အေမရိကန္မိသားစုဝင္ ၉ ဦး မကၠဆီကိုႏိုင္ငံ၌ ၿခဳံခိုလုပ္ႀကံသတ္ျဖတ္ခံရ

မကၠဆီကိုႏိုင္ငံ၌ အသတ္ခံရေသာ အေမရိကန္မိသားစုဝင္အခ်ိဳ႕အားေတြ႕ရစဥ္(ဓာတ္ပုံ-အင္တာနက္)
(Zawgyi)⤵⤵⤵
 မကၠဆီကိုစီးတီး ၊  ႏိုဝင္ဘာ ၆ ရက္(ဆင္ဟြာ)

မိခင္သုံးဦး ႏွင့္ ရင္ေသြးငယ္ေျခာက္ဦးအပါအဝင္ အနည္းဆုံးလူေပါင္း ၉ ဦးပါဝင္ေသာ အေမရိကန္မိသားစုတစ္ခုသည္ မကၠဆီကိုႏိုင္ငံ ေျမာက္ပိုင္း၌ မူးယစ္ဂိုဏ္းတစ္ခုမွ အဖြဲ႕ဝင္မ်ားဟု သံသယရွိသူမ်ား၏ ၿခဳံခိုလုပ္ႀကံသတ္ျဖတ္ခံခဲ့ရေၾကာင္း တာဝန္ရွိသူမ်ားက ႏိုဝင္ဘာ၅ရက္တြင္ ေျပာၾကားခဲ့သည္။

အသတ္ခံရသူအားလုံးသည္ ခရစ္ယာန္ဘာသာဝင္မိသားစုတစ္ခုျဖစ္ၿပီး မကၠဆီကိုႏိုင္ငံ ေျမာက္ပိုင္း Chihuahua ျပည္နယ္တြင္ ေနထိုင္ၾကသူမ်ားျဖစ္ေၾကာင္း ၊ သို႔ေသာ္ ၎တို႔သည္ အေမရိကန္ႏိုင္ငံသားမ်ားျဖစ္ေၾကာင္း ႏွင့္ ႏိုဝင္ဘာ ၄ ရက္ မြန္းလြဲပိုင္းတြင္ Chihuahua ျပည္နယ္ ႏွင့္ Sorona ျပည္နယ္ၾကား ေမာ္ေတာ္ယာဥ္ႏွစ္စင္းျဖင့္ သြားလာေနစဥ္ သတ္ျဖတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

“အဲဒီမိသားစုဟာ ဒီေဒသကိုထိန္းခ်ဳပ္ဖို႔ အျပန္အလွန္တိုက္ခိုက္ေနၾကတဲ့ ရာဇဝတ္ဂိုဏ္းေတြအၾကား လူမွားၿပီး လုပ္ႀကံခံလိုက္ရတာမ်ိဳးျဖစ္ပါလိမ့္မယ္” ဟု မကၠဆီကိုႏိုင္ငံသမၼတ Lopez Obrador က ေန႔စဥ္ပုံမွန္ သတင္းစာရွင္းလင္းပြဲတြင္ေျပာၾကားခဲ့သည္။

အဆိုပါ မိသားစုဝင္မ်ားသည္ ေသနတ္က်ည္ထိမွန္၍ ေသဆုံးရျခင္းျဖစ္ေၾကာင္း၊ ၎တို႔၏ ကားမ်ားကို မီးရႈိ႕ဖ်က္ဆီးသြားေၾကာင္း ႏွင့္  တိုက္ခိုက္မႈအတြင္း အျခားကေလးငယ္ ၆ ဦးလည္း ထိခိုက္ဒဏ္ရာရသြားေၾကာင္း သိရသည္။

မကၠဆီကိုႏိုင္ငံ ျပည္သူ႔လုံၿခဳံေရးဝန္ႀကီးဌာနဝန္ႀကီး Alfonso Durazo က သတင္းစာရွင္းလင္းပြဲ၌ “ စုံစမ္းစစ္ေဆးမႈကို အပူးတျပင္းလုပ္ေဆာင္ေနပါတယ္” ဟု ေျပာၾကားခဲ့သည္။

တိုက္ခိုက္မႈျဖစ္ပြားေသာ နယ္ေျမတြင္ ပစိဖိတ္မူးယစ္ဂိုဏ္းႏွင့္ ဆက္ႏြယ္မႈရွိသည့္ အဖြဲ႕တစ္ခုက လႈပ္ရွားေနေၾကာင္း ဝန္ႀကီးကဆိုသည္။

အေမရိကန္ႏိုင္ငံသမၼတေဒၚနယ္ထရမ့္က မကၠဆီကိုႏိုင္ငံ၏ မူးယစ္ေမွာင္ခိုဂိုဏ္းမ်ားအား ႏွိမ္နင္းရာတြင္ အကူအညီေပးရန္ ကမ္းလွမ္းထားသည္။ “ ကမာၻေပၚရင္ဆိုင္ေနရတဲ့ မူးယစ္ေဆးျပႆနာနဲ႔ မူးယစ္ဂိုဏ္းေတြကို စစ္ဆင္ႏႊဲဖို႔ အေမရိကန္ရဲ႕ ကူညီေဖးမမႈနဲ႔အတူ မကၠဆီကို အတြက္ ဒါဟာ အခ်ိန္အခါေကာင္းပါပဲ ။ မကၠဆီကို သမၼတသစ္ဆီကေန ဖုန္းေခၚဆိုလာမယ့္အခ်ိန္ကို က်ေနာ္တို႔ ေစာင့္ေမွ်ာ္ေနပါတယ္ ” ဟု ထရမ့္က ၎၏ တြစ္တာတြင္ေရးသားေဖာ္ျပခဲ့သည္။

မကၠဆီကိုသမၼတ Lopez Obrador က အေမရိကန္၏ ကမ္းလွမ္းမႈအတြက္ ဂုဏ္ျပဳပါေၾကာင္း သို႔ေသာ္ လက္ခံမည္မဟုတ္ေၾကာင္း ေျပာၾကားခဲ့သည္။ “ ဒါဟာကြၽန္ေတာ္တို႔အတြက္ ကိစၥရပ္တစ္ခုပါ ။ မကၠဆီကို အစိုးရရဲ႕အလုပ္ပါ။ အဲဒါကို လြတ္လြတ္လပ္လပ္ပဲ ေဆာင္႐ြက္သြားမွာပါ” ဟု၎က ဆိုသည္။

မၾကာမီက လူအစုလိုက္အၿပဳံလိုက္ အသတ္ခံရမႈမ်ားေနာက္ပိုင္း သမၼတ Lopez  ၏ ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ်ျခင္း ႏွင့္ ပညာေရး ျမႇင့္တင္ျခင္းတို႔ ျဖင့္ ရာဇဝတ္မႈမ်ားကို ရွင္းလင္းရန္ ေရရွည္ ခ်ဥ္းကပ္မႈ ပုံစံမွာ ေဝဖန္တိုက္ခိုက္မႈမ်ား ခံခဲ့ရၿပီး အခ်ိဳ႕က ပိုမိုျပင္းထန္ေသာ ေဆာင္႐ြက္မႈမ်ား ျပဳလုပ္ရန္ ေတာင္းဆိုေနၾကေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
----------------
(Unicode)⤵⤵⤵
အမေရိကန်မိသားစုဝင် ၉ ဦး မက္ကဆီကိုနိုင်ငံ၌ ခြုံခိုလုပ်ကြံသတ်ဖြတ်ခံရ

 
မက္ကဆီကိုနိုင်ငံ၌ အသတ်ခံရသော အမေရိကန်မိသားစုဝင်အချို့အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်) North America

မက္ကဆီကိုစီးတီး ၊  နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

မိခင်သုံးဦး နှင့် ရင်သွေးငယ်ခြောက်ဦးအပါအဝင် အနည်းဆုံးလူပေါင်း ၉ ဦးပါဝင်သော အမေရိကန်မိသားစုတစ်ခုသည် မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း၌ မူးယစ်ဂိုဏ်းတစ်ခုမှ အဖွဲ့ဝင်များဟု သံသယရှိသူများ၏ ခြုံခိုလုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ၅ရက်တွင် ပြောကြားခဲ့သည်။

အသတ်ခံရသူအားလုံးသည် ခရစ်ယာန်ဘာသာဝင်မိသားစုတစ်ခုဖြစ်ပြီး မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Chihuahua ပြည်နယ်တွင် နေထိုင်ကြသူများဖြစ်ကြောင်း ၊ သို့သော် ၎င်းတို့သည် အမေရိကန်နိုင်ငံသားများဖြစ်ကြောင်း နှင့် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် Chihuahua ပြည်နယ် နှင့် Sorona ပြည်နယ်ကြား မော်တော်ယာဉ်နှစ်စင်းဖြင့် သွားလာနေစဉ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီမိသားစုဟာ ဒီဒေသကိုထိန်းချုပ်ဖို့ အပြန်အလှန်တိုက်ခိုက်နေကြတဲ့ ရာဇဝတ်ဂိုဏ်းတွေအကြား လူမှားပြီး လုပ်ကြံခံလိုက်ရတာမျိုးဖြစ်ပါလိမ့်မယ်” ဟု မက္ကဆီကိုနိုင်ငံသမ္မတ Lopez Obrador က နေ့စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အဆိုပါ မိသားစုဝင်များသည် သေနတ်ကျည်ထိမှန်၍ သေဆုံးရခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ကားများကို မီးရှို့ဖျက်ဆီးသွားကြောင်း နှင့်  တိုက်ခိုက်မှုအတွင်း အခြားကလေးငယ် ၆ ဦးလည်း ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Alfonso Durazo က သတင်းစာရှင်းလင်းပွဲ၌ “ စုံစမ်းစစ်ဆေးမှုကို အပူးတပြင်းလုပ်ဆောင်နေပါတယ်” ဟု ပြောကြားခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားသော နယ်မြေတွင် ပစိဖိတ်မူးယစ်ဂိုဏ်းနှင့် ဆက်နွယ်မှုရှိသည့် အဖွဲ့တစ်ခုက လှုပ်ရှားနေကြောင်း ဝန်ကြီးကဆိုသည်။

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က မက္ကဆီကိုနိုင်ငံ၏ မူးယစ်မှောင်ခိုဂိုဏ်းများအား နှိမ်နင်းရာတွင် အကူအညီပေးရန် ကမ်းလှမ်းထားသည်။ “ ကမ္ဘာပေါ်ရင်ဆိုင်နေရတဲ့ မူးယစ်ဆေးပြဿနာနဲ့ မူးယစ်ဂိုဏ်းတွေကို စစ်ဆင်နွှဲဖို့ အမေရိကန်ရဲ့ ကူညီဖေးမမှုနဲ့အတူ မက္ကဆီကို အတွက် ဒါဟာ အချိန်အခါကောင်းပါပဲ ။ မက္ကဆီကို သမ္မတသစ်ဆီကနေ ဖုန်းခေါ်ဆိုလာမယ့်အချိန်ကို ကျနော်တို့ စောင့်မျှော်နေပါတယ် ” ဟု ထရမ့်က ၎င်း၏ တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။

မက္ကဆီကိုသမ္မတ Lopez Obrador က အမေရိကန်၏ ကမ်းလှမ်းမှုအတွက် ဂုဏ်ပြုပါကြောင်း သို့သော် လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ “ ဒါဟာကျွန်တော်တို့အတွက် ကိစ္စရပ်တစ်ခုပါ ။ မက္ကဆီကို အစိုးရရဲ့အလုပ်ပါ။ အဲဒါကို လွတ်လွတ်လပ်လပ်ပဲ ဆောင်ရွက်သွားမှာပါ” ဟု၎င်းက ဆိုသည်။

မကြာမီက လူအစုလိုက်အပြုံလိုက် အသတ်ခံရမှုများနောက်ပိုင်း သမ္မတ Lopez  ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်း နှင့် ပညာရေး မြှင့်တင်ခြင်းတို့ ဖြင့် ရာဇဝတ်မှုများကို ရှင်းလင်းရန် ရေရှည် ချဉ်းကပ်မှု ပုံစံမှာ ဝေဖန်တိုက်ခိုက်မှုများ ခံခဲ့ရပြီး အချို့က ပိုမိုပြင်းထန်သော ဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုနေကြကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား