စစ္ေရွာင္ဒုကၡသည္ေတြကို ခ်င္းအစိုးရ ေနရာခ်

ထန္တလန္ေရာက္ စစ္ေရွာင္မ်ားကို ခ်င္းျပည္နယ္အစိုးရအဖြဲ႔မွ ေတြ႔ဆုံေနပုံ။ (ဓာတ္ပုံ - Khonumthung သတင္းဌာန၊ ႏုိဝင္ဘာ ၁၅၊ ၂၀၁၉)

(Zawgyi / Unicode)

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ ကင္းသလင္းရြာသား ၁၀၀ ေက်ာ္ကို ခ်င္းျပည္နယ္အစိုးရ အစီအစဥ္နဲ႔ ထန္တလန္ၿမိဳ႕နယ္ သီးကီရ္ေက်းရြာကို မေန႔ညပိုင္းမွာ ေျပာင္းေရႊ႕ေပးလုိက္ပါတယ္။ အခုေျပာင္းေရႊ႕ေပးလုိက္သူေတြဟာ တုိက္ပြဲေၾကာင့္ ထြက္ေျပး တိမ္းေရွာင္ေနရသူေတြ ျဖစ္တဲ့အေၾကာင္း တာ၀န္ရွိေတြက ေျပာပါတယ္။ အျပည့္အစုံကို ဗြီအုိေအသတင္းေထာက္ ႏုိင္ကြန္းအိန္က ဆက္သြယ္ေမးျမန္း သတင္းေပးပို႔ထားပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ ျမန္မာစစ္တပ္တို႔အၾကား တိုက္ပြဲေၾကာင့္ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ မီးဇာေက်းရြာမွာ တိမ္းေရွာင္ေနၾကတဲ့ ကင္းတလင္းေက်းရြာက စစ္ေဘးေရွာင္ျပည္သူ ၁၀၀ ေက်ာ္ဟာ မေန႔ညမွာ ထန္တလန္ၿမိဳ႕နယ္ သီးကီရ္ရြာကို ေရာက္ရွိၿပီး ခ်င္းျပည္နယ္အစိုးရကေန ေနရာခ်ထားေပးၿပီးလို႔ ခ်င္းျပည္နယ္ လူမႈေရး၀န္ႀကီး ေပါင္လြန္မင္းထန္က ေျပာပါတယ္။

“မေန႔က ေရာက္လာတယ္။ မေန႔က သီးကီရ္အထိေပါ့။ သီးကီရ္ရြာမွာ သူတို႔ေနဖို႔ အိမ္အလုံး ၂၀ ေဆာက္ထားတယ္။ ေနရာခ်ေပးပါတယ္။ ၁၉ မိသားစုေပါ့ေနာ္။ လူဦးေရ ၁၀၀ ေက်ာ္တယ္။ မေန႔က က်ေနာ္တုိ႔အစိုးရအဖြဲ႔က သြားေတြ႔ၿပီးေတာ့ သူတို႔ကို ႏွစ္သိမ့္အားေပးၾကတယ္။ ခ်င္းျပည္နယ္အစိုးရက ၁၀ သိန္း သူတို႔သုံးစြဲဖို႔ စားေသာက္ဖို႔။”

မေန႔က ထန္တလန္ၿမိဳ႕ကို စစ္ေရွာင္အဖြဲ႔ေတြ ေရာက္ရွိခ်ိန္မွာ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ ၀န္ႀကီးခ်ဴပ္ ဦးဆလိုင္းလ်န္လြယ္၊ လႊတ္ေတာ္ဥကၠ႒ ဦးဇိုေဘြ႔၊ ျပည္နယ္အစိုးရအဖြဲ႔ ၀န္ႀကီးေတြကေန သြားေရာက္ေတြ႔ဆုံ ေထာက္ပံ့မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ လူမႈေရး၀န္ႀကီး ေပါင္လြန္မင္းထန္က ေျပာပါတယ္။

လက္ရွိ စစ္ေရွာင္ ၁၀၀ ေက်ာ္ကို ထန္တလန္ၿမိဳ႕နယ္က ႏုိင္ငံေတာ္ဒုသမၼတ ဦးဟင္နရီဗန္ထီးယူရဲ႕ ဇာတိ သီးကီရ္ရြာ အိမ္ရာမွာ ေနရာခ်ထားေပးတာျဖစ္ၿပီး စစ္ေရွာင္ေတြ ေရရွည္လုပ္ကိုင္ စားေသာက္ေရးအတြက္ ကုန္းျမင့္လယ္ယာေတြ ေဖာ္ထုတ္ေပးထားတယ္လို႔ ၀န္ႀကီး ေပါင္လြန္မင္းထန္က ဆက္ေျပာပါတယ္။

“ျပန္လည္ထူေထာင္ေရးအတြက္ေတာ့ သူတို႔မွာေတာ့ ကုန္းျမင့္လယ္ယာလည္း ဧက ၃၀၀ ေက်ာ္ ထုတ္ထားတာရွိတယ္။ အလုပ္အကိုင္တို႔ စိုက္ပ်ိဳးေရးဘာေတြေတာ့ လုပ္လို႔ရတယ္ေပါ့။”

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ထဲမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ ျမန္မာစစ္တပ္တို႔အၾကား တိုက္ပြဲေၾကာင့္ စစ္ေရွာင္ေနရတဲ့ဦးေရ ၃၀၀၀ နဲ႔အထက္မွာ ရွိေနတယ္လို႔ ခ်င္းျပည္နယ္အစိုးရ တာ၀န္ရွိသူေတြက ေျပာပါတယ္။

ခ်င္းျပည္နယ္အတြင္း ဒီရက္ပိုင္းမွာ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားတာ မရွိေပမယ့္ အိႏၵိယ-ျမန္မာနယ္စပ္မွာ အေျချပဳေနတဲ့ ဇိုမီး ေတာ္လွန္ေရးတပ္မေတာ္ (ZRA) နဲ႔ ျမန္မာစစ္တပ္တို႔အၾကား တြန္းဇံၿမိဳ႕နယ္အတြင္း စိန္ဂီယာလ္ဇန္ ေတာင္ၾကားမွာ မေန႔က တိုက္ပြဲတႀကိမ္ ျဖစ္ပြားခဲ့တယ္လို႔ ဇိုမီးတပ္ဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴး ပူဇိုထန္က ေျပာပါတယ္။

“က်ေနာ္တုိ႔က နယ္ေျမလုံၿခံဳေရးအေနနဲ႔ စစ္ေၾကာင္းထြက္ရင္းနဲ႔ေလ။ မေတာ္တဆ လမ္းအေကြ႔မွာေတြ႔လို႔ တပ္မေတာ္ဘက္က အရင္ပစ္တာနဲ႔ ရဲေဘာ္ေတြက ပစ္လိုက္တာေပါ့။ သူတို႔ပစ္တဲ့အခါက်ေတာ့ မိမိကိုယ္ကို ကာကြယ္တဲ့အေနနဲ႔ ပစ္လိုက္တာေပါ့။ အေျခအေနကေတာ့ တီးတိန္ကေန ျမန္မာ့တပ္မေတာ္ဘက္က ကားသုံးစီး ေလးစီးေလာက္နဲ႔ တြန္းဇံၿမိဳ႕နယ္ထဲ ဦးတည္ၿပီးေတာ့ လာတယ္လို႔ က်ေနာ္တုိ႔ ခိုင္လုံတဲ့ သတင္းကေတာ့ ၾကားရတယ္ေပါ့ေနာ္။ မေတာ္တဆ ျဖစ္တဲ့အခါက်ေတာ့ အေျခအေနကေတာ့ ထူးထူးျခားျခားျဖစ္မယ္ေတာ့ မထင္ဘူးေပါ့ေနာ။”

ဇိုမီးေတာ္လွန္ေရးတပ္မေတာ္ (ZRA) ဟာ ၁၉၉၃ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ၿပီးေတာ့ အိႏိၵယ-ျမန္မာ နယ္စပ္မွာ အေျချပဳ ေနထိုင္တာျဖစ္ၿပီး ျမန္မာအစိုးရတပ္နဲ႔ တိုက္ပြဲျဖစ္တာ ဒါ ပထမဆံုးအႀကိမ္လို႔ တြန္းဇံေဒသခံတဦးက ဆိုပါတယ္။

“ႏွစ္ပိုင္းရွိတယ္ သူတို႔က။ ဟိုဘက္ကအဖြဲ႔ရယ္ ဒီဘက္ကအဖြဲ႔ရယ္ ဆုိတာရွိတယ္။ သူတို႔ေခါင္းေဆာင္ေတြကေတာ့ နယ္စပ္ဘက္မွာ ေနၾကတာေပါ့။ သူတို႔ေအာက္ေျခကေတာ့ ဒီဘက္ ဗမာျပည္ကေနၾကတာ။ တပ္စခန္းေတြေတာ့ အခိုင္အမာမရွိဘူး။ ပစ္ခတ္မႈက သိပ္မရွိဘူး။ ဒီတခါပဲ ျဖစ္သြားတယ္။ က်ေနာ္သိသေလာက္ေတာ့ ဒါ ပထမဦးဆုံးအႀကိမ္ပဲ။”

ဒီတိုက္ပြဲမွာ ကေလးၿမိဳ႕အေျခစိုက္ ခလရ ၂၂၈ ဘက္က တဦး ထိခိုက္ဒဏ္ရာ ရရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

မေန႔က တြန္းဇံၿမိဳ႕နယ္ဘက္မွာ ျဖစ္ပြားတဲ့ တိုက္ပြဲအေျခအေနကို သိရွိဖို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ တာ၀န္ရွိသူကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

တြန္းဇံၿမိဳ႕ နယ္စပ္ဘက္မွာ ျမန္မာတပ္မေတာ္ အပါအ၀င္ ဇိုမီးေတာ္လွန္ေရးတပ္မေတာ္ (အေရွ႕ပိုင္းတိုင္း) နဲ႔ မဏိပူရ္ ကသည္းတပ္ဖြဲ႔တို႔ အေျချပဳေနၾကပါတယ္။

------------------------------

(Unicode)

စစ်ရှောင်ဒုက္ခသည်တွေကို ချင်းအစိုးရ နေရာချ

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကင်းသလင်းရွာသား ၁၀၀ ကျော်ကို ချင်းပြည်နယ်အစိုးရ အစီအစဉ်နဲ့ ထန်တလန်မြို့နယ် သီးကီရ်ကျေးရွာကို မနေ့ညပိုင်းမှာ ပြောင်းရွှေ့ပေးလိုက်ပါတယ်။ အခုပြောင်းရွှေ့ပေးလိုက်သူတွေဟာ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူတွေ ဖြစ်တဲ့အကြောင်း တာဝန်ရှိတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးဇာကျေးရွာမှာ တိမ်းရှောင်နေကြတဲ့ ကင်းတလင်းကျေးရွာက စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်ဟာ မနေ့ညမှာ ထန်တလန်မြို့နယ် သီးကီရ်ရွာကို ရောက်ရှိပြီး ချင်းပြည်နယ်အစိုးရကနေ နေရာချထားပေးပြီးလို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်က ပြောပါတယ်။

“မနေ့က ရောက်လာတယ်။ မနေ့က သီးကီရ်အထိပေါ့။ သီးကီရ်ရွာမှာ သူတို့နေဖို့ အိမ်အလုံး ၂၀ ဆောက်ထားတယ်။ နေရာချပေးပါတယ်။ ၁၉ မိသားစုပေါ့နော်။ လူဦးရေ ၁၀၀ ကျော်တယ်။ မနေ့က ကျနော်တို့အစိုးရအဖွဲ့က သွားတွေ့ပြီးတော့ သူတို့ကို နှစ်သိမ့်အားပေးကြတယ်။ ချင်းပြည်နယ်အစိုးရက ၁၀ သိန်း သူတို့သုံးစွဲဖို့ စားသောက်ဖို့။”

မနေ့က ထန်တလန်မြို့ကို စစ်ရှောင်အဖွဲ့တွေ ရောက်ရှိချိန်မှာ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချူပ် ဦးဆလိုင်းလျန်လွယ်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွေ့၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတွေကနေ သွားရောက်တွေ့ဆုံ ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်က ပြောပါတယ်။

လက်ရှိ စစ်ရှောင် ၁၀၀ ကျော်ကို ထန်တလန်မြို့နယ်က နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူရဲ့ ဇာတိ သီးကီရ်ရွာ အိမ်ရာမှာ နေရာချထားပေးတာဖြစ်ပြီး စစ်ရှောင်တွေ ရေရှည်လုပ်ကိုင် စားသောက်ရေးအတွက် ကုန်းမြင့်လယ်ယာတွေ ဖော်ထုတ်ပေးထားတယ်လို့ ဝန်ကြီး ပေါင်လွန်မင်းထန်က ဆက်ပြောပါတယ်။

“ပြန်လည်ထူထောင်ရေးအတွက်တော့ သူတို့မှာတော့ ကုန်းမြင့်လယ်ယာလည်း ဧက ၃၀၀ ကျော် ထုတ်ထားတာရှိတယ်။ အလုပ်အကိုင်တို့ စိုက်ပျိုးရေးဘာတွေတော့ လုပ်လို့ရတယ်ပေါ့။”

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့ဦးရေ ၃၀၀၀ နဲ့အထက်မှာ ရှိနေတယ်လို့ ချင်းပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ချင်းပြည်နယ်အတွင်း ဒီရက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် အိန္ဒိယ-မြန်မာနယ်စပ်မှာ အခြေပြုနေတဲ့ ဇိုမီး တော်လှန်ရေးတပ်မတော် (ZRA) နဲ့ မြန်မာစစ်တပ်တို့အကြား တွန်းဇံမြို့နယ်အတွင်း စိန်ဂီယာလ်ဇန် တောင်ကြားမှာ မနေ့က တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဇိုမီးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ပူဇိုထန်က ပြောပါတယ်။

“ကျနော်တို့က နယ်မြေလုံခြုံရေးအနေနဲ့ စစ်ကြောင်းထွက်ရင်းနဲ့လေ။ မတော်တဆ လမ်းအကွေ့မှာတွေ့လို့ တပ်မတော်ဘက်က အရင်ပစ်တာနဲ့ ရဲဘော်တွေက ပစ်လိုက်တာပေါ့။ သူတို့ပစ်တဲ့အခါကျတော့ မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပစ်လိုက်တာပေါ့။ အခြေအနေကတော့ တီးတိန်ကနေ မြန်မာ့တပ်မတော်ဘက်က ကားသုံးစီး လေးစီးလောက်နဲ့ တွန်းဇံမြို့နယ်ထဲ ဦးတည်ပြီးတော့ လာတယ်လို့ ကျနော်တို့ ခိုင်လုံတဲ့ သတင်းကတော့ ကြားရတယ်ပေါ့နော်။ မတော်တဆ ဖြစ်တဲ့အခါကျတော့ အခြေအနေကတော့ ထူးထူးခြားခြားဖြစ်မယ်တော့ မထင်ဘူးပေါ့နော။”

ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) ဟာ ၁၉၉၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီးတော့ အိန္ဒိယ-မြန်မာ နယ်စပ်မှာ အခြေပြု နေထိုင်တာဖြစ်ပြီး မြန်မာအစိုးရတပ်နဲ့ တိုက်ပွဲဖြစ်တာ ဒါ ပထမဆုံးအကြိမ်လို့ တွန်းဇံဒေသခံတဦးက ဆိုပါတယ်။

“နှစ်ပိုင်းရှိတယ် သူတို့က။ ဟိုဘက်ကအဖွဲ့ရယ် ဒီဘက်ကအဖွဲ့ရယ် ဆိုတာရှိတယ်။ သူတို့ခေါင်းဆောင်တွေကတော့ နယ်စပ်ဘက်မှာ နေကြတာပေါ့။ သူတို့အောက်ခြေကတော့ ဒီဘက် ဗမာပြည်ကနေကြတာ။ တပ်စခန်းတွေတော့ အခိုင်အမာမရှိဘူး။ ပစ်ခတ်မှုက သိပ်မရှိဘူး။ ဒီတခါပဲ ဖြစ်သွားတယ်။ ကျနော်သိသလောက်တော့ ဒါ ပထမဦးဆုံးအကြိမ်ပဲ။”

ဒီတိုက်ပွဲမှာ ကလေးမြို့အခြေစိုက် ခလရ ၂၂၈ ဘက်က တဦး ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က တွန်းဇံမြို့နယ်ဘက်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို သိရှိဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တွန်းဇံမြို့ နယ်စပ်ဘက်မှာ မြန်မာတပ်မတော် အပါအဝင် ဇိုမီးတော်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း) နဲ့ မဏိပူရ် ကသည်းတပ်ဖွဲ့တို့ အခြေပြုနေကြပါတယ်။

ႏုိင္ကြန္းအိန္/ VOA Burmese
https://burmese.voanews.com
စစ္ေရွာင္ဒုကၡသည္ေတြကို ခ်င္းအစိုးရ ေနရာခ် စစ္ေရွာင္ဒုကၡသည္ေတြကို ခ်င္းအစိုးရ ေနရာခ် Reviewed by THITHTOOLWIN on 09:32 Rating: 5
Powered by Blogger.