စက္တင္ဘာမွာ သက္တမ္းကုန္တဲ့ လူ႔အခြင့္အေရး ေကာ္မရွင္ကို အစိုးရက အသစ္ခန္႔မေပးေသး

 အက်ဥ္းေထာင္ အတြင္းက အေျခအေနေတြက ဘယ္ေလာက္ တိုးတက္မႈ ရွိလာၿပီလဲ
(Zawgyi)⤵⤵⤵
စက္တင္ဘာ ၂၄ ရက္ေန႔မွာ ငါးႏွစ္သက္တမ္း ျပည့္ခဲ့တဲ့ ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ကို အစိုးရက အသစ္ ထပ္မံ ျပင္ဆင္ ဖြဲ႕စည္း ေပးတာမ်ိဳး မရွိေသးတဲ့ အတြက္ လက္ရွိ တည္ဆဲ ဥပေဒအရ ေနာက္ထပ္ ေကာ္မရွင္ ထပ္မဖြဲ႕ မခ်င္း လက္ရွိ အဖြဲ႕က မူလ တာဝန္ေတြကို ဆက္လက္ ထမ္းေဆာင္ခြင့္ ရွိတယ္လို႔ ေကာ္မရွင္ အဖြဲ႕ဝင္ တေယာက္က ေျပာပါတယ္။

ျမန္မာႏိုင္ငံ လူ႔အခြင့္အေရး ေကာ္မရွင္ အဖြဲ႕ကို ၂၀၁၁ ခုႏွစ္က အဖြဲ႕၀င္ ၁၅ ေယာက္နဲ႔ စတင္ ဖြဲ႕စည္းခဲ့ၿပီး ၂၀၁၄ စက္တင္ဘာ ၂၃ရက္မွာ ဒုတိယအႀကိမ္ အျဖစ္ အဖြဲ႕၀င္ေဟာင္း တခ်ိဳ႕နဲ႔ အဖြဲ႕ဝင္သစ္ ေပါင္းထည့္ကာ ဖြဲ႕စည္း ေပးခဲ့တယ္လို႔ ဆိုပါတယ္။

ဒုတိယ အႀကိမ္ ဖြဲ႕စည္းခဲ့တဲ့ လက္ရွိ ေကာ္မရွင္မွာေတာ့ ဥကၠ႒ အျဖစ္ ဦး၀င္းျမ ၊ ဒုတိယ ဥကၠ႒ အျဖစ္ ဦးစစ္ၿမိဳင္နဲ႔ အတူ အဖြဲ႕၀င္ ၁၀ေယာက္နဲ႔ လႈပ္ရွားခဲ့တာ ငါးႏွစ္ၾကာၿပီလို႔ ေကာ္မရွင္ အဖြဲ႕၀င္ တေယာက္ ျဖစ္တဲ့ ဦးယုလြင္ေအာင္ က ေျပာပါတယ္။

သူတို႔အဖြဲ႕ဟာ တႏွစ္ကို အမႈကိစၥေပါင္း ေထာင္ဂဏန္းနဲ႔ခ်ီ ကိုင္တြယ္ ေျဖရွင္းေပးခဲ့ရၿပီး အဲဒီ အထဲမွာ ေအာင္ျမင္တာေတြ ရွိခဲ့သလို အခက္အခဲ ႀကဳံရတာေတြလည္း ရွိတယ္လို႔ သူက ဆိုပါတယ္။
 လက္ရွိ လူ႔အခြင့္အေရး ေကာ္မရွင္ အဖြဲ႕ကို ဖ်က္သိမ္းေပးဖို႔ ေကာ္မရွင္ အဖြဲ႕ဝင္ေတြကို ဖယ္ရွားေပးဖို႔ ေတာင္းဆိုမႈေတြ ရွိခဲ့
၂၀၁၇ တုန္းက ေ႐ႊကြၽန္းသာ ဆိုတဲ့ ဧရာဝတီ တိုင္းထဲက ေရေပၚကြၽန္းမွာ လယ္သမားေတြက သစ္ေတာေျမကို က်ဴးေက်ာ္ လုပ္ကိုင္တာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ရာမွာ က်ဴးေက်ာ္သူ အေဟာင္းနဲ႔ အသစ္ၾကား ရန္ျဖစ္ လူေသမႈေတြ ရွိလာတဲ့ အတြက္ ဧရာ၀တီတိုင္း အစိုးရ အဖြဲ႕က လက္ရွိ က်ဴးေက်ာ္ စပါး စိုက္သူေတြကို ရိတ္သိမ္းခြင့္ မျပဳဘဲ တိုင္းေဒသႀကီး အစီအစဥ္နဲ႔ ရိတ္သိမ္းမယ္လို႔ ေျပာလာတာေၾကာင့္ လယ္သမားေတြက သူတို႔စိုက္ စပါးေတြ သူတို႔ ကိုယ္တိုင္ ရိတ္သိမ္းခြင့္ ရဖို႔ ဆႏၵျပကာ ေနျပည္ေတာ္ အစိုးရ အဖြဲ႕႐ုံး အထိတက္ ေတာင္းဆို ခဲ့ၾကပါတယ္။

အဲဒီေနာက္ဆႏၵျပသူေတြက ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ဆီ ေရာက္လာ တိုင္တန္းတဲ့ အတြက္ ေကာ္မရွင္က တာဝန္ရွိသူေတြက စက္ေလွေတြနဲ႔ အခင္းျဖစ္ရာကို သြားေရာက္ကာ လယ္သမားေတြ ၊ တိုင္းအစိုးရက တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံၿပီး အေျခအေနကို သုံးသပ္ ေလ့လာကာ ႏိုင္ငံေတာ္ သမၼတဆီ ေကာ္မရွင္ရဲ႕ ေတြ႕ရွိခ်က္ အစီရင္ခံစာတင္ျပခဲ့ပါတယ္။

အဲဒီ အစီရင္ခံစာထဲမွာ တိုင္းေဒသႀကီး အစိုးရ ဆုံးျဖတ္ခ်က္ အတိုင္း မလုပ္ဘဲ လယ္သမားေတြကို ျပန္လည္ ရိတ္သိမ္းခြင့္ ေပးဖို႔ အႀကံေပးခဲ့သလို ဒီေျမေတြဟာ သစ္ေတာလည္း မရွိေတာ့ဘဲ စိုက္ပ်ိဳးေျမေတြ ျဖစ္ေနတာ ၾကာျမင့္ေနၿပီ ျဖစ္တာေၾကာင့္ သစ္ေတာက စြန္႔လႊတ္ၿပီး လယ္သမားေတြကို ေျမယာ ခြဲေဝးေပးဖို႔ တင္ျပခဲ့ရာမွာ ႏိုင္ငံေတာ္ အစိုးရက လူ႔အခြင့္အေရး ေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္အတိုင္း လယ္သမားေတြကို ရိတ္သိမ္းခြင့္ ေပးကာ သစ္ေတာေျမကိုလည္း စြန္႔လႊတ္ၿပီး လယ္သမားေတြဆီ ျပန္လည္ ခြဲေဝ ေပးမႈေတြ ရွိခဲ့တယ္လို႔ လူ႔အခြင့္အေရး ေကာ္မရွင္ အဖြဲ႕ဝင္ ဦးယုလြင္ေအာင္ က ရွင္းျပခဲ့ပါတယ္။

ေကာ္မရွင္ အေနနဲ႔ အခုလို ေအာင္ျမင္မႈ နမူနာေတြ ရွိခဲ့ေပမယ့္လည္း သံလ်င္မွာ လူတေယာက္ကို သူခိုးလို႔ စြပ္စြဲၿပီး ရဲက စစ္ေဆး ေမးျမန္းရင္း ေသသြားတဲ့ အမႈမွာေတာ့ လူ႔အခြင့္အေရး ေကာ္မရွင္က တာဝန္ရွိသူေတြကို စုံစမ္း ေဖာ္ထုတ္ အေရးယူဖို႔ ေျပာေပမယ့္ ရဲဌာနက အေရးယူဖို႔ အေၾကာင္းမရွိဘူး ဒီလူက သူ႔ေရာဂါနဲ႔သူ ေသတာလို႔ ေျပာလာတဲ့ အတြက္ ေကာ္မရွင္ အေနနဲ႔ ဘာမွ ဆက္လုပ္လို႔ မရတဲ့ အေျခအေနမ်ိဳးရွိခဲ့တယ္၊ ဒီလို အေျခအေနမ်ိဳးေတြမ်ားစြာ ႀကဳံခဲ့ရဖူးတယ္လို႔ ဦးယုလြင္ေအာင္ က ေျပာပါတယ္။

ဒီလို ကိစၥမ်ိဳးေတြ ႀကဳံရတဲ့ အခါမွာ ေကာ္မရွင္အေနနဲ႔ နားလည္မႈ တည္ေဆာက္ရတယ္လို႔ သူက ေျပာပါတယ္။

လူ႔အခြင့္အေရး ေကာ္မရွင္ အဖြဲ႕အေနနဲ႔ ေနာက္ထပ္ အဖြဲ႕သစ္ မေပၚေပါက္မခ်င္း ဆက္ရပ္တည္သြားႏိုင္
လက္ရွိ လူ႔အခြင့္အေရး ေကာ္မရွင္ လက္ထက္မွာ ျမန္မာႏိုင္ငံ အရပ္ရပ္က အက်ဥ္းေထာင္ အသီးသီးမွာ စားေသာက္ေနထိုင္ေရး အေျခအေန တိုးတက္လာခဲ့တယ္လို႔ သူက ေျပာပါတယ္။

ျမန္မာႏိုင္ငံက အက်ဥ္းေထာင္ အသီးသီးမွာ ၂၀၀၈ ခုႏွစ္ ေနာက္ပိုင္း တိုးတက္မႈေတြ ရွိလာခဲ့ရာမွာ ႏွစ္ရွည္ အက်ဥ္းသမားေတြရဲ႕ ေျပာျပခ်က္အရ စပါးလုံးေတြအမ်ားႀကီးပါတဲ့နဲ႔ ထမင္းစားနဲ႔စားရတဲ့ အေျခအေနကေန သန္႔သန္႔ရွင္းရွင္း ထမင္းစားလာရတယ္ ၊ ေရဆိုလည္း ၀၀လင္လင္ ေရခ်ိဳးလို႔ ရလာႏိုင္ၿပီး ေရသန္႔ေသာက္လာရတဲ့ အေျခအေန ရွိလာတယ္လို႔ သူက ေထာက္ျပခဲ့ပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံအတြင္းမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ေပၚေပါက္လာတဲ့ အခါက်မွ ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္က ၾကား၀င္ စုံစမ္း စစ္ေဆး ေဖာ္ထုတ္ မႈေတြရွိတဲ့ အေပၚ လူထုၾကား ေျပာဆို ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။

လူ႔အခြင့္အေရး ေကာ္မရွင္ အေနနဲ႔ တိုင္ၾကားလာမွသာ ေျဖရွင္ႏိုင္တဲ့ အဖြဲ႕အစည္း ျဖစ္ၿပီး သူတို႔ အဖြဲ႕အေနနဲ႔လည္း မီဒီယာေတြမွာ သတင္းပါလာတဲ့ အခါ သို႔မဟုတ္ သတင္းၾကားတဲ့ အခါမွသာ အဲလို ကိစၥမ်ိဳးေတြကို ကိုင္တြယ္ ေျဖရွင္း ႏိုင္တဲ့ အေနအထားမွာ ရွိတယ္လို႔ ဦးယုလြင္ေအာင္ က ေျပာပါတယ္။

လက္ရွိ လူ႔အခြင့္အေရး ေကာ္မရွင္ အဖြဲ႕ကို ဖ်က္သိမ္းေပးဖို႔ ဒါမွမဟုတ္ အဖြဲ႕၀င္ေတြကို ဖယ္ရွားေပးဖို႔ ေတာင္းဆိုမႈေတြ လြန္ခဲ့တဲ့ လပိုင္းတုန္းက ရွိခဲ့တဲ့ အေပၚ သူတို႔ အဖြဲ႕အေနနဲ႔ ဘာမွ တုံ႔ျပန္ မေျပာလို ၊ ကန္႔ကြက္ လိုတာ မရွိဘဲ လူတိုင္းမွာ လုပ္ပိုင္ခြင့္ ေတာင္းဆိုပိုင္ခြင့္ ရွိပါတယ္လို႔ သူက ဆိုပါတယ္။

လက္ရွိ စည္းမ်ဥ္း ဥပေဒေတြ အရ ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ အေနနဲ႔ ျပည္ေထာင္စု အစိုးရ က ေကာ္မရွင္ အသစ္တရပ္ ဖြဲ႕စည္း ေပးတဲ့ အထိ ဆက္လက္ ရပ္တည္သြားမွာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
စက်တင်ဘာမှာ သက်တမ်းကုန်တဲ့ လူ့အခွင့်အရေး ကော်မရှင်ကို အစိုးရက အသစ်ခန့်မပေးသေး

ဓာတ်ပုံ မူပိုင် MNHRC facebook
Image caption အကျဉ်းထောင် အတွင်းက အခြေအနေတွေက ဘယ်လောက် တိုးတက်မှု ရှိလာပြီလဲ

စက်တင်ဘာ ၂၄ ရက်နေ့မှာ ငါးနှစ်သက်တမ်း ပြည့်ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို အစိုးရက အသစ် ထပ်မံ ပြင်ဆင် ဖွဲ့စည်း ပေးတာမျိုး မရှိသေးတဲ့ အတွက် လက်ရှိ တည်ဆဲ ဥပဒေအရ နောက်ထပ် ကော်မရှင် ထပ်မဖွဲ့ မချင်း လက်ရှိ အဖွဲ့က မူလ တာဝန်တွေကို ဆက်လက် ထမ်းဆောင်ခွင့် ရှိတယ်လို့ ကော်မရှင် အဖွဲ့ဝင် တယောက်က ပြောပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ကို ၂၀၁၁ ခုနှစ်က အဖွဲ့ဝင် ၁၅ ယောက်နဲ့ စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ စက်တင်ဘာ ၂၃ရက်မှာ ဒုတိယအကြိမ် အဖြစ် အဖွဲ့ဝင်ဟောင်း တချို့နဲ့ အဖွဲ့ဝင်သစ် ပေါင်းထည့်ကာ ဖွဲ့စည်း ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယ အကြိမ် ဖွဲ့စည်းခဲ့တဲ့ လက်ရှိ ကော်မရှင်မှာတော့ ဥက္ကဋ္ဌ အဖြစ် ဦးဝင်းမြ ၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးစစ်မြိုင်နဲ့ အတူ အဖွဲ့ဝင် ၁၀ယောက်နဲ့ လှုပ်ရှားခဲ့တာ ငါးနှစ်ကြာပြီလို့ ကော်မရှင် အဖွဲ့ဝင် တယောက် ဖြစ်တဲ့ ဦးယုလွင်အောင် က ပြောပါတယ်။

သူတို့အဖွဲ့ဟာ တနှစ်ကို အမှုကိစ္စပေါင်း ထောင်ဂဏန်းနဲ့ချီ ကိုင်တွယ် ဖြေရှင်းပေးခဲ့ရပြီး အဲဒီ အထဲမှာ အောင်မြင်တာတွေ ရှိခဲ့သလို အခက်အခဲ ကြုံရတာတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် MNHRC facebook
Image caption လက်ရှိ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ကို ဖျက်သိမ်းပေးဖို့ ကော်မရှင် အဖွဲ့ဝင်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့

၂၀၁၇ တုန်းက ရွှေကျွန်းသာ ဆိုတဲ့ ဧရာဝတီ တိုင်းထဲက ရေပေါ်ကျွန်းမှာ လယ်သမားတွေက သစ်တောမြေကို ကျူးကျော် လုပ်ကိုင်တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရာမှာ ကျူးကျော်သူ အဟောင်းနဲ့ အသစ်ကြား ရန်ဖြစ် လူသေမှုတွေ ရှိလာတဲ့ အတွက် ဧရာဝတီတိုင်း အစိုးရ အဖွဲ့က လက်ရှိ ကျူးကျော် စပါး စိုက်သူတွေကို ရိတ်သိမ်းခွင့် မပြုဘဲ တိုင်းဒေသကြီး အစီအစဉ်နဲ့ ရိတ်သိမ်းမယ်လို့ ပြောလာတာကြောင့် လယ်သမားတွေက သူတို့စိုက် စပါးတွေ သူတို့ ကိုယ်တိုင် ရိတ်သိမ်းခွင့် ရဖို့ ဆန္ဒပြကာ နေပြည်တော် အစိုးရ အဖွဲ့ရုံး အထိတက် တောင်းဆို ခဲ့ကြပါတယ်။

အဲဒီနောက်ဆန္ဒပြသူတွေက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဆီ ရောက်လာ တိုင်တန်းတဲ့ အတွက် ကော်မရှင်က တာဝန်ရှိသူတွေက စက်လှေတွေနဲ့ အခင်းဖြစ်ရာကို သွားရောက်ကာ လယ်သမားတွေ ၊ တိုင်းအစိုးရက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အခြေအနေကို သုံးသပ် လေ့လာကာ နိုင်ငံတော် သမ္မတဆီ ကော်မရှင်ရဲ့ တွေ့ရှိချက် အစီရင်ခံစာတင်ပြခဲ့ပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာ တိုင်းဒေသကြီး အစိုးရ ဆုံးဖြတ်ချက် အတိုင်း မလုပ်ဘဲ လယ်သမားတွေကို ပြန်လည် ရိတ်သိမ်းခွင့် ပေးဖို့ အကြံပေးခဲ့သလို ဒီမြေတွေဟာ သစ်တောလည်း မရှိတော့ဘဲ စိုက်ပျိုးမြေတွေ ဖြစ်နေတာ ကြာမြင့်နေပြီ ဖြစ်တာကြောင့် သစ်တောက စွန့်လွှတ်ပြီး လယ်သမားတွေကို မြေယာ ခွဲဝေးပေးဖို့ တင်ပြခဲ့ရာမှာ နိုင်ငံတော် အစိုးရက လူ့အခွင့်အရေး ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း လယ်သမားတွေကို ရိတ်သိမ်းခွင့် ပေးကာ သစ်တောမြေကိုလည်း စွန့်လွှတ်ပြီး လယ်သမားတွေဆီ ပြန်လည် ခွဲဝေ ပေးမှုတွေ ရှိခဲ့တယ်လို့ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် က ရှင်းပြခဲ့ပါတယ်။

ကော်မရှင် အနေနဲ့ အခုလို အောင်မြင်မှု နမူနာတွေ ရှိခဲ့ပေမယ့်လည်း သံလျင်မှာ လူတယောက်ကို သူခိုးလို့ စွပ်စွဲပြီး ရဲက စစ်ဆေး မေးမြန်းရင်း သေသွားတဲ့ အမှုမှာတော့ လူ့အခွင့်အရေး ကော်မရှင်က တာဝန်ရှိသူတွေကို စုံစမ်း ဖော်ထုတ် အရေးယူဖို့ ပြောပေမယ့် ရဲဌာနက အရေးယူဖို့ အကြောင်းမရှိဘူး ဒီလူက သူ့ရောဂါနဲ့သူ သေတာလို့ ပြောလာတဲ့ အတွက် ကော်မရှင် အနေနဲ့ ဘာမှ ဆက်လုပ်လို့ မရတဲ့ အခြေအနေမျိုးရှိခဲ့တယ်၊ ဒီလို အခြေအနေမျိုးတွေများစွာ ကြုံခဲ့ရဖူးတယ်လို့ ဦးယုလွင်အောင် က ပြောပါတယ်။

ဒီလို ကိစ္စမျိုးတွေ ကြုံရတဲ့ အခါမှာ ကော်မရှင်အနေနဲ့ နားလည်မှု တည်ဆောက်ရတယ်လို့ သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် MNHRC facebook
Image caption လူ့အခွင့်အရေး ကော်မရှင် အဖွဲ့အနေနဲ့ နောက်ထပ် အဖွဲ့သစ် မပေါ်ပေါက်မချင်း ဆက်ရပ်တည်သွားနိုင်

လက်ရှိ လူ့အခွင့်အရေး ကော်မရှင် လက်ထက်မှာ မြန်မာနိုင်ငံ အရပ်ရပ်က အကျဉ်းထောင် အသီးသီးမှာ စားသောက်နေထိုင်ရေး အခြေအနေ တိုးတက်လာခဲ့တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင် အသီးသီးမှာ ၂၀၀၈ ခုနှစ် နောက်ပိုင်း တိုးတက်မှုတွေ ရှိလာခဲ့ရာမှာ နှစ်ရှည် အကျဉ်းသမားတွေရဲ့ ပြောပြချက်အရ စပါးလုံးတွေအများကြီးပါတဲ့နဲ့ ထမင်းစားနဲ့စားရတဲ့ အခြေအနေကနေ သန့်သန့်ရှင်းရှင်း ထမင်းစားလာရတယ် ၊ ရေဆိုလည်း ၀၀လင်လင် ရေချိုးလို့ ရလာနိုင်ပြီး ရေသန့်သောက်လာရတဲ့ အခြေအနေ ရှိလာတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်လာတဲ့ အခါကျမှ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကြားဝင် စုံစမ်း စစ်ဆေး ဖော်ထုတ် မှုတွေရှိတဲ့ အပေါ် လူထုကြား ပြောဆို ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ တိုင်ကြားလာမှသာ ဖြေရှင်နိုင်တဲ့ အဖွဲ့အစည်း ဖြစ်ပြီး သူတို့ အဖွဲ့အနေနဲ့လည်း မီဒီယာတွေမှာ သတင်းပါလာတဲ့ အခါ သို့မဟုတ် သတင်းကြားတဲ့ အခါမှသာ အဲလို ကိစ္စမျိုးတွေကို ကိုင်တွယ် ဖြေရှင်း နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ဦးယုလွင်အောင် က ပြောပါတယ်။

လက်ရှိ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ကို ဖျက်သိမ်းပေးဖို့ ဒါမှမဟုတ် အဖွဲ့ဝင်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုမှုတွေ လွန်ခဲ့တဲ့ လပိုင်းတုန်းက ရှိခဲ့တဲ့ အပေါ် သူတို့ အဖွဲ့အနေနဲ့ ဘာမှ တုံ့ပြန် မပြောလို ၊ ကန့်ကွက် လိုတာ မရှိဘဲ လူတိုင်းမှာ လုပ်ပိုင်ခွင့် တောင်းဆိုပိုင်ခွင့် ရှိပါတယ်လို့ သူက ဆိုပါတယ်။

လက်ရှိ စည်းမျဉ်း ဥပဒေတွေ အရ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ ပြည်ထောင်စု အစိုးရ က ကော်မရှင် အသစ်တရပ် ဖွဲ့စည်း ပေးတဲ့ အထိ ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
စက္တင္ဘာမွာ သက္တမ္းကုန္တဲ့ လူ႔အခြင့္အေရး ေကာ္မရွင္ကို အစိုးရက အသစ္ခန္႔မေပးေသး စက္တင္ဘာမွာ သက္တမ္းကုန္တဲ့ လူ႔အခြင့္အေရး ေကာ္မရွင္ကို အစိုးရက အသစ္ခန္႔မေပးေသး Reviewed by THITHTOOLWIN on 09:05 Rating: 5
Powered by Blogger.