ပလက္ဝကို ညမထြက္ရ အမိန႔္ ဘာေၾကာင့္ ထုတ္တယ္လို႔ အစိုးရ ေျပာသလဲ

ရခိုင္ေျမာက္ပိုင္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ တပ္မေတာ္တပ္ဖြဲ႕ဝင္ေတြ
(Zawgyi)⤵⤵⤵
တပ္မေတာ္နဲ႔ ေအေအ ရကၡိဳင့္တပ္ေတာ္တို႔ တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္နဲ႔ ထိစပ္ေနတဲ့ ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕နယ္မွာ ညမထြက္ရ အမိန႔္ကို ႏိုဝင္ဘာလ ၉ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

ဒီအမိန႔္ေၾကာင့္ ညေန ၆ နာရီကေန မနက္ ၆ နာရီ အထိ အမိန႔္တစ္စုံတစ္ရာ မရွိဘဲ လုံၿခဳံေရး တာဝန္ရွိသူမွအပ သြားလာလို႔ ရမွာ မဟုတ္ပါဘူး။

ဒီညမထြက္ရ အမိန႔္ဟာ စထုတ္တဲ့ေန႔ကေန ေနာက္ႏွစ္လ ၾကာျမင့္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ နယ္ေျမ မေအးခ်မ္းမခ်င္း ရက္ထပ္တိုးသြားမယ္လို႔လည္း သိရပါတယ္။
ဘာေၾကာင့္ ပုဒ္မ ၁၄၄ - ညမထြက္ရ အမိန႔္ ေၾကညာတာလဲ

"နယ္ေျမ လုံၿခဳံေရးက ပိုမို ဆိုး႐ြားလာတဲ့အတြက္ ဒီကေန႔ကစၿပီး 144 ထုတ္ပါတယ္" လို႔ ခ်င္းျပည္နယ္ အစိုးရ ေျပာခြင့္ရ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္ ဘီဘီစီကို ေျပာပါတယ္။

ဒီအမိန႔္ကို ၿမိဳ႕နယ္အဆင့္ကေန ျပည္ေထာင္စုအဆင့္ထိ အဆင့္ဆင့္တင္ၿပီး ျပည္ေထာင္စုအဆင့္က ခြင့္ျပဳခ်က္ရမွ ထုတ္ခဲ့တာ ျဖစ္တယ္လို႔ သူက ေျပာပါတယ္။

"ေနာက္ ကြၽန္ေတာ္တို႔ ခ်င္းလူမ်ိဳးေတြကိုလည္း ဖမ္းဆီးေခၚေဆာင္သြားတာေတြ၊ မၾကာမၾကာ လူေတြ ေပ်ာက္သြားၿပီး ျပန္မေပၚလာတာေတြ၊ အမ်ားႀကီး ျဖစ္တယ္" လို႔ သူက ေျပာပါတယ္။

"ပိုပိုၿပီးေတာ့ လုံၿခဳံေရး အေျခအေနက ဆိုးၿပီးေတာ့ နယ္ေျမခံလူထုေတြက သြားေရးလာေရးက အစ ေတာထဲလည္း သြားလို႔မရ၊ ၿမိဳ႕ေပၚလည္း သြားလို႔မရဘူး။ ခရီးသြားလာလို႔လည္း မရဘူး။ ေရေၾကာင္းေရာ ကုန္းေၾကာင္းေရာ အကုန္ ပိတ္ဆို႔ထားသလိုမ်ိဳး ျဖစ္ေနတယ္" လို႔ ဦးစိုးထက္က ေျပာပါတယ္။

 တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးခဲ့တဲ့ ပလက္ဝၿမိဳ႕နယ္ထဲက ႐ြာသားေတြ
"ေနာက္ဒီကာလ အတြင္းမွာလည္း ေတာထဲကို ေတာင္ထဲကို မသြားၾကဖို႔ ေဒသႏၲရ အမိန႔္လည္း ထပ္ထုတ္ထားပါတယ္" လို႔ ေျပာပါတယ္။

ဒါ့အျပင္ "ႏွစ္လၿပီးရင္ေတာ့ နယ္ေျမ မေအးခ်မ္းမခ်င္းကေတာ့ extension လုပ္သြားမွာပါ" လို႔လည္း ဦးစိုးထက္က ေျပာပါတယ္။
ပလက္ဝ အနီးတစ္ဝိုက္ လက္ရွိ အေျခအေန

ခ်င္းျပည္နယ္ ပလက္ဝမဲဆႏၵနယ္က အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္း အပါအဝင္ ကုလားတန္ စီမံကိန္းအတြက္ လာတဲ့ အိႏၵိယႏိုင္ငံသား ငါးေယာက္၊ ဘာသာျပန္နဲ႔ စပိဘုတ္ေမာင္းသူေတြ စုစုေပါင္း ၁၀ ေယာက္ကို ႏိုဝင္ဘာလ ၃ ရက္မွာ ေအေအ အဖြဲ႕က ဖမ္းဆီးခဲ့တဲ့ ျဖစ္စဥ္ ျဖစ္ခဲ့ပါတယ္။ သူတို႔ရဲ႕ စပိဘုတ္က ပလက္ဝကေန ေက်ာက္ေတာ္အၾကားမွာ ဖမ္းဆီးခံရတာပါ။

အဲဒီထဲက အိႏၵိယ ႏိုင္ငံသား တစ္ေယာက္ ဖမ္းဆီးခံရစဥ္ ေသဆုံးခဲ့ၿပီး က်န္သူေတြကေတာ့ လြတ္ေျမာက္လာခဲ့ပါတယ္။ ဒါေပမဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္းကေတာ့ မလြတ္ေျမာက္ေသးပါဘူး။

အဲဒီေနာက္ လက္ရွိ အေျခအေနနဲ႔ ပတ္သက္ၿပီး "လႊတ္ေတာ္ကိုယ္စားလွယ္ ဖမ္းဆီးခံရတဲ့ ေနာက္ပိုင္းမွာကို တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္နဲ႔ ၂ ရက္၊ ၃ ရက္ ဆက္တိုက္ေလာက္ ျဖစ္တာရွိတယ္" လို႔ ခ်င္းျပည္နယ္ အစိုးရ ေျပာခြင့္ရ စည္ပင္သာယာေရး ဝန္ႀကီး ဦးစိုးထက္က ေျပာပါတယ္။

"အဲဒီမတိုင္ခင္မွာလည္း ပလက္ၿမိဳ႕နယ္ ေအာက္နားေလးမွာပဲ ပလက္ဝနဲ႔ ေက်ာက္ေတာ္ၾကားမွာ ေက်ာက္ဖ်ာဆိုတဲ့ၾကားမွာ လက္နက္ႀကီး လက္နက္ငယ္နဲ႔ တိုက္ပြဲႀကီး ႏွစ္ရက္ေလာက္ ဆက္တိုက္ ျဖစ္ပါတယ္" လို႔ ေျပာပါတယ္။

"အဲဒီအျပင္ ပလက္ဝ ရဲ႕ ၿမိဳ႕ျပစီမံကိန္းလုပ္တဲ့ ေက်ာက္ေတာ္နဲ႔ ဆမီးကိုသြားတဲ့ လမ္းဆုံနားမွာ တင္ပဲ ဆြဲမိုင္းေတြ မိုင္းကြဲတာေတြ၊ မိုင္းေဖာက္ခြဲတာေတြ လည္းျဖစ္တယ္" လို႔ ဆိုပါတယ္။

ဦးေဝွ႔တင္းအပါအဝင္၁၀ ဦး အဖြဲ႕ဟာ ေပ်ာက္ဆုံးေန
"လူေတြလည္း မၾကာမၾကာ ဖမ္းဆီးခံရတာေတြ ရွိတယ္။ အခုခ်ိန္ထိလည္းျဖစ္ေနတုန္းပဲ။ ေခၚသြားတဲ့ လူေတြလည္း အခုခ်ိန္ထိ ျပန္မလႊတ္ေပးေသးဘူး။ အဲဒီလိုမ်ိဳး အမ်ားႀကီးျဖစ္တယ္။ နယ္ေျမလုံၿခဳံေရးက ေတာ္ေတာ္ကို စိုးရိမ္ရတဲ့ အေျခအေန ျဖစ္ပါတယ္" လို႔ ေျပာပါတယ္။

ဦး ေဝွ႔တင္း ဖမ္းဆီးခံထားရတာနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ ပါတီ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ပါတီ အန္အယ္လ္ဒီ ဗဟို အလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးဉာဏ္ဝင္းကိုယ္တိုင္ ဦးေဝွ႔တင္းရဲ႕ မိသားစုကို ႏိုဝင္ဘာလ ၉ ရက္မွာ ဖုန္းနဲ႔ ဆက္သြယ္ၿပီး ႏွစ္သိမ့္စကား ေျပာခဲ့ပါတယ္။

အဲဒီလို ေျပာတာနဲ႔ ပတ္သက္ၿပီး ဦးေဝွ႔တင္းရဲ႕ ဇနီးျဖစ္သူက "သူတို႔က ေျပာတာကေတာ့ သူတို႔ရွိတယ္၊ သူတို႔လည္း စဥ္းစားေပးတယ္ေပါ့ေနာ္။ ဒါေပမဲ့ ကြၽန္မကေတာ့ ဘယ္သူ႔မွ မယုံၾကည္ဘူး။ ယုံၾကည္မႈေတြ ကင္းမဲ့ေနၿပီ ။ ကြၽန္မ ဘာကိုမွ မယုံၾကည္ဘူး။ သူေတာင္မွ အသက္ရွင္ေသးရဲ႕လား အသက္ရွိေနရဲ႕လား ဆိုတာ ကြၽန္မတို႔ မသိရဘူးေလ" လို႔ ေျပာပါတယ္။

"ကြၽန္မလုံးဝ မလုံၿခဳံဘူး။ ကြၽန္မတို႔ မိသားစု လုံးဝ မလုံၿခဳံဘူး။ အဲလိုပဲ ကြၽန္မတို႔ တစ္ၿမိဳ႕လုံးက လုံးဝ မလုံၿခဳံဘူး။ အဲလိုပဲ ခံစားရတယ္" လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ျပင္းထန္ေနခ်ိန္မွာ အခု ညမထြက္ရ အမိန႔္ထုတ္တဲ့ ပလက္ဝ ၿမိဳ႕နယ္အျပင္ ရခိုင္ျပည္နယ္က ေျမာက္ဦး၊ ပုဏၰားကြၽန္း၊ ရေသ့ေတာင္၊ ေက်ာက္ေတာ္နဲ႔ မင္းျပား ၿမိဳ႕နယ္တို႔မွာလည္း ပုဒ္မ ၁၄၄ - ည ၉ နာရီကေန မနက္ ၅ နာရီ ညမထြက္ရ အမိန႔္ထုတ္ထားပါတယ္။

BBC Burmese
https://www.bbc.com
-----------------
(Unicode)⤵⤵⤵
ပလက်ဝကို ညမထွက်ရ အမိန့် ဘာကြောင့် ထုတ်တယ်လို့ အစိုးရ ပြောသလဲ


Image caption ရခိုင်မြောက်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်တပ်ဖွဲ့ဝင်တွေ

တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်မှာ ညမထွက်ရ အမိန့်ကို နိုဝင်ဘာလ ၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီအမိန့်ကြောင့် ညနေ ၆ နာရီကနေ မနက် ၆ နာရီ အထိ အမိန့်တစ်စုံတစ်ရာ မရှိဘဲ လုံခြုံရေး တာဝန်ရှိသူမှအပ သွားလာလို့ ရမှာ မဟုတ်ပါဘူး။

ဒီညမထွက်ရ အမိန့်ဟာ စထုတ်တဲ့နေ့ကနေ နောက်နှစ်လ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နယ်မြေ မအေးချမ်းမချင်း ရက်ထပ်တိုးသွားမယ်လို့လည်း သိရပါတယ်။
ဘာကြောင့် ပုဒ်မ ၁၄၄ - ညမထွက်ရ အမိန့် ကြေညာတာလဲ

"နယ်မြေ လုံခြုံရေးက ပိုမို ဆိုးရွားလာတဲ့အတွက် ဒီကနေ့ကစပြီး 144 ထုတ်ပါတယ်" လို့ ချင်းပြည်နယ် အစိုးရ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် ဘီဘီစီကို ပြောပါတယ်။

ဒီအမိန့်ကို မြို့နယ်အဆင့်ကနေ ပြည်ထောင်စုအဆင့်ထိ အဆင့်ဆင့်တင်ပြီး ပြည်ထောင်စုအဆင့်က ခွင့်ပြုချက်ရမှ ထုတ်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

"နောက် ကျွန်တော်တို့ ချင်းလူမျိုးတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာတွေ၊ မကြာမကြာ လူတွေ ပျောက်သွားပြီး ပြန်မပေါ်လာတာတွေ၊ အများကြီး ဖြစ်တယ်" လို့ သူက ပြောပါတယ်။

"ပိုပိုပြီးတော့ လုံခြုံရေး အခြေအနေက ဆိုးပြီးတော့ နယ်မြေခံလူထုတွေက သွားရေးလာရေးက အစ တောထဲလည်း သွားလို့မရ၊ မြို့ပေါ်လည်း သွားလို့မရဘူး။ ခရီးသွားလာလို့လည်း မရဘူး။ ရေကြောင်းရော ကုန်းကြောင်းရော အကုန် ပိတ်ဆို့ထားသလိုမျိုး ဖြစ်နေတယ်" လို့ ဦးစိုးထက်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Kyaw Aung
Image caption တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့တဲ့ ပလက်ဝမြို့နယ်ထဲက ရွာသားတွေ

"နောက်ဒီကာလ အတွင်းမှာလည်း တောထဲကို တောင်ထဲကို မသွားကြဖို့ ဒေသန္တရ အမိန့်လည်း ထပ်ထုတ်ထားပါတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် "နှစ်လပြီးရင်တော့ နယ်မြေ မအေးချမ်းမချင်းကတော့ extension လုပ်သွားမှာပါ" လို့လည်း ဦးစိုးထက်က ပြောပါတယ်။
ပလက်ဝ အနီးတစ်ဝိုက် လက်ရှိ အခြေအနေ

ချင်းပြည်နယ် ပလက်ဝမဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် ကုလားတန် စီမံကိန်းအတွက် လာတဲ့ အိန္ဒိယနိုင်ငံသား ငါးယောက်၊ ဘာသာပြန်နဲ့ စပိဘုတ်မောင်းသူတွေ စုစုပေါင်း ၁၀ ယောက်ကို နိုဝင်ဘာလ ၃ ရက်မှာ အေအေ အဖွဲ့က ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ စပိဘုတ်က ပလက်ဝကနေ ကျောက်တော်အကြားမှာ ဖမ်းဆီးခံရတာပါ။

အဲဒီထဲက အိန္ဒိယ နိုင်ငံသား တစ်ယောက် ဖမ်းဆီးခံရစဉ် သေဆုံးခဲ့ပြီး ကျန်သူတွေကတော့ လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကတော့ မလွတ်မြောက်သေးပါဘူး။

အဲဒီနောက် လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး "လွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရတဲ့ နောက်ပိုင်းမှာကို တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်နဲ့ ၂ ရက်၊ ၃ ရက် ဆက်တိုက်လောက် ဖြစ်တာရှိတယ်" လို့ ချင်းပြည်နယ် အစိုးရ ပြောခွင့်ရ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

"အဲဒီမတိုင်ခင်မှာလည်း ပလက်မြို့နယ် အောက်နားလေးမှာပဲ ပလက်ဝနဲ့ ကျောက်တော်ကြားမှာ ကျောက်ဖျာဆိုတဲ့ကြားမှာ လက်နက်ကြီး လက်နက်ငယ်နဲ့ တိုက်ပွဲကြီး နှစ်ရက်လောက် ဆက်တိုက် ဖြစ်ပါတယ်" လို့ ပြောပါတယ်။

"အဲဒီအပြင် ပလက်ဝ ရဲ့ မြို့ပြစီမံကိန်းလုပ်တဲ့ ကျောက်တော်နဲ့ ဆမီးကိုသွားတဲ့ လမ်းဆုံနားမှာ တင်ပဲ ဆွဲမိုင်းတွေ မိုင်းကွဲတာတွေ၊ မိုင်းဖောက်ခွဲတာတွေ လည်းဖြစ်တယ်" လို့ ဆိုပါတယ်။
Image caption ဦးဝှေ့တင်းအပါအဝင်၁၀ ဦး အဖွဲ့ဟာ ပျောက်ဆုံးနေ

"လူတွေလည်း မကြာမကြာ ဖမ်းဆီးခံရတာတွေ ရှိတယ်။ အခုချိန်ထိလည်းဖြစ်နေတုန်းပဲ။ ခေါ်သွားတဲ့ လူတွေလည်း အခုချိန်ထိ ပြန်မလွှတ်ပေးသေးဘူး။ အဲဒီလိုမျိုး အများကြီးဖြစ်တယ်။ နယ်မြေလုံခြုံရေးက တော်တော်ကို စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဦး ဝှေ့တင်း ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကိုယ်တိုင် ဦးဝှေ့တင်းရဲ့ မိသားစုကို နိုဝင်ဘာလ ၉ ရက်မှာ ဖုန်းနဲ့ ဆက်သွယ်ပြီး နှစ်သိမ့်စကား ပြောခဲ့ပါတယ်။

အဲဒီလို ပြောတာနဲ့ ပတ်သက်ပြီး ဦးဝှေ့တင်းရဲ့ ဇနီးဖြစ်သူက "သူတို့က ပြောတာကတော့ သူတို့ရှိတယ်၊ သူတို့လည်း စဉ်းစားပေးတယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်မကတော့ ဘယ်သူ့မှ မယုံကြည်ဘူး။ ယုံကြည်မှုတွေ ကင်းမဲ့နေပြီ ။ ကျွန်မ ဘာကိုမှ မယုံကြည်ဘူး။ သူတောင်မှ အသက်ရှင်သေးရဲ့လား အသက်ရှိနေရဲ့လား ဆိုတာ ကျွန်မတို့ မသိရဘူးလေ" လို့ ပြောပါတယ်။

"ကျွန်မလုံးဝ မလုံခြုံဘူး။ ကျွန်မတို့ မိသားစု လုံးဝ မလုံခြုံဘူး။ အဲလိုပဲ ကျွန်မတို့ တစ်မြို့လုံးက လုံးဝ မလုံခြုံဘူး။ အဲလိုပဲ ခံစားရတယ်" လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ အခု ညမထွက်ရ အမိန့်ထုတ်တဲ့ ပလက်ဝ မြို့နယ်အပြင် ရခိုင်ပြည်နယ်က မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်နဲ့ မင်းပြား မြို့နယ်တို့မှာလည်း ပုဒ်မ ၁၄၄ - ည ၉ နာရီကနေ မနက် ၅ နာရီ ညမထွက်ရ အမိန့်ထုတ်ထားပါတယ်။

BBC Burmese
https://www.bbc.com
ပလက္ဝကို ညမထြက္ရ အမိန႔္ ဘာေၾကာင့္ ထုတ္တယ္လို႔ အစိုးရ ေျပာသလဲ ပလက္ဝကို ညမထြက္ရ အမိန႔္ ဘာေၾကာင့္ ထုတ္တယ္လို႔ အစိုးရ ေျပာသလဲ Reviewed by THITHTOOLWIN on 09:35 Rating: 5
Powered by Blogger.