးတေယာက္ေယာက္က ရခိုင္စကားတတ္လို႔ေျပာတဲ့ပုံစံမ်ိဳးျဖစ္ေနတယ္၊ ကြၽန္ေတာ္ထင္တာေတာ့ အဲဒီမွာပါတဲ့သူေတြဟာ ရခိုင္စစ္စစ္ျဖစ္ခ်င္မွ ျဖစ္ႏိုင္မယ္၊ ဆိုေတာ့အဲဒီ တခ်က္လည္း ကြၽန္ေတာ္ အဲဒီမွာ သုံးသပ္ၾကည့္တာေပါ့။

ဘီဘီစီ- အခုဒီဗီဒီယိုဖိုင္နဲ႔ပတ္သက္ၿပီး ေအေအက မဟုတ္ဘူးဆိုရင္၊ အမ်ားျပည္သူ အျမင္ရွင္းေအာင္ ေအေအက ဘယ္လိုလုပ္မွာလဲ။

ခိုင္သုခ- ကြၽန္ေတာ္တို႔က တကယ္ဒီလိုမ်ိဳးသတ္တယ္ဆိုရင္ ဒီဗီဒီယိုဖိုင္က ဗမာစစ္ေလာ္ဘီေတြ ဆီကို ဘယ္လိုမွေရာက္စရာအေၾကာင္းမရွိဘူး၊ အခုဒီဗီဒီယိုဖိုင္ တက္လာ တာက ဗမာစစ္တပ္ ေလာ္ဘီေတြရဲ႕ အေကာင့္က စၿပီးေတာ့တက္လာတာျဖစ္တယ္။

ေနာက္ၿပီး ေတာ့ အေမရိကန္ လက္ေထာက္ႏိုင္ငံျခားေရး ဝန္ႀကီး ေရာက္ေနတဲ့အခ်ိန္နဲ႔ ခ်ိန္ကိုက္ၿပီးေတာ့ တက္လာတာ ျဖစ္တယ္။

ကြၽန္ေတာ္တို႔က ေျပာႏိုင္တဲ့အခ်က္တခ်က္က ခင္ဗ်ား ဒီ ေဖ့ဘြတ္ကို ၾကည့္လိုက္ပါ။ ေဖ့ဘြတ္မွာ ဒီလိုမ်ိဳးရက္ရက္စက္စက္သတ္တဲ့ ဗီဒီယိုဖိုင္မ်ိဳးကို စစ္တပ္က ေလာ္ဘီ မဟုတ္ပဲ ေနာက္တေယာက္ကေန တင္ၾကည့္လိုက္ပါ။ အဲလိုတင္လို႔ရွိရင္ အခုခ်က္ခ်င္း ျဖဳတ္ခ်ခံရမယ္။ အခုခ်က္ခ်င္း အေကာင့္အပိတ္ခံရမယ္၊။ အခုဟာ က အဲဒီက စစ္တပ္က ေလာ္ဘီေတြ တင္တဲ့ဟာမို႔လို႔ ၾကည့္လို႔ ေတာက္ေလွ်ာက္ရေနတယ္(မွတ္ခ်က္ - အဲဒီ ဗီဒီယိုဖိုင္ နာရီအေတာ္ၾကာ ေဖ့ဘြတ္မွာ ရွိေနခဲ့ၿပီး ေနာက္ပိုင္းမွာ ျဖဳတ္ခ်ခံရပါတယ္)၊ ဆိုေတာ့ ဒီဟာက စစ္တပ္ကပါဝင္ပတ္သက္ေနတယ္ဆိုတာ အေတာ္ေလးထင္ရွားေနတယ္။
တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းႏွင့္ ဆက္သြယ္ေမးျမန္းခ်က္

ဘီဘီစီ- ေအေအ က ေျပာတာကေတာ့ လူမႈမီဒီယာမွာ ပ်ံ႕ႏွံ႔ေနတဲ့ အဲဒီဗီဒီယိုဖိုင္က တပ္မေတာ္ကို ေထာက္ခံေနတဲ့ ေလာ္ဘီလုပ္ေနတဲ့ အေကာင့္ေတြဆီကေနစၿပီးပ်ံ႕ႏွံ႔ခဲ့တာလို႔ ေျပာတယ္၊ ဒါနဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္က ဘယ္လိုေျပာခ်င္ပါလဲ။

ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း - ကြၽန္ေတာ္ေျပာႏိုင္တာတခုကေတာ့ တပ္မေတာ္က မဟုတ္မွန္းလည္း ခင္ဗ်ားတို႔လည္း သိတာပဲ၊ ၾကည့္လိုက္ရင္ ေျပာေနတဲ့ လူေရာ၊ ကိုင္တဲ့ လက္နက္ေရာ တပ္မေတာ္ကမဟုတ္မွန္းေတာ့ အကုန္လုံးက သိတာပဲ၊ တပ္မေတာ္ကို အားေပးအားေျမႇာက္ ေျပာေနတဲ့ အေကာင့္လို႔ေရာ ဘာအေထာက္အထားနဲ႔ ေျပာလဲ၊ ဘာအေထာက္အထားနဲ႔ ေျပာလဲ ဆိုတာ ဒီအခ်ိန္မွာေတာ့ အေကာင့္ အတုေတြက အမ်ားႀကီးရွိတာပဲ။

ဘီဘီစီ- တပ္မေတာ္ဘက္က အဲဒါနဲ႔ပတ္သက္ၿပီး စုံစမ္းေမးျမန္းတာေရာ ရွိလား။

ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း - ေမးျမန္းစရာ မရွိပါဘူး၊ လူမႈကြန္ရက္မွာ ပ်ံ႕တယ္ဆိုတာ ၊ ဒါေတြက ကြၽန္ေတာ္တို႔က ေမးျမန္းစရာမရွိဘူး။

ဘီဘီစီ- ေအေအဘက္ကလည္း ေျပာတာေတြရွိတယ္၊ အရင္တုန္းက AA စခန္းမွာ World Food Program (UN) က တံဆိပ္ေတြ (အစားအစာ) ေတြ႕တယ္ ဆိုၿပီး ဝါဒျဖန္႔တာ ေတြရွိတယ္ ဆိုၿပီး ေျပာတယ္၊ ဒီလိုပဲ အခု ဝါဒျဖန္႔တာလို႔ သူတို႔က ေျပာတယ္၊ အဲဒါနဲ႔ ပတ္သက္ၿပီး ဘယ္လို တုံ႔ျပန္ခ်င္ပါလဲ။

ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း - ဘယ္သူမွ အပင္ပန္းခံၿပီး အဲဒါေတြ ယူသြားစရာ အေၾကာင္း မရွိဘူး၊ သြားရလာရ ခက္ခဲတဲ့ေနရာမွာ သူတို႔စခန္းခ်ထားတာ၊ အဲဒီေနရာေတြက မိခဲ့တဲ့ဟာေတြပဲ၊ ဒါနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ေျပာစရာလည္း အေၾကာင္းမရွိဘူး။

ဘီဘီစီ- ေနာက္ၿပီး ေအေအေျပာတဲ့အထဲမွာ ဗမာ၊ ရခိုင္ တိုင္းရင္းသားေတြၾကားမွာ အထင္လြဲေအာင္ လုပ္တယ္၊ အဲဒါမ်ိဳး စြပ္စြဲထားတာေတြ ေကာ ဘယ္လို ေျဖရွင္းမလဲ။

ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း - အဲဒါ လုပ္ေနတဲ့ဟာ ရခိုင္ပါပဲ၊ ရွင္းရွင္းပဲ ကြၽန္ေတာ္ ေျပာလိုက္မယ္၊ ခင္ဗ်ား ဒီမွာ ေအေအ ေရာက္မလာခင္ကတည္းက၊ လြတ္လပ္ေရးရကတည္းက ကြၽန္ေတာ္တို႔ တပ္ေတြ အဲဒီမွာရွိေနတာ၊ ဘာမ်ား ပဋိပကၡျဖစ္ပြားတာရွိခဲ့လို႔လဲ၊ ရခိုင္၊ ဗမာ ဆိုတာလည္း မရွိခဲ့ဘူး။ ေနာက္ၿပီးေတာ့ ဘဂၤါလီနဲ႔ ပတ္သက္ၿပီးျဖစ္လာရင္ တိုင္းရင္းသားေတြကို ကြၽန္ေတာ္တို႔ ကယ္ဆယ္ခဲ့ရတာပဲ၊ ဒီပုံရိပ္ေတြကို ရည္႐ြယ္ခ်က္ရွိရွိ ခ်ိဳးဖ်က္ေနတဲ့ လူေတြလည္းရွိတယ္။ ဘယ္သူက စလုပ္တာလဲ၊ ဒီ ရခိုင္-ဗမာ ခြဲျခားတဲ့ ဟာေတြကို တင္ထားတဲ့ ဟာေတြကေန၊ ေျပာတဲ့ဟာေတြကေန သိႏိုင္တယ္။

ဘီဘီစီ- ဒီဗီဒီယိုထဲမွာ အသတ္ခံရတယ္ဆိုတာ ကေတာ့ ထင္ရွားေနၿပီေလ၊ လက္နက္ကိုင္အဖြဲ႕အစည္းေတြ၊ ေအေအအပါအဝင္၊ တပ္မေတာ္ အပါအဝင္ အရပ္သားေတြ ရဲ႕ လုံၿခဳံေရးအတြက္ ဘယ္ေလာက္စဥ္းစားဖို႔လိုမလဲ။

ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း - ကြၽန္ေတာ့္အေနနဲ႔ ေျပာစရာမရွိပါဘူးဗ်၊ ေျပာစရာ မရွိဘူးဆိုတာက ခင္ဗ်ားတို႔အေနနဲ႔လည္း သိၿပီးသားပဲ၊ ဒီဗီဒီယို ဖိုင္က ဘယ္သူ႔ ဗီဒီယို ဖိုင္လဲ ဆိုတာလည္း ျမင္ၿပီးသားပဲ၊ စကားေျပာေနတာ ဘယ္သူေတြ ေျပာေနတာ၊ လက္နက္ေတြ ၾကည့္ရင္ ဘယ္သူေတြဆိုတာ သိေနတာပဲ။

BBC Burmese
https://www.bbc.com
---------------
Unicode
ရက်ရက်စက်စက် လူသတ်ဗီဒီယိုဖိုင်ကိစ္စ အေအေက ငြင်းပြီး တပ်မတော်လက်ချက်လို့ ပြန်စွပ်စွဲ


လူမှုမီဒီယာမှာ အောက်တိုဘာလ ၃၀ ရက်နေ့က ပျံ့နှံ့ခဲ့တဲ့ ရက်စက်ကြမ်းကြုတ် အော့နှလုံးနာစရာ လူသတ်မှု ဗီဒီယိုဖိုင်တခုနဲ့ပတ်သက်ပြီး ဒါဟာ ရက္ခိုင့်တပ်တော် အေအေက ကျူးလွန်နေတာတွေကို မှတ်တမ်းတင်ထားတဲ့ဖိုင်လို့ လူအများကြားမှာ ပြောနေကြသလို အေအေကလည်း ဒါသူတို့ မဟုတ်ဘဲ တပ်မတော်ဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ သတင်းလွှင့် တာလို့ တန်ပြန်စွပ်စွဲလိုက်ပါတယ်။

အဲဒီဗီဒီယိုဖိုင်က လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လူတယောက်ကို လက်နက်ကိုင်ထားတဲ့ သူတွေက ဝိုင်းထားပြီး သူတို့ထဲက တယောက်က အဲဒီလူကို တုတ်နဲ့ ရိုက်သတ်နေတာကို အသေးစိတ် ရိုက်ထားတဲ့ဗီဒီယို ဖိုင်ပါ။

အရိုက်ခံရတဲ့သူရော၊ ရိုက်တဲ့သူရော ပြောတဲ့ စကားတွေက ရခိုင် စကားလို့ယူဆနိုင်သလို၊ သူတို့ပြောနေကြတဲ့ စကားတွေကို နားထောင်ကြည့်ရင် ဒီလိုသတ်ဖြတ်နေတာကို ကျူးလွန်သူက အေအေက ဆိုတာမျိုး မှတ်ယူသွားနိုင်ပါတယ်။

ဒီလို လူမဆန်တဲ့ လုပ်ရပ်တွေအပေါ် ဘယ်သူက ကျူးလွန်သည်ဖြစ်စေ၊ ဒီလိုလုပ်ရပ် အပေါ်ရှုတ်ချနေကြတဲ့ မှတ်ချက်တွေလည်း လူမှုမီဒီယာမှာ အတော်ပျံ့နှံ့ခဲ့ပါတယ်။

ဒီဗီဒီယိုနဲ့ပတ်သက်ပြီး တဖက်နဲ့တဖက် စွပ်စွဲနေကြတဲ့အပေါ် ဘီဘီစီက အေအေဘက်ကိုရော၊ တပ်မတော်ဘက်ကိုရော ဆက်သွယ်မေးမြန်းထားပါတယ်။
အေအေ ပြောခွင့်ရ ခိုင်သုခ နဲ့ဆက်သွယ်မေးမြန်းချက်

ဘီဘီစီ- အေအေ အနေနဲ့ ဒီဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာမျိုးလုပ်ပြီးပြီလား။

ခိုင်သုခ- အဲဒီ ဗီဒီယိုဖိုင်တက်လာကတည်းက ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ အောက်ခြေဘက်ကို အသေအချာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးပြီ၊ ဆိုတော့ ကျွန်တော်တို့ဘက်က လုပ်တာတော့ အဲလိုမျိုးတွေလုံးဝမရှိဘူး၊ ကျွန်တော်တို့မှာက ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် တားမြစ်ထားတာရှိတယ်၊ အဲလိုမျိုး တရားလက်လွတ်ကိစ္စ လုပ်လို့ မရဘူးဗျ။

ဘီဘီစီ- အေအေအနေနဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ပတ်သက်ပြီး အရင်ကတည်းက ကျည်ဆန်နဲ့ စာတွေပို့ခဲ့တာမျိုးတွေရှိတယ်။ အခုဒီ ဗီဒီယိုဖိုင်ကိုတွေ့တဲ့ လူတွေအထဲ ဒါအေအေ လက်ချက်လို့ မြင်ကြတဲ့သူတွေအများကြီးပဲ။

ခိုင်သုခ- တချို့လူတွေပေါ့နော်၊ အထူးသဖြင့်တော့ ရဲတွေပေါ့၊ ရဲအလုပ်ကို ရဲလုပ်ဖို့ ဆိုပြီးတော့မှ၊ ဟို အဲ့လိုမျိုး သတိပေးစာတွေ ပို့ခဲ့တာရှိတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ သတိပေးစာ ပို့တဲ့သူတွေထဲက ကျွန်တော်တို့ သတ်လို့သေတဲ့သူ တယောက်မှမရှိဘူး။ ပြည်သူလူထုတွေကို နှိပ်စက်ညှဉ်းပန်းတာတွေ၊ နှိပ်စက်တာတွေကို ဆက်မလုပ်ဖို့ အတွက် ကျွန်တော်တို့ကနေ သတိပေးခဲ့တာပဲဖြစ်တယ်၊ အဲဒီနောက်ပိုင်းမှာ တချို့လူတွေက လူထုတွေကို နှိပ်စက်တာတွေ၊ အနိုင်ကျင့်နေတာတွေ ရပ်သွားတာပေါ့နော်။

ဘီဘီစီ- အဲဒီဗီဒီယိုဖိုင်မှာ ရခိုင်လိုပြောနေကြတာမျိုးလည်း ရှိတယ်၊ အဲဒါတွေက ဘာတွေပြောနေကြတာလဲဗျ။

ခိုင်သုခ- အဲဒီမှာ ရခိုင်စကားလို့ပြောတယ်၊ ဒါပေမဲ့ သူတို့ပြောတဲ့ရခိုင်စကားက တခြားလူမျိုးတယောက်ယောက်က ရခိုင်စကားတတ်လို့ပြောတဲ့ပုံစံမျိုးဖြစ်နေတယ်၊ ကျွန်တော်ထင်တာတော့ အဲဒီမှာပါတဲ့သူတွေဟာ ရခိုင်စစ်စစ်ဖြစ်ချင်မှ ဖြစ်နိုင်မယ်၊ ဆိုတော့အဲဒီ တချက်လည်း ကျွန်တော် အဲဒီမှာ သုံးသပ်ကြည့်တာပေါ့။

ဘီဘီစီ- အခုဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး အေအေက မဟုတ်ဘူးဆိုရင်၊ အများပြည်သူ အမြင်ရှင်းအောင် အေအေက ဘယ်လိုလုပ်မှာလဲ။

ခိုင်သုခ- ကျွန်တော်တို့က တကယ်ဒီလိုမျိုးသတ်တယ်ဆိုရင် ဒီဗီဒီယိုဖိုင်က ဗမာစစ်လော်ဘီတွေ ဆီကို ဘယ်လိုမှရောက်စရာအကြောင်းမရှိဘူး၊ အခုဒီဗီဒီယိုဖိုင် တက်လာ တာက ဗမာစစ်တပ် လော်ဘီတွေရဲ့ အကောင့်က စပြီးတော့တက်လာတာဖြစ်တယ်။

နောက်ပြီး တော့ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ရောက်နေတဲ့အချိန်နဲ့ ချိန်ကိုက်ပြီးတော့ တက်လာတာ ဖြစ်တယ်။

ကျွန်တော်တို့က ပြောနိုင်တဲ့အချက်တချက်က ခင်ဗျား ဒီ ဖေ့ဘွတ်ကို ကြည့်လိုက်ပါ။ ဖေ့ဘွတ်မှာ ဒီလိုမျိုးရက်ရက်စက်စက်သတ်တဲ့ ဗီဒီယိုဖိုင်မျိုးကို စစ်တပ်က လော်ဘီ မဟုတ်ပဲ နောက်တယောက်ကနေ တင်ကြည့်လိုက်ပါ။ အဲလိုတင်လို့ရှိရင် အခုချက်ချင်း ဖြုတ်ချခံရမယ်။ အခုချက်ချင်း အကောင့်အပိတ်ခံရမယ်၊။ အခုဟာ က အဲဒီက စစ်တပ်က လော်ဘီတွေ တင်တဲ့ဟာမို့လို့ ကြည့်လို့ တောက်လျှောက်ရနေတယ်(မှတ်ချက် - အဲဒီ ဗီဒီယိုဖိုင် နာရီအတော်ကြာ ဖေ့ဘွတ်မှာ ရှိနေခဲ့ပြီး နောက်ပိုင်းမှာ ဖြုတ်ချခံရပါတယ်)၊ ဆိုတော့ ဒီဟာက စစ်တပ်ကပါဝင်ပတ်သက်နေတယ်ဆိုတာ အတော်လေးထင်ရှားနေတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဆက်သွယ်မေးမြန်းချက်

ဘီဘီစီ- အေအေ က ပြောတာကတော့ လူမှုမီဒီယာမှာ ပျံ့နှံ့နေတဲ့ အဲဒီဗီဒီယိုဖိုင်က တပ်မတော်ကို ထောက်ခံနေတဲ့ လော်ဘီလုပ်နေတဲ့ အကောင့်တွေဆီကနေစပြီးပျံ့နှံ့ခဲ့တာလို့ ပြောတယ်၊ ဒါနဲ့ပတ်သက်လို့ တပ်မတော်ဘက်က ဘယ်လိုပြောချင်ပါလဲ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း - ကျွန်တော်ပြောနိုင်တာတခုကတော့ တပ်မတော်က မဟုတ်မှန်းလည်း ခင်ဗျားတို့လည်း သိတာပဲ၊ ကြည့်လိုက်ရင် ပြောနေတဲ့ လူရော၊ ကိုင်တဲ့ လက်နက်ရော တပ်မတော်ကမဟုတ်မှန်းတော့ အကုန်လုံးက သိတာပဲ၊ တပ်မတော်ကို အားပေးအားမြှောက် ပြောနေတဲ့ အကောင့်လို့ရော ဘာအထောက်အထားနဲ့ ပြောလဲ၊ ဘာအထောက်အထားနဲ့ ပြောလဲ ဆိုတာ ဒီအချိန်မှာတော့ အကောင့် အတုတွေက အများကြီးရှိတာပဲ။

ဘီဘီစီ- တပ်မတော်ဘက်က အဲဒါနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းတာရော ရှိလား။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း - မေးမြန်းစရာ မရှိပါဘူး၊ လူမှုကွန်ရက်မှာ ပျံ့တယ်ဆိုတာ ၊ ဒါတွေက ကျွန်တော်တို့က မေးမြန်းစရာမရှိဘူး။

ဘီဘီစီ- အေအေဘက်ကလည်း ပြောတာတွေရှိတယ်၊ အရင်တုန်းက AA စခန်းမှာ World Food Program (UN) က တံဆိပ်တွေ (အစားအစာ) တွေ့တယ် ဆိုပြီး ဝါဒဖြန့်တာ တွေရှိတယ် ဆိုပြီး ပြောတယ်၊ ဒီလိုပဲ အခု ဝါဒဖြန့်တာလို့ သူတို့က ပြောတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လို တုံ့ပြန်ချင်ပါလဲ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း - ဘယ်သူမှ အပင်ပန်းခံပြီး အဲဒါတွေ ယူသွားစရာ အကြောင်း မရှိဘူး၊ သွားရလာရ ခက်ခဲတဲ့နေရာမှာ သူတို့စခန်းချထားတာ၊ အဲဒီနေရာတွေက မိခဲ့တဲ့ဟာတွေပဲ၊ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ပြောစရာလည်း အကြောင်းမရှိဘူး။

ဘီဘီစီ- နောက်ပြီး အေအေပြောတဲ့အထဲမှာ ဗမာ၊ ရခိုင် တိုင်းရင်းသားတွေကြားမှာ အထင်လွဲအောင် လုပ်တယ်၊ အဲဒါမျိုး စွပ်စွဲထားတာတွေ ကော ဘယ်လို ဖြေရှင်းမလဲ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း - အဲဒါ လုပ်နေတဲ့ဟာ ရခိုင်ပါပဲ၊ ရှင်းရှင်းပဲ ကျွန်တော် ပြောလိုက်မယ်၊ ခင်ဗျား ဒီမှာ အေအေ ရောက်မလာခင်ကတည်းက၊ လွတ်လပ်ရေးရကတည်းက ကျွန်တော်တို့ တပ်တွေ အဲဒီမှာရှိနေတာ၊ ဘာများ ပဋိပက္ခဖြစ်ပွားတာရှိခဲ့လို့လဲ၊ ရခိုင်၊ ဗမာ ဆိုတာလည်း မရှိခဲ့ဘူး။ နောက်ပြီးတော့ ဘင်္ဂါလီနဲ့ ပတ်သက်ပြီးဖြစ်လာရင် တိုင်းရင်းသားတွေကို ကျွန်တော်တို့ ကယ်ဆယ်ခဲ့ရတာပဲ၊ ဒီပုံရိပ်တွေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖျက်နေတဲ့ လူတွေလည်းရှိတယ်။ ဘယ်သူက စလုပ်တာလဲ၊ ဒီ ရခိုင်-ဗမာ ခွဲခြားတဲ့ ဟာတွေကို တင်ထားတဲ့ ဟာတွေကနေ၊ ပြောတဲ့ဟာတွေကနေ သိနိုင်တယ်။

ဘီဘီစီ- ဒီဗီဒီယိုထဲမှာ အသတ်ခံရတယ်ဆိုတာ ကတော့ ထင်ရှားနေပြီလေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အေအေအပါအဝင်၊ တပ်မတော် အပါအဝင် အရပ်သားတွေ ရဲ့ လုံခြုံရေးအတွက် ဘယ်လောက်စဉ်းစားဖို့လိုမလဲ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း - ကျွန်တော့်အနေနဲ့ ပြောစရာမရှိပါဘူးဗျ၊ ပြောစရာ မရှိဘူးဆိုတာက ခင်ဗျားတို့အနေနဲ့လည်း သိပြီးသားပဲ၊ ဒီဗီဒီယို ဖိုင်က ဘယ်သူ့ ဗီဒီယို ဖိုင်လဲ ဆိုတာလည်း မြင်ပြီးသားပဲ၊ စကားပြောနေတာ ဘယ်သူတွေ ပြောနေတာ၊ လက်နက်တွေ ကြည့်ရင် ဘယ်သူတွေဆိုတာ သိနေတာပဲ။

BBC Burmese
https://www.bbc.com
ရက္ရက္စက္စက္ လူသတ္ဗီဒီယိုဖိုင္ကိစၥ ေအေအက ျငင္းၿပီး တပ္မေတာ္လက္ခ်က္လို႔ ျပန္စြပ္စြဲ ရက္ရက္စက္စက္ လူသတ္ဗီဒီယိုဖိုင္ကိစၥ ေအေအက ျငင္းၿပီး တပ္မေတာ္လက္ခ်က္လို႔ ျပန္စြပ္စြဲ Reviewed by THITHTOOLWIN on 08:24 Rating: 5
Powered by Blogger.