ဗစ္တိုးရီးယားအမႈ- စီစီတီဗီမွတ္တမ္းကို တရားခြင္မွာ စစ္ေဆးခဲ့ရတဲ့ နည္းပညာကြၽမ္းက်င္သူနဲ႔ အင္တာဗ်ဴး

 ေအာင္ႀကီး ေက်ာင္းကို ဝင္ေရာက္သြားတဲ့ စီစီတီဗီမွတ္တမ္းပုံရိပ္
(Zawgyi)⤵⤵⤵
ဗစ္တိုးရီးယားအမႈရဲ႕ ၁၀ ႀကိမ္ေျမာက္ ႐ုံးထုတ္ျဖစ္တဲ့ ႏိုဝင္ဘာ ၆ ရက္႐ုံးခ်ိန္းမွာ သက္ေသခံအျဖစ္ တင္ျပထားတဲ့ စီစီတီဗီမွတ္တမ္း ကိုင္တဲ့သူကို စစ္ေဆးခဲ့ပါတယ္။ သူ႔ကို မစစ္ေဆးခင္မွာ ႐ုံးေတာ္ကို တင္ျပထားတဲ့ စီစီတီဗီရဲ႕ Hard disk အေၾကာင္း သိရဖို႔ ဥပေဒအရာရွိကေန နည္းပညာကြၽမ္းက်င္သူတစ္ဦးျဖစ္တဲ့ ကိုမိုး ဆိုသူကို စစ္ေဆးေစခဲ့ ပါတယ္။ ကိုမိုးဟာ အခုလို အိုင္တီပစၥည္းေတြကို လိုက္လံတပ္ဆင္တာ၊ ျပဳျပင္တာေတြလုပ္ေနသူ ျဖစ္သလို အိုင္တီနည္းပညာနဲ႔ပတ္သက္လို႔ေလ့လာသင္ယူထားသူတစ္ဦးျဖစ္ပါတယ္။ သူ႔အေနနဲ႔ဒီ Hard disk (ဟာ့ဒစ္) ကို စစ္ေဆးၾကည့္တဲ့အခါ ေတြ႕ခဲ့တာေတြနဲ႔ပတ္သက္လို႔ကိုမိုးကို ဘီဘီစီက ဆက္သြယ္ေမးျမန္းထားပါတယ္။

ဘီဘီစီ။ ။အရင္ဆုံး ဒီ႐ုံးေတာ္မွာ လာေရာက္စစ္ေဆးေပးခဲ့ရပုံကို ရွင္းျပပါဦး။

ကိုမိုး။ ။တရား႐ုံးဘက္မွာ ဒီဟာနဲ႔ပတ္သက္လို႔ေပါ့။ သူတို႔သိပ္ၿပီးေတာ့လည္း အေတြ႕အႀကဳံမရွိဘူးေပါ့။ စီစီတီဗီ အထိုင္စက္ (DVR+Hardisk) ေတြ ၊ ကင္မရာေတြရဲ႕ အလုပ္လုပ္ပုံကို သိပ္မသဲကြဲတဲ့အတြက္ ကြၽန္ေတာ့္ကို အကူအညီေတာင္းတာနဲ႔ကြၽန္ေတာ္က လာၿပီး ကိုယ္သိသေလာက္ေလး လာရွင္းျပေပးတာပါခင္ဗ်။

ဘီဘီစီ။ ။ အခု ကိုမိုးအေနနဲ႔႐ုံးေတာ္မွာ သြားၾကည့္တဲ့အခါ Hard disk ထဲမွာ ဘာေတြ ေတြ႕ရလဲခင္ဗ်။

ကိုမိုး။ ။သက္ေသခံပစၥည္းထဲမွာ ဘာမွမပါဘူး။ သက္ေသခံပစၥည္းက အလြတ္ႀကီးပါ။ လုံးဝဖိုင္အလြတ္ႀကီး ျဖစ္ေနတယ္။ Hard disk ေတာင္မွပဲ ဒီတက္ Detect လုပ္မထားဘဲ ႐ိုး႐ိုး DVR စက္တစ္လုံးထဲမွာ Hard disk ဟာ့ဒစ္တစ္လုံးကို ႐ုပ္ပိုင္းဆိုင္ရာတပ္ဆင္ထားတဲ့ပုံစံမ်ိဳးပဲေတြ႕ ရပါတယ္။ Detect ေတာင္မွ လုံးဝလုပ္မထားဘူး။ ကြၽန္ေတာ္ သူတို႔ကိုျပပါတယ္။ ဟာ့ဒစ္ေတာ့ စိုက္ထားတယ္။ ဟာ့ဒစ္ဒီတက္ရွင္မရွိလို႔ကြၽန္ေတာ္ ဒီတက္ရွင္လုပ္ေပးထားရတယ္။ ဟာ့ဒစ္ကလည္း အလြတ္ႀကီး။ ဘာဖိုင္မွ လည္းမရွိဘူး။ ဘာေလာ့ခ္မွလည္း မက်န္ဘူး။ အလြတ္ႀကီးျဖစ္ေနတာကို ကြၽန္ေတာ္ တင္ျပခဲ့ပါတယ္။

ဘီဘီစီ။ ။Detect မလုပ္ထားဘူးဆိုတာ သာမန္ျပည္သူေတြနားလည္ေအာင္ဆို ဘယ္လိုရွင္းျပလို႔ရမလဲ ခင္ဗ်။

ကိုမိုး။ ။ဥပမာ စက္ထဲမွာ ဟာ့ဒစ္ကိုေတာ့ ထည့္ထားတယ္။ ဒါေပမဲ့စက္နဲ႔ System ကိုေပါ့ ခ်ိတ္ထားတာမရွိဘူး။ ဒီတက္ရွင္ဆိုတာ ေကာ္နက္ရွင္ခ်ိတ္ထားတာကိုေျပာတာ။ ဒါေပမဲ့ ေကာ္နက္ရွင္ေတာင္ ခ်ိတ္မထားဘူး။ ဖစ္ဆစ္ကယ္အရပဲ ဒီအတိုင္းပဲထိုးထည့္ထားတာ။ ဒီဟာက ေအာ္ရဂ်င္နယ္ ပုံစံမ်ိဳး မဟုတ္ဘူးဗ်ာ။ အခုမွ ဟာ့ဒစ္တစ္လုံးကို ေကာက္ထည့္ထားတဲ့ပုံစံမ်ိဳးကို ကြၽန္ေတာ္ ေတြ႕ရတာပါ။ ကြၽန္ေတာ္ကိုယ္တိုင္ ဒီတက္ရွင္ လုပ္ထားရတယ္။ ကြၽန္ေတာ္ လုပ္ထားတဲ့ ေလာ့ခ္ဖိုင္ကိုလည္း ကြၽန္ေတာ္ ဘက္ကပ္ လုပ္ထားလိုက္ပါတယ္။

ဘီဘီစီ။ ။ဒီဟာ့ဒစ္ထဲမွာ ဗီဒီယိုဖိုင္ေတြမရွိဘူး။ ေလာ့ခ္ဖိုင္ေတြမရွိဘူးဆိုတာ ဟာ့ဒစ္ေတြရဲ႕သေဘာက အခ်ိန္ၾကာ ရင္ ပ်က္သြားတဲ့သေဘာလား။ တစ္စုံတစ္ေယာက္က ဖ်က္လိုက္တဲ့သေဘာလား။ ဘယ္လိုသုံးသပ္ႏိုင္ပါသလဲ။

ကိုမိုး။ ။ အဲဒီဟာက ဘယ္လိုေျပာရမလဲ။ အေသးစိတ္ႀကီးေတာ့ မွတ္ခ်က္ေပးလို႔မရဘူးဗ်။ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ပ်က္သြားတာလည္း ျဖစ္ႏိုင္တယ္၊ ဒါမွမဟုတ္ ဖ်က္လိုက္ရင္လည္း ျဖစ္ႏိုင္တယ္။ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ပ်က္သြားတယ္ဆိုရင္လည္း ဟာ့ဒစ္တစ္ခုလုံး လုံးဝပ်က္သြားတာမ်ိဳးျဖစ္ရမယ္။ ဟာ့ဒစ္တစ္ခု လုံးပ်က္သြားမွသာလွ်င္ ရွိသမွ်ဖိုင္ေတြလည္း အကုန္ပ်က္သြားမွာ။ အခုဟာက ဟာ့ဒစ္ပ်က္သြားပါတယ္ လို႔ ထြက္ဆိုထားတာ ၊ တင္ျပထားတာလည္း တစ္ခုမွမေတြ႕ရဘူး။ သူတို႔ဒီဟာကို ထိလည္း မထိပါဘူး။ ကိုင္ လည္း မကိုင္ပါဘူး။ ဘာမွလုပ္ထားျခင္းလည္း မရွိပါဘူးဆိုရင္ေတာ့ ဒါက ဖ်က္ထားတဲ့အရာျဖစ္ေနၿပီေပါ့။ ဒါက ကြၽန္ေတာ္တို႔သုံးသပ္တာေပါ့။ စျဖစ္တဲ့အခ်ိန္ကေန အခုခ်ိန္ထိ ဒီအတိုင္းပါပဲ လို႔ေျပာဆိုထားတာျဖစ္တဲ့အ တြက္ ဒီဖိုင္ေတြက လြယ္လြယ္ကူကူနဲ႔သူ႔ဘာသာသူ ေအာ္တို ေလာ့ခ္ျဖစ္သြားႏိုင္တဲ့ အေနအထားမဟုတ္ ဘူး။ ေအာ္တိုေလာ့ခ္ျဖစ္သြားစရာလည္း အေၾကာင္းမရွိဘူး။ တစ္ေယာက္ေယာက္က ဖ်က္တာေသာ္ လည္းေကာင္း ၊ ေဖာမတ္ခ်လိုက္တာေသာ္လည္းေကာင္း ၊ ရီေဖာမတ္ လုပ္လိုက္တာမ်ိဳးေသာ္လည္းေကာင္း ဒါမ်ိဳးလုပ္ထားတာျဖစ္ႏိုင္ပါတယ္။

ဘီဘီစီ။ ။႐ုံးေတာ္ကိုတင္ျပထားတာ စီစီတီဗီမွတ္တမ္းဖိုင္ ၁၁ ဖိုင္ရွိတယ္လို႔ကြၽန္ေတာ္တို႔ၾကားသိရတယ္။ ဒီစီစီတီဗီမွတ္တမ္းေတြက ဟာ့ဒစ္ထဲမွာသိမ္းတဲ့အခါ တစ္ေန႔စာတစ္ေန႔စာကို တစ္ဖိုင္ခ်င္းစီသိမ္းလား ခြဲၿပီး သိမ္းထားေပးတာလား။

ကိုမိုး။ ။မ်ားေသာအားျဖင့္စီစီတီဗီ စစ္စတမ္မ်ားသည္ ကင္မရာတူကင္မရာ၊ ေဒးတူေဒး (တစ္ရက္ခ်င္း အလိုက္)သိမ္းတာပါ။ အဲဒီလို မ်ိဳးဖိုင္ေတြကို ပိုင္းပိုင္းၿပီးေတာ့ သိမ္းေလ့သိမ္းထ မရွိဘူးေပါ့။

ဘီဘီစီ။ ။႐ုံးေတာ္ကိုတင္ျပတဲ့ ၁၁ ဖိုင္ထဲမွာ အခ်ိဳ႕ေနရာေတြ ျပတ္ေတာက္ေနတာေတြရွိေတာ့ တခ်ိဳ႕ကလည္း ေျပာၾကတာရွိပါတယ္။ မီးပ်က္လို႔ပ်က္သြားတယ္ဆိုတာမ်ိဳးေပါ့။ မီးပ်က္သြားရင္ စီစီတီဗီကင္ရာက ဖိုင္ထဲမွာ ဘယ္လို ပုံစံမ်ိဳး သိမ္းထားေပးလဲ။

ကိုမိုး။ ။မီးပ်က္သြားရင္ေတာ့ ဘယ္လိုမွသိမ္းထားလို႔မရေတာ့ဘူးေလ။ မီးပ်က္သြားတဲ့အခါက်ရင္ ရွိသမွ် မွတ္တမ္းေတြက အဲဒီေနရာမွာ ဥပမာဆိုၾကပါစို႔၊ ေန႔လယ္ ၁၂ နာရီမွာ မီးပ်က္ရင္ ၁၂ နာရီမွာ ဒီထဲမွာ ကင္မရာ ၃၂ လုံးရွိရင္ ၃၂ လုံးစလုံးက ဘာမွတ္တမ္းမွာမက်န္ဘဲ ေအာ္တိုပိတ္သြားမွာ။ မီးျပန္လာတဲ့အခ်ိန္မွာ သူ႔ဘာ သာသူျပန္လာမယ္၊ တစ္နာရီမွာ မီးျပန္လာမယ္ဆိုရင္ တစ္နာရီမွာျပန္ၿပီး မွတ္တမ္းလုပ္မယ္။ ၁၂ နာရီ နဲ႔၁ နာရီၾကားမွာေတာ့ မွတ္တမ္းမရွိျဖစ္ေနမယ္။ ကင္မရာတစ္လုံးက ၁၂ နာရီမွာပ်က္ၿပီး က်န္တဲ့ဟာက ၁ နာရီမွ ပ်က္ေနတယ္ဆို မျဖစ္ႏိုင္ဘူး။ တကယ္လို႔မီးပ်က္သြားမယ္ဆိုရင္ ကင္မရာ ၃၂ လုံးရွိရင္ တစ္ခ်ိန္တည္း တစ္ေနရာတည္းမွာ ပ်က္ေနရမယ္။

ဘီဘီစီ။ ။ ဟာ့ဒစ္ထဲမွာမရွိေတာ့တဲ့ ဗီဒီယိုဖိုင္ေတြျပန္ရဖို႔အတြက္ဆိုရင္ ဘယ္ဟာက အေရးႀကီးလဲ။ ဘယ္လို လုပ္ရင္ ျပန္ရႏိုင္လဲ။

ကိုမိုး။ ။ အဲဒီဟာကေတာ့အေျခအေနက အမ်ားႀကီးရွိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီထဲက ဟာေတြကို ျပန္လည္ ဆယ္ယူဖို႔ဆိုတာက ၁ အခ်က္ ဒီဟာ့ဒစ္က သူတို႔ပထမဦးဆုံးစသုံးထားတဲ့ နဂိုအခင္း ျဖစ္တဲ့ အခ်ိန္မွာ မွတ္တမ္းယူထားတဲ့ မူရင္းဟာ့ဒစ္ျဖစ္ရမယ္။ မူရင္းဟာ့ဒစ္မျဖစ္ဘူးဆိုရင္ ဘယ္လိုနည္းပညာ မ်ိဳးနဲ႔ဘယ္လိုလူမ်ိဳးကမွ ဆင္းလာၿပီးယူလို႔မရဘူး။ ေနာက္တစ္ေၾကာင္းကေတာ့ ျပန္လည္ဆယ္ယူဖို႔ဆိုတာ ၅ မိနစ္ ၁၀ မိနစ္နဲ႔ၿပီးသြားတဲ့အလုပ္မ်ိဳးမဟုတ္ဘူး။ နာရီေပါင္းမ်ားစြာ ရက္ေပါင္းမ်ားစြာ အခ်ိန္ယူၿပီးမွလုပ္ရတာ။ အေျခအေနကအမ်ားႀကီးျဖစ္ေနတယ္။ ကြၽန္ေတာ္ တို႔ကျပန္ဆယ္ယူလို႔ရပါတယ္လို႔အာမခံလို႔မရသလို ၁၀၀ ရာခိုင္ႏႈန္းမရဘူးလို႔လည္း ေျပာလို႔မရဘူး။

ဘီဘီစီ။ ။ ေက်းဇူးတင္ပါတယ္။

BBC Burmese
https://www.bbc.com
------------------
(Unicode)⤵⤵⤵
ဗစ်တိုးရီးယားအမှု- စီစီတီဗီမှတ်တမ်းကို တရားခွင်မှာ စစ်ဆေးခဲ့ရတဲ့ နည်းပညာကျွမ်းကျင်သူနဲ့ အင်တာဗျူး

Image caption အောင်ကြီး ကျောင်းကို ဝင်ရောက်သွားတဲ့ စီစီတီဗီမှတ်တမ်းပုံရိပ်

ဗစ်တိုးရီးယားအမှုရဲ့ ၁၀ ကြိမ်မြောက် ရုံးထုတ်ဖြစ်တဲ့ နိုဝင်ဘာ ၆ ရက်ရုံးချိန်းမှာ သက်သေခံအဖြစ် တင်ပြထားတဲ့ စီစီတီဗီမှတ်တမ်း ကိုင်တဲ့သူကို စစ်ဆေးခဲ့ပါတယ်။ သူ့ကို မစစ်ဆေးခင်မှာ ရုံးတော်ကို တင်ပြထားတဲ့ စီစီတီဗီရဲ့ Hard disk အကြောင်း သိရဖို့ ဥပဒေအရာရှိကနေ နည်းပညာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ကိုမိုး ဆိုသူကို စစ်ဆေးစေခဲ့ ပါတယ်။ ကိုမိုးဟာ အခုလို အိုင်တီပစ္စည်းတွေကို လိုက်လံတပ်ဆင်တာ၊ ပြုပြင်တာတွေလုပ်နေသူ ဖြစ်သလို အိုင်တီနည်းပညာနဲ့ပတ်သက်လို့လေ့လာသင်ယူထားသူတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ဒီ Hard disk (ဟာ့ဒစ်) ကို စစ်ဆေးကြည့်တဲ့အခါ တွေ့ခဲ့တာတွေနဲ့ပတ်သက်လို့ကိုမိုးကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီ။ ။အရင်ဆုံး ဒီရုံးတော်မှာ လာရောက်စစ်ဆေးပေးခဲ့ရပုံကို ရှင်းပြပါဦး။

ကိုမိုး။ ။တရားရုံးဘက်မှာ ဒီဟာနဲ့ပတ်သက်လို့ပေါ့။ သူတို့သိပ်ပြီးတော့လည်း အတွေ့အကြုံမရှိဘူးပေါ့။ စီစီတီဗီ အထိုင်စက် (DVR+Hardisk) တွေ ၊ ကင်မရာတွေရဲ့ အလုပ်လုပ်ပုံကို သိပ်မသဲကွဲတဲ့အတွက် ကျွန်တော့်ကို အကူအညီတောင်းတာနဲ့ကျွန်တော်က လာပြီး ကိုယ်သိသလောက်လေး လာရှင်းပြပေးတာပါခင်ဗျ။

ဘီဘီစီ။ ။ အခု ကိုမိုးအနေနဲ့ရုံးတော်မှာ သွားကြည့်တဲ့အခါ Hard disk ထဲမှာ ဘာတွေ တွေ့ရလဲခင်ဗျ။

ကိုမိုး။ ။သက်သေခံပစ္စည်းထဲမှာ ဘာမှမပါဘူး။ သက်သေခံပစ္စည်းက အလွတ်ကြီးပါ။ လုံးဝဖိုင်အလွတ်ကြီး ဖြစ်နေတယ်။ Hard disk တောင်မှပဲ ဒီတက် Detect လုပ်မထားဘဲ ရိုးရိုး DVR စက်တစ်လုံးထဲမှာ Hard disk ဟာ့ဒစ်တစ်လုံးကို ရုပ်ပိုင်းဆိုင်ရာတပ်ဆင်ထားတဲ့ပုံစံမျိုးပဲတွေ့ ရပါတယ်။ Detect တောင်မှ လုံးဝလုပ်မထားဘူး။ ကျွန်တော် သူတို့ကိုပြပါတယ်။ ဟာ့ဒစ်တော့ စိုက်ထားတယ်။ ဟာ့ဒစ်ဒီတက်ရှင်မရှိလို့ကျွန်တော် ဒီတက်ရှင်လုပ်ပေးထားရတယ်။ ဟာ့ဒစ်ကလည်း အလွတ်ကြီး။ ဘာဖိုင်မှ လည်းမရှိဘူး။ ဘာလော့ခ်မှလည်း မကျန်ဘူး။ အလွတ်ကြီးဖြစ်နေတာကို ကျွန်တော် တင်ပြခဲ့ပါတယ်။

ဘီဘီစီ။ ။Detect မလုပ်ထားဘူးဆိုတာ သာမန်ပြည်သူတွေနားလည်အောင်ဆို ဘယ်လိုရှင်းပြလို့ရမလဲ ခင်ဗျ။

ကိုမိုး။ ။ဥပမာ စက်ထဲမှာ ဟာ့ဒစ်ကိုတော့ ထည့်ထားတယ်။ ဒါပေမဲ့စက်နဲ့ System ကိုပေါ့ ချိတ်ထားတာမရှိဘူး။ ဒီတက်ရှင်ဆိုတာ ကော်နက်ရှင်ချိတ်ထားတာကိုပြောတာ။ ဒါပေမဲ့ ကော်နက်ရှင်တောင် ချိတ်မထားဘူး။ ဖစ်ဆစ်ကယ်အရပဲ ဒီအတိုင်းပဲထိုးထည့်ထားတာ။ ဒီဟာက အော်ရဂျင်နယ် ပုံစံမျိုး မဟုတ်ဘူးဗျာ။ အခုမှ ဟာ့ဒစ်တစ်လုံးကို ကောက်ထည့်ထားတဲ့ပုံစံမျိုးကို ကျွန်တော် တွေ့ရတာပါ။ ကျွန်တော်ကိုယ်တိုင် ဒီတက်ရှင် လုပ်ထားရတယ်။ ကျွန်တော် လုပ်ထားတဲ့ လော့ခ်ဖိုင်ကိုလည်း ကျွန်တော် ဘက်ကပ် လုပ်ထားလိုက်ပါတယ်။

ဘီဘီစီ။ ။ဒီဟာ့ဒစ်ထဲမှာ ဗီဒီယိုဖိုင်တွေမရှိဘူး။ လော့ခ်ဖိုင်တွေမရှိဘူးဆိုတာ ဟာ့ဒစ်တွေရဲ့သဘောက အချိန်ကြာ ရင် ပျက်သွားတဲ့သဘောလား။ တစ်စုံတစ်ယောက်က ဖျက်လိုက်တဲ့သဘောလား။ ဘယ်လိုသုံးသပ်နိုင်ပါသလဲ။

ကိုမိုး။ ။ အဲဒီဟာက ဘယ်လိုပြောရမလဲ။ အသေးစိတ်ကြီးတော့ မှတ်ချက်ပေးလို့မရဘူးဗျ။ အကြောင်း အမျိုးမျိုးကြောင့်ပျက်သွားတာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ဖျက်လိုက်ရင်လည်း ဖြစ်နိုင်တယ်။ အကြောင်း အမျိုးမျိုးကြောင့် ပျက်သွားတယ်ဆိုရင်လည်း ဟာ့ဒစ်တစ်ခုလုံး လုံးဝပျက်သွားတာမျိုးဖြစ်ရမယ်။ ဟာ့ဒစ်တစ်ခု လုံးပျက်သွားမှသာလျှင် ရှိသမျှဖိုင်တွေလည်း အကုန်ပျက်သွားမှာ။ အခုဟာက ဟာ့ဒစ်ပျက်သွားပါတယ် လို့ ထွက်ဆိုထားတာ ၊ တင်ပြထားတာလည်း တစ်ခုမှမတွေ့ရဘူး။ သူတို့ဒီဟာကို ထိလည်း မထိပါဘူး။ ကိုင် လည်း မကိုင်ပါဘူး။ ဘာမှလုပ်ထားခြင်းလည်း မရှိပါဘူးဆိုရင်တော့ ဒါက ဖျက်ထားတဲ့အရာဖြစ်နေပြီပေါ့။ ဒါက ကျွန်တော်တို့သုံးသပ်တာပေါ့။ စဖြစ်တဲ့အချိန်ကနေ အခုချိန်ထိ ဒီအတိုင်းပါပဲ လို့ပြောဆိုထားတာဖြစ်တဲ့အ တွက် ဒီဖိုင်တွေက လွယ်လွယ်ကူကူနဲ့သူ့ဘာသာသူ အော်တို လော့ခ်ဖြစ်သွားနိုင်တဲ့ အနေအထားမဟုတ် ဘူး။ အော်တိုလော့ခ်ဖြစ်သွားစရာလည်း အကြောင်းမရှိဘူး။ တစ်ယောက်ယောက်က ဖျက်တာသော် လည်းကောင်း ၊ ဖောမတ်ချလိုက်တာသော်လည်းကောင်း ၊ ရီဖောမတ် လုပ်လိုက်တာမျိုးသော်လည်းကောင်း ဒါမျိုးလုပ်ထားတာဖြစ်နိုင်ပါတယ်။

ဘီဘီစီ။ ။ရုံးတော်ကိုတင်ပြထားတာ စီစီတီဗီမှတ်တမ်းဖိုင် ၁၁ ဖိုင်ရှိတယ်လို့ကျွန်တော်တို့ကြားသိရတယ်။ ဒီစီစီတီဗီမှတ်တမ်းတွေက ဟာ့ဒစ်ထဲမှာသိမ်းတဲ့အခါ တစ်နေ့စာတစ်နေ့စာကို တစ်ဖိုင်ချင်းစီသိမ်းလား ခွဲပြီး သိမ်းထားပေးတာလား။

ကိုမိုး။ ။များသောအားဖြင့်စီစီတီဗီ စစ်စတမ်များသည် ကင်မရာတူကင်မရာ၊ ဒေးတူဒေး (တစ်ရက်ချင်း အလိုက်)သိမ်းတာပါ။ အဲဒီလို မျိုးဖိုင်တွေကို ပိုင်းပိုင်းပြီးတော့ သိမ်းလေ့သိမ်းထ မရှိဘူးပေါ့။

ဘီဘီစီ။ ။ရုံးတော်ကိုတင်ပြတဲ့ ၁၁ ဖိုင်ထဲမှာ အချို့နေရာတွေ ပြတ်တောက်နေတာတွေရှိတော့ တချို့ကလည်း ပြောကြတာရှိပါတယ်။ မီးပျက်လို့ပျက်သွားတယ်ဆိုတာမျိုးပေါ့။ မီးပျက်သွားရင် စီစီတီဗီကင်ရာက ဖိုင်ထဲမှာ ဘယ်လို ပုံစံမျိုး သိမ်းထားပေးလဲ။

ကိုမိုး။ ။မီးပျက်သွားရင်တော့ ဘယ်လိုမှသိမ်းထားလို့မရတော့ဘူးလေ။ မီးပျက်သွားတဲ့အခါကျရင် ရှိသမျှ မှတ်တမ်းတွေက အဲဒီနေရာမှာ ဥပမာဆိုကြပါစို့၊ နေ့လယ် ၁၂ နာရီမှာ မီးပျက်ရင် ၁၂ နာရီမှာ ဒီထဲမှာ ကင်မရာ ၃၂ လုံးရှိရင် ၃၂ လုံးစလုံးက ဘာမှတ်တမ်းမှာမကျန်ဘဲ အော်တိုပိတ်သွားမှာ။ မီးပြန်လာတဲ့အချိန်မှာ သူ့ဘာ သာသူပြန်လာမယ်၊ တစ်နာရီမှာ မီးပြန်လာမယ်ဆိုရင် တစ်နာရီမှာပြန်ပြီး မှတ်တမ်းလုပ်မယ်။ ၁၂ နာရီ နဲ့၁ နာရီကြားမှာတော့ မှတ်တမ်းမရှိဖြစ်နေမယ်။ ကင်မရာတစ်လုံးက ၁၂ နာရီမှာပျက်ပြီး ကျန်တဲ့ဟာက ၁ နာရီမှ ပျက်နေတယ်ဆို မဖြစ်နိုင်ဘူး။ တကယ်လို့မီးပျက်သွားမယ်ဆိုရင် ကင်မရာ ၃၂ လုံးရှိရင် တစ်ချိန်တည်း တစ်နေရာတည်းမှာ ပျက်နေရမယ်။

ဘီဘီစီ။ ။ ဟာ့ဒစ်ထဲမှာမရှိတော့တဲ့ ဗီဒီယိုဖိုင်တွေပြန်ရဖို့အတွက်ဆိုရင် ဘယ်ဟာက အရေးကြီးလဲ။ ဘယ်လို လုပ်ရင် ပြန်ရနိုင်လဲ။

ကိုမိုး။ ။ အဲဒီဟာကတော့အခြေအနေက အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီထဲက ဟာတွေကို ပြန်လည် ဆယ်ယူဖို့ဆိုတာက ၁ အချက် ဒီဟာ့ဒစ်က သူတို့ပထမဦးဆုံးစသုံးထားတဲ့ နဂိုအခင်း ဖြစ်တဲ့ အချိန်မှာ မှတ်တမ်းယူထားတဲ့ မူရင်းဟာ့ဒစ်ဖြစ်ရမယ်။ မူရင်းဟာ့ဒစ်မဖြစ်ဘူးဆိုရင် ဘယ်လိုနည်းပညာ မျိုးနဲ့ဘယ်လိုလူမျိုးကမှ ဆင်းလာပြီးယူလို့မရဘူး။ နောက်တစ်ကြောင်းကတော့ ပြန်လည်ဆယ်ယူဖို့ဆိုတာ ၅ မိနစ် ၁၀ မိနစ်နဲ့ပြီးသွားတဲ့အလုပ်မျိုးမဟုတ်ဘူး။ နာရီပေါင်းများစွာ ရက်ပေါင်းများစွာ အချိန်ယူပြီးမှလုပ်ရတာ။ အခြေအနေကအများကြီးဖြစ်နေတယ်။ ကျွန်တော် တို့ကပြန်ဆယ်ယူလို့ရပါတယ်လို့အာမခံလို့မရသလို ၁၀၀ ရာခိုင်နှုန်းမရဘူးလို့လည်း ပြောလို့မရဘူး။

ဘီဘီစီ။ ။ ကျေးဇူးတင်ပါတယ်။

BBC Burmese
https://www.bbc.com
ဗစ္တိုးရီးယားအမႈ- စီစီတီဗီမွတ္တမ္းကို တရားခြင္မွာ စစ္ေဆးခဲ့ရတဲ့ နည္းပညာကြၽမ္းက်င္သူနဲ႔ အင္တာဗ်ဴး ဗစ္တိုးရီးယားအမႈ- စီစီတီဗီမွတ္တမ္းကို တရားခြင္မွာ စစ္ေဆးခဲ့ရတဲ့ နည္းပညာကြၽမ္းက်င္သူနဲ႔ အင္တာဗ်ဴး Reviewed by THITHTOOLWIN on 14:39 Rating: 5
Powered by Blogger.