အရည္အေသြးျပည႔္မီတဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈ ပ႔ံပိုးေရး အတိုင္ပင္ခံပုဂၢိဳလ္ ႐ွင္းလင္း

ႏုိင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (ဓါတ္ပံု- Myanmar State Counsellor Office)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ အရည္အေသြးရွိတဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈေတြကို ပိုၿပီး ပံ႔ပိုးႏုိင္ေအာင္ အစိုးရဘက္က ႀကိဳးပမ္းေဆာင္ရြက္ေနေၾကာင္း အာဆီယံ စီးပြားေရးနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈ ညီလာခံ မွာ ႏုိင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုခဲ႔ပါတယ္။

ဒါ႔အျပင္ ျမန္မာ အပါအ၀င္ ႏုိင္ငံေပါင္း ၁၆ ႏုိင္ငံရဲ႕ လြတ္လပ္တဲ႔ ကုန္သြယ္ေရး သေဘာတူညီခ်က္ အေရး ေဆြးေႏြးပြဲကိုလည္း ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ခဲ႔ပါတယ္။ မသိဂၤ ီထိုက္ စုစည္းတင္ျပေပးမွာပါ။

ျမန္မာႏုိင္ငံမွာ အရည္အေသြးရွိတဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈေတြကို ပိုၿပီး ပံ႔ပိုးႏုိင္ဖို႔ အစိုးရရဲ႕ ေဆာင္ရြက္ခ်က္ေတြကို ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အာဆီယံ စီးပြားေရးနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈ ညီလာခံ (ABIS)က အေလးထား ေျပာပါတယ္။

“ျမန္မာႏုိင္ငံတြင္းကို လာမယ့္ အရည္အေသြးရွိ ရင္းႏွီးျမွဳပ္ႏွံမႈေတြကို ပိုၿပီး ပံ႔ပိုးေဆာင္ရြက္ေပးႏုိင္ဖို႔ မူ၀ါဒပိုင္း၊ ရုပ္ပိုင္းနဲ႔ ဒစ္ဂ်စ္တယ္ အေျခခံ အေဆာက္အဦးပိုင္း တိုးတက္ေရး ႀကိဳးပမ္းေနပါတယ္။ ဥပမာ ေျပာရမယ္ဆိုရင္ေတာ့ က်မတို႔ရဲ႕ Project Bank အစီအစဥ္က လုပ္ငန္း စီမံကိန္းေတြ အလြယ္တကူ ေလ႔လာေစႏုိင္မယ့္၊ တင္ဒါ ေခၚယူရာမွာ ပြင့္လင္းျမင္သာမႈနဲ႔ ၿပိဳင္ဆိုင္မႈ ပိုၿပီး ေကာင္းမြန္ေစမွာ ျဖစ္ပါတယ္။ Land and Property Bank စနစ္ဆိုရင္ ႏိုင္ငံပိုင္ ေျမေတြ၊ ပစၥည္းေတြ ငွားရမ္းတာမွာ အီလက္ထေရာနစ္ စနစ္နဲ႔ ေလွ်ာက္ထားႏုိင္မွာ ျဖစ္ပါတယ္။”

ထိုင္းႏုိင္ငံ ဘန္ေကာက္ ၿမိဳ႕ေတာ္ အနီးက Nonthaburi မွာ လုပ္တဲ႔ အာဆီယံ ထိပ္သီး ေဆြးေႏြးပြဲနဲ႔ ဆက္စပ္ေဆြးေႏြးပြဲေတြကို တက္ေရာက္တဲ႔ ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အာဆီယံ စီးပြားေရးနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈ ညီလာခံကို တက္ေရာက္ မိန္႔ခြန္း ေျပာခဲ႔တာ ျဖစ္ပါတယ္။ ရင္းႏွီးျမွဳပ္ႏွံသူေတြ အတြက္ အစိုးရ ဌာနဆိုင္ရာေတြ အဆင့္ဆင့္ သြားစရာ မလိုေတာ့ဘဲ တေနရာတည္းမွာဘဲ ဌာနဆိုင္ရာ ကိစၥေတြ ေဆာင္ရြက္ႏုိင္မယ့္ စနစ္ကိုလည္း စၿပီး သံုးေနပါၿပီလို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

“ရင္းႏွီးျမွဳပ္ႏွံသူေတြ အတြက္ အခ်ိန္ကုန္ သက္သာေအာင္ အတြက္လည္း ေဆာင္ရြက္ခ်က္ ေနာက္တခုကေတာ့ Single Window စနစ္ျဖစ္ပါတယ္။ ရင္းႏွီးျမွဳပ္ႏွံသူေတြ လိုအပ္တဲ႔ ခြင့္ျပဳခ်က္ေတြ လိုင္စင္ေတြ အတြက္ အစိုးရ ဌာန အသီးသီးကို သြားေနစရာ မလိုဘဲ တေနရာတည္းမွာဘဲ ရရွိႏုိင္ၿပီ ျဖစ္ပါတယ္။”

အစိုးရ ဌာနဆိုင္ရာ လုပ္ငန္းေတြ အတြက္ တေနရာတည္းမွာဘဲ အၿပီး လုပ္ေပးတဲ႔ စနစ္ကို သီလ၀ါ အထူးစီးပြားေရး ဇုန္မွာ သံုးေနၿပီ ျဖစ္ၿပီး တျခား စီးပြားေရးဇံုေတြနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မရွင္မွာလည္း အသံုးျပဳသြားမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုသြားပါတယ္။ ျမန္မာျပည္သူရဲ႕ ၇၅ ရာခိုင္ႏႈန္းက ဘဏ္စာရင္းမရွိေၾကာင္း၊ ဘဏ္အေၾကြး၀ယ္ကတ္ သံုးႏုိင္တဲ႔ ျမန္မာ ျပည္သူက ၅ ရာခိုင္ႏႈန္းသာရွိတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေထာက္ျပၿပီး ဘဏ္လုပ္ငန္း စည္းမ်ဥ္းစည္းကမ္းေတြကို ေလွ်ာ႔ခ်ကာ ရင္းႏွီးျမွဳပ္ႏံွမႈေတြ ဖြင့္ေပးဖို႔ ေဆာင္ရြက္သြားမယ့္ အေၾကာင္းလည္း ေျပာဆိုခဲ႔ပါတယ္။

အာဆီယံ ထိပ္သီးေဆြးေႏြးပြဲ အတြင္းမွာဘဲ အာဆီယံ ၁၀ ႏုိင္ငံနဲ႔ ေဒသတြင္း ၆ ႏုိင္ငံတို႔ ပါ၀င္မယ့္ ေဒသတြင္း အလံုးစံု စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ (RCEP) သေဘာတူညီခ်က္ အတြက္ေဆြးေႏြးပြဲကိုလည္း ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ခဲ႔ပါတယ္။ ျမန္မာ အပါအ၀င္ ေဒသတြင္း ၁၆ ႏိုင္ငံ ပါ၀င္မယ့္ လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူညီခ်က္ မူၾကမ္းရၿပီလို႔ အာဆီယံ အလွည့္က် ဥကၠဌ ထိုင္းႏုိင္ငံက တနဂၤေႏြေန႔မွာ ေၾကညာပါတယ္။ ဒါေပမယ့္ လာမယ့္ ႏွစ္ဆန္းပိုင္းမွာ လက္မွတ္ မထိုးခင္ အေရးႀကီး အခ်က္ တခ်ိဳ႕ကိုေတာ့ ေဆြးေႏြး ညွိႏိႈင္းဖို႔ လိုေသးတယ္လို႔လည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။

RCEP လြတ္လပ္တဲ႔ ကုန္သြယ္ေရး သေဘာတူညီခ်က္ကေတာ့ အာဆီယံ ၁၀ ႏုိင္ငံနဲ႔ တရုတ္၊ ဂ်ပန္၊ အိႏၵိယတို႔ အပါအ၀င္ တျခားႏုိင္ငံ ၆ ခုၾကား ကုန္သြယ္ေရး တိုးျမွင့္ႏုိင္ဖို႔ ရည္ရြယ္တာ ျဖစ္ပါတယ္။ ဒီ ၁၆ ႏုိင္ငံထဲက ၁၅ ႏုိင္ငံ အေနနဲ႔ ဒီႏွစ္ကုန္ပိုင္းေလာက္မွာ အၿပီးသတ္ ေဆြးေႏြးညွိႏိႈင္းႏုိင္မယ့္ အလားအလာရွိၿပီး လာမယ့္ႏွစ္ အေစာပိုင္းမွာ လက္မွတ္ထုိးႏုိင္လိမ့္မယ္လို႔ အာဆီယံ ထိပ္သီး ေဆြးေႏြးပြဲေတြ အျပင္မွာ တရုတ္ ဒုတိယ ႏုိင္ငံျခားေရး ၀န္ႀကီး Le Yucheng က သတင္ေထာက္ေတြကို ေျပာပါတယ္။

ဒီသေဘာတူညီခ်က္ ၿပီးျပတ္သြားခ်ိန္မွာ အိႏၵိယလည္း ပါဖို႔ အဆင္သင့္ရွိတယ္လို႔လည္း တရုတ္ ဒုတိယ ႏုိင္ငံျခားေရး ၀န္ႀကီးက ေျပာပါတယ္။ ဒါေပမယ့္ အိႏၵိယ ဘက္ကေတာ့ ဒီသေဘာတူညီခ်က္ေၾကာင့္ အိႏၵိယ ေစ်းကြက္အတြင္း တရုတ္ ပစၥည္းေတြ အလံုးအရင္းနဲ႔ ေရာက္လာမယ့္ အေပၚ စိုးရိမ္ေၾကာင္း ေျပာဆိုထားပါတယ္။

.......................

အရည်အသွေးပြည့်မီတဲ့ ရင်းနှီးမြှုပ်နှံမှု ပံ့ပိုးရေး အတိုင်ပင်ခံပုဂ္ဂိုလ် ရှင်းလင်း

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီး ပံ့ပိုးနိုင်အောင် အစိုးရဘက်က ကြိုးပမ်းဆောင်ရွက်နေကြောင်း အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ညီလာခံမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံရဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် အရေး ဆွေးနွေးပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

မြန်မာနိုင်ငံမှာ အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီး ပံ့ပိုးနိုင်ဖို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ညီလာခံ (ABIS)က အလေးထား ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းကို လာမယ့် အရည်အသွေးရှိ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီး ပံ့ပိုးဆောင်ရွက်ပေးနိုင်ဖို့ မူဝါဒပိုင်း၊ ရုပ်ပိုင်းနဲ့ ဒစ်ဂျစ်တယ် အခြေခံ အဆောက်အဦးပိုင်း တိုးတက်ရေး ကြိုးပမ်းနေပါတယ်။ ဥပမာ ပြောရမယ်ဆိုရင်တော့ ကျမတို့ရဲ့ Project Bank အစီအစဉ်က လုပ်ငန်း စီမံကိန်းတွေ အလွယ်တကူ လေ့လာစေနိုင်မယ့်၊ တင်ဒါ ခေါ်ယူရာမှာ ပွင့်လင်းမြင်သာမှုနဲ့ ပြိုင်ဆိုင်မှု ပိုပြီး ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ Land and Property Bank စနစ်ဆိုရင် နိုင်ငံပိုင် မြေတွေ၊ ပစ္စည်းတွေ ငှားရမ်းတာမှာ အီလက်ထရောနစ် စနစ်နဲ့ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။”

ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော် အနီးက Nonthaburi မှာ လုပ်တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေကို တက်ရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ညီလာခံကို တက်ရောက် မိန့်ခွန်း ပြောခဲ့တာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ အတွက် အစိုးရ ဌာနဆိုင်ရာတွေ အဆင့်ဆင့် သွားစရာ မလိုတော့ဘဲ တနေရာတည်းမှာဘဲ ဌာနဆိုင်ရာ ကိစ္စတွေ ဆောင်ရွက်နိုင်မယ့် စနစ်ကိုလည်း စပြီး သုံးနေပါပြီလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ရင်းနှီးမြှုပ်နှံသူတွေ အတွက် အချိန်ကုန် သက်သာအောင် အတွက်လည်း ဆောင်ရွက်ချက် နောက်တခုကတော့ Single Window စနစ်ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ လိုအပ်တဲ့ ခွင့်ပြုချက်တွေ လိုင်စင်တွေ အတွက် အစိုးရ ဌာန အသီးသီးကို သွားနေစရာ မလိုဘဲ တနေရာတည်းမှာဘဲ ရရှိနိုင်ပြီ ဖြစ်ပါတယ်။”

အစိုးရ ဌာနဆိုင်ရာ လုပ်ငန်းတွေ အတွက် တနေရာတည်းမှာဘဲ အပြီး လုပ်ပေးတဲ့ စနစ်ကို သီလဝါ အထူးစီးပွားရေး ဇုန်မှာ သုံးနေပြီ ဖြစ်ပြီး တခြား စီးပွားရေးဇုံတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာလည်း အသုံးပြုသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ မြန်မာပြည်သူရဲ့ ၇၅ ရာခိုင်နှုန်းက ဘဏ်စာရင်းမရှိကြောင်း၊ ဘဏ်အကြွေးဝယ်ကတ် သုံးနိုင်တဲ့ မြန်မာ ပြည်သူက ၅ ရာခိုင်နှုန်းသာရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြီး ဘဏ်လုပ်ငန်း စည်းမျဉ်းစည်းကမ်းတွေကို လျှော့ချကာ ရင်းနှီးမြှုပ်နံှမှုတွေ ဖွင့်ပေးဖို့ ဆောင်ရွက်သွားမယ့် အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အတွင်းမှာဘဲ အာဆီယံ ၁၀ နိုင်ငံနဲ့ ဒေသတွင်း ၆ နိုင်ငံတို့ ပါဝင်မယ့် ဒေသတွင်း အလုံးစုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက် အတွက်ဆွေးနွေးပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ မြန်မာ အပါအဝင် ဒေသတွင်း ၁၆ နိုင်ငံ ပါဝင်မယ့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် မူကြမ်းရပြီလို့ အာဆီယံ အလှည့်ကျ ဥက္ကဌ ထိုင်းနိုင်ငံက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ ဒါပေမယ့် လာမယ့် နှစ်ဆန်းပိုင်းမှာ လက်မှတ် မထိုးခင် အရေးကြီး အချက် တချို့ကိုတော့ ဆွေးနွေး ညှိနှိုင်းဖို့ လိုသေးတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

RCEP လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကတော့ အာဆီယံ ၁၀ နိုင်ငံနဲ့ တရုတ်၊ ဂျပန်၊ အိန္ဒိယတို့ အပါအဝင် တခြားနိုင်ငံ ၆ ခုကြား ကုန်သွယ်ရေး တိုးမြှင့်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီ ၁၆ နိုင်ငံထဲက ၁၅ နိုင်ငံ အနေနဲ့ ဒီနှစ်ကုန်ပိုင်းလောက်မှာ အပြီးသတ် ဆွေးနွေးညှိနှိုင်းနိုင်မယ့် အလားအလာရှိပြီး လာမယ့်နှစ် အစောပိုင်းမှာ လက်မှတ်ထိုးနိုင်လိမ့်မယ်လို့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေ အပြင်မှာ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Le Yucheng က သတင်ထောက်တွေကို ပြောပါတယ်။

ဒီသဘောတူညီချက် ပြီးပြတ်သွားချိန်မှာ အိန္ဒိယလည်း ပါဖို့ အဆင်သင့်ရှိတယ်လို့လည်း တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့် အိန္ဒိယ ဘက်ကတော့ ဒီသဘောတူညီချက်ကြောင့် အိန္ဒိယ ဈေးကွက်အတွင်း တရုတ် ပစ္စည်းတွေ အလုံးအရင်းနဲ့ ရောက်လာမယ့် အပေါ် စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။

မသိဂႌထုိက္ / VOA Burmese
https://burmese.voanews.com
အရည္အေသြးျပည႔္မီတဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈ ပ႔ံပိုးေရး အတိုင္ပင္ခံပုဂၢိဳလ္ ႐ွင္းလင္း အရည္အေသြးျပည႔္မီတဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈ ပ႔ံပိုးေရး အတိုင္ပင္ခံပုဂၢိဳလ္ ႐ွင္းလင္း Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.