မႏၲေလး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ေသြးကင္ဆာ ကုသမႈခံယူ၊ ပါတီတာဝန္ေနရာအစားထိုးဖို႔ မရွိ

"အခုကို ေဆးသြင္းထားတယ္၊ ေနာက္ဆုံး အေျခအေနကို ကြၽန္ေတာ္တို႔ မသိပါဘူး၊ ေနာက္ဆုံးအေျခအေနကေတာ့ ေဆးကုသမႈၿပီးရင္ သူက နာလန္ျပန္ထူလာၿပီး တာဝန္ေတြ ျပန္ထမ္းေဆာင္ႏိုင္မွာပါ"
(Zawgyi)⤵⤵⤵
က်န္းမာေရး အေျခအေနေၾကာင့္ ထိုင္းႏိုင္ငံမွာ သြားေရာက္ ေဆးကုသခံေနတဲ့ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ေသြးကင္ဆာေရာဂါ ခံစားေနရတယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီေျပာခြင့္ရသူ ေဒါက္တာမ်ိဳးၫြန႔္က ေျပာလိုက္ပါတယ္။

ေဆးကုသမႈခံယူေနၿပီး စိုးရိမ္ရတဲ့ အေနအထား မရွိတဲ့အတြက္ ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ႕ ပါတီတာဝန္ေတြကို အစားထိုးဖို႔မရွိဘူးလို႔ သူက ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ဟာ ႏိုဝင္ဘာ ၁၀ရက္ေန႔မွာ ေဆးကုသမႈၿပီးဆုံးရင္ ျမန္မာႏိုင္ငံကို ျပန္လာဖို႔ စီစဥ္ခဲ့ေပမယ့္လည္း အေျခအေနအရ လက္ရွိအခ်ိန္အထိ ေဆးကုသမႈ ခံယူေနရတယ္လို႔ NLD ပါတီရဲ႕ ဗဟို ျပန္ၾကားေရး ေကာ္မတီ အတြင္းေရးမႉး မုံ႐ြာေအာင္ရွင္ကလည္း ဘီဘီစီကို ေျပာပါတယ္။

ေရာဂါ အတိမ္အနက္ကို မသိရဘူး ဆိုေပမဲ့ ေလာေလာဆယ္မွာ ေဆးသြင္းထားရလို႔ အနားယူေနရတယ္ ဆိုၿပီးေတာ့လည္း ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။

"အခုကို ေဆးသြင္းထားတယ္၊ ေနာက္ဆုံးအေျခအေနကို ကြၽန္ေတာ္တို႔ မသိပါဘူး၊ ေနာက္ဆုံး အေျခအေနကေတာ့ ေဆးကုသမႈၿပီးရင္ သူက နာလန္ျပန္ထူလာၿပီး တာဝန္ေတြ ျပန္ထမ္းေဆာင္ႏိုင္မွာပါ" လို႔ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။

ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ေအာက္တိုဘာလ ၂၅ ရက္ေန႔ကတည္းက ထိုင္းႏိုင္ငံ၊ ဘန္ေကာက္မွာ ေဆးကုသမႈ ခံယူေနတာ ျဖစ္ပါတယ္။

အေစာပိုင္းတုန္းကေတာ့ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၁၀ ရက္ေန႔မွာ ေဆးကုသမႈၿပီးရင္ ဘန္ေကာက္က ျပန္လာဖို႔ စီစဥ္ထားေပမဲ့ အခု ျပန္မလာႏိုင္ေသးဘူးလို႔ မုံ႐ြာေအာင္ရွင္ကလည္း ဘီဘီစီကို ေျပာပါတယ္။

ေလာေလာဆယ္မွာ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနရဆဲ ျဖစ္ေပမဲ့ သူ႔က်န္းမာေရး အေျခအေန ေကာင္းပါတယ္လို႔ မႏၲေလးတိုင္း ေခတၱဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ ထမ္းေဆာင္ေနတဲ့ ဦးဇာနည္ေအာင္က ေျပာပါတယ္။

ဒါေပမဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ေဆး႐ုံမွာ ဘယ္ေလာက္ၾကာအထိ ကုသမႈ ဆက္ခံယူရမယ္ ဆိုတာနဲ႔ တိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ ဘယ္ေတာ့ ျပန္တာဝန္ထမ္းေဆာင္မလဲ ဆိုတာကို မေျပာႏိုင္ေသးဘူးလို႔ ဦးဇာနည္ေအာင္က ေျပာပါတယ္။

"သူ႔ရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ဆုံးျဖတ္ခ်က္က သူ႔ကို ကုသေနတဲ့ ဆရာ၀န္ႀကီးေတြအေပၚ မူတည္တာေပါ့၊ ဒါကို ကြၽန္ေတာ္ မေျပာႏိုင္ဘူးျဖစ္ေနတယ္၊ ေယဘုယ်အားျဖင့္ေတာ့ သူက်န္းမာေရး ေကာင္းပါတယ္၊ တိုးတက္မႈ ေကာင္းပါတယ္" လို႔သူက ေျပာပါတယ္။

ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ တိုင္းအစိုးရ လွ်ပ္စစ္၊ စြမ္းအင္နဲ႔ ေဆာက္လုပ္ေရးဝန္ႀကီးျဖစ္တဲ့ ဦးဇာနည္ေအာင္ကို သူေဆးကုသမႈခံယူေနတုန္းမွာ မႏၲေလးတိုင္းေခတၱဝန္ႀကီးခ်ဳပ္အျဖစ္ တရားဝင္စာနဲ႔ ခန႔္အပ္ၿပီး တာဝန္ေတြ လႊဲေျပာင္းေပးထားတာ ျဖစ္ပါတယ္။

အသက္ ၆၈ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ NLD ပါတီမွာ ဒုဥကၠဌ (၂) အျဖစ္ တာဝန္ယူထားရသူ ျဖစ္ၿပီး သူ႔က်န္းမာေရး ျပန္ေကာင္းလာေစဖို႔ ေက်ာက္ပန္းေတာင္း ၿမိဳ႕ခံေတြကလည္း ဒီလ အေစာပိုင္းတုန္းက ဆုေတာင္းေမတၱာ ပို႔ခဲ့ၾကပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
မန္တလေး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သွေးကင်ဆာ ကုသမှုခံယူ၊ ပါတီတာဝန်နေရာအစားထိုးဖို့ မရှိ

ဓာတ်ပုံ မူပိုင် Getty Images
Image caption "အခုကို ဆေးသွင်းထားတယ်၊ နောက်ဆုံး အခြေအနေကို ကျွန်တော်တို့ မသိပါဘူး၊ နောက်ဆုံးအခြေအနေကတော့ ဆေးကုသမှုပြီးရင် သူက နာလန်ပြန်ထူလာပြီး တာဝန်တွေ ပြန်ထမ်းဆောင်နိုင်မှာပါ"

ကျန်းမာရေး အခြေအနေကြောင့် ထိုင်းနိုင်ငံမှာ သွားရောက် ဆေးကုသခံနေတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ ခံစားနေရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။

ဆေးကုသမှုခံယူနေပြီး စိုးရိမ်ရတဲ့ အနေအထား မရှိတဲ့အတွက် ဒေါက်တာဇော်မြင့်မောင်ရဲ့ ပါတီတာဝန်တွေကို အစားထိုးဖို့မရှိဘူးလို့ သူက ပြောပါတယ်။

ဝန်ကြီးချုပ်ဟာ နိုဝင်ဘာ ၁၀ရက်နေ့မှာ ဆေးကုသမှုပြီးဆုံးရင် မြန်မာနိုင်ငံကို ပြန်လာဖို့ စီစဉ်ခဲ့ပေမယ့်လည်း အခြေအနေအရ လက်ရှိအချိန်အထိ ဆေးကုသမှု ခံယူနေရတယ်လို့ NLD ပါတီရဲ့ ဗဟို ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း ဘီဘီစီကို ပြောပါတယ်။

ရောဂါ အတိမ်အနက်ကို မသိရဘူး ဆိုပေမဲ့ လောလောဆယ်မှာ ဆေးသွင်းထားရလို့ အနားယူနေရတယ် ဆိုပြီးတော့လည်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

    ဒေါက်တာဇော်မြင့်မောင် - NLD ပါတီတွင်း သုံးပိုင်းကွဲပြီး ပွတ်တိုက်မှုတွေရှိတယ်
    ပါတီတွင်းရော အစိုးရ အတွင်းပါ ပြုပြင်ပြောင်းလဲတော့မယ် အန်အယ်လ်ဒီ

"အခုကို ဆေးသွင်းထားတယ်၊ နောက်ဆုံးအခြေအနေကို ကျွန်တော်တို့ မသိပါဘူး၊ နောက်ဆုံး အခြေအနေကတော့ ဆေးကုသမှုပြီးရင် သူက နာလန်ပြန်ထူလာပြီး တာဝန်တွေ ပြန်ထမ်းဆောင်နိုင်မှာပါ" လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၂၅ ရက်နေ့ကတည်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ဆေးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဆေးကုသမှုပြီးရင် ဘန်ကောက်က ပြန်လာဖို့ စီစဉ်ထားပေမဲ့ အခု ပြန်မလာနိုင်သေးဘူးလို့ မုံရွာအောင်ရှင်ကလည်း ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာ ဒေါက်တာဇော်မြင့်မောင်ဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပေမဲ့ သူ့ကျန်းမာရေး အခြေအနေ ကောင်းပါတယ်လို့ မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဦးဇာနည်အောင်က ပြောပါတယ်။

    NLD တိုင်းရင်းသားရေးရာ ကော်မတီ ဖွဲ့တာ ရွေးကောက်ပွဲ အတွက် ပြင်တာလား
    တပ်မတော်နဲ့ ၄၃၆ ကို ကျော်လို့ မရရင် ဘာလုပ်မလဲ

ဒါပေမဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ဆေးရုံမှာ ဘယ်လောက်ကြာအထိ ကုသမှု ဆက်ခံယူရမယ် ဆိုတာနဲ့ တိုင်းဝန်ကြီးချုပ်အဖြစ် ဘယ်တော့ ပြန်တာဝန်ထမ်းဆောင်မလဲ ဆိုတာကို မပြောနိုင်သေးဘူးလို့ ဦးဇာနည်အောင်က ပြောပါတယ်။

"သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်က သူ့ကို ကုသနေတဲ့ ဆရာဝန်ကြီးတွေအပေါ် မူတည်တာပေါ့၊ ဒါကို ကျွန်တော် မပြောနိုင်ဘူးဖြစ်နေတယ်၊ ယေဘုယျအားဖြင့်တော့ သူကျန်းမာရေး ကောင်းပါတယ်၊ တိုးတက်မှု ကောင်းပါတယ်" လို့သူက ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ တိုင်းအစိုးရ လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဖြစ်တဲ့ ဦးဇာနည်အောင်ကို သူဆေးကုသမှုခံယူနေတုန်းမှာ မန္တလေးတိုင်းခေတ္တဝန်ကြီးချုပ်အဖြစ် တရားဝင်စာနဲ့ ခန့်အပ်ပြီး တာဝန်တွေ လွှဲပြောင်းပေးထားတာ ဖြစ်ပါတယ်။

အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ NLD ပါတီမှာ ဒုဥက္ကဌ (၂) အဖြစ် တာဝန်ယူထားရသူ ဖြစ်ပြီး သူ့ကျန်းမာရေး ပြန်ကောင်းလာစေဖို့ ကျောက်ပန်းတောင်း မြို့ခံတွေကလည်း ဒီလ အစောပိုင်းတုန်းက ဆုတောင်းမေတ္တာ ပို့ခဲ့ကြပါတယ်။

BBC Burmese
https://www.bbc.com
မႏၲေလး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ေသြးကင္ဆာ ကုသမႈခံယူ၊ ပါတီတာဝန္ေနရာအစားထိုးဖို႔ မရွိ မႏၲေလး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ေသြးကင္ဆာ ကုသမႈခံယူ၊ ပါတီတာဝန္ေနရာအစားထိုးဖို႔ မရွိ Reviewed by THITHTOOLWIN on 01:37 Rating: 5
Powered by Blogger.